နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 22 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အရှေ့အလယ်ပိုင်း

ဆီးရီးယားအစိုးရ၏ ရက်စက်ကြမ်းကြုတ်မှုရဲ့ သင်္ကေတဖြစ်တဲ့ မေဇင်အယ်လ်ဟာမေဒါ (Mazen al-Hamada) သေဆုံးသွားကြောင်း အတည်ပြု

Grace ရေးသားသည်။

ဆီးရီးယားပြည်တွင်းစစ်အတွင်း ဥရောပသို့ ထွက်ပြေးလွတ်မြောက်ခဲ့သည့် အသက် ၄၇ နှစ်အရွယ် တက်ကြွလှုပ်ရှားသူ “ ဟာမေဒါ” သည် ၂၀၂၀ ပြည့်နှစ်တွင် ဆီးရီးယားသို့ ပြန်လာပြီးနောက် ချက်ချင်း ဖမ်းဆီခြင်းးခံခဲ့ရသည်။

ယနေ့ ဒီဇင်ဘာလ (၁၂) ရက်နေ့တွင် ကျင်းပသည့် ဟာမေဒါ၏နောက်ဆုံးခရီးကို ဆီးရီးယားပြည်သူ တစ်သိန်းကျော် လိုက်ပါပို့ဆောင်ခဲ့သည်။

ကမ္ဘာကြီးက “ မေဇင်အယ်လ်ဟာမေဒါ” အကြောင်းကို မသိဘူးလို့ မငြင်းကွယ်နိုင်ပါဘူး။

ဆီးရီးယားအာဆတ်အစိုးရ၏ ရက်စက်ကြမ်းကြုတ်သော အကျဉ်းထောင်များတွင် မထင်မှတ်လောက်အောင် နှိပ်စက်ညှဉ်းပန်းခံခဲ့ရသည့် အသက် ၄၇ နှစ်အရွယ် ဆီးရီးယား တက်ကြွလှုပ်ရှားသူ မေဇင်ဟာမာဒါသည် ၂၀၁၄ ခုနှစ်တွင် ဥရောပသို့ ထွက်ပြေး လွတ်မြောက်ခဲ့သည်။ ၎င်းနောက် သူသည် သူကြုံတွေ့ခဲ့ရသည့် ကြောက်မက် ဖွယ်ရာ အဖြစ်အပျက်များကို ကွက်ကွက်ကွင်းကွင်း ပြန်လည်ပြောပြပြီး နိုင်ငံ့ခေါင်းဆောင်များ၊ လွှတ်တော်များနှင့် စိတ်ဝင်စား နားထောင်မည့်သူတိုင်းကို သူက ပြန်ပြောပြတတ်သည်။

သံကြိုးများဖြင့် ချည်နှောင်ခံထားရသည့်အတွက် လက်ကောက်ဝတ်များတွင် နက်ရှိုင်းသော ဒဏ်ရာဒဏ်ချက်များ အပါအဝင် ရုပ်ပိုင်းဆိုင်ရာ နှိပ်စက်ညှဉ်းပန်းမှုမှ ရရှိသည့် ဒဏ်ရာ အနာတရများကို သူ့ကိုယ်ခန္ဓာပေါ်တွင် တွေ့မြင်ရပြီး စိတ်ပိုင်းဆိုင်ရာအားဖြင့်လည်း အလွန်နက်ရှိုင်းစွာ ခံစားခဲ့ရပြီး သူ၏ ပိန်ပိန်ပါးပါး မျက်နှာပေါ်တွင် ဖုံးကွယ်၍ မရနိုင်လောက်အောင် အာဏာရှင်အာဆတ်အစိုး၏ နှိပ်စက်ခြင်း သင်္ကေတအဖြစ် သူ့ကိုမြင်တွေ့ရသူများသည်လည်း ကြေကွဲခံစားကြရသည်။ ဆီးရီးယားတွင် သူ့လို လူမျိုး လူပေါင်း သောင်းနှင့်ချီ ရှိသည်။

ထို့နောက် သူသည် နယ်သာလန်နိုင်ငံတွင် နိုင်ငံရေးခိုလှုံခွင့် ရရှိခဲ့သော်လည်း ရှုတ်ထွေးသော လုပ်ငန်းစဉ်များကြောင့် ၂၀၂၀ ပြည့်နှစ်တွင် ဆီးရီးယားသို့ ပြန်သွားခဲ့ရသည်။ သူနှင့်ဆီးဒီးယားပြည်သူများ၏ဒုက္ခများကို ဘာမှမထူးခြားသည့်ကမ္ဘာကို ဆက်ပြီးဝေမျှဖို့ ဘာအကြောင်းမှမရှိဘူးလို့ ယုံကြည်ကြောင်း သူ့သူငယ်ချင်းများကိုသူက ပြောပြခဲ့သည်။ ဆီးရီးယားနိုင်ငံကို ပြန်သွားခြင်းအားဖြင့် ပိုပြီး ထိရောက်အောင်မြင်အောင် လုပ်နိုင်မယ်လို့ ယုံကြည်ကြောင်းလည်းပြောဆိုခဲ့ပါသည်။ ထို့ပြင် ဘာရှာအာဆတ်အစိုးရထံမှသူ့အားလုံခြုံရေး အာမခံချက် ပေးခဲ့သည့်အတွက် သူကစွန့်စား သွား‌ရောက်ရန် ဆုံးဖြတ်ခဲ့ခြင်းလည်း ဖြစ်သည်။

သို့ရာတွင် သူ့အား ဒမတ်စကတ်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရောက်ခြင်း ထိန်းသိမ်းခံခဲ့ရပြီး အကျဉ်းထောင်စနစ်ထဲတွင် တစ်ဖန်ပြန်လည် ပျောက်ကွယ် သွားခဲ့ရသည်။

အင်္ဂါနေ့တွင် ဒမတ်စကတ်ရှိ ဆွေမျိုးများက သွေးစွန်းနေသော အဝတ်များဖြင့် ထုပ်ပိုးထားသော လူသေအလောင်း ၄၀ ခန့်ထဲမှ ဟာမာဒါ၏အလောင်းကို ဒမတ်စကတ်မြို့ ဆင်ခြေဖုံး Harasta ရှိ စစ်တပ်ဆေးရုံတွင် တွေ့ရှိခဲ့ပြီး ၎င်းတို့ကို အာဆတ်နှင့် သူ့နောက်လိုက်များ ထွက်မပြေးမီ နောက်ဆုံးနာရီပိုင်းအတွင်း လတ်လတ်ဆတ်ဆတ် အသတ်ခံခဲ့ရပုံရသည်။ ဟာမာဒါနှင့် အနီးကပ်လုပ်ဆောင်နေသော ဆီးရီးယား အရေးပေါ်လုပ်ငန်းအဖွဲ့မှ Mouaz Moustafa က ၎င်း၏ရုပ်အလောင်းကို အွန်လိုင်းပေါ်တွင်တင်ကာ ဖော်ပြရန် ဆိုးရွားလှသည် ဟု ဆိုထားပြီး ဟာမေဒါသည် နှိပ်စက်ညှဉ်းပန်းမှုအောက်တွင် သေဆုံးသွားသည်ဟု ပြောဆို ခဲ့သည်။

Harasta ရှိ ဆေးရုံသည် သေသည်အထိ ညှဉ်းပန်းနှိပ်စက်ခံရသော အကျဉ်းသား များကို အစုလိုက်အပြုံလိုက် မြှုပ်နှံသည့် သင်္ချိုင်းများထဲမှ တစ်ခုဟု လူသိများသည်။ အကျိုးအမြတ်မယူသည့် စစ်ရာဇ၀တ်မှုဆိုင်ရာ အထောက်အထားများ စုဆောင်းထားသည့် နိုင်ငံတကာ တရားမျှတမှုနှင့် တာဝန်ခံမှု ကော်မရှင်ဥက္ကဋ္ဌ စတီဖင်ရက်ပ်က ဆီးရီးယားတွင် ဟာမေဒါ၏ ညှဉ်းပန်းနှိပ်စက်မှုဆိုင်ရာ သက်သေထွက်ဆိုချက်ကို နာရီပေါင်းများစွာ ကြာအောင် မှတ်တမ်းတင်ထားခဲ့သည်။ ဟာမေဒါနှင့် သူနှင့်အတူ တွေ့ရသော အခြားသူများမှာ ၎င်းတို့၏ ညှဉ်းပန်းနှိပ်စက်မှုများကို သက်သေပြနိုင်ဖွယ်ရှိသည်ဟု ဖော်ထုတ် ခံရနိုင်ဖွယ် ရှိသောကြောင့် စစ်အာဏာရှင် ပြိုလဲသွားချိန်တွင် အလျင်အမြန် အသတ်ခံခဲ့ရသည်ဟု သူယူဆကြောင်း စတီဖင်ရက်ပ်က ပြောသည်။

“သူ့သေဆုံးမှုက လတ်လတ်ဆတ်ဆတ်ကြီးပဲ ရှိသေးတယ်၊ သူ့ကို သဂြိုလ်ဖို့ မလုပ်ဆောင်ရသေးပါဘူး” ဟု ရက်ပ်က ပြောကြားခဲ့သည်။

ဟာမေဒါသည် အာဏာရှင် ပြိုလဲရန် သူ့အသက်ကိုစွန့်၍ ပေးဆပ်ခဲ့ရသော်လည်း အာဏာရှင် အာဆတ် ပြိုလဲသွားသည်ကို သူမမြင်လိုက်ရတော့ပါ။

အာဆတ် ထွက်ခွာသွားချိန်တွင် သန်းနှင့်ချီသော ဆီးရီးယားပြည်သူများ ခံစားခဲ့ရသည့် ပျော်ရွှင်မှုသည် ၎င်း၏ အကျဉ်းထောင်တွင် ပျောက်ဆုံးသွားသော ခန့်မှန်းခြေ လူတသိန်း (၁၀၀,၀၀၀) ထဲမှ အများစုသည် ပြန်မလာနိုင်တော့ကြောင်း လူ့အခွင့်အရေးအဖွဲ့ဝင်များက ယုံကြည်ကြသည်။

ဆီးရီးယားအကျဉ်းထောင်ထဲတွင် အကြီးဆုံးနှင့် နာမည်ဆိုးနှင့် အကျော်ကြားဆုံးဖြစ်သော ဆက်(ဒ)နာရာ (Sednaya) အကျဉ်းထောင်မှ လူပေါင်း ၄၀၀၀ ခန့်သာ ပြန်လွတ်လာခဲ့သည်။

ဆီးရီးယားလူ့အခွင့်အရေးကွန်ရက်၏ အမှုဆောင်ဒါရိုက်တာ Fadel Abdul Ghany က ဆီးရီးယားနိုင်ငံ တီဗီတွင် အင်္ဂါနေ့က သတင်းလွှင့်နေစဉ် “ဆီးရီးယားတွင် အာဆတ်အစိုးရ ထိန်းချုပ်မှုအောက်တွင် ပျောက်ဆုံးနေသူ အများစုမှာ သေဆုံးသွားသည်” ဟု ပြောကြား ကာ “ဒါက အမှန်တရားပါပဲ” ဟု ဆိုသည်။

၎င်းတို့ထဲမှ အများစုသည် အာဆတ်ကို နိုင်ငံရေးအရ ဆန့်ကျင်မှုအတွက် ဟာမေဒါကဲ့သို့ ဖမ်းဆီးခြင်း ခံခဲ့ရကြောင်း လူ့အခွင့်အရေး အဖွဲ့များက ဆိုသည်။

ဟာမေဒါသည် ၂၀၁၁ ခုနှစ်တွင် ဆီးရီးယားတွင် ငြိမ်းချမ်းစွာ ဆန္ဒပြပွဲများတွင် ပါဝင်ခဲ့ခြင်း အတွက် ကနဦး ဖမ်းဆီးခြင်းခံခဲ့ရသည်။ သူသည် ထပ်မံဖမ်းဆီးခြင်းမခံရမီ ထောင်ထဲတွင် ခဏတာနေခဲ့ရပြီး ၎င်း၏ တကယ့်အိပ်မက်ဆိုးများ စတင်ခဲ့သည့် ဒမတ်စကတ်မြို့ အနီးရှိ Mezzeh လေတပ်ထောက်လှမ်းရေး ဌာနချုပ်သို့ ခေါ်ဆောင်သွားခဲ့သည်။

သူသည် မျက်နှာကျက်ပေါ်တွင် သံကြိုးများဖြင့် နာရီပေါင်းများစွာ ဆိုင်းငံ့ခံခဲ့ရသည်။ အစောင့်များသည် သူ၏နံရိုးများ ကျိုးသွားသည်အထိ သူ့အပေါ် တက်ရောက်ခုန်ခဲ့ကြသည်။ သူ့အရေပြားကို ဆေးလိပ်မီးနှင့် လောင်ကျွမ်းစေခဲ့ပြီး ခန္ဓာကိုယ်ကို လျှပ်စစ်ရှော့တိုက်ခဲ့သည်။ သူသည် သတ္တုချောင်းနှင့် အဓမ္မပြုကျင့်ခံခဲ့ရပြီး သူ၏ လိင်အင်္ဂါကိုလည်း ညှပ်ဖြင့် ညှပ်ထားခြင်းခံခဲ့ရပြီး ဘဝတလျှောက်လုံး ပန်းသေခဲ့ရသည်။

အနောက်နိုင်ငံနှင့် အမေရိကတလွှားရှိ နိုင်ငံရေးသမားများ၊ သတင်းသမားများနှင့် ပညာရှင်များ၏ တောင်းဆိုမှုအရ ၎င်းက အသေးစိတ်အချက်အလက်များကို မျှဝေခဲ့ပြီး လူ့အခွင့်အရေးအဖွဲ့များ၏ ပုံမှန်မေးမြန်းခံရသူတစ်ဦးဖြစ်လာကာ သူ့ကို မေးမြန်းခဲ့သူများကိုလည်း မျက်ရည်ကျစေခဲ့သည်။ သူသည် အင်တာဗျူး ဖြေဆိုသည့်အချိန်တိုင်းတွင်လည်း ငိုကြွေးခဲ့သည်။ သူ့မျက်လုံးကြီးများတွင် မျက်ရည်များ စီးကျလာပြီး ပါးပြင်ပေါ်ကို မျက်ရည်များ စီးကျလာလေ့ရှိသည်။

Afshar ဖလင်၏ ၂၀၁၇ ခုနှစ်ဆီးရီးယားတွင်ပျောက်ဆုံးသွားသူများ (“Syria’s Disappeared”) မှတ်တမ်းရုပ်ရှင်မှ ဗီဒီယိုတစ်ခုတွင် မေဇင်အယ်လ်ဟာမာဒါ သည် ဆီးရီးယားထောင်ထဲတွင် ညှဉ်းပန်းနှိပ်စက်မှုအခန်းများတွင် သူကြုံတွေ့ခဲ့ရသော ရက်စက်ကြမ်းကြုတ်မှုကို အသေးစိတ်မျှဝေထားသည် (ဗီဒီယို- Afshar Films/’Syria’s Disappeared’)။

“ သူပြန်ပြောပြတဲ့အချိန်တိုင်းမှာ သူ့ရဲ့ ကြောက်မက်ဖွယ်ရာခံစားရမှုတွေကို ပြန်လည်ရှင်သန်လာအောင် ဖိအားပေးခံရသလိုပါပဲ။ သူ့မျက်လုံးထဲမှာ ဟင်းလင်းပြင်ကြီးဖြစ်သွားတာ ကျွန်တော် အခုထိ မှတ်မိနေသေးတယ်။ သူ့မျက်လုံးတွေက အတိတ်ကမ္ဘာကို လုံးဝပြန်လည်ရောက်သွားပုံရတယ်” ဟု နယ်သာလန်ရှိ ဆီးရီးယား သူငယ်ချင်း Sakir Khader က X တွင် သူ့ကို ဂုဏ်ပြုသောအားဖြင့် ရေးသားခဲ့သည်။

ဆီးရီးယားအကျဉ်းထောင်စနစ်အကြောင်း မှတ်တမ်းရုပ်ရှင်တစ်ခု ဖန်တီးခဲ့သော သူနှင့်မိတ်ဆွေ ဖြစ်ခဲ့သည့် Sara Afshar က ဟာမေဒါသည် နက်နက်ရှိုင်းရှိုင်း စိတ်ထိခိုက်နေပုံရပြီး သူ့မှာ စိတ်ထိခိုက်ကြေကွဲမှုတွေနဲ့ ပြည့်နှက်နေသည်ဟု ပြောကြားခဲ့သည်။

သူ၏ ဘဝနှင့် သေဆုံးမှုသည် ဆီးရီးယား၏ ဝေဒနာများကို ကမ္ဘာက လျစ်လျူရှုထားခြင်းကို ပြသနေပြီး အာဆတ် ကျဆုံးချိန်အထိ ဆက်လက် တည်ရှိနေကြောင်း သူမက ပြောကြားခဲ့သည်။

“သူတွေ့ကြုံခဲ့ရတဲ့ လုံးဝကို ထိတ်လန့်စရာအကြောင်းတွေ အားလုံးကို ပြောပြခဲ့ပါတယ်။ ထပ်ခါထပ်ခါ ထပ်ခါတလဲလဲ ပြောခဲ့ပါတယ်။” သူပြောခဲ့တာတွေက လူသားတွေရဲ့ နားလည်နိုင်စွမ်းထက်ကျော်လွန်ပြီး အလွန်ကြောက်စရာကောင်းပါတယ်။ အလွန်တရာမှ ဆိုးရွားလွန်းပေမယ့် တချို့အစိုးရတွေကတော့ အာဆတ်နဲ့ ပုံမှန်ဖြစ်အောင် လုပ်ဆောင်နေပါတယ်။”

တစ်ချိန်တည်းတွင် ဟာမေဒါသည် သူ၏စည်းရုံးမှုသည် သက်ရောက်မှု မရှိခြင်းအတွက် ပိုပို၍ စိတ်ပျက်လာခဲ့သည်။ ဆီးရီးယားအရေးကို ရုရှားက ကြားဝင်စွက်ဖက် လာသောအခါတွင် ကနဦး အုံကြွမှုနောက်ပိုင်း ဆီးရီးယားကို စိတ်ဝင်စားမှု တဟုန်ထိုး ကျဆင်းလာကာ အာဆတ်၏ ရှင်သန်မှုမှာ အာမခံချက် ရှိလာခဲ့သည်။ သူသည် ဆီးရီးယားသို့ ပြန်သွား လိုကြောင်းနှင့် ဘာလင်ရှိ ဆီးရီးယားသံရုံးသို့ အကြိမ်ပေါင်းများစွာ သွားရောက်ခဲ့ကြောင်း သူငယ်ချင်းများကို ပြောပြခဲ့ပြီး နိုင်ငံကူးလက်မှတ်ကို ရယူခဲ့သည်။

၎င်း၏ နောက်ဆုံးအကြိမ် ဖုန်းခေါ်ဆိုမှုတစ်ခုတွင် ဟာမာဒါက ဆီးရီးယားတွင် သတ်ဖြတ်မှုများ ဆက်လက်ဖြစ်ပွားနေခြင်းကို ရပ်တန့်ရန် ၎င်း၏အသက်ကို စတေးရန် ပြင်ဆင်ထားကြောင်း ဆီးရီးယား တက်ကြွလှုပ်ရှားသူတစ်ဦးအား ပြောကြားခဲ့သည်။

ဟာမေဒါက “ကျွန်တော်တို့ အမေရိကကို သွားပြီး ဇာတ်လမ်းတစ်ခုလုံးကို ပြောပြခဲ့တယ်။ နယ်သာလန်၊ ပြင်သစ်တို့ကိုလည်း သွားခဲ့တယ်။ အီတလီကိုတောင် သွားခဲ့သေးတယ်။ လူတွေက နားမထောင်ကြဘူး” ဟု တက်ကြွလှုပ်ရှားသူ Maysoun Berkdar မှ ပို့ပေးသည့် သူ၏ ဖုန်းခေါ်ဆိုမှုမှတ်တမ်းအရ ကြားသိခဲ့ရသည်။

ဒမတ်စကတ်လေဆိပ်သို့ ဆင်းသက်ဆိုက်ရောက် ချိန်တွင် ဟာမာဒါကို အာဆတ်အစိုးရက ဖမ်းဆီးထိန်းသိမ်းလိုက်ကြောင်း ၎င်း၏တူဖြစ်သူ Ziad al-Hamada က ပြောကြားခဲ့သည်။ လေယာဉ်ဆင်းသက်ပြီးနောက် ဟာမေဒါသည် ၎င်း၏တူဖြစ်သူအား သူ့ကို ဖမ်းဆီးထားကြောင်း တုန်လှုပ်စွာ ပြောကြားခဲ့သည်ဟု သူ၏တူက ပြောပြသည်။

ဟာမေဒါ၏မိတ်ဆွေအများအပြားက ဟာမေဒါ သေဆုံးသွားပြီဟု ယူဆကြောင်း ပြောကြသည်။ ၂၀၂၂ ခုနှစ်တွင် ထောင်မှလွတ်မြောက်လာသူ ဆီးရီးယားအတိုက်အခံတစ်ဦးက ဒမတ်စကတ်ရှိ လေတပ်ထောက်လှမ်းရေး အကျဉ်းထောင်တွင် ဟာမာဒါကို တွေ့ခဲ့ရကြောင်း Moustafa ကို ပြောကြားခဲ့သော်လည်း နောက်ပိုင်း ဘာသံမှ မကြားခဲ့ရတော့ပါ။

ဒီလိုကြမ်းတမ်းတဲ့အခြေအနေတွေကို လွတ်မြောက်လာပြီးနောက် နောက်ဆုံး အခိုက်အတန့်မှာ သူ့ရဲ့သေဆုံးမှုက သူ့သူငယ်ချင်းတွေအတွက် အခက်ခဲဆုံး အရာတစ်ခု ဖြစ်တယ်လို့ Afshar က ပြောပါသည်။ “ဒါပေမယ့် သူရဲကောင်းတစ်ယောက် သေဆုံး သွားခဲ့တယ်။ ဒါကို လူတိုင်းမှတ်မိနေမယ်လို့ မျှော်လင့်ပါတယ်။” ဟု သူမက ပြောခဲ့သည်။

ဟာမေဒါသည် ရေနံစက်မှုလုပ်ငန်း အင်စတီကျုမှ ဘွဲ့ရတစ်ဦးဖြစ်ပြီး ပြင်သစ်နိုင်ငံတကာ ရေနံနှင့် သဘာဝဓာတ်ငွေ့ကုမ္ပဏီ Schlumberger တွင် နည်းပညာရှင်တစ်ဦးအဖြစ် လုပ်ကိုင်ခဲ့သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အမေရိကန်

တရားရုံးချုပ်က ထရန့် နှင့် ရီပတ်ပလီကင်ပါတီ (GOP) အဖွဲ့ဝင်များအတွက် ကွယ်ဝှက် ထားသော လက်ဆောင်တစ်ခု ပေးအပ်လိုက်ခြင်း

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 22 ရက်
  • 7 Views
CNN – ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၂ ရက် တရားရုံးချုပ်သည် သောကြာနေ့တွင် သမ္မတ ဒေါ်နယ်ထရန့် ၏
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အီရန်

အရေးကြီးသော ဆွေးနွေးပွဲများမတိုင်မီ အီရန်အပေါ် အမေရိကန်က စစ်ရေးဖိအားများ တိုးမြှင့်နေ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 17 ရက်
  • 40 Views
CNN- ၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလ၊ ၁၇ရက် လာမည့်အင်္ဂါနေ့တွင် ဂျီနီဗာမြို့၌ အီရန်နှင့်ပြုလုပ်မည့် ဆွေးနွေးပွဲများမတိုင်မီ အမေရိကန် စစ်တပ်သည် အရှေ့အလယ်ပိုင်းဒေသတွင် လေကြောင်းနှင့် ရေတပ်အင်အားကို သိသိသာသာ ဆက်လက်တိုးမြှင့်လျက်ရှိသည်။ တီဟီရန်အစိုးရကို ခြိမ်းခြောက်ရန်နှင့် အကယ်၍ ၎င်းတို့၏ နျူကလီးယားအစီအစဉ်နှင့်
ဂျာမဏီ နိုင်ငံတကာသတင်း ပြင်သစ် ဗြိတိန် အမေရိကန် ဥရောပ

 ရုရှားကို ဟန့်တားရန် လက်နက်အသုံးစရိတ်နှင့် ပတ်သက်၍ ပြည်သူများက ခက်ခဲသော ရွေးချယ်မှုများ’ ပြုလုပ်ရန် လိုအပ်ကြောင်း ဥရောပ ထိပ်တန်းစစ်ဗိုလ်ချုပ်နှစ်ဦး သတိပေး

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 16 ရက်
  • 45 Views
CNN – ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၆ ရက် အမေရိကန်၏ အဓိကမဟာမိတ် နှစ်နိုင်ငံမှ ကာကွယ်ရေးဦးစီးချုပ်များသည် အနောက်ဘက် သို့ ပိုမိုဦးတည်လာနေသော ရုရှားနှင့် ဖြစ်ပွားလာနိုင်သည့် စစ်ပွဲကို ဟန့်တားနိုင်ရန်အတွက် ကာကွယ်ရေးအသုံးစရိတ် အမြောက်အမြား
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အနောက်ဘက်ကမ်းခြေ ဒေသအများအပြားကို နိုင်ငံပိုင်မြေအဖြစ် သတ်မှတ်ရန် အစ္စရေး၏ လုပ်ဆောင်ချက်မှာ ‘အင်အားသုံး သိမ်းပိုက်ခြင်း’ ဖြစ်သည်ဟု ပြစ်တင်ရှုတ်ချခံရ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 16 ရက်
  • 41 Views
CNN- ၂၀၂၆ခုနှစ်၊ဖေဖော်ဝါရီလ ၁၆ရက် တဲလ်အဗစ် — သိမ်းပိုက်ထားသော အနောက်ဘက်ကမ်းခြေ (West Bank) ရှိ နယ်မြေများကို နိုင်ငံပိုင်မြေအဖြစ် မှတ်ပုံတင်ရန် အစ္စရေးအစိုးရက ရှေ့ဆက်လုပ်ဆောင်နေပြီး ယင်းလုပ်ရပ် ကို ပါလက်စတိုင်းတို့က “အင်အားသုံး နယ်မြေသိမ်းပိုက်ခြင်း
ဂျာမဏီ နိုင်ငံတကာသတင်း အမေရိကန် ဥရောပ

ရူဘီယိုနှင့် ဥရောပခေါင်းဆောင်များ အချက်တခုတွင် သဘောတူညီကြသည်- ထိုအချက်မှာ ယခင်ကမ္ဘာ့အာဏာစဉ်ဟောင်းသည် ‘မတည်ရှိတော့ပါ’ဟူ၍ဖြစ်သည်

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 16 ရက်
  • 45 Views
CNN – ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၆ ရက် မြူးနစ်၊ ဂျာမနီ — သောကြာနေ့က ကျင်းပသော အားပြိုင်မှုများပြင်းထန်သည့် မြူးနစ်လုံခြုံရေးညီလာခံတွင် ဥရောပခေါင်းဆောင်များသည် အမေရိကန်ဦးဆောင်သော နိုင်ငံတကာအစီအစဉ် ဇာတ်သိမ်းသွားပြီဆိုသည့်အချက်ကို အလေးပေးဆွေးနွေးခဲ့ကြသည် –
တရုတ် နိုင်ငံတကာသတင်း အမေရိကန် ဥရောပ

ရူဘီယိုက ဆက်ဆံရေးများ ပြန်လည်ကုစားရန် ကြိုးပမ်းနေချိန်တွင် တရုတ်က ဥရောပကို သိမ်းသွင်းရန် မျှော်လင့်နေ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 16 ရက်
  • 52 Views
CNN – ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၆ ရက် ပေကျင်း — မြူးနစ်လုံခြုံရေးညီလာခံတွင် အမေရိကန်နှင့် ဥရောပသည် “အတူတကွ ရှိနေရမည့်သူများ” ဖြစ်ကြောင်း ထိပ်တန်းသံတမန် မာကိုရူဘီယိုက ရင်ကြားစေ့ရေး မိန့်ခွန်းပြောကြားပြီး မိနစ်ပိုင်းအကြာမှာပင်၊
နိုင်ငံတကာသတင်း ရုရှား

ရုရှားအတိုက်အခံခေါင်းဆောင် အလက်ဇီ နာဗာလ်နိကို ဖားအဆိပ်မြှား (Dart Frog Toxin) သုံး၍ သတ်ဖြတ်ခဲ့ကြောင်း ဗြိတိန်ပြောကြား

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 14 ရက်
  • 46 Views
BBC – ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၄ ရက် ရုရှားအတိုက်အခံခေါင်းဆောင် အလက်ဇီ နာဗာလ်နီ (Alexei Navalny) သည် ဖားမှ ထုတ်ယူဖော်စပ်ထားသော အဆိပ်ကို အသုံးပြု၍မြှားဆိပ်ဖြင့် သတ်ဖြတ်ခံခဲ့ရခြင်း ဖြစ်ကြောင်း ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးဌာနက