နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 22 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အာရှ

Apple သို့ ပစ္စည်းပေးသွင်းသည့် တိုင်ဝမ်ဝန်ထမ်းများကို တရုတ်နိုင်ငံတွင် ‘ထူးဆန်းသော’ အမှုဖြင့် ဖမ်းဆီးခဲ့သည်။

အောက်တိုဘာ (၁၂) ရက်။

ကမ္ဘာ့အကြီးဆုံး iPhone အစိတ်အပိုင်းများကို တပ်ဆင်ပေးသူ ထိုင်ဝမ် Foxconn မှ ဝန်ထမ်းလေးဦးအား တရုတ်နိုင်ငံတွင် “ထူးဆန်းသော” အခြေအနေများအောက်တွင် ဖမ်းဆီးထိန်းသိမ်းခံလိုက်ရကြောင်း ထိုင်ဝမ်အစိုးရက ပြောကြားခဲ့သည်။

ထိုင်ဝမ်၏ တရုတ်ပြည်မကြီးရေးရာကောင်စီ၏ထုတ်ပြန်ချက်တွင် အလုပ်သမား ဝန်ထမ်းလေးဦးကို အက်ပဲလ်၏ iPhone များ တပ်ဆင်ပေးသည့် အဓိက Foxconn စက်ရုံ၏ နေအိမ်ဖြစ်သည့် ဟီနန် (Henan) မြို့တော် ဂွမ်ဇူး (Zhengzhou) တွင် ထိန်းသိမ်းထားကြောင်း Reuters သို့ ကြာသပတေးနေ့တွင် ထုတ်ပြန်ခဲ့သည်။ “ ယုံကြည်မှုကို ချိုးဖောက်ခြင်း” အဖြစ် သံသယရှိခြင်းကြောင့်ဖြစ်ကြောင်းသိရသည်။

“ဒီအမှုကိစ္စက တော်တော်ထူးဆန်းတယ်” ဟု ၎င်းကဆိုသည်။

အဆိုပါကိစ္စသည် တရုတ်လုံခြုံရေးအရာရှိအနည်းစု၏ အကျင့်ပျက်ခြစားမှုနှင့် အာဏာအလွဲသုံးစားမှုတို့နှင့် ဆက်နွှယ်နေနိုင်သည်ဟု ကောင်စီက ထည့်သွင်းပြောကြားခဲ့သော်လည်း အသေးစိတ်ကိုမူထည့်သွင်းပြောဆိုခဲ့ခြင်းမရှိချေ။

Foxconn က မှတ်ချက်ပေးရန် ငြင်းဆိုခဲ့သည်။

ကောင်စီက Foxconn က ကုမ္ပဏီသည် “ဝန်ထမ်းလေးဦးသည် ကုမ္ပဏီ၏အကျိုးစီးပွားကို ထိခိုက်စေရန် မည်သည့်အရာကိုမျှ လုပ်ဆောင်ခဲ့ခြင်း မရှိကြောင်း ပြောကြားခဲ့သည်။

“ဒါက ကုမ္ပဏီတွေရဲ့ ယုံကြည်မှုကို အကြီးအကျယ် ထိခိုက်ပျက်စီးစေတယ်။ ထိုင်ဝမ်ရေလက်ကြား တစ်ဖက်မှာရှိတဲ့ သက်ဆိုင်ရာဌာနတွေကို စုံစမ်းစစ်ဆေးပြီး အမြန်ဆုံး ဖြေရှင်းပေးဖို့ တောင်းဆိုထားပါတယ်” ဟု ၎င်းက ဆိုသည်။

ရုံးချိန်ပြင်ပတွင် ထင်မြင်ချက်တောင်းခံနေသည့် တရုတ်နိုင်ငံ၏ ထိုင်ဝမ်ရေးရာရုံးသို့ ဖုန်းခေါ်ဆိုသော်လည်း ဖုန်းမကိုင်ပါ။

ဇွန်လတွင် ထိုင်ဝမ်အစိုးရသည် ၎င်း၏နိုင်ငံသားများအား မလိုအပ်ဘဲ တရုတ်ပြည်မကြီး သွားခြင်းမပြုရန် သတိပေးခဲ့ပြီး ထိုင်ဝမ်လွတ်လပ်ရေးထောက်ခံသူများကို သတ်ပစ်မည်ဟု ပေကျင်း၏ခြိမ်းခြောက်မှုကို ခံခဲ့ရပြီးနောက် ဇွန်လတွင် ထိုင်ဝမ်အစိုးရသည် ၎င်း၏နိုင်ငံသားများအား ခရီးသွားခြင်း သတိပေးချက် ထုတ်ပြန်ခဲ့သည်။

အပြင်းအထန် ကန့်ကွက်မှုများအကြားမှ ဒီမိုကရေစီနည်းကျ အုပ်ချုပ်နေသည့် တိုင်ပေအစိုးရကို တရုတ်ကသူ၏ကိုယ်ပိုင်နယ်မြေအဖြစ် ကြေညာခဲ့သည်။

ထိုင်ဝမ်စီးပွားရေးလုပ်ငန်းများသည် လွန်ခဲ့သည့်ဆယ်စုနှစ်လေးစုက အထင်ကရ စီးပွားရေး ပြုပြင်ပြောင်းလဲမှုများ စတင်ချိန်မှစ၍ ဘာသာစကား၊ ယဥ်ကျေးမှုတူညီမှုနှင့် ကုန်ကျစားရိတ် သက်သာမှုတို့ကြောင့် တရုတ်နိုင်ငံတွင် ဒေါ်လာဘီလီယံနှင့်ချီ၍ ရင်းနှီးမြှုပ်နှံခဲ့ကြပါသည်။

Source: ရိုက်တာ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

တရုတ် နိုင်ငံတကာသတင်း အမေရိကန်

ရှီ-ထရန့် ထိပ်သီးအစည်းအဝေး ကြန့်ကြာမှုကြောင့် တရုတ်နိုင်ငံက ဘာကြောင့် ပိုမို အသာစီး ရလာနိုင်သလဲ။  ဆဲလ်ဗီ ဇောင်း (Sylvie Zhuang) ၏ သုံးသပ်ချက်

  • 2026 ခုနှစ်၊ မတ်လ 21 ရက်
  • 22 Views
CNN- ၂၀၂၆ခုနှစ်၊ မတ်လ(၂၁)ရက် ဟောင်ကောင် — အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က တရုတ်ခေါင်းဆောင် ရှီကျင့်ဖျင်နှင့် ပြုလုပ်မည့် အရေးပါသော ထိပ်သီးအစည်းအဝေးကို
ကနေဒါ နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ရုရှား၊ တရုတ်နှင့် အမေရိကန် – အီရန်စစ်ပွဲ၏ ကမ္ဘာ့အကျိုးအမြတ်ရရှိသူများနှင့် အရှုံးပေါ်သူများ

  • 2026 ခုနှစ်၊ မတ်လ 20 ရက်
  • 25 Views
BBC- ၂၀၂၆ ခုနှစ်၊ မတ်လ ၂၀ ရက် အရှေ့အလယ်ပိုင်းရှိ ရေနံထုတ်လုပ်သည့် နိုင်ငံများသည် ပဋိပက္ခကြောင့် ဟော်မုဇ် ရေလက်ကြား
နိုင်ငံတကာသတင်း အမေရိကန်

လွှတ်တော်ကြီးကြပ်ရေးကော်မတီ ဥက္ကဋ္ဌက အက်ပ်စတိန်း (Epstein) စုံစမ်းစစ်ဆေးမှု အတွက် ရှေ့နေချုပ် ပမ် ဘွန်ဒီ (Pam Bondi) ကို ဆင့်ခေါ်

  • 2026 ခုနှစ်၊ မတ်လ 20 ရက်
  • 23 Views
CNN- ၂၀၂၆ ခုနှစ်၊ မတ်လ ၂၀ ရက် လွှတ်တော်ကြီးကြပ်ရေးကော်မတီ (House Oversight Committee) ဥက္ကဋ္ဌ ဂျိမ်းစ် ကိုးမား (James Comer) သည် ဂျက်ဖရီ အက်ပ်စတိန်း (Jeffrey Epstein)
နိုင်ငံတကာသတင်း အမေရိကန်

တရားသူကြီးများအပေါ် ရန်လိုတိုက်ခိုက်မှုများ ‘ရပ်တန့်ရန် လိုအပ်ပြီ’ ဟု တရားသူကြီးချုပ် ဂျွန်ရောဘတ်စ် ပြောကြား

  • 2026 ခုနှစ်၊ မတ်လ 20 ရက်
  • 19 Views
CNN- ၂၀၂၆ ခုနှစ်၊ မတ်လ ၂၀ ရက် တရားစီရင်ရေးကဏ္ဍအပေါ် ပုဂ္ဂိုလ်ရေးအရ တိုက်ခိုက်မှုများ မပြုလုပ်ရန် တရားသူကြီးချုပ် ဂျွန်ရောဘတ်စ် (John Roberts) က သတိပေးလိုက်ပြီး၊ တရားရုံး၏ ဆုံးဖြတ်ချက်များအပေါ် ဝေဖန်ခြင်းမှာ သင့်လျော်သော်လည်း
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ထရန့်အစိုးရ၏ လုပ်ရပ်များကြောင့် အစ္စရေး၏ ကျဆင်းနေပြီးသား ပုံရိပ်ကို မည်သို့ ထိခိုက်စေနိုင်သနည်း

  • 2026 ခုနှစ်၊ မတ်လ 20 ရက်
  • 23 Views
CNN- ၂၀၂၆ခုနှစ်၊ မတ်လ ၂၀ရက် သမ္မတ ဒေါ်နယ်ထရန့်သည် အမေရိကန်နှင့် အစ္စရေး ဆက်ဆံရေးအတွက် မကောင်းသော အချိန်အခါမျိုးတွင် အစ္စရေးနှင့် ပူးပေါင်းကာ အီရန်စစ်ပွဲကို စတင်ခဲ့သည်။ ပထမဆုံး တိုက်ခိုက်မှုများ မပြုလုပ်မီ တစ်ရက်အလိုတွင် Gallup
ဂျာမဏီ နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အရှေ့အလယ်ပိုင်းစစ်ပွဲ၏ နောက်ဆုံးရအခြေအနေများမှာ အောက်ပါအတိုင်းဖြစ်ပါသည် –

  • 2026 ခုနှစ်၊ မတ်လ 20 ရက်
  • 23 Views
AFPသတင်း- ၂၀၂၆ခုနှစ်၊ မတ်လ ၂၀ရက် ဟော်မုဇ်ရေလက်ကြားအရေး ကုလသမဂ္ဂ၏ ဆောင်ရွက်ချက်ကို မက်ခရွန် မျှော်လင့်နေခဲ့ လက်ရှိ အပြန်အလှန် ပစ်ခတ်မှုများ ပြီးဆုံးသွားပါက ဟော်မုဇ်ရေလက်ကြားအတွင်း ရေကြောင်းသွားလာမှု ဘေးကင်းလုံခြုံစေရန်အတွက် ကုလသမဂ္ဂဆိုင်ရာ မူဘောင်တစ်ရပ် ချမှတ်နိုင်ရေး ကုလသမဂ္ဂလုံခြုံရေးကောင်စီ
ဂျပန် နိုင်ငံတကာသတင်း အမေရိကန်

ဂျပန်ဝန်ကြီးချုပ်က အီရန်အရေးနှင့်ပတ်သက်၍ ထရန့်ကို စိတ်ကျေနပ်အောင် ဖျောင်းဖျနိုင်ခဲ့သော်လည်း ပုလဲဆိပ်ကမ်း (Pearl Harbor)အကြောင်းနှင့် အံ့အားသင့် ဖွယ်ရာနှင့် ရင်ဆိုင်ခဲ့ရ

  • 2026 ခုနှစ်၊ မတ်လ 20 ရက်
  • 21 Views
AFP- ၂၀၂၆ ခုနှစ်၊ မတ်လ ၂၀ ရက် ဂျပန်ဝန်ကြီးချုပ် စာနာအေ တာကာအီချီ (Sanae Takaichi) သည် ကြာသပတေးနေ့က အီရန်အရေးနှင့် ပတ်သက်၍ ဒေါ်နယ်ထရန့်နှင့် ဖြစ်ပွားနိုင်ခြေရှိသော ထိပ်တိုက်တွေ့ဆုံမှုကို အောင်မြင်စွာ ကျော်ဖြတ်နိုင်ခဲ့သော်လည်း၊
တရုတ် နိုင်ငံတကာသတင်း အမေရိကန်

စစ်မီးများ ကူးစက်ပျံ့နှံ့နေကြောင်း တရုတ်က သတိပေး၊ သို့သော် ရှီ-ထရမ့် တွေ့ဆုံပွဲကို ကြိုဆိုသည့် အရိပ်အယောင်ပြသ

  • 2026 ခုနှစ်၊ မတ်လ 19 ရက်
  • 25 Views
CNN – ၂၀၂၆ ခုနှစ်၊ မတ်လ ၁၉ ရက် ပေကျင်း/ဟောင်ကောင် — အီရန်တွင် စစ်ပွဲများ ပြင်းထန်နေစဉ် တရုတ်နိုင်ငံ၏ ထိပ်တန်း သံတမန်က မိမိတို့နိုင်ငံကို ငြိမ်းချမ်းရေးနှင့် တည်ငြိမ်မှုကို ကာကွယ်သူအဖြစ် ပုံဖော်ခဲ့ပြီး၊