နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 27 ရက်

မြန်မာသတင်း

မြန်မာသတင်း

ရွှေပြည်သာမြို့မှာ စစ်ကောင်စီတပ်တွေ ဂျူတီချိန်းချိန် ဖောက်ခွဲတိုက်ခိုက်ခံရပြီး (၃)ဦးထိမှန်ခဲ့

စက်တင်ဘာလ (၁၄)ရက်။

ဒီကနေ့ နံနက် (၇)နာရီကျော်အချိန်က ရွှေပြည်သာမြို့နယ်၊ (၁၄)လမ်းဆုံရှိ စစ်ကောင်စီတပ်ဘန်ကာမှာ ဂျူတီချိန်းချိန် ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ God’s Hand Forces(GHF)ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

“ နံနက် (၇)နာရီ (၁၀)မိနစ်လောက်မှာ (၁၄)လမ်းဆုံက စစ်တပ်ဘန်ကာကို စခတွေက ကားနဲ့လာပြီး ဂျူတီချိန်းတဲ့အချိန် ဖောက်ခွဲတိုက်ခိုက်ခဲ့တာပါ။ စခ (၃)ဦး ထိထိမိမိ ထိခိုက်ခဲ့ပါတယ်” လို့ ဆိုပါတယ်။

ဖောက်ခွဲတိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်ဖွဲ့၀င် (၃)ဦး ထိမှန်ခဲ့ကာ နောက်ဆက်တွဲကို ထပ်မံအတည်ပြုစုံစမ်းနေပြီး တော်လှန်ရေးရဲဘော်တွေ ဘေးကင်းစွာ ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

GHF ရဲ့ မြို့ပြမှာ အာဏာသိမ်းစစ်ကောင်စီအနေနဲ့ လုံး၀အုပ်ချုပ်ခွင့်မရဖို့နဲ့ စစ်ကောင်စီဒေါက်တိုင်တွေကို ရိုက်ချိုးမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ တိုက်ခိုက်ခဲ့တာလို့ ရေးသားထားပါတယ်။

အခုလိုတိုက်ခိုက်ခဲ့တာဟာ “ M 043 စစ်ဆင်ရေး” ရဲ့ တစိတ်တဒေသဖြစ်ပြီး ဆဌမမြောက် ဖော်ဆောင်တာဖြစ်ပြီး ပြည်သူတွေအနေနဲ့ စစ်ကောင်စီ ဒေါက်တိုင်တွေ၊ လုပ်ငန်းဌာနတွေ၊ အထိုင်ကင်းတွေ လှည့်ကင်းတွေနဲ့ ဝေးရာကနေ ရှောင်ရှားသွားလာဖို့ အသိပေးထားတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

(၃)ရက်တာထဲ စစ်ကောင်စီတပ်သား (၂၃)ဦးကို လက်နက်ခဲယမ်းတွေနဲ့ ဖမ်းမိခဲ့တယ်လို့ CDF-ASHO ထုတ်ပြန်

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 27 ရက်
  • 5 Views
ဖေဖော်ဝါရီလ (၂၇)ရက်။ ဖေဖော်ဝါရီလ (၂၄)ရက်ကနေ (၂၆)ရက်နေ့အထိ တောထဲနေရာတွေကနေ စခန်းစွန့်ခွာထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သား (၂၃)ဦးကို ဖမ်းမိခဲ့တယ်လို့ CDF-ASHO ရဲ့
မြန်မာသတင်း

ဆားလင်းကြီးမြို့က ကျေးရွာတွေမှာ ဗုံးခိုကျင်းနဲ့ ကတုတ်ကျင်းတွေ တူးဖော်ကြဖို့ မြို့နယ်ပအဖ ညွှန်ကြား

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 27 ရက်
  • 4 Views
ဖေဖော်ဝါရီလ (၂၇)ရက်။ ဆားလင်းကြီးမြို့နယ်ထဲရှိ ကျေးရွာတွေမှာ ဗုံးခိုကျင်းနဲ့ ကတုတ်ကျင်းတွေ တူးဖော်ကြဖို့ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)က ညွှန်ကြားထားတယ်လို့ ထုတ်ပြန်ထားချက်တွေအရ သိရပါတယ်။ ဗုံးခိုကျင်းနဲ့
မြန်မာသတင်း

မုံရွာရှိ MRTV အသံလွှင့်တာဝါတိုင်ကုန်းစခန်းကို သိမ်းပိုက်ခဲ့တယ်လို့ အမှတ်(၁)စစ်ဒေသထုတ်ပြန်

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 27 ရက်
  • 3 Views
ဖေဖော်ဝါရီလ (၂၇)ရက်။ မနေ့က နံနက်ပိုင်းအချိန်က မုံရွာမြို့ ခတက္ကန်ရွာ အရှေ့ဘက်ရှိ MRTV အသံလွှင့်တာဝါတိုင်ကုန်းစခန်းကို အောင်မြင်စွာသိမ်းပိုက်နိုင်ခဲ့တယ်လို့ အမှတ်(၁)စစ်ဒေသရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်ကောင်စီရဲ့ MRTV အသံလွှင့်တာဝါတိုင်ကုန်း(ဗောဓိတထောင်)စခန်းမှာ ရဲအင်အား (၁၇)ဦး အခြေချထားပြီး
မြန်မာသတင်း

ရန်ကုန်-မန္တလေးလမ်းဟောင်းက စစ်ကောင်စီဂိတ်စခန်းတွေ တိုက်ခိုက်ချေမှုန်းခံရ

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 27 ရက်
  • 4 Views
ဖေဖော်ဝါရီလ (၂၇)ရက်။ အခု (၂)ရက်တာထဲ ဖြူးမြို့နယ်၊ ရန်ကုန်-မန္တလေးလမ်းဟောင်းရှိ စစ်ကောင်စီဂိတ်စခန်း (၇)ခုကို တော်လှန်ရေးပူးပေါင်းတပ်တွေက တိုက်ခိုက်ချေမှုန်းခဲ့တယ်လို့ MOD ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဖေဖော်ဝါရီလ (၂၅)ရက်နဲ့ (၂၆)ရက်နေ့တို့မှာ ရန်ကုန်-မန္တလေးလမ်းဟောင်းပေါ် စစ်ကောင်စီတပ်တွေ
1027 Operations မြန်မာသတင်း

စစ်အုပ်စုကို တရားစွဲဖို့လုပ်တဲ့ ဘယ်အဖွဲ့နဲ့မဆို ပူးပေါင်းရမယ်လို့ TNLA ပြော

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 26 ရက်
  • 21 Views
ဖေဖော်ဝါရီလ (၂၆)ရက်။ စစ်ရာဇဝတ်မှုပေါင်းစုံ ကျူးလွန်နေတဲ့ စစ်အုပ်စုကို တရားစွဲဖို့လုပ်တဲ့ ဘယ်အဖွဲ့နဲ့မဆို ပူးပေါင်းဖို့လိုတယ်လို့ TNLA ထိပ်ပိုင်းခေါင်းဆောင်တဦးဖြစ်တဲ့ ဗိုလ်ချုပ် တားဘုန်းကျော်က ဒီကနေ့မှာ ပြောဆိုထားတယ်လို့ သိရပါတယ်။ “ စစ်ခေါင်းဆောင်တွေကို နိုင်ငံတကာ (သို့) နိုင်ငံတခုခုက
မြန်မာသတင်း

ပေါင်မြို့မှာ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးလင်မယား(၂)ဦး ပစ်ခတ်ခံရပြီး သေဆုံး

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 26 ရက်
  • 14 Views
ဖေဖော်ဝါရီလ (၂၆)ရက်။ ဒီကနေ့ နံနက် (၇)နာရီအချိန်က ပေါင်မြို့နယ်ရှိ ညောင်ကုန်းကြီးရွာရဲ့ အုပ်ချုပ်ရေးမှူး လင်မယား (၂)ဦး သေနတ်နဲ့ ပစ်ခတ်ခံရပြီး သေဆုံးခဲ့တယ်လို့ စစ်ကောင်စီချန်နယ်တွေထံက သိရပါတယ်။ “ ညောင်ကုန်းကြီးရွာ အုပ်ချုပ်ရေးမှူး မြင့်စိုးနဲ့ သူ့မိန်းမ
မြန်မာသတင်း

ကန့်ဘလူ ပလဖအချုပ်ခန်းမှာ အချုပ်သူကို မုဒိန်းကျင့်လို့ တာဝန်ကနေ ရပ်ဆိုင်းခံရတဲ့ ပအဖခေါင်းဆောင် စစ်အုပ်စုနဲ့ ပူးပေါင်းသွားတယ်လို့ဆို

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 26 ရက်
  • 17 Views
ဖေဖော်ဝါရီလ (၂၆)ရက်။ ကန့်ဘလူမြို့ရှိ ပလဖအချုပ်ခန်းတခုမှာ အချုပ်သူတစ်ဦးကို မုဒိန်းကျင့်တဲ့ ပအဖတာဝန်ခံ မြင့်ဇော်ဦး(ခ)မဲခေါင်ဟာ စစ်အုပ်စုနဲ့ ပူးပေါင်းသွားပြီလို့ ဒေသတွင်းသတင်းအရင်းအမြစ်တွေထံက သိရပါတယ်။ “ ဦးမဲခေါင် စစ်အုပ်စုနဲ့ပေါင်းသွားတယ်ဆိုပြီး အခုရက်ပိုင်းထဲ ပြောနေကြတာတော့ကြားတယ်။ ဖြစ်နိုင်ချေ ရာခိုင်နှုန်းကတော့ များတယ်။
မြန်မာသတင်း

မင်းတပ်မြို့နေ ပြည်သူတွေ လက်နက်ခဲယမ်းတွေ အပ်နှံကြဖို့ CDF-MINDAT ထုတ်ပြန်

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 26 ရက်
  • 11 Views
ဖေဖော်ဝါရီလ (၂၆)ရက်။ မင်းတပ်မြို့နယ်ထဲ နေထိုင်ကြတဲ့ ပြည်သူတွေအနေနဲ့ လက်နက်ခဲယမ်းတွေကို နီးစပ်ရာ တပ်ရင်း၊ တပ်ဖွဲ့တွေဆီ အပ်နှံကြဖို့ CDF-MINDAT ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ မင်းတပ်မြို့နေ ပြည်သူတွေအနေနဲ့ မြို့သိမ်းတိုက်ပွဲကနေ ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဆီက