နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 18 ရက်

မြန်မာသတင်း

မြန်မာသတင်း

ရေဦးမြို့မှာ စစ်ကောင်စီရဲ့ စစ်မှုထမ်းဖို့ ဖမ်းဆီးခံထားရသူ (၁၁)ဦး ထွက်ပြေးလွတ်မြောက်ခဲ့

မေလ (၁၃)ရက်။

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်မှာ စစ်ကောင်စီရဲ့ စစ်မှုထမ်းဖို့ ဖမ်းဆီးခံထားရသူ (၁၁)ဦး ထွက်ပြေးလွတ်မြောက်လာခဲ့တယ်လို့ ရေဦးမြို့နယ်-ပကဖရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။

အဲ့ဒီလွတ်မြောက်လာသူတွေဟာ ရေဦးမြို့နယ်ရှိ အထက(၁)ကျောင်းထဲမှာ စစ်ကောင်စီရဲ့ စစ်မှုထမ်းဖို့ မတရားဖမ်းဆီးခံထားရာကနေ မေလ (၁၀)ရက်နေ့မှာ ထွက်ပြေးလာခဲ့တာလို့ ဆိုပါတယ်။

စစ်ကောင်စီရဲ့ စစ်မှုထမ်းဖို့ ဖမ်းဆီးခံထားရပြီး ထွက်ပြေးလာသူတွေဟာ အသက် (၂၀)ကျော်အရွယ်တွေဖြစ်ပြီး မြို့ပေါ်နဲ့ ကျေးရွာတွေကဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

အခုအခါမှာတော့ ထွက်ပြေးလွတ်မြောက်လာတဲ့ လူငယ်တွေကို လွတ်မြောက်နယ်မြေသို့ ဘေးကင်းစွာ ပို့ဆောင်ခဲ့ပြီဖြစ်တယ်လို့ ရေးသားထားပါတယ်။

“ စကစက မြို့ပေါ်မှာ ပေါ်တာဆွဲစရာ လူငယ်တွေမရှိတော့လို့ အနီးစပ်ဆုံး ကျေးရွာတွေထဲကိုပါ ဝင်ဆွဲတာတွေရှိတယ်၊ ဒါ့ကြောင့် ကျေးရွာနေသူတွေ ဂရုစိုက်ကြဖို့ သတိပေးထားပါတယ်” လို့ မြို့နယ်-ပကဖက ပြောဆိုထားပါတယ်။

စစ်ကောင်စီဟာ ရေဦးမြို့ပေါ်မှာ လူငယ်တွေကို ပေါ်တာဆွဲ ဖမ်းဆီးတာတွေရှိနေပြီး အချို့လူငယ်တွေဟာ နီးစပ်ရာကျေးရွာတွေကို သွားရောက်ခိုလှုံနေကြရတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

တရုတ် မြန်မာ့နိုင်ငံရေး မြန်မာသတင်း

တရုတ်က မြန်မာနိုင်ငံရဲ့ ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ပံ့ပိုးကူညီသွားမယ်လို့ဆို

  • 2026 ခုနှစ်၊ ဇွန်လ 18 ရက်
  • 5 Views
ဇွန်လ (၁၈)ရက်။ တရုတ်က မြန်မာနိုင်ငံရဲ့ ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ ပံ့ပိုးကူညီသွားမယ်ဆိုပြီး မနေ့က နှစ်နိုင်ငံပူးတွဲကြေညာချက်မှာ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ ပူးတွဲကြေညာချက်ထဲ စစ်ကော်မရှင်က
မြန်မာသတင်း

အခြားလက်နက်ကိုင်အဖွဲ့တွေနဲ့ ပူးပေါင်းတာမလုပ်ဖို့ဆိုပြီး SSPP ကို စစ်ကော်မရှင်ပြော

  • 2026 ခုနှစ်၊ ဇွန်လ 18 ရက်
  • 10 Views
ဇွန်လ (၁၈)ရက်။ ဇွန်လ (၁၂)ရက်နေ့က နေပြည်တော်မှာ စစ်ကော်မရှင်ငြိမ်းချမ်းရေးကော်မတီနဲ့ SSPP/SSA ကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံခဲ့တယ်လို့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။
မြန်မာသတင်း

ဝက်လက်နယ်ထဲ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်တာကြောင့် အရပ်သား (၄)ဦး သေဆုံး

  • 2026 ခုနှစ်၊ ဇွန်လ 18 ရက်
  • 12 Views
ဇွန်လ (၁၇)ရက်။ ဒီကနေ့ နေ့လယ် (၁၂)နာရီကျော်အချိန်က ဝက်လက်နယ်ဝက်လက်နယ်အရှေ့တောင်ခြမ်းကို စစ်တပ်က လေကြောင်းကနေ တိုက်ခိုက်ခဲ့တယ်လို့ မြို့နယ်ပကဖရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ နေ့လယ် (၁၂)နာရီ (၄၂)မိနစ်နဲ့ (၄၅)မိနစ်က ညောင်ပင်ကြီးတောရွာတောင်ပိုင်းကို တံတားဦးတက်ကနေ ဂျက်ဖိုက်တာနဲ့
မြန်မာသတင်း

ဆိပ်ဖြူမြို့အဝင်မှာ စစ်တပ်ယာဉ်တန်း တိုက်ခိုက်ခံရပြီး ဗိုလ်ကြီးအပါအဝင် (၁၀)ဦးသေဆုံးကာ ကား(၂)စီး ပျက်စီးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 18 ရက်
  • 12 Views
ဇွန်လ (၁၇)ရက်။ မနေ့က ညနေပိုင်းအချိန်က ဆိပ်ဖြူမြို့အဝင်မှာ စစ်တပ်ယာဉ်တန်းကို တော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ မြို့နယ်ပကဖရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ဆိပ်ဖြူမြို့ပေါ်ကနေ ထွက်လာတဲ့ စကစတပ်ဖွဲ့ဝင်တွေပါတဲ့ (၆)ဘီးကားတစီးနဲ့ အိမ်စီးကားတစီးကို ကြားဖြတ်တိုက်ခိုက်ခဲ့တာ။ စစ်တပ်ဘက်က မျက်မြင်
မြန်မာသတင်း

ရန်ကုန်-ပြည်လမ်းမပေါ်မှာ စစ်ကော်မရှင်ကားတွေ ပစ်ခတ်ခံရပြီး ဗိုလ်ကြီးနဲ့ ဗိုလ်အဆင့်ပါ (၄)ဦးသေဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 18 ရက်
  • 16 Views
ဇွန်လ (၁၆)ရက်။ မနေ့က နံနက် (၈)နာရီအချိန်က ရန်ကုန်-ပြည်လမ်းမပေါ်ရှိ ကိုးပင်-ဆတ်သွားလမ်းပိုင်းတနေရာမှာ စစ်ကော်မရှင်ကားတစီးကို ပစ်ခတ်ခဲ့တယ်လို Nay Pyi Taw PDF ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ “ တောင်တွင်းကြီး ဆတ်သွားရွာဘက်ကနေ ထွက်လာတဲ့
မြန်မာသတင်း

မြောင်းမြမြိုထဲ ကျားဖြန့်လုပ်းငန်တွေ ပေါ်ပေါ်ထင်ထင် လုပ်ကိုင်နေတယ်လိုဆို

  • 2026 ခုနှစ်၊ ဇွန်လ 18 ရက်
  • 12 Views
ဇွန်လ (၁၆)ရက်။ မြောင်းမြမြိုနယ်ရှိ ကျေးရွာအချိုမှာ ကျားဖြန့်လုပ်ငန်းတွေ ပိုမိုတွင်ကျယ်စွာ ပေါ်ပေါ်ထင်ထင် လုပ်ကိုင်နေတယ်လို ဒေသထဲသတင်းတွေထံက သိရပါတယ်။ “ အဓိကကတော့ လူတော်ကြီးရွာနဲ့ ပကိတ်ကြီးရွာတွေမှာ ကျားဖြန့်လုပ်ငန်းတွေ လုပ်ကိုင်နေကြတာ။ အရင်က အဲ့ဒီလုပ်ငန်းတွေနဲ့ နာမည်ထွက်ဖူးတဲ့သူတွေပဲ အခု
မြန်မာသတင်း

မြင်းခြံတိုက်ပွဲ စစ်တပ်ဘက်က ထိခိုက်သေဆုံးတာတွေ များပြားခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 18 ရက်
  • 15 Views
ဇွန်လ (၁၆)ရက်။ ဇွန်လ (၁၃)ရက်နေ့ နံနက် (၁၀)နာရီအချိန်က မြင်းခြံမြိုမှာ စစ်တပ်စစ်ကြောင်းနဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို နဂါးနီပြောက်ကျားတပ်ဖွဲ-မြင်းခြံရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ကျည်းပင်ကန်ရွာကနေ ရွာသစ်ရွာဘက်ကို စစ်ကြောင်းထိုးလာတဲ့ စခ ပခ အင်အား(၁၅၀)လောက်နဲ့
မြန်မာသတင်း

ရန်ကုန်မှာ စစ်အာဏာရှင်ကြောက်တဲ့ နှင်းဆီလှုပ်ရှားမှုပြုလုပ်

  • 2026 ခုနှစ်၊ ဇွန်လ 18 ရက်
  • 11 Views
ဇွန်လ (၁၆)ရက်။ ရန်ကုန်မှာ နှင်းဆီလှုပ်ရှားမှု ပြုလုပ်ခဲ့တယ်လို့ ‌အထွေထွေသပိတ် ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု(GSCB)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ အကြမ်းဖက်စစ်တပ်ရဲ့ စောင့်ကြည့်တာတွေကြားထဲကနေ ရန်ကုန် နှင်းဆီတွေ ပေါ်ပေါက်လာပြန်ပြီဖြစ်ပါတယ်” လို့ ဆိုပါတယ်။ နှင်းဆီလှုပ်ရှားမှုကို ရန်ကုန်ရဲ့