နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇန်နဝါရီလ 25 ရက်

မြန်မာသတင်း

မြန်မာသတင်း

ကန့်ဘလူနယ်ရှိ ကျေးရွာ (၃)ရွာက နေအိမ် (၁၃၀)ကျော်ကို စစ်‌ကောင်စီတပ် မီးရှို့ဖျက်ဆီး၊ ပြည်သူတစ်ဦး မီးရှို့သတ်ဖြတ်ခံရပြီး တစ်ဦးဖမ်းဆီးခံခဲ့ရ

နိုဝင်ဘာလ (၁၁)ရက်။

နိုဝင်ဘာလ (၉)ရက်နေ့က ကန့်ဘလူနယ်၊ ဇီးကုန်းတိုက်နယ်ရှိ ကျေးရွာ (၃)ရွာကို အင်အား (၁၂၀)ခန့်ရှိ စစ်ကောင်စီနဲ့ ပျူစောထီး ပူးပေါင်းစစ်ကြောင်းက ဝင်ရောက်မီးရှို့ခဲ့တယ်လို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

“ (၉)ရက်နေ့က သကြားစက်ကနေ ထွက်လာတဲ့ စစ်ကောင်စီတပ်နဲ့ ပျူစုပေါင်းအင်အား (၁၂၀)လောက်က ကျောင်းကုန်း၊ ဖိုလ်ကုန်းနဲ့ သပြေသာရွာတို့ကို အကြမ်းဖက်ဝင်ရောက်ပြီး နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တာ” လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်နဲ့ ပျူစောထီး ပူးပေါင်းစစ်ကြောင်းဟာ ဇီးကုန်းတိုက်နယ်ရှိ ကျောင်းကုန်းရွာ၊ ဖိုလ်ကုန်းရွာနဲ့ သပြေသာရွာတို့ကို အကြမ်းဖက်ဝင်ရောက်ပြီး မီးရှို့ဖျက်ဆီးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

စစ်ကောင်စီနဲ့ ပျူစောထီးစစ်ကြောင်းရဲ့ မီးရှို့ဖျက်ဆီးတာကြောင့် ကျောင်းကုန်းရွာက နေအိမ် (၄၃)လုံး၊ ဖိုလ်ကုန်းရွာက (၂၃)လုံးနဲ့ သပြေသာရွာက (၆၇)လုံး စုစုပေါင်းနေအိမ် (၁၃၃)လုံး မီးလောင်ပျက်စီးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

နောက်ပြီး သပြေသာရွာမှာ မီးရှို့သတ်ဖြတ်ခံထားရတဲ့ အရပ်သားပြည်သူတစ်ဦးရဲ့ ရုပ်အလောင်းကို တွေ့ရှိခဲ့ပြီး ဘယ်သူဘယ်ဝါဆိုတာကို မသိရသေးသလို အရပ်သားတစ်ဦးလဲ စစ်ကြောင်းနဲ့တိုးကာ ဖမ်းဆီးခံခဲ့ရတယ်လို့ ရေးသားထားပါတယ်။

ဇီးကုန်းတိုက်နယ်ဟာ စစ်ကောင်စီတပ်နဲ့ ပျူစောထီးအထိုင်စခန်းတွေနဲ့ အလွန်နီးကပ်တာကြောင့် စစ်ကြောင်းလာတာနဲ့ ပြည်သူတွေဟာ စစ်ရှောင်နေရတဲ့အတွက် ရွာထဲ နေထိုင်ရတာမရှိဘူးလို့ ပြောဆိုထားပါတယ်။

ဒီကနေ့ နံနက် (၉)နာရီခွဲအချိန်ခန့်ကလဲ ဇီးကုန်းသကြားစက်ကနေ ကား (၄)စီးနဲ့ စစ်ကောင်စီနဲ့ ပျူစောထီးတွေဟာ ဇီးကုန်းမူးဘောင်ဘက်ကို ရောက်ရှိနေတာကြောင့် အနီးနားကျေးရွာက ပြည်သူတွေ ထပ်မံတိမ်းရှောင်နေရပါတယ်။

ကန့်ဘလူမှာ စစ်ကောင်စီတပ်က (၂)ပတ်နီးပါးကြာ စစ်ကြောင်းထိုးပြီး မီးရှို့ဖျက်ဆီးတာ၊ ပြည်သူတွေကို သတ်ဖြတ်တာနဲ့ ပျူစောထီးသင်တန်းတက်ဖို့ ဖမ်းဆီးနေတာကြောင့် ပြည်သူ (၈၀၀၀)ခန့် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးကောင်းမွန်တယ်ဆိုပြီး စစ်ကော်မရှင်ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 24 ရက်
  • 19 Views
ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ဖို့မရှိဘူးလို့ဆို ဇန်နဝါရီလ (၂၄)ရက်။ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးကောင်းမွန်တယ်ဆိုပြီး စစ်ကော်မရှင်ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဒီကနေ့မှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။
မြန်မာသတင်း

မြင်းခြံမှာ နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်နေပြီး စစ်တပ်ဘက်က (၂၂)ဦး သေဆုံးကာ (၂၀)ကျော် ဒဏ်ရာရခဲ့

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 24 ရက်
  • 22 Views
ဇန်နဝါရီလ (၂၄)ရက်။ ဇန်နဝါရီလ (၂၀)ရက်နေ့က မြင်းခြံနဲ့ နွားထိုးကြီးမြို့အကြားမှာ စစ်တပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေအကြား တိုက်ပွဲပြင်းထန်ခဲ့တယ်လို့ Myingyan Black Tiger(MBT)ရဲ့
မြန်မာသတင်း

ဂန့်ဂေါမြို့မရဲစခန်းက ဒုရဲအုပ် ဒရုန်းဗုံးမှန်ပြီး သေဆုံး

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 24 ရက်
  • 27 Views
ဇန်နဝါရီလ (၂၄)ရက်။ ဂန့်ဂေါမြို့ရှိ စစ်ကော်မရှင်ရဲ့ မြို့မရဲစခန်း ဒရုန်းနဲ့ ဗုံးကြဲခံရတဲ့ဖြစ်စဉ်မှာ ဒဏ်ရာရရှိခဲ့တဲ့ ဒုရဲအုပ် သေဆုံးခဲ့တယ်လို့ ယောအလင်းတန်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဖြစ်စဉ်ဟာ ဇန်နဝါရီလ (၁၂)ရက်နေ့မှာ ဂန့်ဂေါမြို့ ခလရ(၅၀)တပ်အနီးရှိ လမ်း‌ဆုံက
မြန်မာသတင်း

ဗန်းမော်မြို့သိမ်းတိုက်ပွဲထဲ ဗမာ့တပ်တော်(BA)ရဲဘော် (၂)ဦး ကျဆုံးခဲ့

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 24 ရက်
  • 23 Views
ဇန်နဝါရီလ (၂၄)ရက်။ KIA ဦးဆောင်တဲ့ ဗန်းမော်မြို့သိမ်းစစ်ဆင်ရေးထဲမှာ ဗမာ့တပ်တော်(BA) ပါဝင်တိုက်ပွဲဝင်နေတယ်လို့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီစစ်ဆင်ရေးထဲ ဇန်နဝါရီလ (၁၆)ရက်နေ့ တိုက်ပွဲနဲ့ (၂၁)ရက်နေ့ တိုက်ပွဲတို့မှာ ဗမာ့တပ်တော်(BA)ရဲ့ ရဲဘော် (၂)ဦး ကျဆုံးခဲ့တယ်လို့
မြန်မာသတင်း

အာဆီယံအထူးကိုယ်စားလှယ်နဲ့ NUG တို့ တွေ့ဆုံဆွေးနွေးခဲ့

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 23 ရက်
  • 28 Views
ဇန်နဝါရီလ (၂၃)ရက်။ ဖိလစ်ပိုင်နိုင်ငံ တာဂေတေမြို့မှာ အာဆီယံရဲ့ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်နဲ့ NUG ကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ NUG ကိုယ်းစားပြုတဲ့ ကိုယ်စားလှယ်တွေ တက်ရောက်ပြီးတော့ တွေ့ဆုံခဲ့တာရှိပါတယ်။ အာဆီယံဥက္ကဋ္ဌအဆက်ဆက် အခုလိုမျိုး
မြန်မာသတင်း

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 23 ရက်
  • 292 Views
မင်္ဂလာဒုံမြို့ရှိ စစ်အုပ်စုရဲ့ တရားမဝင်ရွေးကောက်ပွဲကော်မရှင်ရုံး မိုင်းခွဲခံရ ဇန်နဝါရီလ (၂၃)ရက်။ မနေ့က ည (၇)နာရီအချိန်က ရန်ကုန် မင်္ဂလာဒုံမြို့ ပေါက်ကုန်းရပ်ကွက်ရှိ စစ်အုပ်စုရဲ့ တရားမဝင်ရွေးကောက်ပွဲကော်မရှင်ရုံးကို မိုင်းခွဲတိုက်ခိုက်ခဲ့တယ်လို့ Broken System(BS)ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “
မြန်မာသတင်း

စစ်အုပ်စု ခံစစ်ဆင်ရတဲ့နေရာတွေ များပြားလာအောင် ကြိုးစားတိုက်ပွဲဝင်ရမယ့်အချိန်လို့ PLA ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 23 ရက်
  • 30 Views
ဇန်နဝါရီလ (၂၃)ရက်။ အခုနွေဦးတော်လှန်ရေး (၅)နှစ်တာကာလထဲ တော်လှန်ရေးတပ်ဖွဲ့တွေအနေနဲ့ စိုးမိုးနယ်မြေတွေ ရယူထားနိုင်တဲ့ကာလလို့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA)က မနေ့က ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ အဲ့ဒီစိုးမိုးနယ်မြေတွေကို စစ်ကောင်စီက စစ်ရေး၊ သံတမန်အရေး ဖိအားတွေနဲ့ ပြန်လည်ရယူထားနိုင်ပေမယ့် အချို့နေရာတွေမှာ ခံစစ်ဆင်နေရတဲ့ အခြေအနေလို့
မြန်မာသတင်း

ဗန်းမော်မြို့ရဲ့ ဧရာဝတီမြစ်အနောက်ဘက်ကမ်းက စစ်ရှောင်တွေနေတဲ့ရွာကို စစ်တပ်ဗုံးကြဲ၊ သေဆုံးသူ (၂၀)နီးပါးရှိခဲ့

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 23 ရက်
  • 30 Views
ဇန်နဝါရီလ (၂၃)ရက်။ မနေ့က ညနေ (၄)နာရီခွဲအချိန်က ဗန်းမော်မြို့အနောက်ဘက်၊ ဧရာဝတီမြစ်အနောက်ဘက်ကမ်းရှိ ကောင်ဂျာရွာကို စစ်တပ်က လေကြောင်းဗုံးကြဲခဲ့တယ်လို့ ကချင်အမျိုးသမီးအရေးတက်ကြွလှုပ်ရှားသူ ဒေါ်နန်ပူထံက သိရပါတယ်။ “ ညနေ(၄)နာရီခွဲလောက်မှာ စစ်ရှောင်တွေနေတဲ့ ကောင်ဂျာရွာကို စကမက လေကြောင်းကနေ ပေါင်