နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 15 ရက်

ဂျပန်

ဂျပန် နိုင်ငံတကာသတင်း အမေရိကန်

ဂျပန်ဝန်ကြီးချုပ်က အီရန်အရေးနှင့်ပတ်သက်၍ ထရန့်ကို စိတ်ကျေနပ်အောင် ဖျောင်းဖျနိုင်ခဲ့သော်လည်း ပုလဲဆိပ်ကမ်း (Pearl Harbor)အကြောင်းနှင့် အံ့အားသင့် ဖွယ်ရာနှင့် ရင်ဆိုင်ခဲ့ရ

AFP- ၂၀၂၆ ခုနှစ်၊ မတ်လ ၂၀ ရက်

ဂျပန်ဝန်ကြီးချုပ် စာနာအေ တာကာအီချီ (Sanae Takaichi) သည် ကြာသပတေးနေ့က အီရန်အရေးနှင့် ပတ်သက်၍ ဒေါ်နယ်ထရန့်နှင့် ဖြစ်ပွားနိုင်ခြေရှိသော ထိပ်တိုက်တွေ့ဆုံမှုကို အောင်မြင်စွာ ကျော်ဖြတ်နိုင်ခဲ့သော်လည်း၊ အမေရိကန်သမ္မတက ပုလဲဆိပ်ကမ်းကိစ္စကို ထုတ်ဖော်ပြောကြားခဲ့ခြင်းကြောင့် အနည်းငယ် ရိုက်ခတ်မှုရှိခဲ့သည်။

ဟော်မုဇ် ရေလက်ကြား (Strait of Hormuz) ပြန်လည်ဖွင့်လှစ်နိုင်ရေး ကူညီပေးရန် ၎င်း၏ တောင်းဆိုချက်ကို လိုက်နာရန် ပျက်ကွက်ခဲ့သည့်အတွက် ဂျပန်အပါအဝင် အမေရိကန်၏ မဟာမိတ်များကို ဝေဖန်ပြစ်တင်ခဲ့ပြီး ရက်ပိုင်းအကြာတွင်ပင်၊ ထရန့်က အရှေ့အလယ်ပိုင်း စစ်ပွဲနှင့် ပတ်သက်၍ တိုကျို၏ ကြိုးပမ်းအားထုတ်မှုများကို မရေမရာသော စကားလုံး များဖြင့် ချီးမွမ်းခဲ့သည်။

“ဂျပန်နဲ့ ပတ်သက်ပြီး မနေ့ကနဲ့ တစ်ဘက်က ရရှိခဲ့တဲ့ ထုတ်ပြန်ချက်တွေအရ သူတို့ဟာ တကယ်ပဲ တာဝန်ယူမှု တာဝန်ခံမှုရှိရှိနဲ့ ရှေ့ကို တက်လှမ်းလာနေပြီလို့ ကျွန်တော် ယုံကြည်ပါတယ်” ဟု တာကာအီချီကို အိုဗယ်ရုံးခန်း (Oval Office) ၌ လက်ခံတွေ့ဆုံစဉ် သတင်းထောက်များကို ထရန့်က ပြောကြားခဲ့သည်။

ခေတ္တမျှ ရေငုံနှုတ်ပိတ်နေပြီးနောက် ထရန့်က “နေတိုး (NATO) နဲ့တော့ မတူဘူးပေါ့” ဟု ထပ်လောင်းပြောကြားကာ ဥရောပနိုင်ငံအများစု ပါဝင်သည့် အမေရိကန် ဦးဆောင်သော စစ်ရေးမဟာမိတ်အဖွဲ့အပေါ် ၎င်း၏ ဝေဖန်မှုကို ထပ်မံပြုလုပ်ခဲ့သည်။

ကမ္ဘာ့ရေနံ ငါးပုံတစ်ပုံ ဖြတ်သန်းရာ အရေးပါသော ရေလမ်းကြောင်း လုံခြုံရေးအတွက် ဂျပန်က မည်သို့သော အကူအညီများ ပေးအပ်မည်ဆိုသည့် အသေးစိတ်ကိုမူ ထရန့်က ပြောကြားခြင်း မရှိပေ။ သို့သော် တာကာအီချီအပေါ် ထားရှိသော ၎င်း၏လေသံမှာ မကြာသေးမီရက်ပိုင်းက ဗြိတိန်ဝန်ကြီးချုပ် ကီယာ စတာမာ (Keir Starmer) အပါအဝင် အခြားမဟာမိတ်များကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့သည့် လေသံထက် များစွာ ပိုမိုရင်းနှီး ဖော်ရွေခဲ့သည်။

“ခင်ဗျားအတွက် ကျွန်တော် တကယ် ဂုဏ်ယူပါတယ်။ ကျွန်တော်တို့ သူငယ်ချင်းတွေ ဖြစ်သွားကြပြီ” ဟု ဖေဖော်ဝါရီလက ရွေးကောက်ပွဲတွင် အပြတ်အသတ် အနိုင်ရရှိခဲ့သည့် ဂျပန်၏ ပထမဆုံး အမျိုးသမီး ဝန်ကြီးချုပ်အပေါ် ထရန့်က မှတ်ချက်ပေးခဲ့သည်။ ၎င်းသည် ရွေးကောက်ပွဲ မတိုင်မီကလည်း သူမကို ထောက်ခံအားပေးခဲ့သူ ဖြစ်သည်။

အသက် ၆၄ နှစ်အရွယ် ကွန်ဆာဗေးတစ် နိုင်ငံရေးသမားဖြစ်သူ တာကာအီချီသည် အိမ်ဖြူတော်သို့ ရောက်ရှိလာစဉ် အသက် ၇၉ နှစ်အရွယ် ထရန့်ကို ရင်းရင်းနှီးနှီး ပွေ့ဖက်ခဲ့ကြောင်း ထရန့်၏ လက်ထောက်တစ်ဦး ထုတ်ပြန်သည့် ရုပ်သံမှတ်တမ်းများအရ သိရသည်။

စစ်ပွဲကို စွန့်လွှတ်ကြောင်း ပြဌာန်းထားသည့် ၁၉၄၇ ခုနှစ် အမေရိကန် ပြဌာန်းပေးခဲ့သော ဖွဲ့စည်းပုံအခြေခံဥပဒေကို မဲဆန္ဒရှင်အများစုက ထောက်ခံကြသည့်အတွက် ပစိဖိတ်ဝါဒီ ဂျပန်နိုင်ငံတွင် ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့များ (SDF) ကို ပြည်ပသို့ စေလွှတ်ခြင်းမှာ နိုင်ငံရေးအရ အထိခိုက်မခံသော ကိစ္စရပ်တစ်ခု ဖြစ်သည်။

သို့သော် ထရန့်နှင့် မတွေ့ဆုံမီ တစ်နာရီခန့်အလိုတွင် ဂျပန်သည် ဗြိတိန်နှင့် ပြင်သစ် အပါအဝင် အခြားမဟာမိတ် ငါးနိုင်ငံနှင့်အတူ “ဟော်မုဇ် ရေလက်ကြားအတွင်း ဘေးကင်းလုံခြုံစွာ ဖြတ်သန်းသွားလာနိုင်ရေး သင့်လျော်သော ကြိုးပမ်းမှုများတွင် ပါဝင်ကူညီရန်” အသင့်ရှိ ကြောင်း ကြေညာခဲ့သည်။

ဂျပန်နှင့် အခြားမဟာမိတ်များအနေဖြင့် ပါဝင်ကူညီခြင်းမှာ “သင့်လျော်သည်” ဟု ထရန့်က ပြောကြားခဲ့ပြီး၊ ဂျပန်သည် ၎င်း၏ ရေနံ ၉၀ ရာခိုင်နှုန်းခန့်ကို ထိုရေလက်ကြားမှတစ်ဆင့် ရရှိနေခြင်းဖြစ်ကြောင်း ထောက်ပြခဲ့သည်။

ဒုတိယကမ္ဘာစစ်

သို့သော် ထရန့်နှင့် ဆက်ဆံရာတွင် သံတမန်ရေးရာမှာ ရိုးရှင်းခဲလှသည်။ အီရန်ကို တိုက်ခိုက်မှု များ မပြုလုပ်မီ အဘယ်ကြောင့် မဟာမိတ်များကို ဆွေးနွေးမှုတွင် ထည့်သွင်းခြင်း မရှိသနည်း ဟု ဂျပန်သတင်းထောက်တစ်ဦးက မေးမြန်းသည့်အခါ ၎င်းက ပြန်လည်ပြောကြားခဲ့သည်။

“အံ့အားသင့်စရာ (Surprise) အကြောင်းကို ဂျပန်ထက် ဘယ်သူက ပိုသိမှာလဲ? ပုလဲဆိပ်ကမ်း (Pearl Harbor) အကြောင်း ခင်ဗျားတို့ ကျွန်တော့်ကို ဘာလို့ ကြိုမပြောခဲ့တာလဲ?” ဟု ထရန့်က တုံ့ပြန်ခဲ့သည်။

အမေရိကန်ကို ဒုတိယကမ္ဘာစစ်အတွင်းသို့ ရောက်ရှိစေခဲ့သည့် ၁၉၄၁ ခုနှစ် ဒီဇင်ဘာ ၇ ရက် ဟာဝိုင်ယီရှိ အမေရိကန် ပစိဖိတ်ရေတပ်စုကို တိုကျိုက တိုက်ခိုက်ခဲ့သည့်အကြောင်းကို ထရန့်က ထုတ်ဖော်ပြောဆိုလိုက်ချိန်တွင် တာကာအီချီမှာ ထိုင်ခုံတွင် အနည်းငယ် နောက်ဆုတ်သွားပြီး မျက်လုံးများ ပြူးကျယ်သွားခဲ့သည်။

သို့သော် ဂျပန်ဝန်ကြီးချုပ်သည် အမေရိကန်သမ္မတနှင့်အတူရှိမည့် (ညစာစားပွဲ အပါအဝင်) အချိန်များကို အကျိုးရှိရှိ အသုံးချလိုပုံရသည်။ အိုဗယ်ရုံးခန်းအတွင်း ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ ပြီးဆုံးခါနီးတွင် သူမသည် နာရီကို အထင်အရှား နှစ်ကြိမ်တိုင်တိုင် ကြည့်ခဲ့သည်။

သို့သော် ယခုတွေ့ဆုံမှုမှာ ထရန့်ကို ဆွဲဆောင်နိုင်သည့် တာကာအီချီ၏ စွမ်းဆောင်ရည်ကို ထပ်မံပေါ်လွင်စေခဲ့သည်။ အောက်တိုဘာလက တိုကျိုတွင် တွေ့ဆုံစဉ်ကလည်း သူမက ထရန့်ကို နိုဘယ်ငြိမ်းချမ်းရေးဆုအတွက် အမည်စာရင်း တင်သွင်းမည်ဟု ပြောကြားကာ ရင်းနှီးမှု ရယူခဲ့ဖူးသည်။

တွေ့ဆုံပွဲအပြီးတွင် နှစ်နိုင်ငံလုံးက တန်နက်ဆီ (Tennessee) နှင့် အလာဘားမား (Alabama) ပြည်နယ်များတွင် နျူကလီးယားဓာတ်ပေါင်းဖိုများ တည်ဆောက်ရန် ဒေါ်လာ ၄၀ ဘီလီယံတန် စီမံကိန်းနှင့် ပင်ဆယ်ဗေးနီးယား (Pennsylvania) နှင့် တက္ကဆက် (Texas) ပြည်နယ်များတွင် သဘာဝဓာတ်ငွေ့ဖြင့် လျှပ်စစ်ထုတ်လုပ်သည့် စက်ရုံများအတွက် ဒေါ်လာ ၃၃ ဘီလီယံ ရင်းနှီးမြှုပ်နှံမည့်အစီအစဉ်ကို ကြေညာခဲ့သည်။

အမေရိကန်က ခြိမ်းခြောက်ထားသည့် အခွန်အတားအဆီးများကို ၂၅ ရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်းသို့ လျှော့ချပေးရန်အတွက် တိုကျိုက ၂၀၂၉ ခုနှစ်အထိ အမေရိကန်တွင် ဒေါ်လာ ၅၅၀ ဘီလီယံ ရင်းနှီးမြှုပ်နှံရန် ပြီးခဲ့သည့်နှစ်က သဘောတူညီခဲ့ပြီးနောက် ယခုသဘောတူညီချက် ထွက်ပေါ်လာခြင်းဖြစ်သည်။

တိုကျိုအနေဖြင့် ထရန့်ကို အမျက်မထွက်စေရန် ကြိုးပမ်းရသည့် နောက်ထပ်အကြောင်းရင်း မှာ အမေရိကန်သည် ဆယ်စုနှစ်ပေါင်းများစွာ ဂျပန်မြေပေါ်တွင် တပ်ဖွဲ့ဝင် ၆၀,၀၀၀ ထားရှိ ကာ ဂျပန်၏ လုံခြုံရေးကို အာမခံပေးထားသူ ဖြစ်သောကြောင့်ဖြစ်သည်။ တရုတ်နိုင်ငံ၏ နယ်ချဲ့လိုသော အပြုအမူများ ပိုမိုများပြားလာချိန်တွင် အမေရိကန်၏ လုံခြုံရေး အကာ အကွယ်မှာ အထူးအရေးပါသည်။

သို့သော် ပြီးခဲ့သည့်အပတ်က ထုတ်ပြန်ခဲ့သည့် လူထုစစ်တမ်းများအရ တာကာအီချီ ရွေးကောက်ပွဲအနိုင်ရပြီးနောက်ပိုင်း ရရှိခဲ့သည့် လူထုထောက်ခံမှုမှာ ပြည်တွင်း၌ ကျဆင်းလာနေသည်ဟု ဆိုသည်။ အီရန်စစ်ပွဲကြောင့် ရေနံနှင့် ဓာတ်ငွေ့စျေးနှုန်းများ မြင့်တက်လာခြင်းမှာ ကုမ္ပဏီများနှင့် မိသားစုများအတွက် လူနေမှုစရိတ် ပိုမိုကြီးလေးစေမည့် အန္တရာယ်ရှိနေသောကြောင့် ဖြစ်သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 66 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 76 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 72 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 78 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 70 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 71 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 86 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 81 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက