နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 28 ရက်

မြန်မာသတင်း

မြန်မာသတင်း

ရန်ကုန်မှာ ဖမ်းဆီးခံထားရတဲ့ တက်ကြွလှုပ်ရှားသူ (၂)ဦး အသက်အန္တရာယ် စိုးရိမ်ရတယ်လို့ AI ထုတ်ပြန်

အောက်တိုဘာလ (၁၁)ရက်။

ရန်ကုန်မြို့မှာ စစ်ကောင်စီရဲ့ ဖမ်းဆီးတာကို ခံခဲ့ရတဲ့ တက်ကြွလှုပ်ရှားသူ (၂)ဦးဟာ အသက်အန္တရာယ် စိုးရိမ်ရဖွယ်ရှိတယ်လို့ အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့(AI)ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။

“ မြန်မာနိုင်ငံရဲ့ ထောင်တွေထဲမှာ တရားမျှတမှုနဲ့ ဆက်ဆံခံရဖို့ မျှော်လင့်ချက်က အင်မတန်နည်းပါးပါတယ်။ ပွင့်လင်းမြင်သာမှုလဲမရှိသလို စံချိန်စံနှုန်းတွေ လိုက်နာတာလဲ မရှိပါဘူး” လို့ AI ရဲ့ မြန်မာအရေးသုတေသနတာဝန်ခံ Joe Freeman က ဆိုပါတယ်။

တက်ကြွလှုပ်ရှားသူ (၂)ဦးကို စစ်တပ်က ဖမ်းဆီးခဲ့ပြီး ပို့ဆောင်လိုက်တဲ့ စစ်ကြောရေးစခန်းတွေဟာ မတရားမှုနဲ့ နာမည်ဆိုးထွက်နေကာ သတင်းအချက်အလက်တွေ နှိုက်ထုတ်ဖို့ အသုံးပြုတဲ့နေရာလို့ သိရပါတယ်။

စစ်တပ်ရဲ့ ဖမ်းဆီးတာခံခဲ့ရတဲ့ တက်ကြွလှုပ်ရှားသူ (၂)ဦးဟာ ကိုပိုင်ဖြိုးမင်း(ခ)ဒီရေနဲ့ ကိုရှိန်းဝေအောင်တို့ဖြစ်ပြီး အောက်တိုဘာလ (၉)ရက်က ဧည့်စာရင်းအကြောင်းပြ ဝင်ရောက်ရှာဖွေစစ်ဆေးချိန် ဖမ်းဆီးခံခဲ့ရတာပါ။

သူတို့(၂)ဦးနဲ့အတူ အခြားဖမ်းဆီးခံခဲ့ရတဲ့ တက်ကြွလှုပ်ရှားသူတွေရဲ့ အသက်အန္တရာယ် မထိပါးစေဖို့ နိုင်ငံတကာနဲ့ တော်လှန်ရေးအင်အားစု‌တွေ ဝိုင်းဝန်းဖိအားပေးဖို့ စစ်အာဏာရှင်ဆန့်ကျင်ရေး ရန်ကုန်အင်အားစု(AJAY)က တောင်းဆိုထားပါတယ်။

ကိုပိုင်ဖြိုးမင်းဟာ ရန်ကုန်က စစ်အာဏာရှင်ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေမှာပါဝင်တဲ့ AJAY ရဲ့ သပိတ်‌ဦးဆောင်သူတစ်ဦးဖြစ်သလို ကိုရှိန်းဝေအောင်ဟာ ဒဂုံတက္ကသိုလ်ကျောင်းသားဟောင်း တက်ကြွလှုပ်ရှားသူဖြစ်တယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ချင်းအမျိုးသားကောင်စီ တည်ထောင်ဖို့ သဘောတူညီခဲ့တဲ့အပေါ် NUG ကြိုဆို

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 28 ရက်
  • 1 Views
ဖေဖော်ဝါရီလ (၂၇)ရက်။ ချင်းပြည်ကောင်စီ(Chinland Council)နဲ့ ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ(ICNCC)တို့ရဲ့ ချင်းအမျိုးသားကောင်စီ တည်ထောင်ဖို့ သဘောတူညီခဲ့တဲ့အပေါ် ကြိုဆိုဂုဏ်ပြုတယ်လို့ NUG ရဲ့ ဒီကနေ့မှာ
မြန်မာသတင်း

မြင်းခြံမြို့ရှိ စစ်ကောင်စီအထိုင်ဂိတ် တိုက်ခိုက်ခံရပြီး (၂)ဦးသေဆုံးခဲ့

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 28 ရက်
  • 1 Views
ဖေဖော်ဝါရီလ (၂၇)ရက်။ ဖေဖော်ဝါရီလ (၂၅)ရက်နေ့ နေ့လယ် (၂)နာရီ (၄၅)မိနစ်အချိန်က မြင်းခြံမြို့ အမှတ်(၁၈)ရပ်ကွက်ရှိ စစ်ကောင်စီအထိုင်ဂိတ်ကို တိုက်ခိုက်ခဲ့တယ်လို့ Myingyan
မြန်မာသတင်း

စလင်းမြို့နယ်ရှိ တော်လှန်ရေးတပ်ဖွဲ့ (၆)ဖွဲ့ မဟာမိတ်တပ်ပေါင်းစုအနေနဲ့ ဖွဲ့စည်း

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 28 ရက်
  • 1 Views
ဖေဖော်ဝါရီလ (၂၇)ရက်။ မကွေးတိုင်း စလင်းမြို့နယ်မှာ တော်လှန်ရေးတပ်ဖွဲ့ (၆)ဖွဲ့က မဟာမိတ်တပ်ပေါင်းစုအနေနဲ့ ဖွဲ့စည်းပြီးဖြစ်တယ်လို့ ဒီကနေ့မှာ အသိပေးထုတ်ပြန်ထားချက်အရ သိရပါတယ်။ မဟာမိတ်တပ်ပေါင်းစုအနေနဲ့ ဖွဲ့စည်းတဲ့ (၆)ဖွဲ့ဟာ ဒေါင်းစစ်အောင်(LPDF)၊ မင်းဘူးခရိုင် အမှတ်(၁)နဲ့ အမှတ်(၅)တပ်ရင်း၊ ဗမာ့တပ်တော် အမှတ်(၇၀၇)တပ်ရင်း၊
မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးထင်ကျော်တို့ကို ဖမ်းဝရမ်းကနေ ဖယ်ရှားဖို့ ကော်မတီဖွဲ့ ဆောင်ရွက်သွားမယ်လို့ NLD ထုတ်ပြန်

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 27 ရက်
  • 15 Views
ဖေဖော်ဝါရီလ (၂၇)ရက်။ အာဂျင်တီးနားတရားရုံးက ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးထင်ကျော်ကို ဖမ်းဝရမ်းထုတ်တာကနေ စာရင်းဖယ်ရှားဖို့ ကော်မတီတရပ် ဖွဲ့စည်းသွားမယ်လို့ NLD ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဖမ်းဝရမ်းထုတ်တာကနေ ဖယ်ရှားဖို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးထင်ကျော်တို့အတွက် တရားမျှတမှု ရှာဖွေဖော်ထုတ်ရေးကော်မတီ(Justice
မြန်မာသတင်း

ရွှေကုက္ကိုလ်၊ KK Park နဲ့ မယ်ထော်သလေးတို့မှာ ပြည်ပနိုင်ငံသား (၂၀၀)ကို စစ်ကောင်စီထပ်ဖမ်း

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 27 ရက်
  • 19 Views
ဖေဖော်ဝါရီလ (၂၇)ရက်။ မနေ့က မြဝတီမြို့ရှိ ရွှေကုက္ကိုလ်၊ KK Park နဲ့ မယ်ထော်သလေးနယ်မြေတို့မှာ ကျားဖြန့်လုပ်ကိုင်နေတဲ့ ပြည်ပနိုင်ငံသား (၂၀၀)ကို ထပ်မံဖမ်းဆီးခဲ့တယ်လို့ စစ်ကောင်စီရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီပြည်ပနိုင်ငံသား (၂၀၀)ဦးဟာ အိမ်နီးချင်းနိုင်ငံတွေကနေတဆင့်
မြန်မာသတင်း

(၃)ရက်တာထဲ စစ်ကောင်စီတပ်သား (၂၃)ဦးကို လက်နက်ခဲယမ်းတွေနဲ့ ဖမ်းမိခဲ့တယ်လို့ CDF-ASHO ထုတ်ပြန်

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 27 ရက်
  • 20 Views
ဖေဖော်ဝါရီလ (၂၇)ရက်။ ဖေဖော်ဝါရီလ (၂၄)ရက်ကနေ (၂၆)ရက်နေ့အထိ တောထဲနေရာတွေကနေ စခန်းစွန့်ခွာထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သား (၂၃)ဦးကို ဖမ်းမိခဲ့တယ်လို့ CDF-ASHO ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီစစ်ကောင်စီတပ်သားတွေကို လက်နက်ခဲယမ်းတွေနဲ့အတူ နတ်ရေကန် ဆက်သွယ်ရေးတာဝါတိုင် မြောက်ဘက်
မြန်မာသတင်း

ဆားလင်းကြီးမြို့က ကျေးရွာတွေမှာ ဗုံးခိုကျင်းနဲ့ ကတုတ်ကျင်းတွေ တူးဖော်ကြဖို့ မြို့နယ်ပအဖ ညွှန်ကြား

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 27 ရက်
  • 21 Views
ဖေဖော်ဝါရီလ (၂၇)ရက်။ ဆားလင်းကြီးမြို့နယ်ထဲရှိ ကျေးရွာတွေမှာ ဗုံးခိုကျင်းနဲ့ ကတုတ်ကျင်းတွေ တူးဖော်ကြဖို့ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)က ညွှန်ကြားထားတယ်လို့ ထုတ်ပြန်ထားချက်တွေအရ သိရပါတယ်။ ဗုံးခိုကျင်းနဲ့ ကတုတ်ကျင်းတွေ တူးဖော်နိုင်ဖို့ကို ယင်းမာပင်ခရိုင်ပအဖက ဖေဖော်ဝါရီလ (၂၂)ရက်နေ့ရက်စွဲနဲ့ အကြောင်းကြားလာခဲ့တာလို့ ဆိုပါတယ်။ ယင်းမာပင်ခရိုင်ထဲ
မြန်မာသတင်း

မုံရွာရှိ MRTV အသံလွှင့်တာဝါတိုင်ကုန်းစခန်းကို သိမ်းပိုက်ခဲ့တယ်လို့ အမှတ်(၁)စစ်ဒေသထုတ်ပြန်

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 27 ရက်
  • 20 Views
ဖေဖော်ဝါရီလ (၂၇)ရက်။ မနေ့က နံနက်ပိုင်းအချိန်က မုံရွာမြို့ ခတက္ကန်ရွာ အရှေ့ဘက်ရှိ MRTV အသံလွှင့်တာဝါတိုင်ကုန်းစခန်းကို အောင်မြင်စွာသိမ်းပိုက်နိုင်ခဲ့တယ်လို့ အမှတ်(၁)စစ်ဒေသရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်ကောင်စီရဲ့ MRTV အသံလွှင့်တာဝါတိုင်ကုန်း(ဗောဓိတထောင်)စခန်းမှာ ရဲအင်အား (၁၇)ဦး အခြေချထားပြီး