နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 2 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ

အစ္စရေး၏ တိုက်ခိုက်မှုများအတွင်း လက်ဘနွန်၊ ဂါဇာ၊ ဆီးရီးယားတွင် လူ ၈၀ ကျော် သေဆုံးခဲ့ရပြီး ကလေးငယ်များနှင့် အမျိုးသမီးများလည်း သေဆုံး

++++++++++

နိုဝင်ဘာလ (၁၂) ရက်၊ (CNN)

လက်ဘနွန်မြောက်ပိုင်း၊ ဂါဇာကမ်းမြှောင်နှင့် အရှေ့အလယ်ပိုင်းရှိ ဆီးရီးယားနိုင်ငံတို့တွင် အစ္စရေးစစ်တပ်၏ တိုက်ခိုက်မှုများ ဆက်လက် ဖြစ်ပွားနေခြင်းကြောင့် နိုဝင်ဘာလ ၉ ရက်နေ့မှ ၁၀ ရက်နေ့အထိ လူ ၈၀ ကျော် သေဆုံးခဲ့ရသည်။

လက်ဘနွန်နိုင်ငံအလယ်ပိုင်းရှိ Almat တွင် နိုဝင်ဘာလ ၁၀ ရက်နေ့က အစ္စရေးစစ်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေးငယ် သုံးဦးအပါအဝင် လူ ၂၀ သေဆုံးခဲ့ကြောင်း နိုင်ငံပိုင်သတင်းဌာန NNA က ဖော်ပြခဲ့သည်။ ဒေသခံလွှတ်တော်အမတ်တစ်ဦး၏ ပြောကြားချက်အရ အဆိုပါပစ်မှတ်သည် ရွှေ့ပြောင်းနေထိုင်သူများကို လက်ခံပေးသည့် ထင်ရှားသော ဒေသခံတစ်ဦး၏ နေအိမ်ဖြစ်သည်ဟုဆိုသည်။

တောင်ဘက်အလယ်ပိုင်း Mashugara တိုက်ခိုက်မှုတွင် လူ ၃ ဦး သေဆုံးခဲ့ပြီး တောင်ပိုင်းရှိ တိုင်ယာမြို့ကိုလည်း လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။ ဟိုင်မ်မြို့ကိုလည်း အစ္စရေးတပ်ဖွဲ့များက ဆက်တိုက်ဆိုသလို ပစ်ခတ်မှုများ ဆက်လက် ပြုလုပ်နေသည်။

နိုင်ငံတကာ NGO အဖွဲ့အစည်း Save the Children သည် ဂျာဘာလီယာရှိ အိမ်တစ်လုံးအား အစ္စရေးတို့၏ တိုက်ခိုက်မှုတွင် မိဘများ၊ သားသမီးများနှင့် မြေးများ သေဆုံးခဲ့ကြောင်း X (ယခင် Twitter) တွင် ပို့စ်တင်ခဲ့သည်။

အဆိုပါ တိုက်ခိုက်မှုသည် ဂျာဘာလီယာရှိ အကြမ်းဖက် အခြေခံအဆောက်အအုံ အခြေစိုက်စခန်းကို တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု အစ္စရေးစစ်တပ်က ပြောကြားခဲ့သည်။

ဂါဇာမြောက်ပိုင်းရှိ Kamal Adwan ဆေးရုံ၏ ဒါရိုက်တာ Hussam Abu Safiya က ဆေးရုံသည် အကူအညီတောင်းခံမှုများ အများအပြော ရရှိခဲ့ကြောင်း ပြောကြားခဲ့သည်။ အပျက်အစီးများအောက်တွင် ပိတ်မိနေသူများထံမှ ဖုန်းခေါ်ဆိုမှုများရှိခဲ့သော်လည်း ” သူတို့ကို ကျွန်တော်တို့ မကူညီနိုင်ပါဘူး” ဟု ပြောကြားခဲ့သည်။

အမေရိကန်အစိုးရသည် လွန်ခဲ့သောလက ဂါဇာကမ်းမြှောင်သို့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ တိုးမြှင့်ပေးရန် အစ္စရေးအား တောင်းဆိုထားပြီး ရက်ပေါင်း 30 အတွင်း တိုးမြှင့်ပေးခြင်း မပြုလုပ်ပါက နိုင်ငံခြားတပ်များကို အကူအညီပေးခြင်းနှင့် ပတ်သက်၍ အမေရိကန်၏ ဥပဒေများကို ချိုးဖောက်မှု ဖြစ်သွားနိုင်ဖွယ်ရှိသည်ဟု သတိပေးခဲ့သည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က “ဂါဇာကမ်းမြောင် မြောက်ပိုင်းမှာ အငတ်ဘေး ကြုံတော့မယ်” ဟု နိုဝင်ဘာလ ၈ ရက်နေ့က ပြောကြားခဲ့သည်။ ဂါဇာကမ်းမြောင်သို့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ တင်ပို့မှုသည် တစ်နှစ်အတွင်း အနိမ့်ဆုံးအဆင့်သို့ ရောက်ရှိနေကြောင်း ကုလသမဂ္ဂ အချက်အလက်များအရ သိရသည်။

ယင်းအချက်နှင့်ပတ်သက်၍ အစ္စရေးဘက်က တုံ့ပြန်မှုသည် ယခင်က ထိုကဲ့သို့သော အချက်အလက်များသည် မမှန်ကန်ကြောင်း စောဒကတက်ခဲ့သည်။

ဆီးရီးယားနိုင်ငံ မြို့တော် ဒမက်စကပ်မြို့ တောင်ဘက် ဆင်ခြေဖုံးရှိ Sayyida Zainab ရှိ တိုက်ခန်းတစ်ခန်းကို အစ္စရေး လေကြောင်းမှ တိုက်ခိုက်မှုကြောင့် အရပ်သား ခုနစ်ဦးထက်မနည်း သေဆုံးပြီး ၂၀ ဒဏ်ရာရရှိခဲ့ကြောင်း ဆီးရီးယား အစိုးရပိုင် သတင်းအေဂျင်စီ (SANA) က ပြောကြားခဲ့သည်။ သေဆုံးသူများတွင် အမျိုးသမီးများနှင့် ကလေးငယ်များ ပါဝင်သည်ဟု သိရသည်။

Sayyida Zainab သည် ဟစ်ဇ်ဘိုလာ လက်နက်ကိုင်အဖွဲ့၏ အမာခံနယ်မြေ တစ်ခုဖြစ်ပြီး ယခင်ကလည်း အစ္စရေးတပ်ဖွဲ့များ၏ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။

ဓာတ်ပုံ။

ဂါဇာကမ်းမြှောင်တွင် နိုဝင်ဘာလ ၁၀ ရက်နေ့က ပျက်စီးသွားသည့် နေအိမ်အဆောက်အအုံးများကို ပါလက်စတိုင်းများ ကြည့်ရှုနေစဉ်/ပါလက်စတိုင်းအာဏာပိုင်/Qattaa/AFP/Getty Images

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်၏ အီရန်စစ်ရေး – ၄၈ နာရီအကြာ- စစ်ဗျူဟာမြောက် အောင်မြင်မှုနှင့် အနာဂတ် အတွက် မရေရာသောဗျူဟာ

  • 2026 ခုနှစ်၊ မတ်လ 2 ရက်
  • 9 Views
CNN – ၂၀၂၆ ခုနှစ်၊ မတ်လ ၂ ရက် အရှေ့အလယ်ပိုင်းတွင် ယခုဖြစ်ပွားနေသည့် အကျပ်အတည်းမျိုးအတွင်း သမ္မတတစ်ဦးသည် ထောက်လှမ်းရေးနှင့်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ကူဝိတ်ကာကွယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ အမေရိကန်စစ်ဘက်ဆိုင်ရာ လေယာဉ်အချို့ ပျက်ကျ

  • 2026 ခုနှစ်၊ မတ်လ 2 ရက်
  • 15 Views
CNN – ၂၀၂၆ ခုနှစ်၊ မတ်လ ၂ ရက် တိုက်လေယာဉ်များ ပျက်ကျခြင်း။ တနင်္လာနေ့တွင် အမေရိကန်စစ်ဘက်ဆိုင်ရာ လေယာဉ်
တရုတ် နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်အပေါ် ထရန့်၏ တိုက်ခိုက်မှုတွင် တရုတ်နိုင်ငံသည် အကြီးမားဆုံး အရှုံးပေါ်မည့်သူ ဖြစ်လာနိုင်

  • 2026 ခုနှစ်၊ မတ်လ 2 ရက်
  • 15 Views
CNN- ၂၀၂၆ခုနှစ်၊မတ်လ၂ရက် နှစ်လမပြည့်မီသော အချိန်အတွင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်သည် ပေကျင်း၏ အရင်းနှီးဆုံး မဟာမိတ်နှစ်နိုင်ငံကို အရေးယူဆောင်ရွက်ခဲ့ပြီး ယင်းဖြစ်စဉ်တွင် တရုတ်၏ ရေနံထောက်ပံ့မှုကိုပါ ခြိမ်းခြောက်လျက်ရှိသည်။ဗင်နီဇွဲလားသမ္မတ နီကိုးလပ်စ် မာဒူရိုကို ဇန်နဝါရီလတွင် အမေရိကန်က ဖမ်းဆီးခဲ့သည်။ ယခုအခါ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ပင်လယ်ကွေ့ဒေသရှိ အမေရိကန်၏ မဟာမိတ်များ အီရန်၏ တိုက်ခိုက်မှုဒဏ်ကို အပြင်းအထန် ခံစားနေရ

  • 2026 ခုနှစ်၊ မတ်လ 2 ရက်
  • 22 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ မတ်လ ၂ ရက် အဘူဒါဘီမြို့၏ ကြည်လင်နေသော ကောင်းကင်ယံတွင် သဲရောင်ခြယ် ဗီလာအိမ်များနှင့် ရေလောင်းထားသော ဥယျာဉ်များ၏ အထက်တွင် အဖြူရောင် အခိုးအငွေ့တန်းများ ရှည်လျားစွာ ဖြစ်ပေါ်နေသည်။ ၎င်းတို့သည်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

သမ္မတ ထရန့် ဝါရှင်တန်သို့ ပြန်လည်ရောက်ရှိလာပြီဖြစ်ပြီး အီရန်နိုင်ငံနှင့် ပတ်သက်သည့် နောက်ဆုံးရသတင်းများကို ဖော်ပြပေးလိုက်ပါသည်။

  • 2026 ခုနှစ်၊ မတ်လ 2 ရက်
  • 21 Views
CNN- ၂၀၂၆ခုနှစ်၊ မတ်လ (၂)ရက်နေ့ အမေရိကန်နှင့် အစ္စရေးတို့က အီရန်ကို တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီးနောက်ပိုင်း ပထမဆုံး အကြိမ်အဖြစ် သမ္မတ ဒေါ်နယ်ထရန့်သည် အိမ်ဖြူတော်သို့ ပြန်လည်ရောက်ရှိလာခဲ့သည်။ အီရန်နှင့် ပတ်သက်၍ သတင်းထောက်များ၏ အော်ဟစ်မေးမြန်းမှုများကိုမူ ၎င်းက
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်၏ အဓိပတိခေါင်းဆောင် အမေရိကန်-အစ္စရေး တိုက်ခိုက်မှုအတွင်း သေဆုံး

  • 2026 ခုနှစ်၊ မတ်လ 1 ရက်
  • 50 Views
CNN – ၂၀၂၆ ခုနှစ်၊ မတ်လ ၁ ရက် အမေရိကန်နှင့် အစ္စရေးတို့၏ အကြီးအကျယ် တိုက်ခိုက်မှုအပြီးတွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က အီရန်အစိုးရ အပြောင်းအလဲလုပ်ရန် တောင်းဆိုလိုက်ပြီး၊ ယင်းတိုက်ခိုက်မှုကြောင့် အီရန်ဘက်မှလည်း မကြုံစဖူး တုံ့ပြန်တိုက်ခိုက်မှုများ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်ကအီရန်ကိုစတိုက်ပြီ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 28 ရက်
  • 27 Views
၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ရက် လတ်တလောသတင်းများ – အီရန်နိုင်ငံအတွင်းသို့ အမေရိကန်က ‘အရှိန်အဟုန်ပြင်းပြီး ဆက်တိုက်’ တိုက်ခိုက်မှုများ ပြုလုပ်နေကြောင်း ထရန့်ပြောကြားခဲ့။ စနေနေ့ နံနက်အစောပိုင်းတွင် သမ္မတ ဒေါ်နယ်ထရန့်က The Washington Post သတင်းဌာနသို့
နိုင်ငံတကာသတင်း ပါကစ္စတန် အာဖဂန်နစ္စတန်

ပါကစ္စတန်က ကဘူးလ်မြို့ကို ဗုံးကြဲတိုက်ခိုက်၊ အာဖဂန်နစ္စတန် တာလီဘန်အစိုးရနှင့် ‘ထိပ်တိုက်စစ်ပွဲ’ ဆင်နွှဲနေပြီဟု ဆို

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 27 ရက်
  • 26 Views
AFP– ၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလ ၂၇ရက် အာဖဂန်နစ္စတန်ရှိ ကဘူးလ် အပါအဝင် အဓိကမြို့ကြီးများကို ပါကစ္စတန်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီးနောက် အစ္စလာမ္မာဘတ် (ပါကစ္စတန်အစိုးရ) က အာဖဂန်နစ္စတန် တာလီဘန် အစိုးရအပေါ် “ထိပ်တိုက်စစ်ပွဲ” (Open War)