နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဇန်နဝါရီလ 17 ရက်

မြန်မာသတင်း

မြန်မာသတင်း

ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA) တပ်တည်ထောင်ခြင်း (၃)နှစ်ပြည့်အခမ်းအနား ကျင်းပ

ဧပြီလ (၁၇)ရက်။

ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) တည်ထောင်ခြင်း (၃) နှစ်ပြည့်အခမ်းအနားကို အမှတ် (၁၀၇) စစ်ဒေသမှာ ဒီနေ့ ဧပြီလ (၁၇) ရက်နေ့မှာ ကျင်းပပြုလုပ်ခဲ့ပြီး BPLA တပ်မှုးတွေ၊ ရဲဘော်တွေ၊ အပတ်စဥ် (၇) စုဆောင်းရေးရဲဘော်တွေ၊ မဟာမိတ်ခေါင်းဆောင်တွေနဲ့ ဖိတ်ကြားထားတဲ့ ဧည့်သည်တော်တွေ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

အခမ်းအနားမှာ တပ်တော်ကွပ်ကဲရေးမှုး ကိုဆောင်းခက အဖွင့်အမှာစကားပြောကြားခဲ့ပြီးနောက် မဟာမိတ်ခေါင်းဆောင်တွေ ဖြစ်ကြတဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ဒုစစ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး စောဘောကျော်ဟဲနဲ့ အာရက္ခတပ်တော် (Arakan Army) အမှတ် (၉၀၉) စစ်ဒေသအ စခန်းမှုး ဗိုလ်ကြီးကျော်ဇံတို့က အားပေးမိန့်ခွန်းတွေ ပြောကြားခဲ့တယ်လို့ သိရပါတယ်။

နွေဦးတော်လှန်ရေးအရှိန်အဟုန် မြင့်မားလာတာအမျှ တပ်တော်ရဲ့ ရဲဘော်အများစုဟာ ရှေ့တန်းစစ်မြေပြင်အသီးသီးမှာ တာဝန်ထမ်းဆောင်နေကြရတဲ့အတွက် ဒီနေ့အခမ်းအနားကို မတက်ရောက်နိုင်ကြဘဲ အပတ်စဥ် (၆) သင်တန်းဆင်း ရဲဘော်တွေနဲ့ အပတ်စဥ်(၇) စုဆောင်းရေး သင်တန်းသားတွေပဲ အဓိက တက်ရောက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ရေးမြို့ အမှတ်(၈)ကားလမ်းပေါ် ရေးဘီလူးအဖွဲ့ စစ်ဆေးခဲ့ရာ စစ်ကောင်စီမီးသတ်တပ်ကြပ်တစ်ဦး ဖမ်းမိခဲ့

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 17 ရက်
  • 0 Views
ဇန်နဝါရီလ (၁၇)ရက်။ မနေ့က နံနက် (၉)နာရီ (၄၀)မိနစ်အချိန်က ရေးမြို့နယ် ရေး-မော်လမြိုင် အမှတ်(၈)ကားလမ်းပေါ် ရေးဘီလူးအဖွဲ့က တက်ရောက်စစ်ဆတာတွေ ပြုလုပ်ခဲ့တယ်လို့
မြန်မာသတင်း

မန္တလေးမှာ ဆိုက်ဘာဥပဒေအကြောင်းပြပြီး ဖမ်းဆီးခံရတဲ့လူငယ် (၁၀၀)ကျော်ရှိခဲ့

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 17 ရက်
  • 0 Views
ဇန်နဝါရီလ (၁၇)ရက်။ ဆိုက်ဘာဥပဒေ အကြောင်းပြပြီး မန္တလေးမှာ ဖမ်းဆီးခံရတဲ့ လူငယ် (၁၂၂)ဦးထက်မနည်း ရှိခဲ့တယ်လို့ မန္တလေးသပိတ်အင်အားစုရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ
မြန်မာသတင်း

တော်လှန်‌ရေး အောင်မြင်လာရင် ဒီမိုက‌ရေစီရလာနိုင်သလား (အပိုင်း ၁)

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 17 ရက်
  • 4 Views
ဒီမိုကရေစီစနစ် ခိုင်မာအောင်ဘာတွေလိုအပ်နေသလဲ နဲ့ တော်လှန်‌ရေး အောင်မြင်လာရင် ဒီမိုက‌ရေစီရလာနိုင်သလားဆိုတဲ့မေးခွန်းတွေကို ဥပဒေပညာရှင်ဦးအောင်ထူးကို ဦးထွန်းအောင်ကျော်က တွေ့ဆုံမေးမြန်းထားပါတယ်။ ခေတ်မျက်လုံးအယ်ဒီတာအဖွဲ့
မြန်မာသတင်း

အမ်းမြို့နယ်က ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တိုက်ခိုက်ခံရပြီး (၅)ဦးသေဆုံးကာ (၁၂)ဦးဖမ်းခံရ

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 17 ရက်
  • 6 Views
ဇန်နဝါရီလ (၁၆)ရက်။ ပြီးခဲ့တဲ့ရက်ပိုင်းက အမ်းမြို့နယ်ဘက်ကနေ ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားခဲ့တယ်လို့ ချင်းကာကွယ်ရေးတပ်-အရှိုရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ (၁၃)ရက်နေ့နဲ့ (၁၄)ရက်နေ့က အမ်းဘက်ကနေ ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ပိတ်ဆို့တားဆီးတာကနေ ထိတွေ့တိုက်ပွဲတွေ
၁၁၁၃ ရခိုင်စစ်ပွဲ မြန်မာသတင်း

စစ်ကောင်စီဗုံးကြဲခဲ့တဲ့ ကျောက်နီမော်ရွာက ပြည်သူတွေကို AA ထောက်ပံ့

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 17 ရက်
  • 2 Views
ဇန်နဝါရီလ (၁၆)ရက်။ စစ်ကောင်စီလေတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ ရမ်းဗြဲမြို့ ကျောက်နီမော်ရွာက ပြည်သူတွေဟာ မီးလောင်ဆုံးရှုံးတာတွေကြောင့် အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ AA ရဲ့ ဒီကနေ့မှာ ပြောဆိုထားချက်အရ သိရပါတယ်။ လေကြောင်းဗုံးကြဲခံရပြီး နေအိမ်နဲ့ ပစ္စည်းဥစ္စာတွေ မီးလောင်ဆုံးရှုံးကာ အခက်အခဲဖြစ်နေတဲ့
နိုင်ငံတကာသတင်း မြန်မာသတင်း အာရှ

မီဇိုရမ်ပြည်နယ်မှာ CNF ခေါင်းဆောင်အပါအဝင် (၅) ဦးကို လက်နက်ခဲယမ်းနဲ့အတူ ဖမ်းဆီးရမိဟု မီဇိုရမ်ရဲတပ်ဖွဲ့ထုတ်ပြန်

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 16 ရက်
  • 18 Views
ဇန်နဝါရီလ (၁၆) ရက် အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ မာမစ်ခရိုင်မှာ ချင်းအမျိုးသားတပ်ဦး (CNF/CNA) ခေါင်းဆောင် ပူးဘီလ်ကျုံး (Pu Bil Cung) အပါအဝင် ၅ ဦးကို လက်နက်ခဲယမ်းနဲ့အတူ မီဇိုရမ်ရဲတပ်ဖွဲက ဖမ်းဆီးရမိတယ်လို့ မီဇိုရမ်ရဲတပ်ဖွဲက
မြန်မာသတင်း

ရေးမြို့ရှိ စကခ(၁၉)အနီး စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်တို့ တိုက်ပွဲပြင်းထန်နေ

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 16 ရက်
  • 18 Views
(၃)ရက်တာတိုက်ပွဲထဲ စစ်ကောင်စီဘက်က (၇၀)ဦးခန့် သေဆုံးခဲ့ ဇန်နဝါရီလ (၁၆)ရက်။ ဇန်နဝါရီလ (၉)ရက်နေ့ကစပြီး (၁၁)ရက်နေ့အထိ ရေးမြို့ အမှတ်(၁၉)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်အနီး (၄)မိုင်အကွာမှာ စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်ဖွဲ့တို့အကြား တိုက်ပွဲပြင်းထန်ခဲ့တယ်လို့ NMSP-AD ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
မြန်မာသတင်း

မန္တလေးမှာ ဆိုင်ကယ်စီးလာတဲ့ အမျိုးသားတစ်ဦးကို စစ်ကောင်စီတပ် ပစ်ခတ်ရာက သေ‌ဆုံးခဲ့

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 16 ရက်
  • 13 Views
ဇန်နဝါရီလ (၁၆)ရက်။ ဒီကနေ့ နံနက် (၅)နာရီခွဲအချိန်က မန္တလေး ပြည်ကြီးတံခွန်မြို့နယ်မှာ ဆိုင်ကယ်စီးလာတဲ့ အမျိုးသားတစ်ဦးကို စစ်ကောင်စီတပ်က ပစ်ခတ်ခဲ့ရာ သေဆုံးခဲ့တယ်လို့ ‌မြို့ခံတွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။ “ ဖြစ်တာက ပြည်ကြီးတံခွန် (၁၂၅)လမ်း၊ (၅၉)နဲ့