နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 21 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း

၂၀၂၄ ခုနှစ် ဇန်နဝါရီ ၁၃ ရက်နေ့က ကျင်းပခဲ့သည့် တိုင်ဝမ်သမ္မတရွေးကောက်ပွဲတွင် လက်ရှိအာဏာရပါတီက ၃ ကြိမ် ဆက်တိုက် အနိုင်ရရှိ

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၁၃) ရက်၊ တိုင်ဝမ်။

ထိုင်ဝမ်ကျွန်းမှာ ယနေ့ကျင်းပသည့် သမ္မတနဲ့ လွှတ်တော်ရွေးကောက်ပွဲမှာ လက်ရှိအာဏာရ ဒီမိုကရက်တစ်တိုးတက်ရေးပါတီ (DPP) ပါတီမှ သမ္မတဝင်ရွေးသူ Lai Ching-te က အရွေးအချယ်ခံရပါသည်။

“ ထိုင်ဝမ်ကျွန်း ငြိမ်းချမ်းတည်ငြိမ်ရေးအတွက် ကြီးလေးတဲ့တာဝန်တွေကို သူထမ်းဆောင်သွားမှာဖြစ်တယ်” ဟု ရွေးကောက်ပွဲရလာဒ်ထွက်လာခဲ့ပြီး ကျင်းပသည့် သတင်းစာရှင်းပွဲတွင် ပြောကြားသွားခဲ့ပါသည်။ ထိုင်ဝမ်ကျွန်းကို သီးခြားလွတ်လပ်သည့်နိုင်ငံအဖြစ် ရပ်တည်ဖို့လိုလားသည့် DPP ပါတီက ၃ ကြိမ်ဆက်တိုက် သမ္မတရွေးကောက်ပွဲတွင် အနိုင်ရခဲ့ခြင်း ဖြစ်ပါသည်။

DPP ပါတီ၏ လက်ရှိ ဒုဥက္ကဋ္ဌဖြစ်သည့် Lai Ching-te က မဲ ၄၀.၂ ရာခိုင်နှုန်းနှင့် အနိုင်ရခဲ့ပါသည်။ တရုတ်နှင့် ကောင်းမွန်သည့် ဆက်ဆံရေးရှိဖို့ လိုလားသည့် အဓိကအတိုက်အခံ ကူမင်တန် KMT ပါတီ သမ္မတလောင်း Hou Yu-ih က ၃၃.၄ ရာခိုင်နှုန်းသာ ရရှိခဲ့ပြီး ယနေ့ ရွေးကောက်ပွဲတွင် သူရှုံးနိမ့်သွားပြီဆိုခြင်းကို Hou Yu-ih က လက်ခံခဲ့ပြီး သူရှုံးနိမ့်သွားကြောင်း ဝန်ခံကြေညာခဲ့ပါသည်။

Lai Ching-te သည် အန္တရာယ်ရှိသည့် ခွဲထွက်ရေးသမား ဖြစ်သည်ဟု တရုတ်က ပြောကြားခဲ့ပြီး သူ့ကို မဲမထည့်ရန် ရွေးကောက်ပွဲ မတိုင်ခင်က တိုက်တွန်းမှုမျိုးစုံလုပ်ခဲ့ပါသည်။

ဘေဂျင်းမှ နှစ်ပေါင်းများစွာ ခြိမ်းခြောက်မှုများ တိုးပွားလာပြီးနောက် ထိုင်ဝမ်ကျွန်း၏အနာဂတ်သည် ယခုသီတင်းပတ်တွင် “လမ်းဆုံလမ်းခွ” သို့ ရောက်ရှိနေပြီဟု ဘေဂျင်းက ဆိုခဲ့သည်။ အနီးကပ်စောင့်ကြည့်နေသည့် ရွေးကောက်ပွဲတစ်ခုတွင် ထိုင်ဝမ်နိုင်ငံသားများသည် စနေနေ့ ညနေတွင် မဲများကို စတင်ရေတွက်ခဲ့သည်။ လူ ၂၃.၅ သန်းရှိသော ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရှိသောကျွန်းသည် တရုတ်နှင့် တင်းမာမှုများ မြင့်တက်လာချိန်တွင် သမ္မတသစ်နှင့် ပါလီမန်နှစ်ခုစလုံးကို ရွေးချယ်မည်ဖြစ်ပြီး တရုတ်ပြည်မကြီးရှိ ခေါင်းဆောင် ရှီကျင့်ဖျင် လက်ထက်တွင် ထိုင်ဝမ်နှင့်ဆက်ဆံရေးသည် ပိုမိုတင်းမာလာခဲ့သည်။

ထိုင်ဝမ်၏ တက်ကြွသော ဒီမိုကရေစီနည်းကျ လွတ်လပ် ပီပြင်သော ရွေးကောက်ပွဲအတွက် မဲဆွယ်ပွဲတွင် စားဝတ်နေရေး ပြဿနာများနှင့် အနောက်မြောက်ဘက်ရှိ ၎င်း၏အာဏာရှင် အိမ်နီးချင်းတရုတ်နိုင်ငံနှင့် မည်သို့ဆက်ဆံရမည်ဟူသော ထိလွယ်ရှလွယ်သည့်မေးခွန်းများကို ရင်ဆိုင်နေရသည်။

တရုတ်၏ အာဏာရကွန်မြူနစ်ပါတီက ထိုင်ဝမ်ကို ၎င်း၏ပိုင်နက်အဖြစ် ကြေညာခဲ့သော်လည်း တစ်ခါမျှ မထိန်းချုပ်ခဲ့ဖူးပေ။ ရှီက ထိုင်ဝမ်နှင့် ပြည်မကြီးတို့၏ ပေါင်းစည်းမှုသည် သမိုင်းဝင် မလွဲမသွေ ဖြစ်ရမည်ဟု ပြောဆိုခဲ့သည်။ ရွေးကောက်ပွဲရလဒ်များသည် ထိုင်ဝမ်၏အနာဂတ်ကို ဆုံးဖြတ်ရုံသာမက ဘေဂျင်းနှင့် ၎င်း၏ဆက်ဆံရေးကို ပြန်လည်ပုံဖော်နိုင်ကာ အမေရိကန်နှင့် တရုတ်တို့၏ တင်းမာနေသော ဆက်ဆံရေးကို တည်ငြိမ်စေရန် နောက်ဆုံးကြိုးပမ်းမှုများ၏ စမ်းသပ်မှုတစ်ရပ်လည်း ဖြစ်နိုင်မည် ဖြစ်သည်။

ထိုင်ဝမ်၏ကောင်းကင်နှင့် ရေပြင်အနီးတွင် တိုက်လေယာဉ်များနှင့် စစ်သင်္ဘောများကို ပုံမှန်စေလွှတ်နေသည့် ဘေဂျင်းသည် “ငြိမ်းချမ်းရေးနှင့် စစ်ပွဲ၊ သာယာဝပြောမှုနှင့် နိမ့်ကျသွားမှု” အကြား ရွေးချယ်မှုအဖြစ် မဲပေးမှုကို ဘောင်ခတ်ထားသည်။ ထိုင်ဝမ်၏ နောက်ဆုံးသမ္မတရွေးကောက်ပွဲ ဒုတိယအကြိမ်တွင် အနိုင်ရခဲ့သော ဒီမိုကရက်တစ်တိုးတက်ရေးပါတီ (DPP) ကို ဆန့်ကျင်သည့်အနေဖြင့် ထိုင်ဝမ်မဲဆန္ဒရှင်များအား တရုတ်အစိုးရက “လမ်းဆုံလမ်းခွရောက်နေသော အခြေအနေတွင် ထိုင်ဝမ်ကျွန်းအတွက် မှန်ကန်သော ရွေးချယ်မှုပြုလုပ်ရန်” သတိပေးထားသည်။

မဲပေးမည့်နောက်ဆုံးရက်များတွင် ကိုယ်စားလှယ်လောင်းများသည် ညစဉ်ညတိုင်း မဲဆွယ်စည်းရုံးပွဲများပြုလုပ်ရန် ကျွန်းတစ်ဝိုက်ရှိ မြို့ကြီးများသို့ သွားရောက်ကာ ရော့ခ်ဂီတ၊ စိတ်ခံစားမှုဆိုင်ရာ မိန့်ခွန်းများနှင့် ကြွေးကြော်သံများ စည်းချက်ညီညီ ရွတ်ဆိုခြင်းများ ပြုလုပ်ခဲ့ကြသည်။

အမြင်မတူသော သမတလောင်းသုံးယောက်သည် ကျွန်း၏ ပထမဆုံး အမျိုးသမီးခေါင်းဆောင်သမ္မတ တိုင်အင်းဝမ်နေရာကို အစားထိုးရန် အမျိုးသား သုံးဦးက ယှဉ်ပြိုင်နေကြသည်။ လွန်ခဲ့သည့် ရှစ်နှစ်တာကာလအတွင်း သမတတိုင်အင်းဝမ်သည် ထိုင်ဝမ်ကို ကမ္ဘာအလယ်တွင် အရေးထားမှု ရရှိအောင် မြှင့်တင်ခဲ့ပြီး ဒီမိုကရေစီ အင်အားစုများနှင့် ၎င်း၏ဆက်ဆံရေးကို အားကောင်းစေကာ အိမ်တွင်း၌ တိုးတက်သောမူဝါဒများကို ကျင့်သုံးခဲ့ပြီး အာရှတွင် ထိုင်ဝမ်ကို လိင်တူလက်ထပ်ခြင်းကို တရားဝင်အဖြစ် လက်ခံပေးသည့် ပထမဆုံး နိုင်ငံအဖြစ် အတည်ပြုပေးခဲ့သည်။ ၎င်း၏ပါတီသည် စီးပွားရေးကိစ္စများတွင်လည်း ဝေဖန်မှုများလည်း ခံနေရသည်။

သူမ၏ ၂၀၁၆ ရွေးကောက်ပွဲအနိုင်ရမှုကို တုံ့ပြန်သည့်အနေဖြင့် ဘေဂျင်းက အဆက်အသွယ်အများစုကို ဖြတ်တောက်လိုက်ပြီးနောက် ဘေဂျင်းနှင့် ဆက်ဆံရေးများ ယိုယွင်းလာပြီး လေးနှစ်အကြာတွင် အပြတ်အသတ် ပြန်လည်ရွေးကောက်ခံရပြီးနောက် စီးပွားရေးနှင့် စစ်ရေးအရ ဖိအားများ ပိုမိုမြင့်တက်လာခဲ့သည်။ သီးခြားဝိသေသလက္ခဏာရှိသော ထိုင်ဝမ်၏ အချုပ်အခြာအာဏာသည် တရုတ်လွှမ်းမိုးမှုကို လက်မခံခဲ့ချေ။ ထိုင်ဝမ်၏ လက်ရှိ ဒုတိယသမ္မတလိုင်ချင်တီသည် တတိယအကြိမ်မြောက် အာဏာရ DPP အတွက် အနိုင်ရသွားခဲ့သည်။ ယင်းအချက်သည် ကျွန်း၏ ဆယ်စုနှစ် သုံးခုနီးပါး ဒီမိုကရေစီသမိုင်းတွင် မကြုံစဖူး ဘေဂျင်း၏ လက်နက်အင်အားနှင့် ခြိမ်းခြောက်မှု နည်းဗျူဟာကို ထိုင်ဝမ် မဲဆန္ဒရှင်များက နောက်ထပ် ငြင်းပယ်ခြင်းပင် ဖြစ်သည်။

မြို့တော်ဝန်လည်းဖြစ် ရဲချုပ်ဟောင်း ဟောင်ယူအိ့ (Hou Yu-ih) သည် အစဉ်အလာအားဖြင့် ပိုမိုနီးကပ်သော တရုတ်နှင့် ရေလက်ကြားဖြတ်ကျော်ဆက်ဆံရေးကို ဦးစားပေးသည့် အဓိက အတိုက်အခံပါတီ ကူမင်တန် (KMT) အတွက် ကိုယ်စားလှယ်လောင်းဖြစ်သည်။ KMT ၏ အောင်ပွဲသည် ဘေဂျင်းက ကြိုဆိုမည်ဖြစ်သော်လည်း တိုင်ဝမ်ပြည်သူများက ငြင်းဆိုလိုက်သည်။

တတိယမြောက်ပြိုင်ဖက်ဖြစ်သော ကိုဝမ်ဂျီသည် ထိုင်ဝမ်ပြည်သူ့ပါတီ (TPP) ကို ကိုယ်စားပြုသည်။ ကျွန်း၏တည်ရှိနေသော နိုင်ငံရေးပါတီနှစ်ခုကို စိန်ခေါ်ရန် တတိယအင်အားစုအနေနှင့် ၂၀၁၉ ခုနှစ်တွင် ထိုင်ဝမ်ပြည်သူ့ပါတီ (TPP) ကို တည်ထောင်ခဲ့သည်။ ကိုဝမ်ဂျီသည် တရုတ်နိုင်ငံနှင့် ပိုမိုနီးကပ်သော ဆက်ဆံရေးကို လိုလားသော်လည်း KMT ထက် ဘေဂျင်းကို မှီခိုအားထားမှု နည်းပါးလိမ့်မည်ဟု ဆိုသည်။ လူငယ်များ၏ ထောက်ခံမှုရရှိခဲ့သော်လည်း တိုင်ဝမ်ပြည်သူအများစုက TPP ကို ငြင်းဆိုလိုက်သည်။

ထိုင်ဝမ်ပို့ကုန်များအပေါ် ပိတ်ဆို့အရေးယူမှုများပြုလုပ် ဖြတ်တောက်ပြီး ကျွန်းပေါ်ရှိ သူလျှိုမီးပုံးပျံများကို စေလွှတ်ပျံသန်းစေကာ ထိုင်ဝမ်နှင့် အနီးဆုံး ပြည်မကြီးပြည်နယ်အမည်ကို ပေးထားသည့် ဖူဂျီအန် (Fujian) လေယာဉ်တင်သင်္ဘောအသစ်ကို ပြသခဲ့သည်။ တိုင်ပေကလည်း ဘေဂျင်းသည် မမှန်မကန် မဲဆွယ်စည်းရုံးမှုများကို အရှိန်မြှင့်လုပ်ဆောင်နေပြီး ၎င်း၏ ရွေးကောက်ပွဲတွင် ဝင်ရောက်စွက်ဖက်မှု တစ်စိတ်တစ်ပိုင်းအဖြစ် တရုတ်နှင့်ရင်းနှီးသော ကိုယ်စားလှယ်လောင်းများအတွက် အခွင့်သာသော စကားပြောဆိုမှုများကို ချဲ့ထွင်နေသည်ဟုလည်း စွပ်စွဲထားသည်။ တရုတ်နိုင်ငံသည် ထိုင်ဝမ်ကို ခြိမ်းခြောက်နည်းဗျူဟာကို ရောစပ် အသုံးပြုခဲ့သည်မှာ ကြာမြင့်ပြီဖြစ်သော်လည်း လွန်ခဲ့သည့် ရှစ်နှစ်တာကာလအတွင်း အများစုမှာ ခြိမ်းခြောက်မှုများသာဖြစ်ခဲ့သည်။ ထိုသို့တိုးပွားလာနေသော ဖိအားသဘောထားကို ပြောင်ပြောင်တင်းတင်းနှင့် ရှီကျင့်ဖျင်လက်အောက်တွင် ထိုနိုင်ငံ၏ အာဏာရှင်၏ လုပ်ဆောင်မှုသည် ထိုင်ဝမ်လူထုအားအဝေးသို့ တွန်းပို့ခဲ့သည်- ၁၀% ထက်နည်းသော လူထုက တရုတ်နှင့် ချက်ချင်းပေါင်းစည်းရန် သို့မဟုတ် တဖြည်းဖြည်းပေါင်းစည်းရန်ကို လက်ခံပြီး ၃% ထက်နည်းသောပြည်သူတို့ကသာ မိမိတို့သည် တရုတ်လူမျိုးများ ဖြစ်သည်ဟု လက်ခံခဲ့ကြသည်။

တရုတ်လူမျိုးအဖြစ် မိမိကိုယ်သတ်မှတ်မှု ကျဆင်းလာသည်နှင့်အမျှ ထိုင်ဝမ်နိုင်ငံသားများအဖြစ်မိမိကိုယ်ကိုသတ်မှတ်မှုများ မြင့်တက်လာခဲ့သည်။ တီဆန်း Tsang ဟုသာ အမည်ပေးထားသည့် အသက် ၃၃ နှစ်အရွယ် စာရေးဆရာတစ်ဦးက ကျွန်းမှရေလက်ကြားဖြတ်ကျော်ဆက်ဆံရေးနှင့် ထိုင်ဝမ်၏ ဒီမိုကရေစီတန်ဖိုးများကို အလွန်ဂရုစိုက်ကြောင်း ပြောကြားခဲ့သည်။ “ထိုင်ဝမ်ဟာ တရုတ်နိုင်ငံနဲ့ ကွဲပြားတဲ့နိုင်ငံဖြစ်ပြီး၊ ကျွန်တော်တို့ဟာ မတူညီကြောင်း နိုင်ငံတကာကမ္ဘာကို အသိပေးဖို့ လိုအပ်ပါတယ်” ဟု ၎င်းက ကြာသပတေးနေ့တွင် ပြုလုပ်သည့် DPP ချီတက်ပွဲ၌ CNN သို့ ပြောကြားခဲ့သည်။ သို့သော် တရုတ်နှင့် ဆက်ဆံရေးသည် ထိုင်ဝမ်မဲဆန္ဒရှင်များ၏ စိတ်ထဲမှာ တစ်ခုတည်းသောအရာမဟုတ်ပေ။

ဘေဂျင်းမှ ခြိမ်းခြောက်မှုများ ကြီးထွားလာနေသော်လည်း၊ အထူးသဖြင့် လူငယ်မဲဆန္ဒရှင်အချို့က တရုတ်သည် ယခုရွေးကောက်ပွဲတွင် ၎င်းတို့၏ အကြီးမားဆုံးသော စိုးရိမ်ပူပန်မှုမဟုတ်ဟု ဆိုကြသည်- ရှီ၏ ကြွေးကြော်သံများအကြားမှပင် ရေတိုတွင် လက်ရှိ အနေအထားသည် ပြောင်းလဲလာမည်ဟု မထင်သောကြောင့် ဖြစ်သည်။ ယင်းအစား၊ ထိုင်ဝမ်၏ နာမည်ဆိုးဖြင့် တိုးလာမှုမရှိ ငြိမ်နေသည့် လုပ်ခလစာမှ နေအိမ်များအထိ စီးပွားရေးနှင့် စားဝတ်နေရေး ပြဿနာများကို သူတို့ ပိုဂရုစိုက်ကြသည်။ ထိုင်ဝမ်တွင် ရွေးကောက်ပွဲ နီးလာသည်နှင့်အမျှ လူငယ်မဲဆန္ဒရှင်အများအပြားက တရုတ်နိုင်ငံသည် ၎င်းတို့၏ အကြီးမားဆုံး စိုးရိမ်ပူပန်မှုမဟုတ်ဟု ဆိုကြသည်။

“လက်တွေ့ကျသော” “အလယ်အလတ်လမ်းစဉ်” ပါတီအဖြစ် ကြော်ငြာထားသည့် TPP သည် လူငယ်မဲဆန္ဒရှင်များကို ဆွဲဆောင်နိုင်သည့် နယ်မြေဖြစ်သည်ဟု လေ့လာသုံးသပ်သူများက ဆိုသည်။ “ခေါင်းဆောင်တွေက ကျွန်တော်တို့ရဲ့ စီးပွားရေး တိုးတက်လာတယ်လို့ ပြောလေ့ရှိပါတယ်။ ဒါပေမယ့် ဒေသအဆင့်မှာတော့ ဒါကို ကျွန်တော်တို့ တကယ်မခံစားရပါဘူး” ဟု သယ်ယူပို့ဆောင်ရေးကဏ္ဍမှ အလုပ်သမားနှင့် ကလေးနှစ်ဦး၏ဖခင်ဖြစ်သူ ဝူ (Wu) က TPP ချီတက်ပွဲ၌ ကြာသပတေးနေ့တွင် ပြောကြားခဲ့သည်။ “ကျွန်တော်တို့ မြင်နေရတာက အိမ်ယာဈေးနဲ့ လူနေမှုစရိတ်တွေ တက်လာတာဆိုတော့ လူတွေက သူတို့ငွေကို ဘယ်လိုသုံးတယ်ဆိုတာ သတိထားရမယ်” ဟု ၎င်းက ထပ်လောင်းပြောသည်။

ကျွန်းတစ်ကျွန်းလုံးသည် သောကြာနေ့ကတည်းက လှုပ်ရှားနေခဲ့ပြီး ထိုင်ဝမ်သည် ပျက်ကွက်သောမဲများကို ခွင့်မပြုသောကြောင့် မဲဆန္ဒရှင်များသည် ၎င်းတို့၏ မဲဆန္ဒပေးရန်အတွက် ၎င်းတို့၏ဇာတိခရိုင်များသို့ သွားရောက်ရမည်ဖြစ်သည်။ သောကြာနှင့် စနေနေ့များတွင် တိုင်ပေကျွန်းတောင်ပိုင်းသို့ ထွက်ခွာမည့် အမြန်ရထားလက်မှတ်အားလုံးနီးပါးသည် ကြိုတင် ရောင်းကုန်သွားပြီ ဖြစ်သည်။ အချို့သော မဲဆန္ဒရှင်များသည် ပြည်ပမှ ပြန်လာကြသည်။ ဟောင်ကောင်အခြေစိုက် ငွေရေးကြေးရေး အဖွဲ့အစည်းတစ်ခုမှ ပါတနာတစ်ဦးဖြစ်သည့် ပီတာကူအို (Peter Kuo) သည်လည်း ပြန်ဝင်လာသူများထဲတွင် ပါဝင်ခဲ့သည်။

“ ဒါဟာ သာမန် ရွေးကောက်ပွဲမျိုး မဟုတ်ဘဲ သအကျိတ်အနယ် ပြိုင်ရမယ့် ရွေးကောက်ပွဲ ဖြစ်ပါတယ်” ဟု ၎င်းက CNN သို့ ပြောကြားခဲ့သည်။ “ဒါအကြောင်းအချက်က လူတွေ ပြန်လာပြီး အမှန်တကယ် မဲထည့်ချင်အောင် တွန်းအားတစ်ခုအဖြစ် ဖန်တီးပေးတယ်။” “သတင်းအများစုဟာ ထိုင်ဝမ်နဲ့ တရုတ်ကြားက ဆက်ဆံရေးကို ဝန်းရံထားပေမယ့် လက်တွေ့မှာတော့ အနာဂတ်မှာ စီးပွားရေးရဲ့ ဦးတည်ချက်ဟာ ပိုများလာနေတဲ့ ကိစ္စရပ်တွေ အများကြီးပါပဲ” ဟု ၎င်းက ပြောကြားခဲ့သည်။

သို့သော် ဟောင်ကောင်တွင် ငွေကြေးဆိုင်ရာ အလုပ်လုပ်ကိုင်နေသူ အသက် ၃၆ နှစ်အရွယ် Dan Chang က သူ့အတွက် အရေးအကြီးဆုံးပြဿနာမှာ ထိုင်ဝမ်၏ အချုပ်အခြာအာဏာဖြစ်သည်။ တရုတ်ကို ဘယ်သောအခါမှ မယုံကြည်ကြောင်းနှင့် ဟောင်ကောင်အပေါ် ဘေဂျင်း၏ ဖြိုခွင်းမှုသည် သူ့ယုံကြည်မှုကို ခိုင်မာစေသည်ဟု ဆိုသည်။ “တကယ်လို့ ထိုင်ဝမ်မှာ တရုတ်ကို အိမ်နီးနားချင်းအဖြစ် ဒီနေ့မရှိခဲ့ရင်တော့ ပြန်ပြီး မဲပေးဖို့ တွန်းအားဖြစ်စေမှာ မဟုတ်ဘူး” ဟု ၎င်းက ဆိုသည်။

Source: CNN

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

တရုတ် နိုင်ငံတကာသတင်း အမေရိကန်

ရှီ-ထရန့် ထိပ်သီးအစည်းအဝေး ကြန့်ကြာမှုကြောင့် တရုတ်နိုင်ငံက ဘာကြောင့် ပိုမို အသာစီး ရလာနိုင်သလဲ။  ဆဲလ်ဗီ ဇောင်း (Sylvie Zhuang) ၏ သုံးသပ်ချက်

  • 2026 ခုနှစ်၊ မတ်လ 21 ရက်
  • 17 Views
CNN- ၂၀၂၆ခုနှစ်၊ မတ်လ(၂၁)ရက် ဟောင်ကောင် — အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က တရုတ်ခေါင်းဆောင် ရှီကျင့်ဖျင်နှင့် ပြုလုပ်မည့် အရေးပါသော ထိပ်သီးအစည်းအဝေးကို
ကနေဒါ နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ရုရှား၊ တရုတ်နှင့် အမေရိကန် – အီရန်စစ်ပွဲ၏ ကမ္ဘာ့အကျိုးအမြတ်ရရှိသူများနှင့် အရှုံးပေါ်သူများ

  • 2026 ခုနှစ်၊ မတ်လ 20 ရက်
  • 20 Views
BBC- ၂၀၂၆ ခုနှစ်၊ မတ်လ ၂၀ ရက် အရှေ့အလယ်ပိုင်းရှိ ရေနံထုတ်လုပ်သည့် နိုင်ငံများသည် ပဋိပက္ခကြောင့် ဟော်မုဇ် ရေလက်ကြား
နိုင်ငံတကာသတင်း အမေရိကန်

လွှတ်တော်ကြီးကြပ်ရေးကော်မတီ ဥက္ကဋ္ဌက အက်ပ်စတိန်း (Epstein) စုံစမ်းစစ်ဆေးမှု အတွက် ရှေ့နေချုပ် ပမ် ဘွန်ဒီ (Pam Bondi) ကို ဆင့်ခေါ်

  • 2026 ခုနှစ်၊ မတ်လ 20 ရက်
  • 17 Views
CNN- ၂၀၂၆ ခုနှစ်၊ မတ်လ ၂၀ ရက် လွှတ်တော်ကြီးကြပ်ရေးကော်မတီ (House Oversight Committee) ဥက္ကဋ္ဌ ဂျိမ်းစ် ကိုးမား (James Comer) သည် ဂျက်ဖရီ အက်ပ်စတိန်း (Jeffrey Epstein)
နိုင်ငံတကာသတင်း အမေရိကန်

တရားသူကြီးများအပေါ် ရန်လိုတိုက်ခိုက်မှုများ ‘ရပ်တန့်ရန် လိုအပ်ပြီ’ ဟု တရားသူကြီးချုပ် ဂျွန်ရောဘတ်စ် ပြောကြား

  • 2026 ခုနှစ်၊ မတ်လ 20 ရက်
  • 16 Views
CNN- ၂၀၂၆ ခုနှစ်၊ မတ်လ ၂၀ ရက် တရားစီရင်ရေးကဏ္ဍအပေါ် ပုဂ္ဂိုလ်ရေးအရ တိုက်ခိုက်မှုများ မပြုလုပ်ရန် တရားသူကြီးချုပ် ဂျွန်ရောဘတ်စ် (John Roberts) က သတိပေးလိုက်ပြီး၊ တရားရုံး၏ ဆုံးဖြတ်ချက်များအပေါ် ဝေဖန်ခြင်းမှာ သင့်လျော်သော်လည်း
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ထရန့်အစိုးရ၏ လုပ်ရပ်များကြောင့် အစ္စရေး၏ ကျဆင်းနေပြီးသား ပုံရိပ်ကို မည်သို့ ထိခိုက်စေနိုင်သနည်း

  • 2026 ခုနှစ်၊ မတ်လ 20 ရက်
  • 21 Views
CNN- ၂၀၂၆ခုနှစ်၊ မတ်လ ၂၀ရက် သမ္မတ ဒေါ်နယ်ထရန့်သည် အမေရိကန်နှင့် အစ္စရေး ဆက်ဆံရေးအတွက် မကောင်းသော အချိန်အခါမျိုးတွင် အစ္စရေးနှင့် ပူးပေါင်းကာ အီရန်စစ်ပွဲကို စတင်ခဲ့သည်။ ပထမဆုံး တိုက်ခိုက်မှုများ မပြုလုပ်မီ တစ်ရက်အလိုတွင် Gallup
ဂျာမဏီ နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အရှေ့အလယ်ပိုင်းစစ်ပွဲ၏ နောက်ဆုံးရအခြေအနေများမှာ အောက်ပါအတိုင်းဖြစ်ပါသည် –

  • 2026 ခုနှစ်၊ မတ်လ 20 ရက်
  • 20 Views
AFPသတင်း- ၂၀၂၆ခုနှစ်၊ မတ်လ ၂၀ရက် ဟော်မုဇ်ရေလက်ကြားအရေး ကုလသမဂ္ဂ၏ ဆောင်ရွက်ချက်ကို မက်ခရွန် မျှော်လင့်နေခဲ့ လက်ရှိ အပြန်အလှန် ပစ်ခတ်မှုများ ပြီးဆုံးသွားပါက ဟော်မုဇ်ရေလက်ကြားအတွင်း ရေကြောင်းသွားလာမှု ဘေးကင်းလုံခြုံစေရန်အတွက် ကုလသမဂ္ဂဆိုင်ရာ မူဘောင်တစ်ရပ် ချမှတ်နိုင်ရေး ကုလသမဂ္ဂလုံခြုံရေးကောင်စီ
ဂျပန် နိုင်ငံတကာသတင်း အမေရိကန်

ဂျပန်ဝန်ကြီးချုပ်က အီရန်အရေးနှင့်ပတ်သက်၍ ထရန့်ကို စိတ်ကျေနပ်အောင် ဖျောင်းဖျနိုင်ခဲ့သော်လည်း ပုလဲဆိပ်ကမ်း (Pearl Harbor)အကြောင်းနှင့် အံ့အားသင့် ဖွယ်ရာနှင့် ရင်ဆိုင်ခဲ့ရ

  • 2026 ခုနှစ်၊ မတ်လ 20 ရက်
  • 18 Views
AFP- ၂၀၂၆ ခုနှစ်၊ မတ်လ ၂၀ ရက် ဂျပန်ဝန်ကြီးချုပ် စာနာအေ တာကာအီချီ (Sanae Takaichi) သည် ကြာသပတေးနေ့က အီရန်အရေးနှင့် ပတ်သက်၍ ဒေါ်နယ်ထရန့်နှင့် ဖြစ်ပွားနိုင်ခြေရှိသော ထိပ်တိုက်တွေ့ဆုံမှုကို အောင်မြင်စွာ ကျော်ဖြတ်နိုင်ခဲ့သော်လည်း၊
တရုတ် နိုင်ငံတကာသတင်း အမေရိကန်

စစ်မီးများ ကူးစက်ပျံ့နှံ့နေကြောင်း တရုတ်က သတိပေး၊ သို့သော် ရှီ-ထရမ့် တွေ့ဆုံပွဲကို ကြိုဆိုသည့် အရိပ်အယောင်ပြသ

  • 2026 ခုနှစ်၊ မတ်လ 19 ရက်
  • 23 Views
CNN – ၂၀၂၆ ခုနှစ်၊ မတ်လ ၁၉ ရက် ပေကျင်း/ဟောင်ကောင် — အီရန်တွင် စစ်ပွဲများ ပြင်းထန်နေစဉ် တရုတ်နိုင်ငံ၏ ထိပ်တန်း သံတမန်က မိမိတို့နိုင်ငံကို ငြိမ်းချမ်းရေးနှင့် တည်ငြိမ်မှုကို ကာကွယ်သူအဖြစ် ပုံဖော်ခဲ့ပြီး၊