နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 23 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန်

ထရမ့်က လက်ယာစွန်းသွေးကြွလှုံ့ဆော်သူအား ကြိုးကိုင်နေခြင်း မဟုတ်ကြောင်း အခိုင်အမာဆို

“ သူမဟာ လွတ်လပ်စွာ လုပ်ဆောင်နေသူသာ” ဖြစ်သည်ဟုဆို

စက်တင်ဘာလ (၁၅) ရက်၊ ကယ်လီဖိုးနီးယား၊ (CNN)။

နိုဝင်ဘာလတွင် ကျင်းပမည့် အမေရိကန်သမ္မတရွေးကောက်ပွဲအတွက် ရီပတ်ဘလီကန်သမ္မတလောင်းဖြစ်သူ သမ္မတဟောင်းထရမ့်သည် စက်တင်ဘာလ (၁၃) ရက်နေ့က လူသိများသော လက်ယာစွန်းလှုံ့ဆော်သူ လော်ရာလူမာ(Laura Loomer) သည် ၎င်း၏ ထိန်းချုပ်မှုနှင့် ကြိုးကိုင်မှုအောက်တွင် မရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။ သူမဟာ သူ့ဘဝကို လွတ်လပ်စွာ လုပ်ရှားနေသူသာ ဖြစ်ပြီး သူ့အား “ ထောက်ခံသူ” ဖြစ်ကြောင်း ရှင်းလင်းခဲ့သည်။

တောင်ကယ်ရိုလိုင်းနားပြည်နယ်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် CNN သတင်းထောက်တစ်ယောက်၏ မေးခွန်းတွေကို ဖြေကြားခဲ့ပါသည်။ ထရမ့်နှင့် လူမာတို့အကြား နီးကပ်သော ဆက်ဆံရေးနှင့် ပတ်သက်၍ မကြာသေးမီ ရက်ပိုင်းအတွင်းက ထရမ့်၏ လက်ထောက် အများအပြားက စိုးရိမ်ပူပန်မှုများ ထုတ်ဖော်ခဲ့ကြသည်။

သတင်းစာရှင်းလင်းပွဲတွင် ထရမ့်သည် လူမာနှင့်ပတ်သက်ပြီး ယခင်ကတည်းက သူ၏ထောက်ခံသူတစ်ဦးအဖြစ် ကြာရှည်စွာ ရှိနေပြီး သူ၏မဲဆွယ်စည်းရုံးရေးကာလအတွင်း အလွန်အပြုသဘောဆောင်သောမှတ်ချက်များပေးခဲ့သည်ဟု ရှင်းပြခဲ့သည်။ ထရမ့်သည် သူမကို ချုပ်ကိုင်ခြင်း သို့မဟုတ် ခြယ်လှယ်နေခြင်း မဟုတ်ကြောင်းနှင့် သူမ ပြောချင်ရာကို လွတ်လပ်စွာ ပြောပိုင်ခွင့်ရှိကြောင်း အလေးပေးပြောကြားခဲ့သည်။

သတင်းစာရှင်းလင်းပွဲအပြီး နာရီအနည်းငယ်အကြာတွင် သူသည် လူမာ၏ ပြောဆိုချက်အချို့ကို သဘောမတူကြောင်း ၎င်း၏ လူမှုကွန်ရက် Truth Social တွင် ရေးသားခဲ့သည်။ သူမနှင့် ခပ်ခွာခွာနေရန် ရည်ရွယ်ချက်ကို ထုတ်ဖော်ခဲ့သည်။ မည်သည့်ထုတ်ပြန်ချက်ကို အထူးသဘောမတူကြောင်း ၎င်းက မဖော်ပြခဲ့ပေ။ လူမာသည် အခြေအမြစ် မရှိသော တွေးခေါ်သုံးသပ်ချက် သီအိုရီများကို ကာလရှည်ကြာ ထောက်ခံအားပေးခဲ့ပြီး လူမျိုးရေးခွဲခြားသည့် အကြောင်းအရာများကို အွန်လိုင်းတွင် လွှင့်တင်ခဲ့သည်။

Truth Social တွင် ပို့စ်တစ်ခု၌ ထရမ့်က လူမာနှင့်ပတ်သက်ပြီး “ သူ့ရဲ့ မဲဆွယ်စည်းရုံးရေးမှာ အလုပ်လုပ်နေတာ မဟုတ်ပါဘူး၊ ဒါပေမယ့် ပုဂ္ဂလိက အရပ်သားတစ်ဦးဖြစ်ပြီး သူ့ကို ကာလကြာရှည် ထောက်ခံနေသူပါ။ သူမ ပြောတာကို သဘောမတူပေမယ့် ကျွန်တော့်ကို ထောက်ခံတဲ့သူတွေ အများကြီးထဲက တစ်ယောက်ပါ၊ တခြားထောက်ခံသူတွေလိုပဲ အစွန်းရောက် လက်ဝဲဝါဒီတွေနဲ့ ဖက်ဆစ်ဝါဒီတွေက ကျွန်တော်ကို ပြင်းပြင်းထန်ထန် တိုက်ခိုက်ပြီး ဆဲရေးတာကို ငြီးငွေ့နေတဲ့သူပါ” ဟု ရှင်းလင်းခဲ့သည်။

လူမာသည်သည် အငြင်းပွားမှုများကို ဖိတ်ခေါ်သည့် အသက်မွေးဝမ်းလမ်းကျောင်းကို လုပ်ဆောင်ခဲ့သည်။ အစွန်းရောက် လက်ယာယိမ်းအွန်လိုင်းဝေဖန်သူများကြားတွင် ထင်ရှားကျော်ကြားလာပြီး တစ်ချိန်က သူ့ကိုယ်သူ “ အစ္စလာမ့်ဆန့်ကျင်ရေးဝါဒီ” ဟု ဂုဏ်ယူစွာ ခေါ်ဆိုခဲ့သည်။ ၂၀၁၈ ခုနှစ်တွင် သူသည် အစ္စလာမ့်ကိုးကွယ်သူ မဟုတ်သူ မောင်းနှင်သည့် ကားအငှားဝန်ဆောင်မှုလုပ်ငန်းကိုဖန်တီးရမည်ဟုဆိုရှယ်မီဒီယာတွင်ပြောကြားခဲ့သည်။ ပြောကြားသည့် အကြောင်းရင်းမှာ အစ္စလမ္မစ်နိုင်ငံမှ ရွှေ့ပြောင်းနေထိုင်သူ ယာဉ်မောင်းများကို မထောက်ခံလိုခြင်းကြောင့် ဖြစ်သည်။

မနှစ်ကလည်း ၂၀၀၁ ခုနှစ် စက်တင်ဘာ ၁၁ ရက်က ကမ္ဘာ့ကုန်သွယ်ရေးစင်တာ အကြမ်းဖက် တိုက်ခိုက်ခံရမှုမှာ “အတွင်းကလူရဲ့ တိုက်ခိုက်မှု” ဟု ဆိုရှယ်မီဒီယာပို့စ်တစ်ခုတွင် ၎င်းက အခိုင်အမာဆိုခဲ့သည်။

လူမာသည် ၎င်း၏မွေးရပ်ဖလော်ရီဒါပြည်နယ်မှ ကွန်ဂရက်လွှတ်တော်အတွက် နှစ်ကြိမ်တိုင်တိုင် ယှဉ်ပြိုင်ခဲ့သော်လည်း နှစ်ကြိမ်စလုံး ရှုံးနိမ့်ခဲ့သည်။

ထရမ့်နဲ့ ဒီမိုကရက်တစ်သမ္မတလောင်း ဒုသမ္မတဟားရစ်တို့အကြား စကားစစ်ထိုးပွဲမတိုင်ခင် နှစ်ရက်အလိုတွင် လူမာက အိန္ဒိယက ဇာတိရင်းမြစ်ဖြစ်တဲ့ ဟားရစ်သာ အနိုင်ရရင် အိမ်ဖြူတော်က အိန္ဒိယဟင်းနံ့တွေနဲ့ နံ့နေတော့မှာပဲ” ဟု လူမာက ပြောခဲ့ပါသည်။

အဆိုပါမှတ်ချက်များနှင့် ပတ်သက်၍ မေးမြန်းသောအခါ ထရမ့်က အဲ့ဒါကို သူအခုမှ ကြားသိခဲ့ရတယ်ဟု ပြောကြားခဲ့သော်လည်း လူမာသည် “ ခိုင်မာသောထင်မြင်ချက်ရှိသူ” ဖြစ်သည်ကို အသိအမှတ်ပြုကြောင်း ပြောကြားခဲ့သည်။

ထရမ့်၏ကိုယ်ပိုင်လေယာဉ်ဖြင့် စကားစစ်ထိုးပွဲကျင်းပသည့် ဖီလာဒဲလ်ဖီးယားမြို့သို့ သွားရာတွင် ၎င်း၏အနီးကပ်လက်ထောက်များနှင့် မိသားစုများနှင့်အတူ လူမာလည်း လိုက်ပါခဲ့သည်။ ယင်းအကြောင်းနှင့်ပတ်သက်ပြီး မေးမြန်သည့်အခါ ထရမ့်က “ လေယာဉ်ပေါ်မှာ လူတွေ အများကြီးစီးလာတယ်။ အရမ်းကြီးတဲ့ လေယာဉ်ကြီးပါ” ဟု ဖြေကြားခဲ့ပါသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ဗြိတိန် အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲကို ဆန့်ကျင်ရန် ကမ္ဘာတစ်ဝှမ်းရှိ လူထုများ ဆန္ဒပြကြ

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 5 Views
အစ္စရေး – တဲလ်အဗစ်မြို့တွင် ဆန္ဒပြသူအချို့သည် ၎င်းတို့၏ လက်ဖဝါးများကို အနီရောင် ဆိုးထားကြပြီး အချို့ကမူ ဆိုင်းဘုတ်များကို ကိုင်ဆောင်ထားကြသည်။ ဆိုင်းဘုတ်ကြီးတစ်ခုတွင်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန် သုံးပုံနှစ်ပုံက အီရန်နှင့်စစ်ပွဲကို “ ရွေးချယ်မှုအရတိုက်ခိုက်သောစစ်ပွဲ” ဟု CBS News ၏ စစ်တမ်းအသစ်တွင် ဖော်ပြ

  • 2026 ခုနှစ်၊ မတ်လ 22 ရက်
  • 8 Views
၂၀၂၆ခုနှစ်၊ မတ်လ ၂၂ရက် CNN- ဂျနီဖာ အာဂီယက်စတာ (Jennifer Agiesta) ရေးသားသည်။ CBS News နှင့် YouGov တို့၏ စစ်တမ်းအသစ်အရ အမေရိကန်နိုင်ငံသား သုံးပုံနှစ်ပုံက အီရန်နှင့်စစ်ပွဲကို လိုအပ်ချက်အရတိုက်ခိုက်ခြင်းထက် မိမိတို့ရွေးချယ်မှုအရ
တရုတ် နိုင်ငံတကာသတင်း အမေရိကန်

ရှီ-ထရန့် ထိပ်သီးအစည်းအဝေး ကြန့်ကြာမှုကြောင့် တရုတ်နိုင်ငံက ဘာကြောင့် ပိုမို အသာစီး ရလာနိုင်သလဲ။  ဆဲလ်ဗီ ဇောင်း (Sylvie Zhuang) ၏ သုံးသပ်ချက်

  • 2026 ခုနှစ်၊ မတ်လ 21 ရက်
  • 25 Views
CNN- ၂၀၂၆ခုနှစ်၊ မတ်လ(၂၁)ရက် ဟောင်ကောင် — အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က တရုတ်ခေါင်းဆောင် ရှီကျင့်ဖျင်နှင့် ပြုလုပ်မည့် အရေးပါသော ထိပ်သီးအစည်းအဝေးကို ရွှေ့ဆိုင်းရန် တောင်းဆိုလိုက်ခြင်းသည် ပေကျင်းအတွက် အကျိုးရှိသွားစေနိုင်ကြောင်း အဆိုပါကိစ္စနှင့် နီးစပ်သည့် တရုတ်သတင်း ရင်းမြစ်အချို့က
ကနေဒါ နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ရုရှား၊ တရုတ်နှင့် အမေရိကန် – အီရန်စစ်ပွဲ၏ ကမ္ဘာ့အကျိုးအမြတ်ရရှိသူများနှင့် အရှုံးပေါ်သူများ

  • 2026 ခုနှစ်၊ မတ်လ 20 ရက်
  • 27 Views
BBC- ၂၀၂၆ ခုနှစ်၊ မတ်လ ၂၀ ရက် အရှေ့အလယ်ပိုင်းရှိ ရေနံထုတ်လုပ်သည့် နိုင်ငံများသည် ပဋိပက္ခကြောင့် ဟော်မုဇ် ရေလက်ကြား ပိတ်ဆို့မှုနှင့်အတူ ကြီးမားသော စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရသည်။ ယော့ခ်ရှိုင်းယား (Yorkshire) ရှိ နေအိမ်များအတွက်
နိုင်ငံတကာသတင်း အမေရိကန်

လွှတ်တော်ကြီးကြပ်ရေးကော်မတီ ဥက္ကဋ္ဌက အက်ပ်စတိန်း (Epstein) စုံစမ်းစစ်ဆေးမှု အတွက် ရှေ့နေချုပ် ပမ် ဘွန်ဒီ (Pam Bondi) ကို ဆင့်ခေါ်

  • 2026 ခုနှစ်၊ မတ်လ 20 ရက်
  • 25 Views
CNN- ၂၀၂၆ ခုနှစ်၊ မတ်လ ၂၀ ရက် လွှတ်တော်ကြီးကြပ်ရေးကော်မတီ (House Oversight Committee) ဥက္ကဋ္ဌ ဂျိမ်းစ် ကိုးမား (James Comer) သည် ဂျက်ဖရီ အက်ပ်စတိန်း (Jeffrey Epstein)
နိုင်ငံတကာသတင်း အမေရိကန်

တရားသူကြီးများအပေါ် ရန်လိုတိုက်ခိုက်မှုများ ‘ရပ်တန့်ရန် လိုအပ်ပြီ’ ဟု တရားသူကြီးချုပ် ဂျွန်ရောဘတ်စ် ပြောကြား

  • 2026 ခုနှစ်၊ မတ်လ 20 ရက်
  • 23 Views
CNN- ၂၀၂၆ ခုနှစ်၊ မတ်လ ၂၀ ရက် တရားစီရင်ရေးကဏ္ဍအပေါ် ပုဂ္ဂိုလ်ရေးအရ တိုက်ခိုက်မှုများ မပြုလုပ်ရန် တရားသူကြီးချုပ် ဂျွန်ရောဘတ်စ် (John Roberts) က သတိပေးလိုက်ပြီး၊ တရားရုံး၏ ဆုံးဖြတ်ချက်များအပေါ် ဝေဖန်ခြင်းမှာ သင့်လျော်သော်လည်း
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ထရန့်အစိုးရ၏ လုပ်ရပ်များကြောင့် အစ္စရေး၏ ကျဆင်းနေပြီးသား ပုံရိပ်ကို မည်သို့ ထိခိုက်စေနိုင်သနည်း

  • 2026 ခုနှစ်၊ မတ်လ 20 ရက်
  • 26 Views
CNN- ၂၀၂၆ခုနှစ်၊ မတ်လ ၂၀ရက် သမ္မတ ဒေါ်နယ်ထရန့်သည် အမေရိကန်နှင့် အစ္စရေး ဆက်ဆံရေးအတွက် မကောင်းသော အချိန်အခါမျိုးတွင် အစ္စရေးနှင့် ပူးပေါင်းကာ အီရန်စစ်ပွဲကို စတင်ခဲ့သည်။ ပထမဆုံး တိုက်ခိုက်မှုများ မပြုလုပ်မီ တစ်ရက်အလိုတွင် Gallup