နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 23 ရက်

မြန်မာသတင်း

မြန်မာသတင်း

ရေဘေးသင့်စစ်ရှောင်ပြည်သူတွေအတွက် အရေးပေါ်စားနပ်ရိက္ခာတွေ ထောက်ပံ့ပေးနေတယ်လို့ NUG ထုတ်ပြန်

စက်တင်ဘာလ (၁၃)ရက်။

မိုးသည်းထန်စွာရွာသွန်းတာကြောင့် မြန်မာပြည်တဝှမ်း ရေကြီးရေလျှံတာတွေ ဖြစ်ပွားနေပြီး ရေဘေးဒဏ်ခံစားနေရတဲ့ စစ်ရှောင်ပြည်သူ‌တွေကို အရေးပေါ်စားနပ်ရိက္ခာတွေ ထောက်ပံ့ပေးနေတယ်လို့ NUG ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

ရေဘေးသင့်ဒဏ်ခံစားနေရတဲ့ စစ်ရှောင်ပြည်သူတွေကို ထောက်ပံ့ရာမှာ ရပ်ရွာဒေသရှိ လူသားစာနာအဖွဲ့တွေ၊ မြို့နယ်ပြည်သူ့ကာကွယ်ကယ်ဆယ်ရေးအဖွဲ့တွေ၊ ရပ်ကျေး၊ တိုက်နယ်၊ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေ ပူးပေါင်းပြီး ကူညီဆောက်ရွက်နေတာလို့ ဆိုပါတယ်။

အရေးပေါ် စားနပ်ရိက္ခာတွေကို ရေဘေးသင့် စစ်ဘေးရှောင် ပြည်သူတွေရဲ့ လက်ဝယ်အရောက် ရရှိအောင် ဆောင်ရွက်ပေးခဲ့ကြတဲ့ လူသားစာနာတာဝန်ခံတွေ၊ စေတနာ့ဝန်ထမ်းတွေနဲ့ ရန်ပုံငွေအလှူရှင်တွေရဲ့ ညီညီညွတ်ညွတ် ဝိုင်းဝန်းဆောင်ရွက်ခဲ့တာတွေကို ကျေးဇူးတင်တယ်လို့ ဖော်ပြထားပါတယ်။

နေ့ရက်အလိုက် မိုးလေဝသခန့်မှန်းချက် အခြေအနေသတင်းတွေ၊ ထူးခြားဖြစ်စဥ်အလိုက် ကြိုတင်ပြင်ဆင် ဆောင်ရွက်ရမယ့် အကြံပြုချက်တွေကိုလဲ ဌာနရဲ့  Facebook page ကနေတဆင့် ပြည်သူတွေသိရှိနိုင်ဖို့ ထုတ်ပြန်ဆောင်ရွက်နေတယ်လို့ ရေးသားထားပါတယ်။

ဒါ့အပြင် NUGPay စီမံဌာနကလဲ အခုနှစ်ထဲ တတိယအကြိမ်မြောက် သဘာ၀ဘေးဒဏ်ရန်ပုံငွေအစီအစဉ်ကို ထုတ်ပြန်ထားကာ ဘေးအန္တရာယ်တွေအတွက် ငါတို့မှာ ငါတို့ပဲရှိတယ်ဆိုတဲ့ မာန်ကိုတင်းပြီး လက်သီးတွေဆုတ်ကာ ဖြတ်ကျော်ကြရမှာလို့ ပြောဆိုထားပါတယ်။

ပြည်သူအချင်းချင်း ကူညီနိုင်ဖို့ NUGPay ရဲ့ Disaster Relief Fund အစီအစဉ်ဟာ အမြဲတမ်းအတွက်ဖြစ်ပြီး  ကမ်ပိန်းရက် သတ်မှတ်ထားတာမရှိဘဲ ရန်ပုံငွေရှိနေသမျှ အကူအညီလိုအပ်နေတဲ့ ရေဘေးသင့်ပြည်သူတွေထံ လှူဒါန်းနေမှာဖြစ်တယ်လို့ ‌အသိပေးထားပါတယ်။

ဒါ့ကြောင့် အရင်လို သတ်မှတ်ကာလထိ စောင့်ဆိုင်းကာ လှူဒါန်းနေမှာ မဟုတ်တော့ဘဲ သိန်း(၅၀) ပမာဏပြည့်မီတိုင်း လိုအပ်နေသူတွေဆီ လှူဒါန်းသွားမှာဖြစ်သလို လှူဒါန်းမှုပြီးစီးသမျှကို ပြည်သူလူထုထံ အမြဲတင်ပြပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

တွန်းဇံမြို့နယ်ထဲရှိ လူငယ်တွေကို တပ်သားသစ်စုဆောင်းမယ်လို့ မြို့နယ်ကောင်စီထုတ်ပြန်

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 23 ရက်
  • 0 Views
စစ်မှုမထမ်းလိုသူတွေကို နယ်နှင်ဒဏ်ပေးမယ်လို့ဆို ဖေဖော်ဝါရီလ (၂၃)ရက်။ တွန်းဇံမြို့နယ်ထဲရှိ လူငယ် အမျိုးသားနဲ့ အမျိုးသမီးတွေကို တပ်သားသစ် စုဆောင်းသွားမယ်လို့ တွန်းဇံမြို့နယ်ကောင်စီရဲ့ ဒီကနေ့မှာ
မြန်မာသတင်း

IPDF အပါအဝင် မဟာမိတ်အင်အားစုတွေ စုပေါင်းပြီး အင်းလေးဒေသလွတ်မြောက်ရေးအဖွဲ့ ဖွဲ့စည်း

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 23 ရက်
  • 1 Views
ဖေဖေယ်ဝါရီလ (၂၃)ရက်။ အင်းလေးဒေသ မဟာမိတ်တော်လှန်ရေးအင်အားစုတွေ စုပေါင်းပြီး အင်းလေးဒေသလွတ်မြောက်ရေးအဖွဲ့(IRLO)ကို ဖွဲ့စည်းခဲ့တယ်လို့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒီကနေ့ မြန်မာ့နွေဦးတော်လှန်ရေးရဲ့
မြန်မာသတင်း

Non CDM ဝန်ထမ်းတွေ ထိန်းချုပ်ဒေသထဲ‌တွေ့ရင် အရေးယူမယ်လို့သတိပေး

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 23 ရက်
  • 1 Views
ဖေဖော်ဝါရီလ (၂၃)ရက်။ အလင်းမဝင်တဲ့ Non CDM ဝန်ထမ်းတွေကို ထိန်းချုပ်ဒေသထဲ တွေ့ရှိရင် ထိရောက်စွာ အရေးယူမယ်လို့ စေတုတ္တရာမြို့နယ်ပကဖရဲ့ မနေ့က သတိပေးထားချက်အရ သိရပါတယ်။ စေတုတ္တရာမြို့နယ်ထဲ စစ်ကော်မရှင်ရဲ့ အုပ်ချုပ်ရေးယန္တရားမှာ ပါဝင်ထမ်းဆောင်နေတဲ့ Non CDM
မြန်မာသတင်း

“အတီအတာ ပလီပလာနဲ့ ကြည်ပြာအမှုပလပ်”

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 22 ရက်
  • 26 Views
အထက်ပါ ခေါင်းစဥ်နဲ့ဒီအပတ် ၃၅ ကြိမ်မြောက် အပတ်စဉ်နိုင်ငံရေးဖြစ်စဉ်ကို လေ့လာသုံးသပ်ကြည့်ခြင်း ဆွေးနွေးပွဲကိုပြောကြမှာဖြစ်ပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရ ဝန်ကြီးချုပ်ရုံးအတွင်းဝန် မကြည်ပြာအမှုကို NUG က ဘယ်လိုကိုင်တွယ်ခဲ့သလဲ၊ တရားလိုတွေက ဘယ်လိုတုံပြန်ခဲ့ကြသလဲဆိုတာတွေအပြင် မကြည်ပြာအမှုနဲ့တပြိုင်တည်း ပြည်တွင်းပြည်ပကို ဂယက်ရိုက်ခတ်စေခဲ့တဲ့ ၄ နှစ်ကျော် တည်ထောင်လာတဲ့
မြန်မာသတင်း

ချင်းနဲ့ ရခိုင် လူမျိုးနှစ်မျိုးအကြား သမိုင်းသစ်တခုရေးထိုးဖို့ ULA/AA တိုက်တွန်း

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 21 ရက်
  • 28 Views
ဖေဖော်ဝါရီလ (၂၁)ရက်။ ချင်းနဲ့ ရခိုင် လူမျိုးနှစ်မျိုးအကြား သမိုင်းသစ်တခုရေးထိုးကြဖို့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်(ULA/AA)က ချင်းအမျိုးသားနေ့ကို ပေးပို့တဲ့သဝဏ်လွှာမှာ တိုက်တွန်းခဲ့တယ်လို့ သိရပါတယ်။ ရခိုင်ဒေသထဲနဲ့ အပြင်ဖက်မှာ နေထိုင်တဲ့ ချင်းလူမျိုးအပါအဝင် အခြားမျိုးနွယ်စု လူမျိုးတွေဟာ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကထဲက ရှည်လျားတဲ့သမိုင်းကြောင်း၊
မြန်မာသတင်း

ဒေါ်ကြည်ပြာကို ရာထူးတာဝန် ပြန်ခန့်အပ်ထားတာ မရှိသေးဘူးလို့ NUG ပြော

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 21 ရက်
  • 22 Views
ဖေဖော်ဝါရီလ (၂၁)ရက်။ ဒေါ်ကြည်ပြာကို ရာထူးတာဝန်ကနေ ယာယီရပ်နားထားဆဲဖြစ်ပြီး ပြန်လည်ခန့်အပ်တာ မရှိသေးဘူးလို့ NUG ဝန်ကြီးချုပ်ရုံး ဝန်ကြီး ဒေါက်တာဇော်ဝေစိုးက ဒီကနေ့မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ ကျနော်တို့ စစ်ဆေးချိန်ကနေ အခုအချိန်အထိ ဒီအမှုအခင်းနဲ့ပတ်သက်တဲ့သူတွေ
မြန်မာသတင်း

မြစ်ကြီးနားလေဆိပ်မှာ MNA လေယာဉ် အသေခံဒရုန်းနဲ့ တိုက်ခိုက်ခံရတယ်လို့ စစ်တပ်ထုတ်ပြန်

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 21 ရက်
  • 26 Views
ဖေဖော်ဝါရီလ (၂၁)ရက်။ မနေ့က ည (၈)နာရီကျော်အချိန်က မြစ်ကြီးနားလေဆိပ်မှာ MNA ခရီးသည်တင်လေယာဉ်တစီး အသေခံဒရုန်းနဲ့ ပစ်ခတ်တိုက်ခိုက်ခံခဲ့ရတယ်လို့ စစ်တပ်ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒရုန်းတွေနဲ့ ပစ်ခတ်ခံရတဲ့ လေယာဉ်ဟာ မြစ်ကြီးနားလေဆိပ်ကနေ မန္တလေးကို ပြန်လည်ထွက်ခွာမယ့် MNA
မြန်မာသတင်း

အင်အားကြီးသူပြောတိုင်းအမှန်ပဲလာ?

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 21 ရက်
  • 26 Views
ဝါရင့်ရှေ့နေကြီးဦးကြီးမြင့်နဲ့အမြင်ဖလှယ်ခြင်းတော်လှန်ရေးတပ်ဖွဲ့အချင်းချင်းကို အင်အားကြီးသူက တိုက်ခိုက်သိမ်းပိုက် အောင်ပွဲခံ နေတာဟာ တကယ့်အောင်ပွဲလား၊ ဘယ်လိုကောင်းကျိုးတွေ ဆိုးကျိုးတွေရှိသလဲဆိုတာ သူတို့အမြင်များကို ဦးကြီးမြင့်နဲ့ဦးထွန်းအောင်ကျော်တို့ကဆွေး‌နွေးတင်ပြထားပါတယ်။ ခေတ်မျက်လုံးအယ်ဒီတာအဖွဲ့