၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၁၂) ရက်။
မြောက်ပိုင်းညီနောင်သုံးဖွဲ့က ဖော်ဆောင်တဲ့ ၁၀၂၇ စစ်ဆင်ရေး စတင်ကတည်းက ကိုးကန့်ဒေသ လောက်ကိုင်၊ ချင်းရွှေဟော်၊ ကွမ်းလုံဘက်ကနေ ထွက်ပြေးတိမ်းရှောင်လာကြတဲ့ စစ်ဘေးရှောင်တွေကို “ဝ” တပ်ဖွဲက ကူညီကယ်ဆယ်ပေးခဲ့ပြီး အခုတိုက်ပွဲတွေ ငြိမ်သက်သွားပြီဖြစ်တဲ့အတွက် လာမယ့် ဇန်နဝါရီလ (၁၅) ရက်နေ့ကနေစတင်ပြီး ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ ရပ်တန့်သွားမယ်လို့ သတင်းထုတ်ပြန်ထားတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေက ဖော်ပြထားပါတယ်။
ကိုးကန့်ဒေသမှာ စစ်ပွဲတွေရပ်တန့်ပြီး တဖြည်းဖြည်း ပြန်လည်ကောင်းမွန်လာပြီဖြစ်တဲ့အတွက် ဇန်နဝါရီလ (၁၅) ရက်နေ့အထိ ကူညီတာတွေကို တဖြည်းဖြည်း ရပ်တန့်သွားမယ်လို့ ဆိုထားပါတယ်။