အောက်တိုဘာလ (၁၃)ရက်။
စက်တင်ဘာလထဲ လူသားချင်းစာနာမှုအကူအညီအနေနဲ့ ငွေကျပ် (၁၂၂၂)သန်းကို အမှတ်တကယ် အကူအညီလိုအပ်နေသူတွေဆီ ပံပိုးပေးနိုင်ခဲ့တယ်လို့ NUG ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။
တော်လှန်ပြည်သူတွေရဲ့ ပြည်သူမှပြည်သူ အလှူငွေဖြစ်တဲ့ ငွေကျပ် (၁၂၂၂)သန်းကို စစ်ဘေးရှောင်တွေ၊ တိုက်ပွဲထဲ ထိခိုက်ကျဆုံးခဲ့တဲ့ သူရဲကောင်းပြည်သူတွေ၊ CDM ဝန်ထမ်းတွေ၊ နိုင်/ကျဉ်းတွေနဲ့ မိသားစုဝင်တွေ၊ သဘာဝဘေးခံစားရသူတွေနဲ့ ရေဘေးသင့်စစ်ရှောင်တွေ ပါဝင်တယ်လို့ ဆိုပါတယ်။
ဝောာ်လှန်ရေးကာလ (၃)နှစ်ကျော်ထဲ တော်လှန်ရေးအောင်မြင်နိုင်ဖို့ကိုသာ ရှေ့ရှုပြီး အကြပ်အတည်းတွေကြားက ပါဝင်တော်လှန်နေတဲ့ ပြည်သူတွေကို လေးစားဂုဏ်ယူကာ ရှေ့ဆက် လက်တွဲဆောင်ရွက်သွားဖို့ တိုက်တွန်းထားပါတယ်။
လူသားချင်းစာနာမှုအကူအညီပေးခဲ့ရာမှာ ပဲခူး၊ မန္တလေးနဲ့ နေပြည်တော်အပါအဝင် မကွေး၊ စစ်ကိုင်း၊ တနင်္သာရီ၊ ကရင်၊ မွန်၊ ကရင်နီ၊ ရှမ်းနဲ့ ရခိုင်တို့က ရေဘေးသင့် စစ်ရှောင်ပြည်သူ (၇)သိန်းကျော်ကို ပံ့ပိုးပေးခဲ့တယ်လို့ ဖော်ပြထားပါတယ်။
စက်တင်ဘာလထဲ အမှန်တကယ် အကူအညီလိုအပ်နေသူတွေဆီကို NUG လူသားချင်းစာနာမှုဝန်ကြီးဌာနက ပံ့ပိုးပေးနိုင်ခဲ့တာကို အစိုးရနဲ့ ပြည်သူအကြား အချင်းချင်း အားပေးအားယူပြုနိုင်ဖို့ ထုတ်ပြန်တင်ပြတာလို့ သိရပါတယ်။