နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 8 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ဥရောပ

အိန္ဒိယနွယ်ဖွား ဗြိတိန်ဝန်ကြီးချုပ် အခက်အခဲများနှင့် ရင်ဆိုင်နေရ

+++++++++++++++++++++++++++++++++++++

ဗြိတိန်ကို အုပ်ချုပ်နေသော ကွန်ဆာဗေးတစ်ပါတီသည် ဒေသဆိုင်ရာရွေးကောက်ပွဲများတွင် ဆုံးရှုံးမှုများစွာကြုံတွေ့ခဲ့ရပြီး နောက် ယခုနှစ်နှောင်းပိုင်းတွင် နိုင်ငံအတွင်း အထွေထွေရွေးကောက်ပွဲကျင်းပသည့်အခါတွင် အမှန်တကယ်ဒုက္ခရောက်နိုင်သည့် အခြေအနေ လက္ခဏာတစ်ရပ် အဖြစ်မြင်ရသည်။ ရလဒ်များ၏ သုံးပုံတစ်ပုံခန့်ကို ကြေညာပြီးနောက် ကြားဖြတ်ရွေးကောက်ပွဲတွင် လစ်လပ်နေရာ ၁၀၀ ကျော်ရှိသည့် ပါလီမန်အမတ်နေရာများ ဆုံးရှုံးခြင်းသည် ဝန်ကြီးချုပ် ရီရှီ ဆူးနက်ခ် (Rishi Sunak) နှင့် ၎င်း၏ပါတီသည် နောက်ကျကျန်နေခဲ့ကြောင်း မဲအရေအတွက်များက မှန်ကန်ကြောင်း ညွှန်ပြနေသည်။ ဆိုလိုသည်မှာအကယ်၍ မနက်ဖြန် အထွေထွေ ရွေးကောက်ပွဲ ကျင်းပမည်ဆိုပါက အတိုက်အခံ လေဘာပါတီသည် သေချာပေါက်နီးပါး အာဏာရနိုင်မည်ဟု ဆိုလိုသည်။

ကွန်ဆာဗေးတစ်များသည် အပြုသဘောဆောင်သည့်အရာအချို့ကို ရရှိနိုင်ရန် ကြိုးပမ်းနေပြီး မဲဆွယ်စည်းရုံးမှု သတင်းရင်းမြစ်တစ်ခုက “ဒီနေ့ဟာ ကွန်ဆာဗေးတစ်ပါတီအတွက် ခက်ခဲတဲ့ညဖြစ်ပေမယ့် (အတိုက်အခံခေါင်းဆောင်) ကီရာစတာမာ (Keir Starmer) ကို လုံးဝကြိုက်နှစ်သက်ခြင်း မရှိဘူးဆိုသည်မှာ ထင်ရှားပါသည်ဟု ဆိုသည်။ ရှေးရိုးစွဲ ကွန်ဆာဗေးတစ်တို့ ဆုံးရှုံးမှုများသည် လေဘာပါတီအတွက် တကယ့်အကျိုးအမြတ်များ မဟုတ်ပေ။ ကွန်ဆာဗေးတစ်များ၏ ညံ့ဖျင်းသည့် စွမ်းဆောင်ရည်မှ လူကြိုက်များသည့် လက်ယာယိမ်း ပြုပြင်ပြောင်းလဲရေး ယူကေပါတီ အပါအဝင် နိုင်ငံရေးနယ်ပယ်တခွင်ရှိ ပါတီများက အကျိုးအမြတ်များ ရခဲ့ကြသည်ဟု ထပ်လောင်းပြောဆိုခဲ့သည်။

ဤရလဒ်များက မည်သည့်အချိန်တွင် အထွေထွေ ရွေးကောက်ပွဲ ကျင်းပမည် ဆိုသည်ကို မပြောပါ။ ဤဆုံးဖြတ်ချက်သည် ရွေးကောက်ပွဲကျင်းပရန် ဒီဇင်ဘာ ၁၇ ရက်အချိန်အထိ ဆူးနက်ခ်၏ လက်ထဲမှာပင် ရှိနေပါသည်။ ဆူးနက်ခ်သည် ရွေးကောက်ပွဲကို ဘယ်အချိန်တွင်လုပ်မည်ဟု ကြေညာမည့်ရက်ကို ညှိနှိုင်းရာတွင် သဘောထားကွဲနေပြီး ကွန်ဆာဗေးတစ်ဝါဒီများက ဝေဖန်နေကြသည်။ သူသည် ၂၀၂၄ ခုနှစ်၏ ဒုတိယနှစ်ဝက်တွင်သာ ပြုလုပ်ရန်ခေါ်ဆို ရမည်ဖြစ်သည်။ ခက်ခဲကြမ်းတမ်းသော အမှန်တရားမှာ ဆူးနက်ခ်အတွက် ရွေးကောက်ပွဲခေါ်ရန် သိသာထင်ရှားသော အချိန်ကောင်းမရှိခြင်းပင်ဖြစ်သည်။ အခြေအနေအားလုံး၌ သူပြန်လည်အရွေးခံရရန် အခွင့်အလမ်းရှိသည်ဟု ထင်မြင်သူ အနည်းငယ်မျှသာ ရှိပြီး အများစုမှာ အဆိုးဆုံးဖြစ်လာမည်ဟု ထင်မြင်နေကြသည်။

ရွေးကောက်ပွဲပြုလုပ်ရန်အတွက် သူ့အနေနှင့် ဇူလိုင်လအစောပိုင်း မဲပေးခြင်းကို ဆုံးဖြတ်နိုင်သည်ဟု မကြာသေးမီက ထင်ကြေးပေးမှုများ ထွက်ပေါ်လာခဲ့သည်။ နွေရာသီ ရွေးကောက်ပွဲ၏ အားသာချက်မှာ ဆူးနက်ခ်သည် အချိန်အတန်ကြာအောင်အချိန်ယူပြီး ပိုမိုကောင်းမွန်သော ဇာတ်လမ်းကို ပြောပြနိုင်ခြင်းကြောင့် ဖြစ်သည်။ ၎င်း၏ အထင်ကရ လူဝင်မှုကြီးကြပ်ရေးမူဝါဒအရ၊ ခိုလှုံခွင့်တောင်းခံသူများကို ရဝမ်ဒါသို့ လေကြောင်းမှ ပို့ဆောင်ပြီးနောက်မှ ထိုသူများ၏ကိစ္စကို ယင်းနေရာ၌ ထည့်သွင်းစဉ်းစားရန် မူဝါဒသည် နောက်ဆုံးတွင် စတင်ဖြစ်လာခဲ့သည်။

ယခုသီတင်းပတ် အစောပိုင်းတွင် လူဝင်မှုကြီးကြပ်ရေး အရာရှိများက ရဝမ်ဒါသို့ ဦးတည်ပို့မည့် လူများကို စုဆောင်းဖမ်းဆီးခဲ့ကြောင်း အစိုးရက ကြေညာချက် ထုတ်ပြန်ခဲ့သည်။ ခိုလှုံခွင့်တောင်းသူများကို လက်ထိတ်ခတ်ကာ ဗင်ကားနောက်ခန်းတွင် သော့ခတ်ထားသည့် ဓာတ်ပုံများနှင့်ပတ်သက်ပြီးမတူညီသော ရောထွေးတုံ့ပြန်မှုများနှင့် ကြုံတွေ့ခဲ့သည်။

ဆူးနက်ခ်တွင် လွန်ခဲ့သည့် လအနည်းငယ်၏ စိတ်ဆင်းရဲမှုနှင့် နှိုင်းယှဉ်ပါက အခြားအပြုသဘောဆောင်သော အခြေအနေများလည်း ရှိနေသည်။ အတိုးနှုန်းက မျှော်မှန်းထားသလောက် မြန်မြန်မကျသွားသော်လည်း စီးပွားရေးအခြေအနေက တိုးတက်လာနေသည်။ အလုပ်သမားများအတွက် အခွန်ဖြတ်တောက်မှု စတင်အသက်ဝင်လာပြီး ဗြိတိန်ကာကွယ်ရေး အသုံးစရိတ်ကို GDP ၏ ၂.၅% အထိ မြှင့်တင်ရန် ကတိပြုထားသည်။

အစိုးရအောင်ပွဲများ အထူးသဖြင့် ရဝမ်ဒါနှင့် နီးစပ်မှုသည် လအတော်ကြာ လူဝင်မှုကြီးကြပ်ရေးတွင် သူ့ကို ဖိအားပေးနေသည့် လက်ယာဘက်မှ တိုက်ခိုက်မှုများကို တွန်းလှန်ရန်အတွက် ဆူးနက်ခ်ကို ကူညီပေးနိုင်သည်။

အထူးသဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပတ်သက်သည့် ဒုက္ခသည်လျှောက်ထားသူများကို ရဝမ်ဒါသို့ ပို့ဆောင်ရေးတွင် အချိန်ပိုနှောင့်နှေးလေ၊ ပြည်သူများတွင် အစိုးရိမ်ရဆုံးသော မူဝါဒတွင် ချို့ယွင်းချက်တစ်စုံတစ်ရာကို မြင်တွေ့လာနိုင်မည်ဖြစ်ပါသည်။ အခြားသူများက ဆူးနက်ခ်သည် နှစ်ကုန်အထိစောင့်သင့်သည်ဟု ထင်မြင်နေသည်။ အခြေအနေများ တိုးတက်ရန် အချိန်အများဆုံးပေးရန် ခွင့်ပြုသင့်သည်ဟု ထင်ကြသည်။

ဆူးနက်ခ်သည် ၎င်း၏ရှေ့ ဝန်ကြီးချုပ်ဖြစ်ခဲ့သူ ဘောရစ် ဂျွန်ဆင် (Boris Johnson) နှင့် လဇ်ထရပ်စ် (Liz Truss) တို့မှ ရှုပ်ယှက်ခတ်သော အမွေကို ဆက်ခံခဲ့ရသည်။ ထရပ်စ်သည် ၎င်း၏အငြင်းပွားဖွယ်ရာ စီးပွားရေးမူဝါဒများအရ ပေါင်တန်ဖိုး ကျဆင်းသွားပြီးနောက် ၎င်း၏ဝန်ကြီးချုပ်ရာထူးမှ သမိုင်းအတိုဆုံး တာဝန်ထမ်းဆောင်သည့် ဝန်ကြီးချုပ်အဖြစ်နှင့် နှုတ်ထွက်သွားခဲ့ရသည်။ ဂျွန်ဆင်သည် အရှုပ်အရှင်းများ ဖြစ်ပေါ်စေပြီးနောက် အရှက်တကွဲဖြစ်ကာ ရာထူးမှ နုတ်ထွက်ခဲ့ရသည်။

ထုံးစံအတိုင်း ၎င်းတို့နှစ်ဦးသည် ဆူးနက်ခ်ကို လူထုနှင့်အတူ ခက်ခဲသော အနေအထားတွင် ထားရှိခဲ့ပြီး မဲထောက်ခံမှုများ ကျဆင်းသွားခဲ့သည်။ ဆူးနက်ခ်က ဝန်ကြီးချုပ်အဖြစ် တာဝန်ယူပြီးကတည်းက အခြေအနေက ပိုကောင်းမလာဘဲ ပိုဆိုးသွားနိုင်သည့် အနေအထားအတိုင်း ရှိနေသည်။

ဆူးနက်ခ်သည် သူ့ကိုယ်သူ အံမဝင်နိုင်သော အခြေအနေသို့ ကျရောက်လျက်ရှိသည်။ ယခုအချိန်တွင် သူသည် လာမည့်နှစ်တွင် အာဏာဆက်ရှိနေဦးမည်ကို မည်သူကမျှ မထင်မှတ်ဘဲ ၎င်း၏ မဟာမိတ်များပင်လျှင် သူတို့၏ ကျန်ရှိသော ရုံးချိန်များကို တက်ရောက်ခြင်း မရှိတော့ဘဲ နှုတ်ထွက်ကုန်ကြသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

ကမ္ဘောဒီးယား ထိုင်း နိုင်ငံတကာသတင်း အရှေ့တောင်အာရှ

သြစတြေးလျ၊ တရုတ်နှင့် ဘရာဇီးလ် ရဲစခန်းအတုများ- သိမ်းဆည်းရမိသည့် ကျားဖြန့် (scam) အဆောက်အအုံအတွင်းသို့ BBC ရောက်ရှိခဲ့ခြင်း

  • 2026 ခုနှစ်၊ ဧပြီလ 7 ရက်
  • 43 Views
BBC – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၇ ရက် Royal Hill ကာစီနိုနောက်ဘက်ရှိ ခြောက်ထပ်တိုက်၏ မီးမထွန်းထားသောစင်္ကြန်လမ်းများ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ဟော်မုဇ် ရေလက်ကြားဆိုင်ရာ ထရမ့်၏ နောက်ဆုံးသတိပေးချက် နီးကပ်လာသော်လည်း အီရန်ဘက်မှ လိုက်လျောမည့် အရိပ်အယောင် မရှိသလောက်ဖြစ်နေ

  • 2026 ခုနှစ်၊ ဧပြီလ 7 ရက်
  • 32 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၇ ရက် အီရန်အပေါ် အမေရိကန်-အစ္စရေး ပူးပေါင်းစစ်ဆင်နွှဲနေသည့် ငါးပတ်တာကာလအတွင်း သမ္မတ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အစ္စရေးနိုင်ငံ၊ ဟိုင်ဖာမြို့အား အီရန်၏ တိုက်ခိုက်မှုအပြီး နောက်ထပ် ရုပ်အလောင်းနှစ်ခု ထပ်မံတွေ့ရှိ၊ စုစုပေါင်း သေဆုံးသူ လေးဦးအထိ ရှိလာ

  • 2026 ခုနှစ်၊ ဧပြီလ 6 ရက်
  • 29 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၆ ရက် မနေ့က အစ္စရေးနိုင်ငံ၊ ဟိုင်ဖာမြို့ရှိ လူနေအိမ်ရာ အဆောက်အအုံတစ်ခုကို အီရန်က တိုက်ခိုက်ခဲ့ရာတွင် သေဆုံးခဲ့သူ လေးဦး၏ ရုပ်အလောင်းများကို ယခုအခါ ရှာဖွေတွေ့ရှိပြီဖြစ်ကြောင်း အစ္စရေး
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ထရန့်က ဟော်မုဇ် ရေလက်ကြားနှင့် ပတ်သက်၍ တီဟီရန်ကို ခြိမ်းခြောက်နေစဉ် အီရန်၊ လက်ဘနွန်နှင့် အစ္စရေးတို့တွင် သေဆုံးမှုများရှိကြောင်း သတင်းထွက်ပေါ်လာ

  • 2026 ခုနှစ်၊ ဧပြီလ 6 ရက်
  • 29 Views
CNN- ၂၀၂၆ခုနှစ်၊ ဧပြီလ ၆ ရက် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က Truth Social တွင် ရိုင်းစိုင်းသော စကားလုံးများသုံး၍ “အဲဒီ ရေလက်ကြားကို အခုချက်ချင်း ပြန်ဖွင့်လိုက်စမ်း၊ မင်းတို့အရူးတွေ၊ မဟုတ်ရင် ငရဲကျသလို ခံစားရလိမ့်မယ်”
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ဟော်မုဇ် ရေလက်ကြား ပြန်ဖွင့်ရန် ထရန့်က နောက်ဆုံးအချိန် ရာဇသံပေးလိုက်သော်လည်း အီရန်က ယာယီအပစ်အခတ်ရပ်စဲရေးကို ငြင်းပယ်လိုက်သည်။

  • 2026 ခုနှစ်၊ ဧပြီလ 6 ရက်
  • 26 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၆ ရက် အလွန်အရေးပါသော ကုန်သွယ်ရေးရေလမ်းကြောင်းနှင့် ပတ်သက်၍ ထရန့်နှင့် အီရန်တို့သည် အပြန်အလှန် ခြိမ်းခြောက်မှုများ ပြုလုပ်ခဲ့ကြသည်။ တစ်ချိန်တည်းမှာပင် အီရန်အဆင့်မြင့် အရာရှိ နှစ်ဦးကို သုတ်သင်နိုင်ခဲ့ကြောင်း
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ဟော်မုဇ် ရေလက်ကြားနှင့် ပတ်သက်၍ ထရန့်၏ မဆုံးဖြတ်နိုင်ဖြစ်‌နေမှုသည် သူ သူခွင့်ပြုတာထက် ပိုမိုအရေးကြီးနေခြင်း

  • 2026 ခုနှစ်၊ ဧပြီလ 6 ရက်
  • 22 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၆ ရက် “အမေရိကန်ပြည်ထောင်စုဟာ ဟော်မုဇ် ရေလက်ကြားကနေ ရေနံတင်သွင်းတာမျိုး လုံးဝမရှိသလောက်ပါပဲ၊ နောင်မှာလည်း တင်သွင်းမှာမဟုတ်ဘူး။ ကျွန်တော်တို့ အဲဒါကို မလိုအပ်ဘူး။ အရင်ကလည်း မလိုအပ်ခဲ့ဘူး၊ အခုလည်း
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

CNN သတင်းအဖွဲ့ကို အစ္စရေးစစ်သားများက ကိုယ်ထိလက်ရောက် စော်ကားဖမ်းဆီးခဲ့သည့် အနောက်ဘက်ကမ်းခြေ ကျေးရွာအနီးတွင် အစ္စရေးအခြေချနေထိုင်သူများ တရားမဝင် စခန်းသစ်တစ်ခုကို ထပ်မံတည်ဆောက်

  • 2026 ခုနှစ်၊ ဧပြီလ 5 ရက်
  • 23 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၆ ရက် အစ္စရေးအခြေချနေထိုင်သူ အများအပြားသည် ဗုဒ္ဓဟူးနေ့တွင် တာယာဆေးရ်ကျေးရွာသို့ ပြန်လည်ရောက်ရှိလာပြီး ရွာအစွန်၌ တရားမဝင်စခန်းသစ်တစ်ခုကို တည်ဆောက်ခဲ့ကြသည်။ ၎င်းသည် စခန်းတည်ထောင်မှုနှင့် ပတ်သက်၍ CNN ၏
တရုတ် နိုင်ငံတကာသတင်း

‘စနစ်ပိုင်းဆိုင်ရာ ချို့ယွင်းမှု’ ကြောင့် တရုတ်နိုင်ငံအလယ်ပိုင်းတွင် အလိုအလျှောက် မောင်းနှင့်သောတက္ကစီ ( robotaxi) များ ရပ်တန့်သွားကြောင်း ရဲတပ်ဖွဲ့ပြောကြား

  • 2026 ခုနှစ်၊ ဧပြီလ 5 ရက်
  • 26 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၅ ရက် ပေကျင်း (ရိုက်တာ) — တရုတ်နိုင်ငံအလယ်ပိုင်း ဝူဟန်မြို့တွင် Baidu ကုမ္ပဏီ၏ Apollo Go မှ မောင်းနှင်သည့် ရိုဘိုတက္ကစီ (လူမပါဘဲ