နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဇန်နဝါရီလ 18 ရက်

ပြည်တွင်းသတင်း

ပြည်တွင်းသတင်း

ဆန်ဈေးတင်ရောင်းမှုနဲ့ ဖမ်းဆီးထားတဲ့ ဂျပန်နိုင်ငံသားကို စစ်ကောင်စီ ထောင်ဒဏ် တစ်နှစ်ချ

သြဂုတ်လ (၁၂) ရက်။

ဆန်ဈေးတင်ရောင်းတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးခံထားရတဲ့ Aeon Orange ကုမ္ပဏီအမှုဆောင်အရာရှိ ဂျပန်နိုင်ငံသား ဟီရိုရှီ ကာဆာမတ်ဆု (Hiroshi Kasamatsu) ကို စစ်ကောင်စီက ဒီနေ့ ဩဂုတ်လ ၁၂ ရက်နေ့မှာ ထောင်ဒဏ် တစ်နှစ်နဲ့ ငွေဒဏ် ချမှတ်လိုက်တယ်လို့ ဂျပန်နိုင်ငံပိုင်မီဒီယာ NHK ရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

အသက် (၅၃) နှစ်အရွယ် ရှိပြီဖြစ်တဲ့ ဟီရိုရှီကာဆာမတ်ဆု အပါအဝင် City Mart, One Stop Mart, စိန်ဂေဟာက တာဝန်ရှိတဲ့သူတွေနဲ့ ဆန်ကုန်သည် စုစုပေါင်း ၁၁ ဦးကို ဈေးတင်ရောင်းတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စစ်ကောင်စီက ဇွန်လ ၃၀ ရက်မှာ ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

အဲဒီနောက် ဟီရိုရှီကာဆာမတ်ဆုကို ရန်ကုန်မြို့က တရားရုံးတစ်ခုမှာ ဇူလိုင်လ ၁၁ ရက်နေ့က စတင်ရုံးထုတ်စစ်ဆေးခဲ့တယ်လို့ ဂျပန်နိုင်ငံ ဒေသတွင်း သတင်းဌာနတွေက ဖော်ပြခဲ့ပါတယ်။

စစ်ကောင်စီဘက်ကတော့ ဂျပန်နိုင်ငံသား အပါအဝင် ဖမ်းဆီးခံရသူတွေကို အနိမ့်ဆုံး ထောင်ဒဏ် ခြောက်လကနေ အမြင့်ဆုံး ထောင်ဒဏ် သုံးနှစ်အထိ ချနိုင်တဲ့ ၂၀၁၂ ခုနှစ်၊ အရေးကြီး ကုန်စည်နဲ့ ဝန်ဆောင်မှု ဥပဒေပုဒ်မ-၅ အရ အရေးယူမယ်လို့ ကြေညာထားပြီး ဖြစ်ပါတယ်။

အဲ့ဒီစီရင်ချက်အပေါ် တုံ့ပြန်တဲ့အနေနဲ့ မြန်မာနိုင်ငံရှိ ဂျပန်သံရုံးက သူတို့နိုင်ငံသားကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့ မြန်မာအာဏာပိုင်တွေကို ဆက်လက်စည်းရုံးသွားမယ်လို့ ပြောဆိုထားပါတယ်။

Update;

Aeon Orange မှ ဂျပန်နိုင်ငံသား ဟီရိုရှီ ကာဆာမတ်ဆုကို တရားရုံးက အမိန့်ချလိုက်တယ်ဆိုတဲ့ သတင်းတွေနဲ့ ပတ်သက်ပြီး သတင်းထုတ်ပြန်ရေးအဖွဲ့ရဲ့ Viber Group မှာ သတင်းဌာနတစ်ခုရဲ့ မေးမြန်းမှုကို ” ဒီနေ့ညနေ ပြန်လွှတ်ပေးပြီး ဖြစ်ပါတယ်” လို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြန်လည်ဖြေကြားခဲ့တယ်လို့ ပြည်တွင်းအခြေစိုက် Eleven Media မှာ ဖော်ပြထားပါတယ်။ ဂျပန်သံရုံးဘက်ကတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး သတင်းထုတ်ပြန်ထားတာ မရှိသေးပါဘူး။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

ပြည်တွင်းသတင်း အရှေ့တောင်အာရှ

သက်ဆင်နဲ့ စစ်ခေါင်းဆောင်တွေ ဘာတွေကြံစည်နေကြသလဲ။

  • 2024 ခုနှစ်၊ မေလ 5 ရက်
  • 161 Views
မြန်မာ့အရေး ထိုင်းအတွေး အပိုင်း (၁၆) ခေတ်မျက်လုံးသတင်းဌာနမှာ ထိုင်းအရေးကျွမ်းကျင်သူ စတီဗင်စန်းယု အပတ်စဉ် တင်ဆက်နေတဲ့ မြန်မာ့အရေး ထိုင်းအတွေး အစီအစဉ်ကနေ
ပြည်တွင်းသတင်း

လေကြောင်းရန် ကြိုတင်ပြင်ဆင်နိုင်ဖို့ NUG ရဲ့ အရေးပေါ်စီမံခန့်ခွဲမှုဆိုင်ရာကော်မတီ အစည်းအဝေးတစ်ရပ် ကျင်းပပြုလုပ်

  • 2024 ခုနှစ်၊ ဇန်နဝါရီလ 20 ရက်
  • 171 Views
ဇန်နဝါရီလ (၂၀)ရက်။ NUG ရဲ့ အရေးပေါ်အခြေအနေစီမံခန့်ခွဲမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်း‌ရေးကော်မတီ(EOCC)က အစည်းအဝေးတစ်ရပ်ကို ခေါ်ယူကျင်းပခဲ့တယ်လို့ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီအစည်းအဝေးမှာ မြို့နယ်အဆင့်
ပြည်တွင်းသတင်း

စစ်ကောင်စီဥက္ကဋ္ဌနဲ့ ထိုင်းဘုရင့်ကြည်းတပ်ဦးစီးချုပ်ရုံး၊ အကြံပေးဘုတ်အဖွဲ့ဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့်တွေ့ဆုံ

  • 2024 ခုနှစ်၊ ဇန်နဝါရီလ 18 ရက်
  • 218 Views
ဇန်နဝါရီလ (၁၇) ရက်။ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ထိုင်းဘုရင့်ကြည်းတပ်ဦးစီးချုပ်ရုံး၊ အကြံပေး ဘုတ်အဖွဲ့ဥက္ကဋ္ဌ၊ Army Operations Center ၊ Neighboring Countries Coordination Center (NCCC) ဌာနရဲ့ အကြီးအကဲဖြစ်သူ
ပြည်တွင်းသတင်း မြန်မာသတင်း

အကြမ်းဖက်စစ်တပ်ဟာ ပြေးဖို့အသင့်ပြင်နေတဲ့အနေအထားလို့ NUG ပြည်ထောင်စုဝန်ကြီးချုပ်ပြော

  • 2024 ခုနှစ်၊ ဇန်နဝါရီလ 18 ရက်
  • 171 Views
ဇန်နဝါရီလ (၁၈)ရက်။ အကြမ်းဖက်စစ်တပ်ဟာ ပြေးဖို့ အသင့်ပြင်နေတဲ့အနေအထားဖြစ်တယ်လို့ NUG ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ဒီကနေ့မှာပြုလုပ်တဲ့ ကြားကာလဗဟိုကော်မတီအစည်းအဝေးမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ အခုဆိုရင် အကြမ်းဖက်စစ်တပ်ဟာ စိတ်ဓာတ်ရေးရာအရ လဲပြိုနေပြီဆိုတာ ကျွန်တော်တို့ ကောင်းစွာ တွေ့မြင်
ပြည်တွင်းသတင်း

မုံရွာမှာ လူဦးရေထောင်နဲ့ချီတဲ့ သပိတ်စစ်ကြောင်း ချီတက်လှုပ်ရှားမှုပြုလုပ်ခဲ့

  • 2024 ခုနှစ်၊ ဇန်နဝါရီလ 17 ရက်
  • 139 Views
ဇန်နဝါရီလ (၁၇) ရက်။ လုံခြုံရေးတင်းကြပ်ထားတဲ့ မုံရွာမြို့ တစ်နေရာမှာ လူဦးရေ ထောင်နဲ့ချီတဲ့ သပိတ်စစ်ကြောင်း ချီတက်လှုပ်ရှားမှု ပြုလုပ်ခဲ့တယ်လို့ မုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီထံရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ မုံရွာလူထုသပိတ်စစ်ကြောင်းအရှည်ကြီးကို မကွေးလူထုတိုက်ပွဲကော်မတီနဲ့အတူ ချီတက်ခဲ့ကြကာ ကျေးရွာအနှံ့အပြားက ပြည်သူဦးရေ
ပြည်တွင်းသတင်း

ကန့်ဘလူမြို့က ကျေးရွာ (၃) ရွာကို စစ်ကောင်စီက ရှုံးမဲမဲပြီး မီးရှို့ဖျက်ဆီးခဲ့

  • 2024 ခုနှစ်၊ ဇန်နဝါရီလ 12 ရက်
  • 176 Views
ဇန်နဝါရီလ (၁၂) ရက်။ ဇန်နဝါရီလ (၁၁)ရက်နေ့က ကန့်ဘလူမြို့နယ်၊ ထန်းကုန်းတိုက်နယ်ထဲရှိ ကျေးရွာ (၃)ရွာကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ကျွန်းလှ-ကန့်ဘလူတက်ကြွလှုပ်ရှားသူများအဖွဲ့ထံက သိရပါတယ်။ ကန့်ဘလူမြို့နယ်ရှိ တင်ငုတ်ကြီးရွာက ပျူစောထီးအထိုင်စခန်းကို ပကဖတွေက တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် စစ်ကောင်စီတပ်နဲ့ ပျူစောထီး
စစ်ရေးသတင်း ပြည်တွင်းသတင်း

စစ်ကိုင်း ကန့်ဘလူက စစ်ကောင်စီနဲ့ ပျူစောထီစခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ MOD ထုတ်ပြန်

  • 2024 ခုနှစ်၊ ဇန်နဝါရီလ 11 ရက်
  • 159 Views
ဇန်နဝါရီလ (၁၁)ရက်။ စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်ရှိ တင်ငုတ်ကြီးရွာမှာ အခြေပြုထားတဲ့ စစ်ကောင်စီနဲ့ ပျူစောထီးစခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ MOD ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်ကောင်စီနဲ့ ပျုစောထီးစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ခရိုင်တပ်ရင်းတွေ၊ ခရိုင်ပကဖ လှုပ်ရှားတပ်ဖွဲ့တွေနဲ့
ပြည်တွင်းသတင်း မြန်မာ့နိုင်ငံရေး

မကြာတဲ့ကာလမှာ ရည်မှန်းချက်တွေ အကောင်အထည်ပေါ်ဖြစ်ထွန်းလာမယ်လို့ ယုံကြည်ကြောင်း CRPH ထုတ်ပြန်

  • 2024 ခုနှစ်၊ ဇန်နဝါရီလ 11 ရက်
  • 175 Views
ဇန်နဝါရီလ (၁၁)ရက်။ မကြာတဲ့ အနာဂတ်ကာလမှာ အားလုံးရဲ့ ရည်မှန်းချက်တွေ လက်တွေ့ကျစွာ အကောင်အထည်ပေါ်ဖြစ်ထွန်းလာတော့မယ်လို့ ယုံကြည်ကြောင်း CRPH က ကရင်အမျိုးသားနှစ်သစ်ကူးနေ့ သ၀ဏ်လွှာမှာ ပြောဆိုထားချက်အရ သိရပါတယ်။ ခေတ်အဆက်ဆက်သာမက အခုနွေဦးတော်လှန်ရေးမှာ ကရင်တိုင်းရင်းသားအားလုံးဟာ သမိုင်းပေးတာ၀န်တွေကို ကျရာအခန်းကဏ္ဍတွေမှာ