နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 2 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အာရှ

ထောင်ပေါင်းများစွာသော တရုတ်ကောလိပ်ကျောင်းသားများသည် ညဘက်တွင် စက်ဘီးစီးလာကြသည်။ ထိုလုပ်ဆောင်မှုက တရုတ်အစိုးရကို ထိတ်လန့်စေခဲ့သည်။

နိုဝင်ဘာလ (၁၂) ရက်။ ဟောင်ကောင် CNN။

လူငယ်များသည် သူငယ်ချင်းများနှင့် စိတ်လှုပ်ရှားစရာ စွန့်စားခန်းထွက်သည့်အနေဖြင့် ညနေခင်း အေးမြမြ အခြေအနေတွင် ငှားရမ်းစီးနိုင်သည့် စက်ဘီးများဖြင့် အများအပြား စုဝေးလာကြပြီး မိုင် ၃၀ အကွာအဝေးသို့ သူငယ်ချင်းများနှင့် အတူတူ စီးနင်းသွားသည့် စွန့်စားခန်းကို စတင်လိုက်ကြသည်။

ခေါက်ဆွဲပြုတ်နှင့်ဖက်ထုတ် စားစရာများတွင် နံမည်ကြီးသည့် တရုတ်နိုင်ငံအလယ်ပိုင်း ဟီနန် (Henan) ပြည်နယ်ရှိ ရှေးဟောင်းမြို့ဖြစ်သည့် ကိုင်းဖန် (Kaifeng) သို့ ညအချိန်တွင် ကျောင်းသားများ စက်ဘီးစီးသွားရောက်ကြပြီး အစားအသောက်များစားကြခြင်းသည် အနီးနားပြည်နယ်မြို့တော် ဇန်ဇူ (Zhengzhou) ရှိ ကောလိပ် ကျောင်းသားများ ကြားတွင် စိတ်လှုပ်ရှားစရာ အကြောင်းအရာ ကြီးဖြစ်လာခဲ့သည်။ အစိုးရမှ အစပိုင်းတွင် ပြည်တွင်းခရီးသွားလုပ်ငန်း တိုးတက်ရေးအတွက် အားပေးသည့် လမ်းကြောင်းတစ်ခုလည်း ဖြစ်သည်။

သို့သော် ယခုအခါတွင် ၎င်း၏ကျော်ကြားမှုမှာ ထိန်းမနိုင်သိမ်းမရဖြစ်သွားပုံရပြီး နောက်ပိုင်းတွင် ရဲတပ်ဖွဲ့ဝင်များ ဖြန့်ကျက်ချထားကာ စက်ဘီးလမ်းများကိုပိတ်ပြီး အာဏာပိုင်များက ထိုရူးသွပ်မှုကို တားဆီးရန် တာဝန်ရှိသူများနှင့် လုပ်ဆောင်လျက်ရှိပြီး ရုန်းရင်းဆန်ခတ်မှုများလည်း ရှိခဲ့သည်။ သောင်းနှင့်ချီသော စက်ဘီးသမားများသည် အဝေးပြေးယာဉ်ကြောကို ရပ်တန့်စေခဲ့ပြီး ကိုင်းဖန် (Kaifeng) ၏လမ်းများပေါ်တွင် စွန့်ပစ်ထားသော စက်ဘီးများ ဖုံးလွှမ်းသွားကာ ဇန်ဇူ (Zhengzhou) သို့ အသွားအပြန် သွားလာနေသည့် ခရီးသည်များသည် အိမ်ပြန်ရန်အတွက် စက်ဘီးရှာဖွေရန် ရုန်းကန်နေခဲ့ရသည်။

အာဏာပိုင်များက ယာဉ်ကြောပိတ်ဆို့မှုများနှင့် ဘေးကင်းရေးဆိုင်ရာ စိုးရိမ်မှုများကို ကိုးကား၍ စုဝေးမှုကို တားမြစ်ခဲ့သည်။

သို့သော် လူငယ်အများစု စုစည်းစည်းရုံးလာခြင်းနှင့် အစုအဝေးတခု ဖြစ်လာနေသည့် တက္ကသိုလ် ကျောင်းသားများ၏ မြင်ကွင်းများသည် အာဏာရ ကွန်မြူနစ်ပါတီ၏ သမိုင်းကြောင်းအရ တရုတ်နိုင်ငံတွင် လူငယ်လှုပ်ရှားမှုများကို စိုးရွံ့မှုနှင့် တည်ငြိမ်မှုကိုသာ ဇောင်းပေးလုပ်သည့်အမူအကျင့်ကို စွဲလမ်းမှု ရှိနေသော ဒေသဆိုင်ရာအရာရှိများကို တုန်လှုပ်သွားစေဖွယ်ရှိသည်။

သောကြာညတွင် မြို့နှစ်မြို့ကို ဆက်သွယ်သည့် လမ်းမကြီးတစ်ခုဖြစ်သည့် ဇန်ကိုင်း (Zhengkai Avenue) တွင် ရဲများက စည်းကမ်းထိန်းသိမ်းရန် ကြိုးပမ်းမှုကြောင့် အဆုံးမရှိ စက်ဘီးစီးသူ လူငယ်များ၏ စီးဆင်းလာမှုကြောင့် ပြည့်ကျပ်နေခဲ့သည်။ တရုတ်ဆိုရှယ် မီဒီယာတွင် ပျံ့နှံ့နေသည့်ဗီဒီယိုများတွင် တစ်ချို့လမ်းပိုင်းများ၌ စီးနင်းသူများက ကားလမ်း ၅လမ်းကို လုံးလုံးလျားလျား ကျော်ဖြတ်ခဲ့ကြပါသည်။

သီတင်းပတ်ကုန်တွင် Kaifeng နှင့် Zhengzhou အာဏာပိုင်များသည် Zhengkai Avenue ရှိ စက်ဘီးစီးလမ်းများကို ပိတ်ခဲ့ပြီး စက်ဘီးစီးသူများ ဝင်ရောက်ခြင်းမှ တားဆီးရန် ကြိုးစားခဲ့သည်။

တစ်ချိန်တည်းတွင် Zhengzhou ရှိ စက်ဘီးမျှဝေစီးနင်းသည့် ပလက်ဖောင်း ၃ ခုသည် မြို့ပြင်သို့ စီးပါက ၎င်းတို့၏စက်ဘီးများသည် အလိုအလျှောက် စီးနင်းမရတော့ဘဲ သော့ခတ်ပိတ်သွားမည် ဖြစ်ကြောင်း သတိပေးထားသည်။

ကျောင်းသားများ စက်ဘီးစီးသည့်လူအုပ်ထဲ မပါ၀င်ရအောင် Zhengzhou တွင်ရှိသည့် ကောလိပ်နှင့် တက္ကသိုလ်တချို့က ကျောင်းဝင်းထဲက ထွက်ခွင့်ကို တားမြစ်ထားသည်ဟု ဆိုရှယ်မီဒီယာတွင် မျှဝေထားသည့်ကျောင်းသားများ၏ အကောင့်များအရ သိရပါသည်။

နိုင်ငံရေး သို့မဟုတ် အခြားနည်းဖြင့် အလိုလို လူငယ်စုဝေးလာမှုများကို တရုတ်အာဏာပိုင်များက သံသယစိတ်ဖြင့် ဆက်ဆံခဲ့သည်မှာ ကြာနေခဲ့ပြီဖြစ်သည်။

၁၉၈၈ ခုနှစ်တွင် မြန်မာနိုင်ငံ၌ ကျောင်းသားများ ဦးဆောင်သည့် ပြည်လုံးကျွတ် ဆန္ဒပြပွဲကြီး ဖြစ်ပြီး တနှစ်အကြာ ၁၉၈၉ ခုနှစ် နွေဦးပေါက်တွင် ဘေဂျင်းရှိ တက္ကသိုလ်ကျောင်းသားများကလည်း တီယန်မင်ရင်ပြင်သို့ စက်ဘီးစီးကာ ဒီမိုကရေစီ လိုလားသော ဆန္ဒပြပွဲများတွင် ပါဝင်ခဲ့ကြသည်။

၎င်းတို့ဆန္ဒပြပွဲကြီးသည် တရုတ်စစ်တပ်၏ သွေးထွက်သံယို ဖြိုခွင်းမှုဖြင့် အဆုံးသတ်သွားခဲ့ရသည်။ ယနေ့အချိန်အထိ တရုတ်နိုင်ငံ၏ ထိလွယ်ရှလွယ်ဆုံး နိုင်ငံရေးတားမြစ်ချက်များထဲမှ တစ်ခုအဖြစ် ကျန်ရှိနေဆဲဖြစ်ပြီး ဖြစ်ပျက်မှုအများစုကို နိုင်ငံအတွင်းတွင် ဆင်ဆာဖြတ်တောက်မှုများဖြင့် ပြင်းထန်စွာ ခံနေရဆဲဖြစ်သည်။

၂၀၂၂ ခုနှစ်နှောင်းပိုင်းတွင်၊ ၎င်းသည် တရုတ်နိုင်ငံ၏မြို့ကြီးများတွင် လမ်းများပေါ်ထွက်ခြင်း သို့မဟုတ် တက္ကသိုလ်ကျောင်းဝင်းများတွင် စုဝေးခဲ့ကြသော လူငယ်အများစုသည် ခေါင်းဆောင် ရှီကျင့်ဖျင့် (Xi Jinping) ၏ တင်းကြပ်သော Covid-19 ကန့်သတ်ချက်များကို ဆယ်စုနှစ်များစွာအတွင်း ကွန်မြူနစ်ပါတီ၏ အုပ်ချုပ်မှုအပေါ် အထူးခြားဆုံး စိန်ခေါ်မှု များထဲမှ တစ်ခုအဖြစ် ကန့်ကွက်ဆန္ဒပြခဲ့ကြသည်။

သို့သော် Kaifeng သို့ စက်ဘီးစီးခြင်းသည် နိုင်ငံရေးသတင်းစကား ပေးပို့ရန် ဒီဇိုင်းထုတ်ပုံ မပေါ်ပါ။

စက်ဘီးစီးသူအချို့က တရုတ်အလံများ ကိုင်ဆောင်ကာ နိုင်ငံတော်သီချင်းသီဆိုကာ ကွန်မြူနစ်ပါတီကို ထောက်ခံသည့် ကြွေးကြော်သံများ ကြွေးကြော်နေချိန်တွင် ထိုင်ဝမ်နှင့် ပေါင်းစည်းရေးတောင်းဆိုသည့် ဆိုင်းဘုတ်ကို ဝှေ့ယမ်းကာ အများစုမှာ အပျော်သဘောဖြင့် စီးနင်းလိုက်ပါလာခဲ့ကြပုံရသည်။

သို့သော် ညဘက်တွင် စီးနင်းမှုမှာ အုတ်အော်သောင်းနင်း ဖြစ်လာပြီး အခြားမြို့များသို့ ကူးစက် ပျံ့နှံ့သွားသဖြင့် ဒေသဆိုင်ရာ တာဝန်ရှိသူများက မနေသာဘဲ ဝင်ရောက်လာခဲ့သည်။

ယခင်က Zhengzhou ရှိ တက္ကသိုလ်ကျောင်းသား လေးဦးသည် ညဥ့်နက်ပိုင်း ဖက်ထုပ်ကို စားချင်သဖြင့် ချင်ခြင်းတပ်မက်မှုကို ပြေပျောက်စေရန် အငှားစက်ဘီးများဖြင့် Kaifeng သို့ ခရီးနှင်လာပြီးစားသောက်ကြမှုကို ဇွန်လတွင် အာဏာပိုင်များက Kaifeng သို့ခရီးသည်များဆွဲဆောင်မှုအဖြစ်ထို လမ်းကြောင်းကို မြှင့်တင်အားပေး ကြေညာပေးခဲ့ကြသည်။ ယခုအခါ အရေးပေါ်အစီအမံများ ထုတ်ပြန်ပိတ်ပင်ခြင်း သည် အစိုးရဘက်မှ ရုတ်ခြည်း ဂငယ်ကွေ့သွားခြင်းကို အမှတ်အသားပြု ပြသခဲ့သည်။

ဆိုရှယ်မီဒီယာတွင် ခေတ်စားနေသည့် “လူငယ်သည် အဖိုးမဖြတ်နိုင်သော” ဟူသော hashtag # ကြောင့် ၎င်းတို့၏ ခရီးထွက်မှုသည် လျင်မြန်စွာ ပျံ့နှံ့သွားခဲ့ပြီး Zhengzhou ကျောင်းသားများကို ထိုခရီးကို စက်ဘီးစီးထွက်ကြရန် လှုံ့ဆော်ပေးခဲ့သည်။

“မနက်စာစားဖို့ Zhengzhou မှ Kaifeng ကို စက်ဘီးစီးပြီး လူငယ်ဆိုတာ ပျော်ဖို့ လွတ်လပ်တဲ့သဘာဝအရ အဆုံးမရှိတဲ့ စွမ်းအင်တွေရဖို့အတွက် ရည်ရွယ်တာပါ” ဟု တရုတ်ရှိ TikTok ၏ ညီမအက်ပ်ဖြစ်သော Douyin တွင် လိုက်ခ်လုပ်သူ ၂၅၀,၀၀၀ နီးပါးရရှိထားသည့် ပို့စ်တစ်ခုတွင် ကျောင်းသားတစ်ဦးမှ ရေးသားခဲ့သည်။

ကမ္ဘာလှည့်ခရီးသည်များကို ပိုမိုဆွဲဆောင်ပြီး ၎င်း၏အသစ်သော အင်တာနက် ကျော်ကြားမှု တွင် ငွေသားရရှိရန် စိတ်အားထက်သန်သော Kaifeng သည် ကျောင်းသားများကို ကမ္ဘာလှည့် ခရီးသွားနေရာများသို့ အခမဲ့ဝင်ရောက် ခွင့်ပေးခြင်း အပါအဝင် ကျောင်းသားများကို လမ်းမှထွက် ကြိုဆိုခဲ့သည်။

နိုင်ငံပိုင်မီဒီယာကလည်း ကျောင်းသားများ၏ ခရီးစဉ်ကို “လူငယ်စိတ်အားထက်သန်မှု” ပြသသည့်အနေဖြင့် အားပေးအားမြှောက်ပြုခဲ့သည်။

“ ဖက်ထုပ်စားရန် ခရီးစဉ်အဖြစ် စတင်ခဲ့ရာက ငယ်ရွယ်နုပျိုသော စွမ်းအင်နှင့် အတွေ့အကြုံများကို မျှဝေခံစားခြင်း၏ သင်္ကေတအဖြစ် ပြောင်းလဲခဲ့ပြီး Henan ၏ နံနက်ခင်းလမ်းများကို မျှော်လင့်မထားသော နည်းလမ်းအသစ်ဖြင့် အသက်ဝင်စေခဲ့သည်” ဟု ကွန်မြူနစ်ပါတီ၏ အထင်ကရ People’s Daily သတင်းစာ၊ အင်္ဂလိပ်ဝဘ်ဆိုဒ်ရှိ အစီရင်ခံစာတွင် ဖော်ပြထားသည်။

“ လမ်းတစ်လျှောက်မှာ ကျွန်တော်နဲ့တူတဲ့သူတွေ အများကြီး တွေ့ခဲ့တယ်၊ တစ်ချို့က အလံတွေကိုင်၊ တစ်ချို့က တေးဂီတနဲ့အတူတူ သီဆိုနေကြတယ်” ဟု Henan တက္ကသိုလ်မှ ကျောင်းသားတစ်ဦးက People’s Daily သို့ ပြောကြားခဲ့သည်။ “ကျွန်တော်တို့ တောင်တက်တောင်ကုန်းတွေကို စက်ဘီးကို နင်းပြီး တက်ကြတုန်းက အားလုံးက တစ်ယောက်ကို တစ်ယောက် အားပေးကြတယ်။ ငါတို့က တစ်ယောက်နဲ့တစ်ယောက် မသိပေမယ့် ရဲဘော်တွေလို ခံစားရတယ်။”

ထိုမှုနှင့် နောက်ဆက်တွဲ ဖြိုခွင်းမှုများသည် တရုတ်အင်တာနက်ပေါ်တွင် အမြင်ကွဲပြားခဲ့သည်။

အချို့က ကျောင်းသားများကို Kaifeng လွှမ်းမိုးပြီး ဒေသခံများကို ဒုက္ခရောက်စေသည်ဟု အပြစ်တင်ကြသည်။ အခြားသူများကလည်း ဒေသအာဏာပိုင်များသည် ကျောင်းသားများ၏ လမ်းကြောင်းကို မြှင့်တင်ရန် မ၀င်ရောက်မီတွင် ပိုမိုကောင်းမွန်စွာ ပြင်ဆင်ထားသင့်သည်ဟု ဆိုသည်။

“ ဒေသခံခရီးသွားလုပ်ငန်းဗျူရိုသည် လမ်းကြောင်းပေါ်မှ ငွေရှင်းလိုသော်လည်း လိုအပ်သော အစီအမံများဖြင့် ပြင်ဆင်ထားခြင်း မရှိပါ” ဟု microblogging ဆိုက် Weibo တွင် မှတ်ချက်ပေးသည်။

သို့သော် အပျော်တမ်း သို့မဟုတ် လျှော့စျေးများကို လိုက်ရှာခြင်းသည် နာရီရှည်ခရီးကို ပြုလုပ်ရန် တစ်ခုတည်းသော တွန်းအား မဟုတ်ပေ။ အချို့သော ကျောင်းသားများအတွက် စီးပွားရေးနှေးကွေးနေသည့်ကြားမှ မရေရာသော အလုပ်အကိုင်စျေးကွက်နှင့် မသေချာမရေရာသော အနာဂတ်အတွက် ၎င်းတို့၏စိုးရိမ်မှုများမှ ရှားပါးသောလွတ်မြောက်မှုကိုလည်း ပေးစွမ်းသည်။

Zhengzhou မှ နောက်ဆုံးနှစ်ကျောင်းသားတစ်ဦးသည် အစိုးရပိုင် West China City Daily သတင်းစာ သို့ပြောရာတွင် သူမသည် အလုပ်ရှာဖွေနေရခြင်းနှင့် အလွန်အလုပ်များသောကြောင့် “ အောက်ခြေမရှိသောတွင်း” ထဲတွင် ပိတ်မိနေသည်ဟု ခံစားခဲ့ရသည်။

ဆိုရှယ်မီဒီယာမှာ ခေတ်စားနေတဲ့အကြောင်းတွေကို ဖတ်ပြီး နိုဝင်ဘာ ၃ ရက်နေ့က သူငယ်ချင်းတစ်ယောက်နဲ့ Kaifeng ကို တစ်ညစီးသွားခဲ့သည်။

“ညဘက် စက်ဘီးစီးတာက စွန့်စားခန်းတစ်ခုလို ခံစားရပါတယ်” ဟု ဂီတကို နားထောင်ရင်း သူငယ်ချင်းနှင့် စကားစမြည်ပြောရင်း သူမ၏ စိုးရိမ်ပူပန်မှုများ ပြေပျောက်သွားကြောင်း သတင်းစာကို ပြောကြားခဲ့ပါသည်။

“ အဲဒီအခိုက်အတန့်မှာ ကျွန်မက စက်ဘီး ဆက်စီးပြီး လက်တွေ့ဘ၀ကို ဘယ်တော့မှ ပြန်မသွားရပါစေနဲ့လို့ ဆုတောင်းမိတယ်။”

ဓာတ်ပုံ။

Zhengzhou မှ ကောလိပ်ကျောင်းသားများသည် မိုင် ၃၀ ဝေးသော ကိုင်ဖန် (Kaifeng) သို့ စက်ဘီးစီးနင်းသွားရောက်မှုကို ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၉ ရက်နေ့ ညပိုင်းက တရုတ်နိုင်ငံ ဟီနန်(Henan) ပြည်နယ်တွင် ပြုလုပ်ခဲ့သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်၏ အီရန်စစ်ရေး – ၄၈ နာရီအကြာ- စစ်ဗျူဟာမြောက် အောင်မြင်မှုနှင့် အနာဂတ် အတွက် မရေရာသောဗျူဟာ

  • 2026 ခုနှစ်၊ မတ်လ 2 ရက်
  • 9 Views
CNN – ၂၀၂၆ ခုနှစ်၊ မတ်လ ၂ ရက် အရှေ့အလယ်ပိုင်းတွင် ယခုဖြစ်ပွားနေသည့် အကျပ်အတည်းမျိုးအတွင်း သမ္မတတစ်ဦးသည် ထောက်လှမ်းရေးနှင့်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ကူဝိတ်ကာကွယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ အမေရိကန်စစ်ဘက်ဆိုင်ရာ လေယာဉ်အချို့ ပျက်ကျ

  • 2026 ခုနှစ်၊ မတ်လ 2 ရက်
  • 15 Views
CNN – ၂၀၂၆ ခုနှစ်၊ မတ်လ ၂ ရက် တိုက်လေယာဉ်များ ပျက်ကျခြင်း။ တနင်္လာနေ့တွင် အမေရိကန်စစ်ဘက်ဆိုင်ရာ လေယာဉ်
တရုတ် နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်အပေါ် ထရန့်၏ တိုက်ခိုက်မှုတွင် တရုတ်နိုင်ငံသည် အကြီးမားဆုံး အရှုံးပေါ်မည့်သူ ဖြစ်လာနိုင်

  • 2026 ခုနှစ်၊ မတ်လ 2 ရက်
  • 15 Views
CNN- ၂၀၂၆ခုနှစ်၊မတ်လ၂ရက် နှစ်လမပြည့်မီသော အချိန်အတွင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်သည် ပေကျင်း၏ အရင်းနှီးဆုံး မဟာမိတ်နှစ်နိုင်ငံကို အရေးယူဆောင်ရွက်ခဲ့ပြီး ယင်းဖြစ်စဉ်တွင် တရုတ်၏ ရေနံထောက်ပံ့မှုကိုပါ ခြိမ်းခြောက်လျက်ရှိသည်။ဗင်နီဇွဲလားသမ္မတ နီကိုးလပ်စ် မာဒူရိုကို ဇန်နဝါရီလတွင် အမေရိကန်က ဖမ်းဆီးခဲ့သည်။ ယခုအခါ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ပင်လယ်ကွေ့ဒေသရှိ အမေရိကန်၏ မဟာမိတ်များ အီရန်၏ တိုက်ခိုက်မှုဒဏ်ကို အပြင်းအထန် ခံစားနေရ

  • 2026 ခုနှစ်၊ မတ်လ 2 ရက်
  • 22 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ မတ်လ ၂ ရက် အဘူဒါဘီမြို့၏ ကြည်လင်နေသော ကောင်းကင်ယံတွင် သဲရောင်ခြယ် ဗီလာအိမ်များနှင့် ရေလောင်းထားသော ဥယျာဉ်များ၏ အထက်တွင် အဖြူရောင် အခိုးအငွေ့တန်းများ ရှည်လျားစွာ ဖြစ်ပေါ်နေသည်။ ၎င်းတို့သည်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

သမ္မတ ထရန့် ဝါရှင်တန်သို့ ပြန်လည်ရောက်ရှိလာပြီဖြစ်ပြီး အီရန်နိုင်ငံနှင့် ပတ်သက်သည့် နောက်ဆုံးရသတင်းများကို ဖော်ပြပေးလိုက်ပါသည်။

  • 2026 ခုနှစ်၊ မတ်လ 2 ရက်
  • 21 Views
CNN- ၂၀၂၆ခုနှစ်၊ မတ်လ (၂)ရက်နေ့ အမေရိကန်နှင့် အစ္စရေးတို့က အီရန်ကို တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီးနောက်ပိုင်း ပထမဆုံး အကြိမ်အဖြစ် သမ္မတ ဒေါ်နယ်ထရန့်သည် အိမ်ဖြူတော်သို့ ပြန်လည်ရောက်ရှိလာခဲ့သည်။ အီရန်နှင့် ပတ်သက်၍ သတင်းထောက်များ၏ အော်ဟစ်မေးမြန်းမှုများကိုမူ ၎င်းက
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်၏ အဓိပတိခေါင်းဆောင် အမေရိကန်-အစ္စရေး တိုက်ခိုက်မှုအတွင်း သေဆုံး

  • 2026 ခုနှစ်၊ မတ်လ 1 ရက်
  • 50 Views
CNN – ၂၀၂၆ ခုနှစ်၊ မတ်လ ၁ ရက် အမေရိကန်နှင့် အစ္စရေးတို့၏ အကြီးအကျယ် တိုက်ခိုက်မှုအပြီးတွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က အီရန်အစိုးရ အပြောင်းအလဲလုပ်ရန် တောင်းဆိုလိုက်ပြီး၊ ယင်းတိုက်ခိုက်မှုကြောင့် အီရန်ဘက်မှလည်း မကြုံစဖူး တုံ့ပြန်တိုက်ခိုက်မှုများ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်ကအီရန်ကိုစတိုက်ပြီ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 28 ရက်
  • 27 Views
၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ရက် လတ်တလောသတင်းများ – အီရန်နိုင်ငံအတွင်းသို့ အမေရိကန်က ‘အရှိန်အဟုန်ပြင်းပြီး ဆက်တိုက်’ တိုက်ခိုက်မှုများ ပြုလုပ်နေကြောင်း ထရန့်ပြောကြားခဲ့။ စနေနေ့ နံနက်အစောပိုင်းတွင် သမ္မတ ဒေါ်နယ်ထရန့်က The Washington Post သတင်းဌာနသို့
နိုင်ငံတကာသတင်း ပါကစ္စတန် အာဖဂန်နစ္စတန်

ပါကစ္စတန်က ကဘူးလ်မြို့ကို ဗုံးကြဲတိုက်ခိုက်၊ အာဖဂန်နစ္စတန် တာလီဘန်အစိုးရနှင့် ‘ထိပ်တိုက်စစ်ပွဲ’ ဆင်နွှဲနေပြီဟု ဆို

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 27 ရက်
  • 26 Views
AFP– ၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလ ၂၇ရက် အာဖဂန်နစ္စတန်ရှိ ကဘူးလ် အပါအဝင် အဓိကမြို့ကြီးများကို ပါကစ္စတန်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီးနောက် အစ္စလာမ္မာဘတ် (ပါကစ္စတန်အစိုးရ) က အာဖဂန်နစ္စတန် တာလီဘန် အစိုးရအပေါ် “ထိပ်တိုက်စစ်ပွဲ” (Open War)