စက်တင်ဘာလ (၁၇)ရက်။
ဒီကနေ့ နေ့လယ် (၁)နာရီခွဲခန့်က ရေစကြိူမြို့နယ်၊ ဆင်ချောင်းပျူရွာမှာ စစ်ကောင်စီနဲ့ ပျူစောထီး အင်အား (၁၅)ဦးပါတဲ့ စစ်ကြောင်းကို ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ရေစကြိုမြို့နယ်ပကဖရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
စစ်ကောင်စီနဲ့ ပျူစောထီးတွေပါတဲ့ ပူးပေါင်းစစ်ကြောင်းဟာ ဆင်ချောင်းပျူရွာကနေ အရှေ့ဘက်ကို တက်လာပြီး ကုန်းတလင်းရွာနဲ့ ဇီးကုန်းရွာကြားမှာ အသင့်စောင့်ဆိုင်း တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
အဲ့ဒီလို တိုက်ခိုက်ခံရတာကြောင့် အပြန်အလှန်ပစ်ခတ်တာတွေ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ပျူစောထီးတစ်ဦး သေဆုံးခဲ့ကာ အများအပြား ဒဏ်ရာရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
တိုက်ပွဲထဲ စစ်ကောင်စီထံကနေ ၆၀မမ တစ်လုံးနဲ့ ဖုန်းတစ်လုံးတို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ ထုတ်ပြန်ပြောဆိုထားပါတယ်။
ပသ်ခတ်တိုက်ခိုက်ခံရတဲ့အတွက် ငလင်းလက်ပါးစေ ပျူစောထီးတွေဟာ ရှေ့ကိုဆက်မတက်နိုင်တော့ဘဲ ဆင်ချောင်းပျူရွာထဲ ပြေးသွားခဲ့တယ်လို့ သိရပါတယ်။