နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ စက်တင်ဘာလ 20 ရက်

1111 စစ်ဆင်ရေး (ကယား)

1111 စစ်ဆင်ရေး (ကယား) မြန်မာသတင်း

KNDF ဖွင့်လှစ်တဲ့ ဆေးသင်တန်းက သင်တန်းသား (၁၈)ဦး ရေထဲမျောပါဆုံးရှုံးခဲ့

စက်တင်ဘာလ (၁၃)ရက်။

KNDF ဆေးဌာနက ကြီးမှူးဖွင့်လှစ်တဲ့ ဆေးသင်တန်းက သင်တန်းသား (၁၈)ဦး ရေထဲကို မျောပါဆုံးရှုံးခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

ဆေးသင်တန်းက သင်တန်းသားတွေဟာ စက်တင်ဘာလ (၁၁)ရက်နေ့ ညနေပိုင်းက သင်ခန်းစာမစ်ရှင်လေ့ကျင့်ပြုလုက်ချိန် ရေချောင်းတစ်ခုကို ဖြတ်ကျော်ဖို့ ကြိုးစားရာက မတော်တဆဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။

ဆေးသင်တန်းဟာ KNDF နဲ့ တပ်ပေါင်းစုတို့ရဲ့ လိုအပ်ချက်အရ ကရင်နီပြည်အတွက် လူ့စွမ်းအားအရင်းအမြစ်တွေ ပိုမိုကောင်းမွန်ဖို့ ရည်ရွယ်ပြီး ဖွင့်လှစ်ခဲ့ကာ ဆေးတပ်သားတွေ တိုးပွားလာစေဖို့ ရည်မှန်းထားခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဒါပေမယ့် အခုလို မတော်တဆဖြစ်ရပ် ဖြစ်ပေါ်လာခဲ့ပြီး ဆေးသင်တန်းသား (၁၈)ဦး ဆုံးရှုံးခဲ့ရတဲ့အပေါ် KNDF အနေနဲ့ သက်ဆိုင်ရာ မိသားစု၀င်တွေ၊ တပ်ရင်းတပ်ဖွဲ့တွေနဲ့အတူ များစွာ ဝမ်းနည်းကြေကွဲရတယ်လို့ ရေးသားထားပါတယ်။

အခုမတော်တဆဖြစ်ရပ်ကို KNDF ဗဟိုအနေနဲ့ လိုအပ်တဲ့ စုံစမ်းစစ်ဆေးတာတွေ ပြုလုပ်သွားမှာဖြစ်ပြီး သက်ဆိုင်ရာ တပ်ရင်းတပ်ဖွဲ့တွေနဲ့ မိဘပြည်သူတွေကို ထုတ်ပြန်အသိပေးသွားမယ်လို့လဲ ပြောဆိုထားပါတယ်။

ဒါ့အပြင် တပ်ပေါင်းစုအနေနဲ့ လိုအပ်နေတဲ့ လူ့အရင်းအမြစ်တွေနဲ့ တော်လှန်ရေးရည်မှန်းချက်တွေကို မဆုတ်မနစ် ဆက်လက်ကြိုးစားပြီး တာ၀န်ယူမှု၊ တာဝန်ခံမှုအပြည့်နဲ့ အမှားအနည်းဆုံးဖြစ်အောင် ကြိုးပမ်းသွားမယ်လို့လဲ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

“NUG ဖျက်သိမ်းမလား လူပြောင်းကစားမလား အတွေးအခေါ်ပြောင်းမလား”

  • 2025 ခုနှစ်၊ စက်တင်ဘာလ 20 ရက်
  • 3 Views
အထက်ပါခေါင်းစဥ်နဲ့ ဦးထွန်းအောင်ကျော် နဲ့ ရှစ်လေးလုံးအရေးတော်ပုံမတိုင်ခင် တံတားနီ အရေးအခင်းမှာခေါင်းဆောင်တဦးအဖြစ်ပါဝင်ခဲ့တဲ့ ကိုအောင်သူတို့ ကိုယ့်အမြင်နဲ့ကိုယ် တော်လှန်ရေးကိုဘယ်လိုအောင်မြင်အောင်လုပ်သင့်တယ် ဘာတွေလိုနေတယ် ဆိုတာကို ဆွေးနွေးထားတာကို
မြန်မာသတင်း

ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနရဲ့ နယ်မြေလုံခြုံရေးအခြေအနေကို စစ်ခေါင်းဆောင် သွားရောက်စစ်ဆေး

  • 2025 ခုနှစ်၊ စက်တင်ဘာလ 20 ရက်
  • 18 Views
စက်တင်ဘာလ (၂၀)ရက်။ မနေ့က ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနရဲ့ နယ်မြေထဲ နယ်မြေလုံခြုံရေးအခြေအနေကို စစ်ခေါင်းဆောင် မင်းအောင်လှိုင်က သွားရောက်စစ်ဆေးခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
မြန်မာသတင်း

ခင်ဦးမြို့နယ်မှာ စစ်တပ်နဲ့ ပျူစောထီး ပူးပေါင်းစစ်ကြောင်း တိုက်ခိုက်ခံရပြီး တပ်ပျက်ဆုတ်ပြေးခဲ့ရ

  • 2025 ခုနှစ်၊ စက်တင်ဘာလ 20 ရက်
  • 18 Views
စက်တင်ဘာလ (၂၀)ရက်။ စက်တင်ဘာလ (၁၈)ရက်နေ့က ခင်ဦးမြို့နယ်ရှိ မကျီးတုံပျူရွာဘက်ကို ထွက်လာတဲ့ အင်အား (၈၀)ခန့်ပါ စစ်တပ်နဲ့ ပျူစောထီးစစ်ကြောင်းကို တိုက်ခိုက်ခဲ့တယ်လို့ မြို့နယ်ပကဖရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ရွှေဘိုလေ့ကျင့်ရေး(၈)က ခွေးတပ်နဲ့ ရွှေဘို
မြန်မာသတင်း

ရခိုင်-ဘင်္ဂလားဒေ့ရှ်နယ်စပ်က ပြည်သူတွေအနေနဲ့ လုံခြုံရေးသတိထားဖို့ AA ထုတ်ပြန်

  • 2025 ခုနှစ်၊ စက်တင်ဘာလ 20 ရက်
  • 16 Views
စက်တင်ဘာလ (၂၀)ရက်။ မောင်တောခရိုင်က နေရာအချို့ကို ARSA နဲ့ RSO လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေဟာ နတ်မြစ်နဲ့ မယူတောင်လမ်းကြောင်းတွေကနေ စိမ့်ဝင်နေတယ်လို့ AA ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ‌နယ်စပ်ကနေ ခိုးဝင်လာတဲ့ အစ္စလာမ်မစ်အဖွဲ့တွေဟာ တောတောင်တွေနဲ့
မြန်မာသတင်း

လှိုင်သာယာမြို့မှာ ရွေးကောက်ပွဲပျက်ပြားအောင် လှုံ့ဆော်စာကပ်တယ်ဆိုပြီး အမျိုးသား (၂)ဦးကို စစ်တပ်ဖမ်းဆီးခဲ့

  • 2025 ခုနှစ်၊ စက်တင်ဘာလ 20 ရက်
  • 15 Views
စက်တင်ဘာလ (၂၀)ရက်။ စက်တင်ဘာလ (၁၇)ရက်နေ့ နံနက် (၆)နာရီ (၁၅)မိနစ်အချိန်က လှိုင်သာယာအရှေ့ပိုင်းမြို့နယ်မှာ ရွေးကောက်ပွဲပျက်ပြားအောင် လှုံ့ဆော်စာကပ်တယ်ဆိုပြီး အမျိုးသား (၂)ဦးကို ဖမ်းဆီးခဲ့တယ်လို့ စစ်တပ်ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဖမ်းဆီးခံရတဲ့ အမျိုးသား (၂)ဦးဟာ
မြန်မာသတင်း

ရွှေကူမြို့ရှိ KIA စစ်သင်တန်းကျောင်း ဗုံးကြဲခံရ

  • 2025 ခုနှစ်၊ စက်တင်ဘာလ 20 ရက်
  • 22 Views
စက်တင်ဘာလ (၁၉)ရက်။ မနေ့က နံနက်အစောပိုင်းအချိန်မှာ ‌ရွှေကူမြို့နယ်ရှိ KIA ရဲ့ စစ်သင်တန်းကျောင်းနေရာကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သတင်းအရင်းအမြစ်တွေထံက သိရပါတယ်။ “ မနေ့က နံနက်အစောကြီးပိုင်းမှာ ရွှေကူမြို့နယ်ထဲ KIA တပ်ရင်း(၁၂)က စစ်သင်တန်းပေးဖို့
မြန်မာသတင်း

ရန်ကုန် အရှေ့ဒဂုံမြို့ရှိ စစ်ကော်မရှင်အုပ်ချုပ်ရေးရုံး ဗုံးပစ်တိုက်ခိုက်ခံရ

  • 2025 ခုနှစ်၊ စက်တင်ဘာလ 19 ရက်
  • 55 Views
စက်တင်ဘာလ (၁၉)ရက်။ ဒီကနေ့ နံနက် (၂)နာရီကျော်အချိန်က အရှေ့ဒဂုံမြို့နယ်ရှိ စစ်ကော်မရှင်လက်အောက်ခံ (၁၂၄)ရပ်ကွက်အုပ်ချုပ်ရေးရုံးကို လက်ပစ်ဗုံးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ Operation Flame(OF)ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ “ နံနက် (၂)နာရီ (၁၉)မိနစ်လောက်မှာ (၁၂၄)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို
မြန်မာသတင်း

တနင်္သာရီရှိ မောတောင်နယ်စပ်တိုက်ပွဲထဲ စစ်တပ်ဘက်က (၂)ဦးသေဆုံးခဲ့

  • 2025 ခုနှစ်၊ စက်တင်ဘာလ 19 ရက်
  • 53 Views
စက်တင်ဘာလ (၁၉)ရက်။ မနေ့က နံနက် (၈)နာရီအချိန် တနင်္သာရီမြို့ ထိုင်း-မြန်မာ မောတောင်နယ်စပ်ကုန်သွယ်ရေးလမ်းမှာ စစ်တပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ KNU ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ တနင်္သာရီမြို့ ထိုင်း-မြန်မာ မောတောင်နယ်စပ်ကုန်သွယ်ရေးလမ်းပိုင်း သိန်းခွန်းရွာအနီးမှာ