နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 24 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တိုက်ခိုက်ခံရနိုင်တယ်လို့ FBI ဒါရိုက်တာ သတိပေး

ပြီးခဲ့တဲ့ မတ်လအတွင်း လူအများအပြားသေဆုံးခဲ့ရတဲ့ ရုရှားနိုင်ငံ ဂီတပွဲက တိုက်ခိုက်မှုမျိုး အမေရိကန်ပြည်ထောင်စုမှာ ဖြစ်လာနိုင်ခြေရှိနေတယ်လို့ FBI ဒါရိုက်တာ ခရစ္စတိုဖာ၀ရေးက သတိပေးပြောဆိုလိုက်ပါတယ်။ “တရားဥပဒေစိုးမိုးရေးနဲ့ပတ်သက်ပြီး ကျတော့်ရဲ့အတွေ့အကြုံအရ သုံးသပ်ရမယ်ဆိုရင် ပြည်သူတွေရဲ့ လုံခြုံရေးနဲ့ နိုင်ငံတော်လုံခြုံရေးကို ခြိမ်းခြောက်မှုတွေ တစ်ချိန်တည်းမှာ ဖြစ်လာမှာကို စိုးရိမ်နေရပါတယ်”လို့ ခရစ္စတိုဖာ၀ရေးက ပြောသွားခဲ့တာပါ။

ဂါဇာကမ်းမြောင်မှာ အစ္စရေးနဲ့ ဟားမက်စ်တို့ဖြစ်ပွါးနေတဲ့ စစ်ပွဲကိုအခြေပြုပြီး အမေရိကန်ပြည်ထောင်စုမှာ တိုက်ခိုက်မှုတွေ ကြုံလာရနိုင်တယ်လို့လည်း ဆိုပါတယ်။ ရုရှားနိုင်ငံ မော်စကိုမြို့က ဂီတပွဲမှာ လူအမြောက်အများ ပစ်ခတ်တိုက်ခိုက်ခံရပြီးနောက်မှာ စိုးရိမ်မှုတွေက ပိုပြီးမြင့်တက်လာခဲ့တယ်လို့လည်း ၀ရေးက ပြောပါတယ်။

၀ရေးက အခုလအတွင်း သက်တမ်းကုန်ဆုံးတော့မယ့် အမေရိကန်ထောက်လှမ်းရေးပရိုဂရမ်ကို သက်တမ်းတိုးဖို့ ဥပဒေပြုအမတ်တွေကို ဖိအားပေးခဲ့ပြီး ဒါဟာ အကြမ်းဖက်တိုက်ခိုက်မှုတွေကို တိုက်ဖျက်ရာမှာ အဓိက ကျတဲ့အချက်တစ်ခုဖြစ်တယ်လို့လည်း ဆိုပါတယ်။

“ နိုင်ငံပြင်ပက ရန်တွေကို တိုက်ဖျက်ဖို့ မရှိမဖြစ်လိုအပ်တဲ့  နိုင်ငံရပ်ခြားထောက်လှမ်းရေး အက်ဥပဒေပုဒ်မ 702 ကို လွှတ်တော်က ထပ်မံခွင့်ပြုသင့်ပါတယ်။။ ဒါက နိုင်ငံတော်လုံခြုံရေးအတွက် အရေးကြီးသလို နောက်တစ်ပတ်မှာ သက်တမ်းကုန်တော့မယ့် ပုဒ်မ 702 ပုဒ်မကြောင့် အကြပ်အတည်းဖြစ်လာနိုင်ပါတယ်”

၀ရေးက အကြမ်းဖက်မှုတွေအပေါ် FBI ရဲ့ စိုးရိမ်မှုတွေကို ထောက်ပြပြီး ထောက်လှမ်းရေးအေဂျင်စီအတွက် ရန်ပုံငွေတိုးမြှင့်ပေးဖို့ လွှတ်တော်အမတ်တွေကို တိုက်တွန်းခဲ့တာလည်းဖြစ်ပါတယ်။ ဒါပေမယ့် FBI ဟာ တရားဥပဒေစိုးမိုးရေးအေဂျင်စီတွေကို ရန်ပုံငွေလျှော့ချဖို့ တောင်းဆိုခဲ့တဲ့ သမ္မတဟောင်းဒေါ်နယ်ထရန့်ရဲ့ အဓိက ပစ်မှတ်တစ်ခုဖြစ်တာကြောင့် လွှတ်တော်ထဲမှာ ရီပက်ဘလီကန်အမတ်တွေရဲ့ ပြင်းထန်တဲ့ ဆန့်ကျင်မှုတွေနဲ့ ရင်ဆိုင်ရဖွယ်ရှိနေပါတယ်ခင်ဗျာ . . .

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

သီးသန့်သတင်း- ပစ်ချခံရသည့် အမေရိကန် လေသူရဲက အီရန်ဒရုန်းများ ‘ဂျယ်လီငါး’ ပုံသဏ္ဌာန်ဖြင့် အုပ်စုဖွဲ့ပျံသန်းလာသည်ကို မြင်တွေ့ခဲ့ရကြောင်း ပြောကြား

  • 2026 ခုနှစ်၊ ဇွန်လ 23 ရက်
  • 22 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၃ ရက် ပြီးခဲ့သည့် ဧပြီလအတွင်းက အီရန်ကောင်းကင်ယံ၌ ပစ်ချခံရပြီးနောက် အထူးတပ်ဖွဲ့များ၏ ကယ်ဆယ်ခြင်းကို ခံခဲ့ရသည့် အမေရိကန် တိုက်လေယာဉ်မှူးတစ်ဦးသည် လေယာဉ်ပေါ်မှ ခုန်ထွက်ခြင်းမပြုမီ ထိတ်လန့်ဖွယ်ရာ မြင်ကွင်းတစ်ခုကို
နိုင်ငံတကာသတင်း အမေရိကန်

အီးဂျင်းကာရိုးလ် (E. Jean Carroll) အပေါ် လိင်ပိုင်းဆိုင်ရာ စော်ကားမှု စီရင်ချက်အပေါ် ထရမ့်၏ အသဲအသန် အယူခံဝင်မှုသည် တရားရုံးချုပ်တွင် ကြန့်ကြာနေ

  • 2026 ခုနှစ်၊ ဇွန်လ 23 ရက်
  • 25 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၃ရက် ဖေဖော်ဝါရီ ၂၇ ရက်တွင် တရားရုံးချုပ် တရားသူကြီးများသည် တံခါးပိတ်အစည်းအဝေး ပြုလုပ်ရန် ပြင်ဆင်နေစဉ်အတွင်း၊ မဂ္ဂဇင်းပင်တိုင်ဆောင်းပါးရှင် E. Jean Carroll အား လိင်ပိုင်းဆိုင်ရာ စော်ကားခဲ့ပြီး အသရေဖျက်ခဲ့သည်ဟူသော
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

သိမ်းပိုက်ခံ အနောက်ဘက်ကမ်းတွင် သတ်ဖြတ်ခံရသည့် ဆယ်ကျော် သက်များ၏ ရုပ်အလောင်းများကို အစ္စရေးက ထိန်းသိမ်းထားကြောင်း ပါလက်စတိုင်းတို့ ပြောကြား

  • 2026 ခုနှစ်၊ ဇွန်လ 22 ရက်
  • 22 Views
Al Jazeera- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၂ရက် သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) ရှိ တရားမဝင်အခြေစိုက်စခန်းတစ်ခုအနီးတွင် သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရသည့် ပါလက်စတိုင်းဆယ်ကျော်သက် နှစ်ဦး၏ ရုပ်အလောင်းများ ကို အစ္စရေးတပ်ဖွဲ့များက ထိန်းသိမ်းထားသည်။ ပါလက်စတိုင်းအာဏာပိုင်အဖွဲ့နှင့်
တရုတ် နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

တရုတ်နိုင်ငံက အီရန်၏ ‘အချုပ်အခြာအာဏာ၊ လုံခြုံရေးနှင့် အမျိုးသားဂုဏ်သိက္ခာ’ ကို အလေးပေးပြောကြား

  • 2026 ခုနှစ်၊ ဇွန်လ 22 ရက်
  • 25 Views
Al Jazeera- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၂ရက် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ (Wang Yi) သည် နယူးဒေလီမြို့တွင် ကျင်းပသည့် BRICS အစည်းအဝေး၏ ဘေးပန်းဆွေးနွေးပွဲတစ်ခုတွင် အီရန်အမျိုးသားလုံခြုံရေးဆိုင်ရာ အဆင့်မြင့် ကောင်စီ၏ ဒုတိယအတွင်းရေးမှူး ဂါဒီယာ
Australia နိုင်ငံတကာသတင်း

ရဲတပ်ဖွဲ့က မြေအောက်ဗုံးခိုကျင်းစနစ်ကို ဝင်ရောက်စီးနင်းပြီးနောက် သြစတြေးလျနိုင်ငံတွင် သမိုင်းတစ်လျှောက် အကြီးမားဆုံး ကိုကင်းဖမ်းဆီးရမိမှု ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 22 ရက်
  • 26 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၂ ရက် ဆစ်ဒနီမြို့ အနောက်ပိုင်းရှိ မြေအောက်ဗုံးခိုကျင်းစနစ်တစ်ခုအတွင်းမှ သြစတြေးလျ ရဲတပ်ဖွဲ့သည် ကိုကင်း ၂.၇ တန်ကို သိမ်းဆည်းရမိခဲ့ပြီး၊ ယင်းသည် ၎င်းနိုင်ငံ၏ သမိုင်း တစ်လျှောက်
ကိုလံဘီယာ နိုင်ငံတကာသတင်း လက်တင်အမေရိက

ထရမ့် ကျောထောက်နောက်ခံပြုထားသည့် နိုင်ငံရေးနယ်ပယ်ပြင်ပမှ ပုဂ္ဂိုလ် ကိုလံဘီယာရွေးကောက်ပွဲတွင် အနိုင်ရရှိကြောင်း ကနဦးမဲရေတွက်မှုများအရ သိရ

  • 2026 ခုနှစ်၊ ဇွန်လ 22 ရက်
  • 22 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၂ ရက် လက်ယာနွယ်ဝင် ကိုယ်စားလှယ်လောင်း အဘယ်လာဒို ဒီ လာ အက်စ်ပရီယဲလာ(Abelardo de la Espriella),သည် ကိုလံဘီယာနိုင်ငံ၏ သမ္မတရွေးကောက်ပွဲတွင် မဲအနည်းငယ်အသာဖြင့် အနိုင်ရရှိ