ဒီဇင်ဘာလ (၁၄)ရက်။
မနေ့က ကျွန်းလှမြို့နယ်ထဲ စစ်ကောင်စီနဲ့ ပျူစောထီးတွေ အထိုင်ချတပ်စွဲထားတဲ့ မဒေါင်ရွာကို တော်လှန်ရေးတပ်တွေ ပြန်လည်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့ထံက သိရပါတယ်။
“ စကစနဲ့ ပျူစောထီး (၇၀)လောက်နဲ့ တပ်စွဲထားတဲ့ မဒေါင်ရွာကို မနေ့က နံနက် (၅)နာရီခွဲလောက်ကစပြီး ကျွန်းလှမြို့ထဲက တော်လှန်ရေးတပ်တွေ တိုက်ခိုက်ခဲ့တာပါ။ တိုက်ပွဲ (၅)နာရီကျော်ကြာပြီး မဒေါင်ရွာကို ပြန်သိမ်းပိုက်နိုင်ခဲ့တာ” လို့ ဆိုပါတယ်။
စစ်ကောင်စီနဲ့ ပျူစောထီး အင်အား (၇၀)ခန့်နဲ့ တပ်စွဲထားတဲ့ မဒေါင်ရွာကို နံနက် (၅)နာရီခွဲအချိန်ကစပြီး တော်လှန်ရေးတပ်တွေက တိုက်ခိုက်ခဲ့ရာ (၅)နာရီခန့်အကြာ နံနက် (၁၀)နာရီ (၄၅)မိနစ်အချိန်မှာ ပြန်လည်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
တိုက်ပွဲထဲ စစ်ကောင်စီတပ်ဘက်က တစ်ဦးသေဆုံးခဲ့ပြီး (၂၀)ဦးခန့် အပြင်းအထန်ဒဏ်ရာရရှိခဲ့ကာ ဒဏ်ရာရသူတွေကို ဆွဲထုတ်ပြီး လွှတ်တိုက်ရွာအရှေ့ဘက်သို့ ဆုတ်ခွါသွားက်ြလို့ ရေးသားထားပါတယ်။
တိုက်ပွဲထဲ စစ်ကောင်စီထံက MA1 (၁)လက်၊ 5.56 ကျည် (၄၆၀)တောင့်၊ ကျည်ဘောက်စ် (၅)ဘောက်စ်၊ နင်းမိုင်းအကြီး (၁)လုံး၊ အသေး (၆)လုံး၊ ဦးထုပ် (၂)လုံးနဲ့ icon (၁)လုံးတို့ကို တော်လှန်ရေးတပ်တွေ သိမ်းဆည်းရမိခဲ့တယ်လို့ ပြောဆိုထားပါတယ်။
နောက်ပြီး မဒေါင်ရွာမှာ နိုဝင်ဘာလ (၂၁)ရက်နေ့က စစ်ကောင်စီတပ်နဲ့ ပျူစောထီးတို့ရဲ့ အကြမ်းဖက်မီးရှို့ဖျက်ဆီးတာကို ၂ ကြိမ်တိတိခံခဲ့ရသို ကျွန်းလှမြို့ရှိ ကျေးရွာတွေကို စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီးပြီး ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်နေတာ (၂၅)ရက်ကြာပြီလို့ ဖော်ပြထားပါတယ်။
ဒါ့အပြင် တစ်လနီးပါးကြာ စစ်ဘေးရှောင်နေရတဲ့ ပြည်သူ (၂)သောင်းခန့်မှာ အခြေခံစားသောက်ကုန်၊ ဆေးဝါး၊ အနွေးထည်၊ စောင်နဲ့ အမိုးအကာတွေ အရေးပေါ်လိုအပ်နေတယ်လို့ ထုတ်ပြန်ထားချက်တွေအရ သိရပါတယ်။