နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 27 ရက်

မြန်မာ့နိုင်ငံရေး

မြန်မာ့နိုင်ငံရေး

စစ်အုပ်စုပြုလုပ်မယ့် ရွေးကောက်ပွဲကို နိုင်ငံတကာအစိုးရ‌တွေအနေနဲ့ ကန့်ကွက်ဖို့ ကုလလူ့အခွင့်အရေးအထူးကိုယ်စားလှယ် တိုက်တွန်း

အောက်တိုဘာလ (၁၂)ရက်။

စစ်အုပ်စုပြုလုပ်မယ့် ရွေးကောက်ပွဲကို နိုင်ငံတကာအစိုးရတွေအနေနဲ့ ကန့်ကွက်ဖို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေးအထူးကိုယ်စားလှယ် Mr. Tom Andrews က NUG ကိုယ်စားလှယ်တွေနဲ့ အောက်တိုဘာလ (၁၀)ရက်က ဩစတြေးလျနိုင်ငံမှာ တွေ့ဆုံချိန် တိုက်တွန်းခဲ့တယ်လို့ သိရပါတယ်။

စစ်အုပ်စုပြုလုပ်မယ့် ရွေးကောက်ပွဲဟာ အတုအယောင်သာဖြစ်ပြီး စစ်အာဏာရှင်တည်မြဲဖို့အတွက် ပြုလုပ်နေတာဖြစ်တာကြောင့် ကန့်ကွက်ဖို့လိုသလို အကြမ်းဖက်စစ်အုပ်စုကို လေယာဉ်ဆီတင်ပို့နေတဲ့ ကုမ္ပဏီအဖွဲ့အစည်းတွေကို အသေးစိတ် စုံစမ်းစစ်ဆေးကာ ဖိအားပေးအရေးယူတာတွေ လုပ်ဆောင်သွားမယ်လို့ ပြောဆိုခဲ့ပါတယ်။

မြန်မာအရေးပေါ် တရုတ်အစိုးရရဲ့ စွက်ဖက်တာတွေက နိုင်ငံတနိုင်ငံရဲ့ အချုပ်အခြာအာဏာကို အခြားနိုင်ငံက စွက်ဖက်နေတဲ့အပေါ်ကိုလဲ ကန့်ကွက်ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

နောက်ပြီး အကြမ်းဖက်စစ်အုပ်စုကို လက်နက်ခဲယမ်း တင်ပို့ရောင်းချတာအချို့ကို တားဆီးလျော့ချနိုင်ခဲ့ကာ ဆက်လက်လုပ်ဆောင်သွားမှာဖြစ်သလို စင်္ကာပူနိုင်ငံအနေနဲ့ စစ်ကောင်စီကို ပံ့ပိုးနေတာ (၉၀)ရာခိုင်နှုန်းအထိ လျော့ချနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် လေယာဉ်ဆီတင်ပို့ရောင်းချတာကို ဗီယက်နမ်က အဓိကတင်ပို့ရောင်းချနေတာကြောင့် ပိတ်ဆို့အရေးယူဖို့ကိုလဲ တိုက်တွန်းသွားမယ်လို့ သိရပြီး ဩစတြေးလျအနေနဲ့ Universal Jurisdiction ကတဆင့် အရေးယူဖို့ တိုက်တွန်းပြောကြားခဲ့ပါတယ်။

ကုလလူ့အခွင့်အရေးအထူးကိုယ်စားလှယ်နဲ့ တွေ့ဆုံပွဲကို NUG ရဲ့ လူ့အခွင့်အရေးဒုဝန်ကြီး ခွန်းဗဟန်းထန်နဲ့ ဩစတြေးလျနိုင်ငံဆိုင်ရာ NUG ကိုယ်စားလှယ် ဒေါက်တာ ထွန်းရွှေအောင်အပါအဝင် CRPH/NUG Support Group Australia National Team တို့ ပါဝင်ခဲ့တယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

တရုတ် မြန်မာ့နိုင်ငံရေး

“တရုတ်အာဏာစက်အောက် အတုအယောင်ငြိမ်းချမ်းရေး”

  • 2026 ခုနှစ်၊ ဇွန်လ 21 ရက်
  • 28 Views
ခေတ်မျက်လုံးရဲ့ အပတ်စဥ်နိုင်ငံရေးဖြစ်စဥ်ကိုလေ့လာသုံးသပ်ကြည့်ခြင်း (၅၂)မှာဆွေးနွေး ကြမဲ့ ခေါင်းစဥ်ကတော့ “တရုတ်အာဏာစက်အောက် အတုအယောင်ငြိမ်းချမ်းရေး” ဘဲ ဖြစ်ပါတယ်၊ ပြည်သူရွေးကောက်တင်မြှောက်ထားတဲ့အစိုးရကို စစ်အာဏာသိမ်းပြီး ဖြုတ်ချ
တရုတ် မြန်မာ့နိုင်ငံရေး မြန်မာသတင်း

တရုတ်က မြန်မာနိုင်ငံရဲ့ ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ပံ့ပိုးကူညီသွားမယ်လို့ဆို

  • 2026 ခုနှစ်၊ ဇွန်လ 18 ရက်
  • 49 Views
ဇွန်လ (၁၈)ရက်။ တရုတ်က မြန်မာနိုင်ငံရဲ့ ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ ပံ့ပိုးကူညီသွားမယ်ဆိုပြီး မနေ့က နှစ်နိုင်ငံပူးတွဲကြေညာချက်မှာ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ ပူးတွဲကြေညာချက်ထဲ စစ်ကော်မရှင်က
နိုင်ငံတကာသတင်း မြန်မာ့နိုင်ငံရေး အရှေ့တောင်အာရှ

အာဆီယံနိုင်ငံအချို့က ခွဲခြားဆက်ဆံတယ်ဆိုပြီး စစ်ကော်မရှင်နိုင်ငံခြားရေးပြော

  • 2026 ခုနှစ်၊ မေလ 11 ရက်
  • 69 Views
မေလ (၁၁)ရက်။ ပြီးခဲ့တဲ့ (၅)နှစ်ထဲ အာဆီယံနိုင်ငံအချို့ရဲ့ သဘောထားနဲ့ မြန်မာနိုင်ငံအပေါ် ခွဲခြားဆက်ဆံတာတွေ ပြုလုပ်ခဲ့တယ်ဆိုပြီး စစ်ကော်မရှင်နိုင်ငံခြားရေးဝန်ကြီးဌာနက မနေ့က ထုတ်ပြန်ခဲ့တယ်လို့ သိရပါတယ်။ အာဆီယံနိုင်ငံတွေထဲက နိုင်ငံအနည်းငယ်ဟာ ကန့်သတ်တာတွေ၊ ခွဲခြားဆက်ဆံတာတွေနဲ့ တန်းတူကိုယ်စားပြုတာကို ချန်လှပ်ထားတာတွေကို ‌ဆက်လက်ပြုလုပ်ဖို့
တရုတ် မြန်မာ့နိုင်ငံရေး

မြန်မာနိုင်ငံထဲ ပဋိပက္ခတွေ မြင့်တက်လာမှာ မလိုလားဘူးလို့ တရုတ်အထူးကိုယ်စားလှယ်ပြော

  • 2025 ခုနှစ်၊ အောက်တိုဘာလ 16 ရက်
  • 279 Views
အောက်တိုဘာလ (၁၆)ရက်။ မြန်မာနိုင်ငံထဲ ပဋိပက္ခတွေ မြင့်တက်လာမှာ မလိုလားဘူးလို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်အထူးကိုယ်စားလှယ် Mr. Deng Xijiun က မနေ့က NCA (၁၀)နှစ်ပြည့်အခမ်းအနားမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ မြန်မာပြည်သူတွေဟာ ငြိမ်းချမ်းရေးကို
မြန်မာ့နိုင်ငံရေး

အကြောင်းအမျိုးမျိုးကြောင့် MOD အောက်ကနေ ထွက်သွားကြတဲ့ တပ်ရင်းအချို့ရှိတယ်လို့ NUG ဝန်ခံ

  • 2025 ခုနှစ်၊ မတ်လ 4 ရက်
  • 458 Views
မတ်လ (၄)ရက်။ အကြောင်းအမျိုးမျိုးကြောင့် MOD ရဲ့ CoC အောက်ကနေ နှုတ်ထွက်သွားကြတဲ့ တပ်ရင်းအချို့ရှိတယ်လို့ NUG ဝန်ကြီးချုပ်ရုံး ပြောခွင့်ရ ဦးနေဘုန်းလတ်က ဒီကနေ့မှာပြုလုပ်တဲ့ Press Briefing အစီအစဉ်မှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “
မြန်မာ့နိုင်ငံရေး

စစ်အာဏာသိမ်းတာကို ဘယ်လိုကာကွယ်မလဲ ?

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 19 ရက်
  • 538 Views
စစ်အာဏာသိမ်းတာကို ဘယ်လိုကာကွယ်မလဲ။ ဦးထွန်းအောင်ကျော်နဲ့ ဦးကြီးမြင့်တို့ရဲ့ ဆွေး‌နွေးမှု ဒုတိယပိုင်းကို တင်ဆက်လိုက်ပါတယ်။ ဒီဆွေး‌နွေးမှုမှာ စစ်အာဏာသိမ်းတာကနေ ဘယ်လိုကာကွယ်သင့်သလဲဆိုတာကို သူတို့နှစ်ဦးရဲ့အမြင်တွေကို တင်ပြကြသလို ဒုတိယမေးခွန်းဖြစ်တဲ့ ဒီမိုကရေစီစနစ် ခိုင်မာအောင်ဘာတွေလိုအပ်မလဲဆိုတာကို သူတို့ရှုထောင့်တွေကနေ တဆက်တည်း ဆွေး‌နွေး ထားကြပါတယ်။ ခေတ်မျက်လုံးအယ်ဒီတာအဖွဲ့
မြန်မာ့နိုင်ငံရေး

(၄)နှစ်တာထဲ အကြမ်းဖက်စစ်အုပ်စုကြောင့် ကလေးငယ် (၇၀၀)နီးပါးသေဆုံးခဲ့

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 18 ရက်
  • 448 Views
ဇန်နဝါရီလ (၁၈)ရက်။ အာဏာသိမ်း (၄)နှစ်တာကာလထဲ အကြမ်းဖက်စစ်အုပ်ကြောင့် နိုင်ငံတဝန်းရှိ အသက် (၁၈)နှစ်အောက် ကလေးငယ် (၆၉၃)ဦး သေဆုံးခဲ့တယ်လို့ AAPP ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီကာလထဲ အသက် (၁၈)နှစ်အောက် ကလေးငယ်သေဆုံးခဲ့တာမှာ
မြန်မာ့နိုင်ငံရေး မြန်မာသတင်း

အောင်ပန်းမြို့ရဲစခန်းက‌ အချုပ်ဖောက်ထွက်ပြေးသူတွေကို ဖမ်းမိတယ်လို့ စစ်ကောင်စီပြော

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 17 ရက်
  • 529 Views
ဇန်နဝါရီလ (၁၇)ရက်။ ‌အောင်ပန်းမြို့ရဲစခန်းကနေ အချုပ်ခန်းဖောက် ထွက်ပြေးသွားသူတွေအားလုံးကို ပြန်လည်ဖမ်းမိခဲ့တယ်လို့ စစ်ကောင်စီချန်နယ်တွေရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ အောင်ပန်းရဲစခန်းရဲ့ အချုပ်ခန်းကနေ ထွက်ပြေးသွားသူတွေထဲက (၂)ဦးကို ဖြစ်တဲ့နေ့မှာပဲ ဖမ်းမိခဲ့တာ။ နောက်ပြီးတော့ (၁၄)ရက်မှာ (၂)ဦးနဲ့