နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇန်နဝါရီလ 6 ရက်

မြန်မာသတင်း

မြန်မာသတင်း

ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA) တပ်တည်ထောင်ခြင်း (၃)နှစ်ပြည့်အခမ်းအနား ကျင်းပ

ဧပြီလ (၁၇)ရက်။

ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) တည်ထောင်ခြင်း (၃) နှစ်ပြည့်အခမ်းအနားကို အမှတ် (၁၀၇) စစ်ဒေသမှာ ဒီနေ့ ဧပြီလ (၁၇) ရက်နေ့မှာ ကျင်းပပြုလုပ်ခဲ့ပြီး BPLA တပ်မှုးတွေ၊ ရဲဘော်တွေ၊ အပတ်စဥ် (၇) စုဆောင်းရေးရဲဘော်တွေ၊ မဟာမိတ်ခေါင်းဆောင်တွေနဲ့ ဖိတ်ကြားထားတဲ့ ဧည့်သည်တော်တွေ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

အခမ်းအနားမှာ တပ်တော်ကွပ်ကဲရေးမှုး ကိုဆောင်းခက အဖွင့်အမှာစကားပြောကြားခဲ့ပြီးနောက် မဟာမိတ်ခေါင်းဆောင်တွေ ဖြစ်ကြတဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ဒုစစ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး စောဘောကျော်ဟဲနဲ့ အာရက္ခတပ်တော် (Arakan Army) အမှတ် (၉၀၉) စစ်ဒေသအ စခန်းမှုး ဗိုလ်ကြီးကျော်ဇံတို့က အားပေးမိန့်ခွန်းတွေ ပြောကြားခဲ့တယ်လို့ သိရပါတယ်။

နွေဦးတော်လှန်ရေးအရှိန်အဟုန် မြင့်မားလာတာအမျှ တပ်တော်ရဲ့ ရဲဘော်အများစုဟာ ရှေ့တန်းစစ်မြေပြင်အသီးသီးမှာ တာဝန်ထမ်းဆောင်နေကြရတဲ့အတွက် ဒီနေ့အခမ်းအနားကို မတက်ရောက်နိုင်ကြဘဲ အပတ်စဥ် (၆) သင်တန်းဆင်း ရဲဘော်တွေနဲ့ အပတ်စဥ်(၇) စုဆောင်းရေး သင်တန်းသားတွေပဲ အဓိက တက်ရောက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဝန်းသိုမြို့နေပြည်သူတွေ အခုရက်ပိုင်းထဲ မြို့ထဲကနေ ထွက်ခွာပေးကြဖို့ WPDF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 6 ရက်
  • 4 Views
ဇန်နဝါရီလ (၆)ရက်။ ဝန်းသိုမြို့ရှိ စစ်တပ်ကို ထိုးစစ်ဆင် တိုက်ခိုက်မှာဖြစ်တာကြောင့် မြို့နေပြည်သူတွေ ထွက်ခွာပေးကြဖို့ ဝန်းသို-PDF က မနေ့က ထုတ်ပြန်အသိပေးထားတယ်လို့
မြန်မာသတင်း

မူးမြို့မှာ စစ်တပ်ရဲ့ အတင်းအဓမ္မ စစ်မှုထမ်းစေခိုင်းခံရသူ (၃)ဦး KNLA ထံ အလင်းဝင်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 5 ရက်
  • 32 Views
ဇန်နဝါရီလ (၅)ရက်။ ဇန်နဝါရီလ (၂)ရက်နေ့က မူးမြို့နယ်မှာ စစ်တပ်ရဲ့ အတင်းအဓမ္မ စစ်မှုထမ်းစေခိုင်းခံရတဲ့ တပ်သား (၃)ဦး လက်နက်ချ အလင်းဝင်လာတယ်လို့
မြန်မာသတင်း

NUG နဲ့ မန္တလေးဒေသ ကြားကာလအုပ်ချုပ်ရေးကောင်စီတို့ တွေ့ဆုံဆွေးနွေး

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 5 ရက်
  • 27 Views
ဇန်နဝါရီလ (၅)ရက်။ ဒီဇင်ဘာလ (၂၈)ရက်နေ့က လွတ်မြောက်နယ်မြေ တနေရာမှာ NUG နဲ့ မန္တလေးဒေသ ကြားကာလအုပ်ချုပ်ရေးကောင်စီတို့ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ားချက်အရ သိရပါတယ်။ NUG နဲ့ မန္တလေးဒေသ ကြားကာလအုပ်ချုပ်ရေးကောင်စီတို့ဟာ လုပ်ပိုင်ခွင့်အာဏာခွဲဝေခြင်း(Division of
မြန်မာသတင်း

ဆားလင်းကြီးမြို့ရှိ တိုက်နယ်ဆေးရုံကို စစ်တပ် လေကြောင်းဗုံးကြဲ၊ CDM ဆရာဝန်တဦးအပါအဝင် (၃)ဦးသေဆုံးခဲ့

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 5 ရက်
  • 27 Views
ဇန်နဝါရီလ (၅)ရက်။ မနေ့က နေ့လယ် (၂)နာရီခန့်က ဆားလင်းကြီးမြို့အနောက်ခြမ်းရှိ တိုက်နယ်ဆေးရုံကို စစ်တပ်က ဂိုင်ရိုကော်ပတာနဲ့ လေကြောင်းဗုံးကြဲခဲ့တယ်လို့ နွေဦးရောင်နီ သတင်းမှန်ပြန်ကြားရေးထံက သိရပါတယ်။ “ နမခဘက်ကတက်လာတဲ့ ဂိုင်ရိုကော်ပတာ (၃)စီးနဲ့ ဆားလင်းကြီးအနောက်ခြမ်း မတောင့်တတိုက်နယ်ဆေးရုံကို ဗုံး(၃)ကြိမ်ကြဲသွားတာ။
မြန်မာသတင်း

ဟားခါးမှာ စစ်တပ်ရဲ့ လေကြောင်းဗုံးကြဲတာကြောင့် မိသားစုဝင် (၄)ဦး ထိခိုက်သေဆုံးခဲ့

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 5 ရက်
  • 19 Views
ဇန်နဝါရီလ (၅)ရက်။ မနေ့က ည (၁၂)နာရီကျော်အချိန်က ဟားခါးမြို့ရှိ ကျေးရွာအချို့ကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသထဲသတင်းတွေထံက သိရပါတယ်။ “ မနေ့က ည (၁၂)နာရီကျော်လောက် Halta ရွာနဲ့ Haiphai ရွာကို
မြန်မာသတင်း

မကွေးထောင်မှာ နိုင်/ကျဉ်း (၃၅)ဦး တလနီးပါးကြာ တိုက်ပိတ်ခံထားရ

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 5 ရက်
  • 12 Views
ဇန်နဝါရီလ (၅)ရက်။ မကွေးထောင်မှာ နိုင်ငံရေးအကျဉ်းသား (၃၅)ဦးကို ထောင်အာဏာပိုင်တွေက ရိုက်နှက်ပြီး တလနီးပါးကြာ တိုက်ပိတ်ထားတယ်လို PPNM ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ စဖြစ်တာက အမျိုးသားအဆောင်(၄)မှာ နိုင်/ကျဉ်းတွေကို ထောင်တခုလုံးက စားပြီးသားပန်းကန်တွေ
မြန်မာသတင်း

“၂၀၂၆ စစ်ရေးအလှည့်အပြောင်း”

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 4 ရက်
  • 30 Views
“နျုကြည်ကလည်းတိုက်-KIA ကလည်းတိုက်” ဒီအပတ် တနင်္ဂနွေနေ့ အပတ်စဥ် နိုင်ငံရေးဖြစ်စဥ်များကိုလေ့လာသုံးသပ်ခြင်း (၂၈) မှာ ၂၀၂၆နှစ်သစ်မှာ စစ်ရေးအလှည့်အပြောင်းတွေဘာတွေဖြစ်လာနေသလဲ ဘယ်လို သုံးသပ်မိသလဲ ဆိုတာကို ဦးထွန်းအောင်ကျော်နဲ့ဦးထွန်းကြည်တို့က ဆွေးနွေးတင်ပြ သွားကြမှာ ဖြစ်ပါတယ်၊ ဒီ နေ့ ဇန်နဝါရီလ
မြန်မာသတင်း

ပေါက်ခေါင်းမြို့မှာ စစ်တပ်ယာဉ် မိုင်းဆွဲခံရပြီး (၂)ဦး‌သေသေးခဲ့

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 3 ရက်
  • 45 Views
ဇန်နဝါရီလ (၃)ရက်။ မနေ့က နေ့လယ် (၁)နာရီခွဲအချိန်က ပေါင်းခေါင်း‌မြို့မှာ စစ်တပ်ယာဉ်ကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ အမှတ်(၂)စစ်ဆင်ရေးနယ်မြေရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ အဲ့ဒီစကစယာဉ်က ပေါင်းတည်မြို့ကနေ ပေါက်ခေါင်းမြို့ကို ကင်းပတ်ထွက်လာတဲ့အချိန် ကန်စုရွာ အနောက်ဘက်ကျောင်းအနီးမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တာ”