ဇွန်လ (၁၆)ရက်။
ဇွန်လ (၁၃)ရက်နေ့ နံနက် (၁၀)နာရီအချိန်က မြင်းခြံမြိုမှာ စစ်တပ်စစ်ကြောင်းနဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို နဂါးနီပြောက်ကျားတပ်ဖွဲ-မြင်းခြံရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
“ ကျည်းပင်ကန်ရွာကနေ ရွာသစ်ရွာဘက်ကို စစ်ကြောင်းထိုးလာတဲ့ စခ ပခ အင်အား(၁၅၀)လောက်နဲ့ ကာကွယ်ရေးမဟာမိတ်ပူးပေါင်းတပ်တွေ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တာ” လို ဆိုပါတယ်။
မြင်းခြံမြို ကျည်းပင်ကန်ရွာကနေ ရွာသစ်ရွာကို အင်အား (၁၅၀)ခန့်နဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်တပ်နဲ့ ပျူစောထီးတွေနဲ့ ကာကွယ်ရေးပူးပေါင်းတပ်တို ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို ဖော်ပြထားပါတယ်။
အဲ့ဒီတိုက်ပွဲမှာ စစ်တပ်ဘက်က ထိခိုက်သေဆုံးတာတွေ များပြားခဲ့တယ်လို သိရပြီး အသေးစိတ်ကိုတော့ ထည့်သွင်းပြောဆိုထားတာမရှိပါဘူး။
ဒါ့အပြင် တိုက်ပွဲထဲ ကာကွယ်ရေးပူးပေါင်းတပ်တွေဘက်က တော်လှန်ရေးရဲဘော်တဦး မစိုးရိမ်ဒဏ်ရာရရှိခဲ့တယ်လို ထုတ်ပြန်ထားချက်အရ သိရပါတယ်။








