နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 31 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း

ဩစတြေးလျဘီလျံနာသူဌေးသည် တိုက်တန်းနစ် ၂ သင်္ဘောကို ရွက်လွှင့်ရန် အိပ်မက်ကို ပြန်လည်အသက်သွင်း

မတ်လ (၁၃) ရက်။

သြစတြေးလျဘီလျံနာသူဌေး ကလိုက်ဗ် ပါလ်မာ (Clive Palmer) သည် ၁၉၁၂ ခုနှစ်တွင် ကံကြမ္မာဆိုးဖြင့် ခရီးသည် လူ ၂၂၀၀ တို့နှင့် အတူ နစ်မြုပ်သွားခဲ့သော တိုက်တင်းနစ် (Titanic) သင်္ဘောတွင် လူ ၇၀၀ ခန့်သာ အသက်ရှင်ကျန်ရစ်ခဲ့သည်သင်္ဘောနှင့် ပုံစံ တူဖြစ်သည့် Titanic II ကို တည်ဆောက်မည့် အစီအစဉ်များ၏ နောက်ကွယ်တွင် ဦးဆောင်လုပ်နေခဲ့သူ ဖြစ်သည်။ ပါလ်မာသည် ၂၀၁၂ ခုနှစ်တွင် Titanic II အတွက် အစီအစဉ်များကို ပထမဆုံး စတင်ခဲ့ပြီး ၂၀၁၈ တွင် ထပ်မံကြိုးစားခဲ့သည်။ ခြောက်နှစ်ကြာပြီးနောက်၊ မြို့တော်၏ကျော်ကြားသောဆိပ်ကမ်းကို နောက်ခံထား၍ ဆစ်ဒနီအော်ပရာဟောက်စ်တွင် သတင်းစာရှင်းလင်းပွဲကို ဗုဒ္ဓဟူးနေ့တွင် ပြုလုပ်ခဲ့ပြီး ပရောဂျက်ကို ပြန်လည်စတင်လုပ်ဆောင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

မေးစရာက ဘာကြောင့် ထပ်ပြီးလုပ်ချင်ရသလဲ။

“ အိမ်မှာထိုင်ပြီး ငါ့ပိုက်ဆံတွေကို ရေတွက်ရတာထက် တိုက်တန်းနစ်ကို ဆောက်လုပ်ရတာက ပိုပျော်စရာကောင်းတယ်” ဟု ပါလ်မာက ပြောခဲ့သည်။ သူသည် နှစ်စဉ် သတ္တုတူးဖော်မှုဆိုင်ရာ အမြတ်ငွေကြေးများမှ တနှစ်လျှင် ဒေါ်လာ ဘီလီယံဝက်နီးပါး ရရှိနေသည့် အမျိုးသား တယောက်ဖြစ်ပြီး သူက ပြတ်ပြတ်သားသား ရိုးစင်းစွာ ပြည်တွင်းမီဒီယာသို့ ပြောကြားခဲ့သည်။ ပါလ်မာအတွက်တော့ ပိုက်ဆံဘယ်လိုရှာရမလဲဆိုတဲ့ မေးခွန်းမဟုတ်ဘဲ ဘယ်နေရာမှာ သုံးမလဲ ဆိုတာပဲ ဖြစ်သည်။ လွန်ခဲ့သည့် ဆယ်စုနှစ်တစ်ခုကျော်က တိုက်တန်းနစ်၏ ပိုမိုအားကောင်းသော ပုံစံကို တည်ဆောက်ရန် ၎င်း၏ အိပ်မက်ကို ပထမဆုံး စိတ်ကူးယဉ်ခဲ့ပြီး လူအများ၏အမြင်မှာ သူသည် ၎င်းစိတ်ကူးကို လုပ်နိုင်လောက်အောင် ကြွယ်ဝသူဖြစ်သည်ဟု အများစုက အစီအစဉ်ကိုသဘောကျလက်ခံထားခြင်း ဖြစ်သည်။ သို့သော် ကပ်ရောဂါနှင့် ထိပ်တိုက်တိုးမှုကြောင့် ဆိပ်ကမ်းများပိတ်ကာ ခရီးသည်များကလည်း ပင်လယ်ပြင်တွင် ကွာရန်တင်း (quarantine) ထားရှိခြင်းခံရမည်စိုးသည့်အတွက် ဒေါ်လာသန်းပေါင်းများစွာတန်သည့် ပရောဂျက်ကို ခေတ္တရပ်ဆိုင်းထားခဲ့သည်။

တိုက်တန်းနစ်ပရောဂျက်နောက်ကွယ်ရှိသည့် Blue Star Line ကုမ္ပဏီ၏ဥက္ကဋ္ဌ ပါလ်မာသည် ၎င်း၏ အစီအစဉ်တွင် အခြားပြဿနာများ လည်းရှိခဲ့သည်။ မကြာသေးမီနှစ်များအတွင်း သူသည် ပြည်နယ်နှင့် ဖက်ဒရယ်အစိုးရများအပေါ် တရားစွဲဆိုခြင်းများစွာကို လုပ်ဆောင်ခဲ့သည်။ ကပ်ရောဂါ ဖြစ်ပွားနေချိန်အတွင်း ၎င်း၏နယ်စပ်များကို ပိတ်ရန် ဩစတြေးလျအနောက်ပိုင်းပြည်နယ်အစိုးရက လုပ်ဆောင်မှုကို သူကတရားစွဲခဲ့သည်။ သံသတ္တုရိုင်း ပရောဂျက်ကို ပြည်နယ်အစိုးရမှ ပိတ်ပင်ရန် ဆုံးဖြတ်ခဲ့ခြင်းကြောင့် ပျက်စီးဆုံးရှုံးမှုအတွက် လျော်ကြေးရယူခွင့်ကို ပြည်နယ်အစိုးရထံမှ နစ်နာကြေး ဒေါ်လာဘီလီယံပေါင်းများစွာကို တောင်းခံသောအခါတွင် တရားရုံးချုပ်က သူ့ကို အရှုံးပေးခဲ့သည်။ ယခုအခါ ၎င်းသည် ဖက်ဒရယ်အစိုးရထံမှ နစ်နာကြေးဒေါ်လာ ဘီလီယံ ၂၀၀ နီးပါးကို အပြည်ပြည်ဆိုင်ရာ ခုံရုံးသို့ တင်ပြီး ရရှိအောင် ဆောင်ရွက်လျက်ရှိသည်။

ထို့နောက် ၂၀၁၈ ခုနှစ်တွင် မှတ်ပုံတင်ထားသော ဩစတြေးလျညီညွတ်ရေးပါတီ (United Australia Party) ၏ တည်ထောင်သူအနေဖြင့် အစိုးရအဖြစ်ရွေးကောက်ပွဲဝင်ရန် ကြိုးစားရာတွင် Australian Bill of Rights (အစိုးရမှ အရေးမယူနိုင်သည့် ပြည်သူများအား အာမခံထားသော အခြေခံအခွင့်အရေးများနှင့် အထူးအခွင့်အရေးများ အကျဉ်းချုပ်ကို Bill of Rights ဟု ခေါ်သည်- ဘာသာပြန်သူ) နှင့် ကိုဗစ် လော့ဒေါင်းလုပ်မှု (Covid lockdowns) နှင့် ကာကွယ်ဆေးမထိုးမနေရ (vaccine mandates) များပါဝင်သောမူဝါဒများ ပါဝင်သည်။ သူသည် ရွေးကောက်ပွဲအတွက် အနည်းငယ်မျှသာ ထောက်ခံမှုကိုရရှိရန် ကြော်ငြာခြင်းအတွက် ဒေါ်လာသန်းပေါင်းများစွာကို ကျော်ကြားစွာသုံးစွဲခဲ့ပြီး ၂၀၂၂ ခုနှစ်တွင် ပါတီကို ပယ်ဖျက်ခဲ့သည်။

ယခုအခါ ကပ်ရောဂါလွန်သွားကာ အပျော်စီးသင်္ဘောများသည် ပင်လယ်ပြင်တွင် တစ်ဖန်ပြန်လည်ရောက်ရှိနေပြီဖြစ်ပြီး ၎င်း၏ တိုက်တန်းနစ်အိပ်မက်ကို ပြန်လည်ရှင်သန်ရန် အချိန်တန်ပြီဟု ပါလ်မာက ပြောကြားခဲ့သည်။ “မမျှော်လင့်ထားတဲ့ ကမ္ဘာလုံးဆိုင်ရာ နှောင့်နှေးမှုတွေအပြီးမှာ တိုက်တန်းနစ် နံပါတ်(၂)ဆောက်လုပ်ဖို့ အိပ်မက်ကို အသက်ဝင်စေဖို့အတွက် မိတ်ဖက်တွေနဲ့ ပြန်လည် ပူးပေါင်းလုပ်ဆောင်နိုင်ပြီလို့ ကြေညာရတာကို ဝမ်းမြောက်မိပါတယ်။ ခရီးကို စတင်ကြပါစို့” ဟု ပါလ်မာကက သတင်းထုတ်ပြန်ချက်တွင် ပြောကြားခဲ့သည်။ အစီအစဉ်များသည် လက်ရှိစည်းမျဉ်းများနှင့် ကိုက်ညီမှုရှိစေရန် ယခင်ပြုလုပ်မှုများနှင့် အလွန်ဆင်တူပါသည်။ ၂၀၂၅ ခုနှစ် ပထမသုံးလပတ်တွင် လုပ်ငန်းစတင်ရန် သင်္ဘောတည်ဆောက်သူများအား ယခုနှစ်ကုန်တွင် အတည်ပြုရန် အစီအစဉ်များဖြင့် တင်ဒါများ ခေါ်ယူလျက်ရှိသည်။

ယခုအချိန်တွင်၊ ပါလ်မာက လေလံဆွဲသူများတွင် အနိုင်ရသူသည် ဥရောပတွင် အခြေစိုက်သူများအဖြစ် မျှော်လင့်ထားသည်။ တရုတ်စံနှုန်းများသည် ထိုသင်္ဘောလုပ်ငန်းတည်ဆောက်မှုလုပ်ငန်းတာဝန်နှင့် ကိုက်ညီသည်ဟု သူက မယုံကြည်ကြောင်း ၎င်းက သတင်းထောက်များကို ပြောကြားခဲ့သည်။ ပြန်လည်စတင်ချိန်တွင်၊ သူ၏အဖွဲ့သည် နှစ်အတော်ကြာကြာရှိနေပြီဖြစ်သော ရှစ်မိနစ်ကြာ ဗီဒီယိုဖိုင်ကို ဖြန့်ဝေခဲ့ပြီး သင်္ဘော၏အပြင်အဆင်နှင့် အခန်းတစ်ခုစီ၏ ပုံပန်းသဏ္ဍာန်ကို ခေတ်အဝတ်အစား ဝတ်ဆင်ထားသည့် သရုပ်ဆောင်များနှင့်အတူ ဖြန့်ကျက်ပြသခဲ့သည်။ ခရီးသည်များကို ၁၉၀၀ ခုနှစ်များအတွင်းက ဝတ်စားဆင်ယင်ရန် တွန်းအားပေးမည် ဖြစ်သော်လည်း ၎င်းသည် မဖြစ်မနေ လုပ်ဆောင်ရမည် မဟုတ်ကြောင်း ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။ သင်္ဘောကိုယ်တိုင် အရှည် ၂၆၉ မီတာ (၈၃၃ ပေ) နှင့် အကျယ် ၃၂.၂ မီတာ (၁၀၅ ပေ) ရှိပြီး မူလထက် အနည်းငယ် ပိုကျယ်မည်ဖြစ်သည်။ အိပ် ခန်း ၈၃၅ ပါသော ကုန်းပတ် ကိုးခုတွင် ခရီးသည် ၂,၃၄၅ ဦး လိုက်ပါနိုင်မည်ဖြစ်သည်။ ယင်းထဲမှ တစ်ဝက်နီးပါးကို ပထမတန်းခရီးသည်တွေအတွက် သီးသန့်ထားမည် ဖြစ်သည်။

တတိယတန်းစားခရီးသည်များကို မူလသင်္ဘောပေါ်တွင် ကျွေးမွေးသကဲ့သို့ အများသူငှာ ထမင်းစားခန်းရှိ စားပွဲရှည်ကြီးများတွင် စတူးဟင်းနှင့် ကြိတ်ချေထားသောအာလူးဖြင့် ဧည့်ခံကျွေးမွေးမည်ဖြစ်ကြောင်း ပြောရေးဆိုခွင့်ရှိသူက ပြောကြားသော်လည်း ယခင်ကစားခဲ့သည့်အစာထက် အခြားအစားအစာကိုလိုချင်သူများအတွက် အခြားအစားအစာများကိုလည်း ရနိုင်မည်ဖြစ်သည်။ တိုက်တန်းနစ် ပျက်သွားပြီးနောက် ရာစုနှစ်တစ်ခုကျော်ကြာမှ သုတေသီများနှင့် သမိုင်းပညာရှင်များသည် ၎င်း၏ဇာတ်လမ်းကို စွဲစွဲမြဲမြဲ စွဲလန်းနေကြဆဲ ဖြစ်သည်။ ဖြစ်ရပ်ဆိုးသည် ဒါရိုက်တာ ဂျိမ်းစ်ကင်မရွန် (James Cameron) ၏ အော်စကာဆုရ ၁၉၉၇ ခုနှစ် ရုပ်ရှင်ကားကြီး “ Titanic” တွင် လီယိုနာဒို ဒီကာပရီယိုနှင့် ကိတ်ဝင်းစလက်တို့ ပါဝင်သရုပ်ဆောင်ထားကာ အပျော်တမ်း စူးစမ်းရှာဖွေသူများက ထိုသင်္ဘောပျက်ကို စွဲလမ်းစွာ ရှာဖွေစေခဲ့သည်။ တိုင်တင် (Titan) အသေးစား ရေငုပ်သင်္ဘောပေါ်တွင် လိုက်ပါလာသည့် ခရီးသည်ငါးဦးစလုံးသည် သင်္ဘောပျက်ဆီသို့ ရေအောက်မှသွားနေစဉ် လမ်းကြောင်းပေါ်၌ ပေါက်ကွဲသွားပြီး ကြေကွဲဖွယ် သေဆုံးခဲ့ရသည်။ ထိုမစ်ရှင်သည် ပြီးခဲ့သည့်နှစ် ဇွန်လတွင် ကြေကွဲဖွယ် အဆုံးသတ်သွားခဲ့သည်။

ပါလ်မာသည် တိုက်တန်းနစ်ကို ပုံတူကူးလိုပြီး အဆုံးသတ်သည် ကြေကွဲဖွယ် ဇာတ်သိမ်းမှုမရှိဘဲ ကမ္ဘာ့ငြိမ်းချမ်းရေးအဖြစ် လိုလားသည်။ “စစ်ပွဲလုပ်နည်းကို ငါတို့အားလုံးသိတယ်။ ငါတို့က စစ်တပ်တွေထောင်ပြီး စစ်ပွဲတွေကို ရန်ပုံငွေထောက်ပံ့တယ်။ အဲဒါကို လူတွေသိတယ်။ ဒါပေမယ့် ငြိမ်းချမ်းရေးရအောင်လုပ်ဖို့က ပိုခက်တယ်။ ငြိမ်းချမ်းရေးရဖို့ နေ့တိုင်း စွဲမြဲစွာလုပ်နေရမယ်။ မင်းက တစ်လက်မပြီး တစ်လက်မ တိုးပြီးသွားနေရမယ်” ဟု ၎င်းက သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ “တိုက်တာနစ် (၂) သည် ငြိမ်းချမ်းရေးကို ပေးစွမ်းနိုင်သောအရာဖြစ်သည်။ ကမ္ဘာ့နိုင်ငံအားလုံးကြား ငြိမ်းချမ်းရေးသင်္ဘောတစ်စင်း ဖြစ်နိုင်တယ်။ “သူမကို ဆိပ်ကမ်းမှာတွေ့ပြီး သူ့ရဲ့ထူးခြားတဲ့ဘုန်းတန်ခိုးကို တွေ့ကြုံခံစားဖို့ သူမနဲ့အတူ ရွက်လွှင့်ဖို့ လူသန်းပေါင်းများစွာက အိပ်မက်မက်ခဲ့ပါတယ်။ တိုက်တန်းနစ်ဟာ အဲဒီအိပ်မက်တွေကနေ တကယ်ဖြစ်လာမဲ့ သင်္ဘောဖြစ်လာမှာပါ” ဟု ပါလ်မာက ပြောကြားခဲ့သည်။

Source- CNN

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်-အစ္စရေးနှင့် အီရန်တို့ကြား ဖြစ်ပွားနေသော စစ်ပွဲ၏ ၃၁ ရက်မြောက်နေ့တွင် သိထားသင့်သမျှ

  • 2026 ခုနှစ်၊ မတ်လ 30 ရက်
  • 28 Views
CNN- ၂၀၂၆ခုနှစ်၊ မတ်လ(၃၀)ရက် ဒေသတွင်းခေါင်းဆောင်များက စစ်ပွဲမှ သံတမန်ရေးအရ ထွက်ပေါက်ရှာရန် ကြိုးပမ်း နေကြ သော်လည်း အဓိကပါဝင်ပတ်သက်သူများဖြစ်သည့် အစ္စရေး၊
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

စစ်ပွဲအဆုံးသတ်ရန် အီရန်၏ တောင်းဆိုချက်အသစ် – ဒေါ်လာဘီလီယံနှင့်ချီသော အကျိုးအမြတ်များ ရရှိလာနိုင်ခြေရှိ

  • 2026 ခုနှစ်၊ မတ်လ 29 ရက်
  • 24 Views
၂၀၂၆ခုနှစ်၊မတ်လ ၂၉ရက် ပြီးခဲ့သည့်အပတ်က အီရန်အရာရှိတစ်ဦးသည် အမေရိကန်နှင့် အစ္စရေးတို့ စတင်ခဲ့သော စစ်ပွဲကို အဆုံးသတ်ရန် တောင်းဆိုချက်များကို တင်ပြခဲ့ရာတွင် ယခင်က
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်-အစ္စရေး ထိုးစစ်ဆင်မှု တစ်လအကြာတွင် အရှေ့အလယ်ပိုင်း၌ သေဆုံးသူ ထောင်နှင့်ချီ ရှိလာ

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 56 Views
CNN- ၂၀၂၆ ခုနှစ်၊ မတ်လ ၂၇ ရက် အမေရိကန်နှင့် အစ္စရေးတို့က အီရန်ကို ပထမဆုံးအကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီးနောက် လေးပတ်နီးပါးအကြာတွင် အရှေ့အလယ်ပိုင်းဒေသ၌ လူပေါင်းထောင်နှင့်ချီ သေဆုံးခဲ့ပြီး ဒေသတွင်း လူ့အဖွဲ့အစည်းများအတွင်း အကြမ်းဖက်မှုလှိုင်းလုံးများ ဖြစ်ပေါ်နေသည်။ ရပ်ကွက်တစ်ခုလုံး
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စွမ်းအင်ဆိုင်ရာ အဆောက်အအုံများကို တိုက်ခိုက်မည့်အစီအစဉ်အား နောက်ထပ် ၁၀ ရက် ဆိုင်းငံ့ထားမည်ဖြစ်ကြောင်း ထရမ့် ကြေညာ

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 54 Views
CNN- ၂၀၂၆ ခုနှစ်၊ မတ်လ ၂၇ ရက် သမ္မတ ဒေါ်နယ်ထရမ့်က ၎င်း၏အစိုးရအဖွဲ့အနေဖြင့် အီရန်စွမ်းအင်ဆိုင်ရာ အဆောက်အအုံ များကို တိုက်ခိုက်မည့်အစီအစဉ်အား နောက်ထပ် ၁၀ ရက် ဆက်လက် ဆိုင်းငံ့ထားမည် ဖြစ်ကြောင်း ယနေ့
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ရုရှား၏ နွေဦးထိုးစစ် အရှိန်မြင့်လာသည်နှင့်အမျှ ယူကရိန်းသို့ ဒရုန်းစင် ၁,၀၀၀ ကျော်ဖြင့် ပစ်ခတ်တိုက်ခိုက်

  • 2026 ခုနှစ်၊ မတ်လ 25 ရက်
  • 32 Views
CNN – ၂၀၂၆ ခုနှစ်၊ မတ်လ ၂၅ ရက် မော်စကိုက စစ်မြေပြင်တွင် ကမ်ပိန်းအသစ်တစ်ခု စတင်လိုက်သည်နှင့်အမျှ ရုရှားသည် ယခုသီတင်းပတ်အတွင်း ယူကရိန်းအပေါ် အကြီးအကျယ် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီး လွန်ခဲ့သည့် ၃၆ နာရီအတွင်း
နိုင်ငံတကာသတင်း ပါလက်စတိုင်း အရှေ့အလယ်ပိုင်း

ကမ္ဘာကြီးက အစ္စရေးကို ‘ပါလက်စတိုင်းသားတွေကို နှိပ်စက်ညှဉ်းပန်းသတ်ဖြတ်ဖို့ လိုင်စင်’ ပေးထားတယ်လို့ ကုလသမဂ္ဂကျွမ်းကျင်သူ ပြောကြား

  • 2026 ခုနှစ်၊ မတ်လ 24 ရက်
  • 60 Views
AFP – ၂၀၂၆ ခုနှစ်၊ မတ်လ ၂၄ ရက် ကမ္ဘာကြီးသည် အစ္စရေးကို “ ပါလက်စတိုင်းသားများကို နှိပ်စက်ညှဉ်းပန်းရန် လိုင်စင်” တစ်စောင် ပေးထားကြောင်းနှင့် သိမ်းပိုက်ခံနယ်မြေများအတွင်း နေထိုင်မှုဘဝမှာ “ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လက်ရှိရေနံကပ်ဘေးသည် ၁၉၇၀ ပြည့်လွန်နှစ်များက ရေနံစျေးနှုန်း အကြီးအကျယ် ရိုက်ခတ်မှုဖြစ်စဉ်များကို ပြန်လည်အမှတ်ရစေသည်။ ထိုစဉ်က ဘာတွေဖြစ်ပျက်ခဲ့သနည်း။

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 63 Views
CNN- ၂၀၂၆ခုနှစ်၊မတ်လ ၂၃ရက် အမေရိကန်-အစ္စရေးတို့ အီရန်နှင့် ဖြစ်ပွားနေသော စစ်ပွဲအတွင်း စွမ်းအင်အကြပ်အတည်း ကြီးထွားလာခြင်းသည် ၁၉၇၃ နှင့် ၁၉၇၉ ခုနှစ်များက ကမ္ဘာ့ရေနံစျေးနှုန်းများ ထိုးတက်ခြင်း၊ လောင်စာဆီ ပြတ်လပ်ခြင်းနှင့် လူထုထိတ်လန့်မှုများကို ဖြစ်ပေါ်စေခဲ့သည့် ကြီးမားသော
နိုင်ငံတကာသတင်း အရှေ့အလယ်ပိုင်း

ဒေသတွင်းရှိ ရေငန်သန့်စင်စက်ရုံများကို အီရန်ကတိုက်ခိုက်မည်ဆိုသည့်ပြောဆိုမှုအပေါ် အီရန်ကတုံ့ပြန်ပြောကြား

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 60 Views
CNN – မတ်လ ၂၃ ရက်၊ ၂၀၂၆ ခုနှစ် အီရန်အစ္စလာမ္မစ် တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) သည် ပင်လယ်ကွေ့နိုင်ငံများ တစ်လျှောက်ရှိ သန်းနှင့်ချီသော ပြည်သူများအတွက် သောက်သုံးရေ ပေးဝေနေသော ရေငန်သန့်စင်စက်ရုံများကို ပစ်မှတ်ထားမည်ဆိုသည့် ခြိမ်းခြောက်မှုအား