ဇွန်လ (၁၆)ရက်။
မြောင်းမြမြိုနယ်ရှိ ကျေးရွာအချိုမှာ ကျားဖြန့်လုပ်ငန်းတွေ ပိုမိုတွင်ကျယ်စွာ ပေါ်ပေါ်ထင်ထင် လုပ်ကိုင်နေတယ်လို ဒေသထဲသတင်းတွေထံက သိရပါတယ်။
“ အဓိကကတော့ လူတော်ကြီးရွာနဲ့ ပကိတ်ကြီးရွာတွေမှာ ကျားဖြန့်လုပ်ငန်းတွေ လုပ်ကိုင်နေကြတာ။ အရင်က အဲ့ဒီလုပ်ငန်းတွေနဲ့ နာမည်ထွက်ဖူးတဲ့သူတွေပဲ အခု အောက်ခြေအာဏာပိုင်တွေကို ပိုက်ဆံပေးပြီး ပေါ်ပေါ်ထင်ထင် ပြန်လုပ်နေတာ” လို သတင်းအထူးတပ်ဖွဲ-ပုသိမ်က ဆိုပါတယ်။
ကျားဖြန့်လုပ်ငန်းတွေကို မြောင်းမြမြိုရှိ လူတော်ကြီးရွာနဲ့ ပကိတ်ကြီးရွာတိုမှာ အဓိကလုပ်ကိုင်နေပြီး အရင်က အဲ့ဒီလုပ်ငန်းတွေနဲ့ နာမည်ထွက်ဖူးသူအချိုဟာ အောက်ခြေအာဏာပိုင်တွေကို ပိုက်ဆံပေးကာ ပြန်လုပ်နေကြတာလို သိရပါတယ်။
“ ဒေသထဲမှာ အောက်ခြေပိုင်းကလူတွေက ငွေရရင် လုပ်ချင်တာလုပ်ဆိုပြီး လွှတ်ထားတာ။ လူတိုင်းလဲ ဒါကိုသိကြတယ်။ ရဲတွေကလဲ ငွေရပြီးရောဆိုပြီး တယောက်မှ ဖမ်းဆီးအရေးယူတာမရှိဘူး” လို ဒေသခံတဦးက ပြောပါတယ်။
နောက်ပြီး ကျားဖြန့်လုပ်ငန်းထဲ ဒေသထဲရှိ အသက်မပြည့်သေးတဲ့ ကလေးသူငယ်အချိုအထိပါ ပါဝင်ပတ်သက်လာကြတာကြောင့် လူမှုပတ်ဝန်းကျင် ဆိုးရွားစွာ ပျက်စီးလာနေတယ်လို ဆိုထားပါတယ်။
ဒါ့ကြောင့် ဒေသထဲတာဝန်ရှိသူတွေအနေနဲ့ ကျားဖြန့်အဖွဲတွေနဲ့ လာဘ်ပေးလာဘ်ယူအဖွဲတွေကို ထိရောက်စွာ နှိမ်နင်းပေးကြဖို ဒေသခံတွေက လိုလားနေကြတယ်လိုလဲ သိရပါတယ်။








