နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 11 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန် အီရန်

စစ်ပွဲက အီရန်ကို ဟော်မုဇ်ရေလက်ကြားအား လက်နက်တစ်ခုသဖွယ် ဘယ်လိုအသုံးချရမလဲဆိုတာ သင်ကြားပေးခဲ့သည်

ရေးသားသူ- ဂျယ်ရမီ ဘိုဝင် (Jeremy Bowen) နိုင်ငံတကာရေးရာ အယ်ဒီတာ

BBC- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၁၈ရက်

ဒီကိစ္စတွေအားလုံး ဖေဖော်ဝါရီ ၂၈ ရက်က စတင်ခဲ့ချိန်တုန်းက ဒေါ်နယ်ထရမ့်နဲ့ ဘင်ဂျမင် နေတန်ယာဟုတို့က အစိုးရအပြောင်းအလဲ (Regime change) ဖြစ်တော့မယ်လို့ ပြောခဲ့ကြ ပါတယ်။

အခုအချိန်မှာတော့ အီရန်အစိုးရနဲ့ အမေရိကန်တို့ဟာ ကြားခံလူတွေကတစ်ဆင့် အပြန်အလှန် အဆင့်တန်းတူ စကားပြောဆိုပြီး ဒီသဘောတူညီချက်ကို အခြေခံအားဖြင့် လုပ်ဆောင်နိုင်ခဲ့တဲ့ အခြေအနေတစ်ခုကို ရောက်ရှိနေပြီ ဖြစ်ပါတယ်။

ကျွန်တော်တို့ဟာ အင်အားပိုကောင်းလာတဲ့ အီရန်အစိုးရတစ်ရပ်ကို မြင်တွေ့နေရတာ ဖြစ်ပါတယ်။ သူတို့အတွက် အဆိုးရွားဆုံး အိပ်မက်ဆိုးဖြစ်တဲ့ — အစိုးရအပြောင်းအလဲ လုပ်ဖို့ ရည်ရွယ်ပြီး အမေရိကန်နဲ့ အစ္စရေးတို့ ပူးတွဲတိုက်ခိုက်မှု — ကို သူတို့ ကြုံတွေ့ခဲ့ ရပြီးပါပြီ။ သူတို့ ဒါကို ကျော်ဖြတ်နိုင်ခဲ့ကြပြီး အစိုးရပြုတ်ကျတာမျိုး ဖြစ်မလာခဲ့ပါဘူး။

အီရန်ဟာ နှစ်အတော်ကြာအောင် ဒေါ်လာဘီလီယံပေါင်းများစွာ အကုန်အကျခံခဲ့ပါတယ်။ ပထမဆုံးအနေနဲ့ သူတို့ရဲ့ နျူကလီးယားအစီအစဉ်အတွက် ဖြစ်ပြီး၊ ဒါဟာ လက်နက် ထုတ်လုပ်ဖို့ အတွက် မဟုတ်ဘူးလို့ သူတို့ အမြဲတမ်း ငြင်းဆိုခဲ့ပါတယ်။ နောက်ပြီး လက်ဘနွန် က ဟစ်ဇ်ဘိုလာ (Hezbollah) အဖွဲ့ကနေ စတင်ပြီး ဒေသတွင်း မဟာမိတ်ကွန်ရက်ကို တည်ဆောက်တဲ့နေရာမှာလည်း အကုန်အကျခံခဲ့ပါတယ်။

ဒါပေမဲ့ သူတို့ ရှာဖွေတွေ့ရှိသွားတာကတော့ ဟော်မုဇ်ရေလက်ကြားကို ပိတ်ပစ်လိုက်တာက ပိုပြီးကုန်ကျစရိတ်သက်သာသလို ပိုပြီးတော့လည်း ထိရောက်ပြင်းထန်တယ်ဆိုတာပါပဲ။ ဒါဟာ ဟန့်တားမှုသက်သက်အတွက်ပဲဖြစ်တဲ့ နျူကလီးယားလက်နက် ခြိမ်းခြောက်မှုမျိုးနဲ့ မတူဘဲ အမှန်တကယ် အသုံးချလို့ရတဲ့ လက်နက်တစ်ခု ဖြစ်ပါတယ်။

အီရန်ကသာ အလိုရှိမယ်ဆိုရင် ရေနံတင်သင်္ဘောအချို့ကို မစ်ဆိုင်းဒုံးကျည်အနည်းငယ်နဲ့ ပစ်ခတ်လိုက်ရုံနဲ့တင် ဟော်မုဇ်ရေလက်ကြားကို နောက်တစ်ကြိမ် ပြန်ပိတ်သွားစေနိုင်မှာ ဖြစ်ပြီး ဒါကို လူတိုင်းက သိကြပါတယ်။ ဒါဟာ တီဟီရန်က အစိုးရအတွက်တော့ အလွန် အာဏာ ပါဝါတက်စေမယ့် အရာတစ်ခု ဖြစ်ရပါမယ်။

အီရန်ဟာ အလွန်ပြင်းထန်တဲ့ ထိုးနှက်ချက်ဒဏ်ကို ခံခဲ့ရတယ်ဆိုတာကိုတော့ မမေ့ဖို့ လိုပါတယ်။ သူတို့မှာ ပြန်လည်ပြုပြင်ဖို့ လိုအပ်နေတဲ့ ဒေါ်လာဘီလီယံပေါင်းများစွာ တန်ဖိုးရှိတဲ့ ပျက်စီးဆုံးရှုံးမှုတွေ ရှိနေပါတယ်။ ဒါကြောင့် အမှန်တကယ်တော့ နားလည်မှု စာချွန်လွှာ (MoU) ထဲမှာပါတဲ့ စီးပွားရေးဆိုင်ရာ မက်လုံးတွေက သူတို့ကို “နျူကလီးယား ကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး သဘောတူညီချက်တစ်ခု လုပ်ကြစို့” ဆိုတဲ့ အတွေးမျိုးဆီသို့ တွန်းပို့ပေးနိုင်ခြေ ရှိပါတယ်။

ဓါတ်ပုံအရင်းအမြစ် – Anadolu (Getty Images မှတစ်ဆင့်) ပုံစာ – ဗုဒ္ဓဟူးနေ့က အိုမန်ပင်လယ်ကွေ့တွင် ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်းရန် ပြင်ဆင် စောင့်ဆိုင်း နေကြသည့် သင်္ဘောများ။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 57 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 61 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 64 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 66 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 60 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 62 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 76 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 68 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက