နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 19 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန်

ရောဘတ်အက်ဖ်ကနေဒီဂျူနီယာကို ကျန်းမာရေးဝန်ကြီးအဖြစ် ထရမ့် ရွေးချယ်အဆိုပြု

နိုဝင်ဘာလ (၁၅) ရက်။

ရွေးကောက်ခံသမ္မတ ထရမ့်သည် ရောဘတ်အက်ဖ်ကနေဒီဂျူနီယာကို ကျန်းမာရေးဝန်ကြီးအဖြစ် ရွေးချယ်ရန် အဆိုပြုလိုက်ပြီဖြစ်သည်။ လာမည့်ထရမ့်အစိုးရတွင် ဝေဖန်ဆန့်ကျင်ခံရမည့် ရွေးချယ်မှုဖြစ်ပြီး ထရမ့်သည် မေးခွန်းထုတ်စရာပုဂ္ဂိုလ်ကို ထပ်မံရွေးချယ်လိုက်ပြန်ပြီ ဖြစ်သည်။ပတ်သက်၍ တုံ့ပြန်မှုကို လှုံ့ဆော်နိုင်သည့် နောက်ထပ် ဝန်ထမ်းအပြောင်းအလဲ ဖြစ်သည်။ အထက်လွှတ်တော် ရီပတ်ဘလစ်ကန်များ၏ ထရမ့်အပေါ်သစ္စာစောင့်သိမှုကို လာမည့်အတည်ပြုချက်လုပ်ငန်းစဉ်တွင် စမ်းသပ်ခံရတော့မည်ဖြစ်သည်။

ထရမ့်သည် နိုဝင်ဘာလ ၁၄ ရက်နေ့တွင် ကနေဒီအား ရွေးချယ်ခဲ့ကြောင်း ကြေညာခဲ့သည်။ “ အမေရိကန်နိုင်ငံသားအားလုံး၏ ဘေးကင်းရေးနှင့် ကျန်းမာရေးကို အကာအကွယ်ပေးခြင်းသည် မည်သည့်အုပ်ချုပ်ရေးအတွက်မဆို အရေးကြီးဆုံး အခန်းကဏ္ဍဖြစ်သည်။ ကျန်းမာရေးဝန်ကြီးဌာနသည် လူသားတို့၏ဘေးကင်းရေးအတွက် ကူညီပေးရာတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်လိမ့်မည်။ နောက်နောင်တွင် လူတိုင်းကို အန္တရာယ်ဖြစ်စေသော ဓာတုပစ္စည်းများ၊ ညစ်ညမ်းစေသောအရာများ၊ ပိုးသတ်ဆေး၊ ဆေးဝါးများနှင့် အစားအသောက်များတွင် ပါဝင်သော ဓာတုပစ္စည်းများမှ ကာကွယ်နိုင်မည်ဖြစ်သည်။” ဟု X (ယခင် Twitter) တွင် ထရမ့်က ရေးသားခဲ့သည်။

ထို့အပြင် ကနေဒီသည် ကျန်းမာရေးနှင့် လူမှုဖူလုံရေး ဝန်ကြီးဌာန၏ အစဉ်အလာဖြစ်သည့် သိပ္ပံနည်းကျ သုတေသနပြုမှုနှင့် ပွင့်လင်းမြင်သာမှု ပကတိစံနှုန်းများကို ပြန်လည်ရယူနိုင်ကြောင်း ထောက်ပြခဲ့သည်။ “ ကျွန်တော်တို့သည် နာတာရှည်ရောဂါ ကပ်ဆိုးကြီးကို အဆုံးသတ်စေပြီး အမေရိကကို ကြီးကျယ်ခမ်းနားသော နိုင်ငံကြီးဖြစ်အောင် ကျန်းမာသန်စွမ်းသောနိုင်ငံဖြစ်အောင် ပြန်လည်ပြုလုပ်မည်” ဟု အခိုင်အမာ ပြောဆိုထားသည်။

ကနေဒီသည် နိုဝင်ဘာလ ၁၄ ရက်နေ့တွင် ထရမ့်၏ခန့်အပ်မှုကို လက်ခံခဲ့သည်။ သူသည် အမေရိကန် ပြည်ထောင်စုတွင် အထင်ရှားဆုံးသော ကာကွယ်ဆေးဆန့်ကျင်ရေး ပူးပေါင်းကြံစည်မှုသီအိုရီများကို ဦးဆောင်ထောက်ခံသူတစ်ဦးဖြစ်ပြီး ကာကွယ်ဆေးများ၏ ဘေးကင်းမှုနှင့် ထိရောက်မှုနှင့်ပတ်သက်ပြီး မှားယွင်းနေကြောင်း မကြာခဏ ပြောဆိုလေ့ရှိသည်။

လွှတ်တော်၏ အတည်ပြုချက်ရရှိပါက ကနေဒီသည် အိုဘားမားကဲ (Obamacare)၊ မက်ဒီကဲ (Medicare) နှင့် မက်ဒီကိတ် (Medicaid) များကို စီမံခန့်ခွဲကြီးကြပ်သွားမည်ဖြစ်သည်။ ထရမ့်သည် အိုဘားမားကဲကို လုံးလုံးလျားလျား ဖျက်သိမ်းရန် ကြိုးပမ်းမည် မဟုတ်သော်လည်း ၎င်း၏ မဲဆွယ်ကာလတွင် ကတိပြုထားသည့်အတိုင်း ကျန်းမာရေဆိုင်ရာ ဥပဒေများကို ပြုပြင်ပြောင်းလဲမည့် အစီအစဉ်များကို ကြေညာမည်လားဆိုသည်ကို ရှင်းရှင်းလင်းလင်း မသိရသေးပါ။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အစ္စရေး အမေရိကန်

အီရန်စစ်ပွဲနှင့် ပတ်သက်၍ ထရမ့်ခန့်အပ်ထားသူ ဂျိုးကန့် နုတ်ထွက်ခြင်း၏ အရေးပါမှု

  • 2026 ခုနှစ်၊ မတ်လ 18 ရက်
  • 14 Views
CNN – ၂၀၂၆ ခုနှစ်၊ မတ်လ ၁၈ ရက် အီရန်စစ်ပွဲအပေါ် ရှေးရိုးစွဲဝါဒီများ၏ ပြည်တွင်းအငြင်းပွားမှုသည် အင်္ဂါနေ့တွင် အဆင့်သစ်တစ်ခုသို့
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

အီတလီက မြေထဲပင်လယ်အတွင်း ရုရှားရေနံတင်သင်္ဘော အချိန်မရွေး ပေါက်ကွဲနိုင်သည်ဟု သတိပေး

  • 2026 ခုနှစ်၊ မတ်လ 18 ရက်
  • 11 Views
ရောမမြို့ ။ ပိတ်ဆို့အရေးယူခံထားရသည့် သဘာဝဓာတ်ငွေ့ရည် (LNG) များ တင်ဆောင်လာသော ရုရှားရေနံတင်သင်္ဘောတစ်စင်းသည် သင်္ဘောသားတစ်ဦးမျှမပါဘဲ၊ ဘေးဘက်တွင်လည်း အပေါက်ကြီးတစ်ပေါက်ဖြင့် မြေထဲပင်လယ်အတွင်း ထိန်းချုပ်မှုမဲ့ မျောပါနေသည်။ ယင်းအခြေအနေကြောင့် “ ကြီးမားသော ဂေဟစနစ်ဆိုင်ရာ ဘေးအန္တရာယ် တစ်ခု
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား-ယူကရိန်းစစ်ပွဲ

သူသည် စစ်ပွဲသူရဲကောင်းအဖြစ် အိမ်ပြန်လာခဲ့သည်။ သို့သော် တံခါးပိတ်ထားသည့် နောက်ကွယ်တွင်မူ သူသည် အာဏာရှင်တစ်ဦး ဖြစ်လာခဲ့သည်။

  • 2026 ခုနှစ်၊ မတ်လ 16 ရက်
  • 106 Views
CNN- ၂၀၂၆ခုနှစ်၊ မတ်လ ၁၆ရက် ယူကရိန်းစစ်ပွဲ ကိယက်ဗ်မြို့ —အလီစာ (Alisa) သည် သူမ၏ခင်ပွန်း သူမအား ပထမဆုံး အကြိမ် နာကျင်အောင်ပြုလုပ်ခဲ့သည့် အချိန်ကို မှတ်မိနေဆဲဖြစ်သည်။ ယူကရိန်းအရှေ့ပိုင်း ရှေ့တန်းစစ်မျက်နှာမှ ခွင့်ဖြင့်ပြန်လာစဉ် ခင်ပွန်းဖြစ်သူသည်
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ အမေရိကန် အီရန်

အီရန်နိုင်ငံတွင် ထရမ့် ရွေးချယ်လိုက်သော စစ်ပွဲသည် ပူတင်အတွက် အခွင့်အလမ်းတစ်ရပ် ဖြစ်လာစေခဲ့သည်။

  • 2026 ခုနှစ်၊ မတ်လ 16 ရက်
  • 54 Views
CNN- ၂၀၂၆ခုနှစ်၊ မတ်လ ၁၆ရက် ရုရှားသမ္မတ ဗလာဒီမာပူတင်သည် အကျပ်အတည်းများကြားမှ အခွင့်အလမ်းကို မည်သို့ရှာဖွေရမည်ကို ကောင်းစွာသိရှိပြီး၊ ယခု ပြန့်နှံ့လာနေသော အီရန်စစ်ပွဲသည်လည်း နောက်ထပ် သာဓကတစ်ခုပင် ဖြစ်သည်။ ပူတင်သည် ယူကရိန်းကို သိမ်းပိုက်ရေး စစ်ဆင်ရေးနှင့်
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ဟော်မုဇ် ရေလက်ကြား လုံခြုံရေးအတွက် နိုင်ငံများမှ ကူညီခြင်းမရှိပါက နေတိုး (NATO) အဖွဲ့အတွက် ‘အလွန်ဆိုးရွားသော အနာဂတ်’ ရှိလာနိုင်ကြောင်း ထရမ့် သတိပေး

  • 2026 ခုနှစ်၊ မတ်လ 16 ရက်
  • 42 Views
၂၀၂၆ ခုနှစ်၊ မတ်လ ၁၆ ရက် အရှေ့အလယ်ပိုင်းဒေသတွင် တိုက်ခိုက်မှုအသစ်များ ပြင်းထန်နေစဉ် လ လက်ဘနွန်နိုင်ငံရှိ ဟစ်ဇဘိုလာ (Hezbollah) အဖွဲ့အပေါ် “အကန့်အသတ်ရှိပြီး ရည်မှန်းချက်ထားသည့်” မြေပြင်စစ်ဆင်ရေးများ စတင်ကြောင်း အစ္စရေးက ကြေညာလိုက်သည်။ သမ္မတ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်ကို ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကမ္ဘာတစ်ဝှမ်း ရိုက်ခတ်မှုများ ဖြစ်ပေါ်နေပုံ

  • 2026 ခုနှစ်၊ မတ်လ 14 ရက်
  • 45 Views
BBC – ၂၀၂၆ ခုနှစ်၊ မတ်လ ၁၃ ရက် “ Operation Epic Fury” ဟု အမည်ပေးထားသော စစ်ဆင်ရေးစတင်ခဲ့သည်မှာ နှစ်ပတ်ရှိလာ ပြီဖြစ်ပြီး ၎င်း၏ နောက်ဆက်တွဲအကျိုးဆက်များကို ကမ္ဘာတစ်ဝှမ်းလုံးတွင် ခံစားနေကြ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

CNN ၏ နောက်ဆုံးရရှိထားသော သတင်းအချက်အလက်များ

  • 2026 ခုနှစ်၊ မတ်လ 13 ရက်
  • 47 Views
၂၀၂၆ခုနှစ်၊ မတ်လ (၁၃)ရက် ထရမ့်အစိုးရ (Trump Administration) သည် အီရန်နှင့် ဖြစ်ပွားနေသော စစ်ရေးပဋိပက္ခတွင် ဟော်မုဇ်ရေလက် ကြား (Strait of Hormuz) ပိတ်ဆို့သွားနိုင်ခြေကို မှားယွင်းတွက်ချက် ခဲ့ကြောင်း ဖော်ပြ ထားသည်။