နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 16 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ဥရောပ

အက်ဒစ်ဗ်ကာ (Avdiivka) မြို့တွင် ပိတ်မိပြီး ပစ်ထားခံရသော ဒဏ်ရာရ ယူကရိန်းစစ်သားများသည် ရန်သူလက်ထဲ မြို့ကျချိန်တွင် စိတ်တုန်လှုပ်စွာ သတင်းစကားများ အပြန်အလှန် ဖလှယ်ခဲ့ကြသည်။

ဖေဖော်ဝါရီလ (၂၀) ရက်။

အက်ဒစ်ဗ်ကာသည် ကိ့ဗ်နှင့် မော်စကိုအကြား ဆယ်စုနှစ်တစ်ခုနီးပါး စစ်ဖြစ်နေသည့်နေရာ ဖြစ်ခဲ့သည်။ လွန်ခဲ့သည့် ၂ နှစ်နီးပါးခန့်က ရုရှား၏ ယူကရိန်းကို လုံးလုံးလျားလျား ကျူးကျော်ဝင်ရောက်လာပြီးနောက် ထိုနေရာတွင် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားခဲ့သည်။ ယူကရိန်း၏ ဆုတ်ခွာနိုင်မှုအရေအတွက်သည်နည်းပါးလှသည်။ စနေနေ့က ယူကရိန်းစစ်တပ် မြို့ကိုလက်လွှတ်ခဲ့ရခြင်းသည် လပိုင်းအတွင်း ရုရှားနိုင်ငံအတွက် အရေးကြီးဆုံး အောင်ပွဲကို ရလိုက်ခြင်းဖြစ်ပြီး ရုရှားက လျင်မြန်ပြီး ရက်စက်ကြမ်းကြုတ်စွာ ပြုလုပ်ခဲ့သည်။

“ဒဏ်ရာရတဲ့သူ (ယူကရိန်းတပ်ဖွဲ့ဝင်များ) (၃၀၀) ကို ထားခဲ့” ဟု စစ်သားတစ်ဦးကို အမိန့်ပေးခဲ့ပြီး “ပစ္စည်းတွေအားလုံးကို မီးရှို့” ဟုဆိုသည်။

ရုရှားတပ်များသည် အက်ဒစ်ဗ်ကာတွင် ၎င်းတို့၏အလံများကို လွှင့်ထူပြီး နာရီပိုင်းအကြာတွင် ကြောက်မက်ဖွယ်ရာ အဖြစ်အပျက်တစ်ခု ထွက်ပေါ်လာပြီး ဒဏ်ရာရစစ်သည်များစွာမှာ ထွက်ပြေးရန် မတတ်နိုင်ဘဲ ကျန်ရစ်ခဲ့သည့် နောက်ပိုင်းတွင် ရုရှားတပ်များ ၎င်းတို့၏နေရာသို့ ရောက်ရှိလာကာ အသတ်ခံခဲ့ရသည်။ ထိုနေရာတွင် ယူကရိန်းစစ်သည်များသည် ဇင်းနစ်ဟု လူသိများသော အမည်ကို ရထားသည့် အမှတ် ၁၁၀ သီးခြားစက်မှုလက်မှုတပ်မဟာ၏ အစိတ်အပိုင်းဖြစ်သည်။ ရုရှားတပ်ဖွဲ့များသည် ပြီးခဲ့သည့် သီတင်းပတ်က အက်ဒစ်ဗ်ကာကို ဖြတ်ကျော်လာစဉ် ဇင်းနစ်သည် ပြင်းထန်စွာ တိုက်ခိုက်မှုကို ရင်ဆိုင်ခဲ့ရသည်။

အဲဒီမှာ တပ်စွဲထားတဲ့ စစ်သားတွေဟာ မြို့ရဲ့အပျက်အစီးတွေကနေ လွတ်မြောက်ဖို့ စိတ်အားထက်သန်စွာ ကြိုးပမ်းခဲ့ကြတယ်လို့ အဲဒီမှာရှိတဲ့ စစ်သားတွေထဲက တစ်ဦးဖြစ်တဲ့ ဗစ်တာဘီလီအက် (Viktor Biliak) က ပြောပါတယ်။ ရှည်လျားပြီး မကြာခဏ မပြတ်မသားမှုန်ဝါးနေသော Instagram ပို့စ်တွင် ဘီလီအက်သည် ရှေ့ဆက်ရမည့် အန္တရာယ်ရှိသော လမ်းကြောင်းကို ဖော်ပြခဲ့သည်။ “အပြင်မှာ ဘာမှမမြင်ရဘူး။ ဒါဟာအသက်ရှင်သန်နိုင်ဖို့ အကြောင်းသာ ဖြစ်တယ်။ လယ်ကွင်းကိုဖြတ်ပြီး တစ်ကီလိုမီတာ ဆက်သွားတဲ့အခါ ဒရုန်းလမ်းညွှန်တဲ့အတိုင်း မျက်မမြင်ကြောင်လေးတွေလို သွားရပြီး ရန်သူ့အမြောက်ဒဏ်မှလည်း ရှောင်ရတယ်။ အက်ဒစ်ဗ်ကာကို သွားတဲ့လမ်းဟာ ယူကရိန်းအလောင်းတွေနဲ့ ပြည့်နေပါတယ်” ဟုရေးသားခဲ့သည်။ နောက်ဆုံးတွင် တပ်မှူးတစ်ဦးမှ ဒဏ်ရာရသူများကို ကယ်ထုတ်မည် မဟုတ်ကြောင်း ရေဒီယိုမှ အသိပေးခဲ့သည်။ လူခြောက်ဦးနောက်တွင် ကျန်ခဲ့သည်။ သူတို့ထားခဲ့တဲ့ သတင်းစကားစာသားတွေက ဖတ်ရခက်တယ်” ဟု ဘီလီအက်က ပြောပါသည်။

“သူတို့ရဲ့ စိတ်ပျက်အားငယ်မှု၊ သူတို့ရဲ့ ပျက်စီးမှုတွေအားလုံးဟာ ကျွန်တို့နဲ့အတူ အမြဲရှိနေမှာပါ။ အရဲရင့်ဆုံးသူတွေကတော့ ကျဆုံးသွားတဲ့သူတွေပဲ” ဟု ပြောပါသည်။ စစ်သားတွေက နောက်မှာ ကျန်ခဲ့တယ်၊ အက်ဒစ်ဗ်ကာသည် မော်စကို လိုလားသော ခွဲထွက်ရေးသမားများက အနီးနားရှိ ဒွန်နက်စ် (Donetsk) မြို့အပါအဝင် ဒွန်ဘတ်စ် (Donbas) ဒေသ၏ အစိတ်အပိုင်း အများအပြားကို သိမ်းပိုက်ပြီးကတည်းက ၂၀၁၄ ခုနှစ်ကတည်းက ရှေတန်းစစ်မျက်နှာပြင် ဖြစ်ခဲ့သည်။ နှစ်ပေါင်းများစွာ တိုက်ပွဲများကြောင့် မြို့ကို ခိုင်ခံ့သော အမာခံနယ်မြေအဖြစ်သို့ ပြောင်းလဲခဲ့ပြီး လွန်ခဲ့သော ရှစ်နှစ်မှစ၍ ကတုတ်စခန်းများ တည်ဆောက်ခဲ့သည်။။

သို့သော် ယူကရိန်းစစ်တပ်သည် ရှေ့တန်းရှိနေရာ အများအပြားတွင် ဖိအားပေးခံနေရပြီး ခဲယမ်းမီးကျောက်များနှင့် လူအင်အား ပြတ်တောက်မှုများနှင့် ရင်ဆိုင်နေရသောကြောင့် ရုရှားစစ်တပ်သည် အခွင့်အလမ်း ပြတင်းပေါက်ကို သတိပြုမိသွားခဲ့သည်။ ၎င်းသည် မြေပြင်ထိုးစစ်ကို ပြင်းထန်စွာမလုပ်ဆောင်မီ လေကြောင်းတိုက်ခိုက်မှုများ၊ အမြောက်များဖြင့် နယ်မြေကို ချေမှုန်းခဲ့သည်။ ယူကရိန်းတပ်ဖွဲ့များသည် မြို့တော်ကို စွန့်ခွာရန် သီတင်းပတ်ကုန်တွင် ဆုံးဖြတ်ခဲ့ပြီး ရုရှားနိုင်ငံသည် ယမန်နှစ် ဘတ်ကမွတ် (Bakhmut) မြို့ကို သိမ်းပိုက်ပြီးနောက်ပိုင်း ၎င်း၏ အထူးခြားဆုံးသော အောင်ပွဲတစ်ရပ်ကို ရရှိခဲ့သည်။

ယူကရိန်းသမ္မတ ဗလာဒီမာဇလန်းစကီးက “ ကျွန်တော်တို့ရဲ့ စစ်သားတွေရဲ့ အသက်ကိုကယ်တင်ရန်” နောက်ကြောင်းပြန်ဆုတ်ရန် ဆုံးဖြတ်ချက် ချခဲ့သည်ဟု ပြောကြားခဲ့သည်။ ပိတ်မိနေသော ဝိုင်းရံခံရသူများထဲတွင် အသက် ၃၀ အရွယ် အငယ်တန်း တပ်ကြပ်ကြီး အိုင်ဗင်ဇီနက် (Ivan Zhytnyk) ဟု ခေါ်သော ဒနစ်ပရိုပက်ထရိုဗက်ခ် (Dnipropetrovsk) ဒေသမှ တိုက်ခိုက်ရေးဆေးဆရာတစ်ဦးသည် “ ဒီဂျန်ဂို” ဟု အခေါ်ခံရသည့်သူဖြစ်သည်။ တပ်မဟာ ၁၁၀ ရှိသကဲ့သို့ အက်ဒစ်ဗ်ကာတွင် နှစ်နှစ်နီးပါး တိုက်ပွဲဝင်ခဲ့သည်။ သူသည် ဒဏ်ရာပြင်းထန်စွာရခဲ့ပြီး မလှုပ်ရှားနိုင်တော့ပေ။

ကြာသပတေးနေ့တွင် သူသည် ယူကရိန်းနှင့် ဆိုရှယ်မီဒီယာများတွင် ကျယ်ကျယ်ပြန့်ပြန့် ဖော်ပြလာခဲ့သည့် ဗီဒီယိုဖုံးခေါ်ဆိုမှုတစ်ခုတွင် ၎င်း၏ညီမ ကာတီရာနာနှင့် အခြားမိသားစုဝင်များကို စိတ်ခံစားမှုဆိုင်ရာ ဗီဒီယိုဖုံးခေါ်ဆိုမှုတစ်ခုဖြင့် ဆက်သွယ်နိုင်ခဲ့သည်။

ကာတီရာနာက “ဒါဆို သူတို့က ဘယ်သူကမှ လာကယ်မှာ မဟုတ်ဘူး။ အကိုရဲ့လူတွေရော အကိုနဲ့ အတူရှိလား ဒါမှမဟုတ် အကိုတစ်ယောက်တည်းလား” ဟု သူ့အစ်ကိုကို မေးလိုက်သည်။

အိုင်ဗင်ဇီနက်က “ လူတိုင်းထွက်သွားကြပြီး၊ အားလုံးပြန်ဆုတ်သွားကြတယ်။ ကားတစ်စီးက အကိုတို့ကို လာခေါ်မယ်လို့ ပြောတယ်။ ခြေထောက်နှစ်ချောင်းလုံးကျိုးနေတယ်။ အကိုနောက်ကျောမှာ ဗုံးစထိထားတယ် အကို မလှုပ်နိုင်ဘူး” ဟု ဆိုသည်။

ဇင်းနစ်အနေအထားတွင် ဒါဇင်ဝက် စစ်သားများ ရှိပြီး လေးယောက်မှာ အိုင်ဗင် ဇီနက်ကဲ့သို့ လမ်းမလျှောက်နိုင်ဟု ဆိုသည်။ ကာတီယာနာက “ညီမ ဘယ်လို ခေါ်ရမလဲဆိုတာ ဘယ်သူ့ကို ခေါ်ရမလဲ မသိဘူး” ဟု ငိုရင်းနှင့် ပြောပါသည်။ “ဘယ်သူက အကိုကို လာခေါ်မှာလဲ။ ညညီမလေးဘယ်လို လုပ်ပေးရမလဲမသိဘူး။” ဘယ်သူမှ လာမခေါ်ကြဘူးလား။

နောက်ပိုင်းတွင် Slidstvo.info နှင့် လက်တွဲလုပ်ဆောင်နေသော ယူကရိန်းသတင်းထောက်များသည် ဒဏ်ရာရရှိခဲ့ပြီး ထားရစ်ခံခဲ့ရသော ယူကရိန်းနိုင်ငံသားသုံးဦး၏ ဆွေမျိုးများနှင့် စကားပြောဆိုခဲ့သည်။

ကာတီယာနာက Slidstvo.info သို့ပြောကြားခဲ့သည် – “ သူတို့ (လာကယ်တင်မဲ့) ကားကို စောင့်နေတာ တစ်ရက်ခွဲရှိပါပြီ။ သူတို့ကို လာကြိုမယ့်သူမရှိဘူးဆိုတာကို သူတို့သိလိုက်တဲ့အခါ လူတိုင်းကို ဖုန်းဆက်ကြတယ်။ အိုင်ဗန်က ကျွန်မကို ခေါ်တဲ့အခါ သူအရမ်း နာကျင်မှုကိုခံစားနေပြီး သူတို့ကသူတို့ရှိသမျှကိုသူ့ကိုအကုန်ပေးခဲ့ပေမယ့် ဆေးဝါးနဲ့ အစာတွေ ကုန်ခန်းနေပါပြီ။” ကြာသပတေးနေ့နှောင်းပိုင်းတွင် အခြားဆွေမျိုးတစ်ဦးသည် ဗီဒီယိုလင့်ခ်မှတစ်ဆင့် အိုင်ဗင်ဇီနက်ကိုဆက်သွယ်နိုင်ခဲ့ကြောင်း ကာတီယာနာက ဆိုသည်။

“ ယူကရိန်းဘက်က ဒဏ်ရာရထားသူတွေကို လာရောက်မကယ်တင်နိုင်တဲ့အတွက် ရုရှားဘက်က သူတို့ကို ဖယ်ရှားရန် အမိန့်ပေးထားတယ်လို့ အစ်ကိုက ပြောခဲ့တယ်” ဟု ကာတာရီနာက ပြောကြားခဲ့သည်။ သူတို့ ပြောနေတဲ့ ဗီဒီယိုထဲမှာ ရုရှားတပ်တွေက ပိတ်မိနေတဲ့ သူတို့နေရာကို ဝင်သွားတာကို တွေ့ရတယ်လို့ သူမက ပြောပါတယ်။ CNN သည် ထိုဗီဒီယိုကို မကြည့်ခဲ့ရပါ။ ဇင်းနစ်တွင် ပိတ်မိနေသော အခြားစစ်သားများမှာ အင်ဒရီ ဒပ်နက်စကီ (Andrii Dubnytskyi) ဖြစ်သည်။ ၎င်း၏ဇနီး လုဒ်မိုင်လာ (Liudmyla) က Slidstvo.info သို့ “ ကျမတို့ မနက် ၁၀ နာရီ (ကြာသပတေးနေ့) မှာ စကားပြောခဲ့ကြတယ်။ ပေါင်ခြံမှာ ဒဏ်ရာရသွားတယ်၊ ၊ ဟာသလုပ်ပြီး ပြောတယ်နောက်တော့ ငိုပါတော့တယ်။ ပြီးတော့ ကျမတို့ စာအပြန်အလှန်ရေးပို့တယ်”

နောက်ဆုံးသတင်းကတော့ ၁၂:၀၀ နာရီမှာ သူအဖမ်းခံရနိုင်တယ်” ဟု ပြောပါသည်။

သောကြာနေ့တွင် ရုရှားစစ်တပ်ဘလော့ဂါတစ်ဦးမှ စစ်သားအများအပြား၏ ရုပ်အလောင်းများကို ပြသထားသည့် ဗီဒီယိုတစ်ခု တင်ခဲ့သည်။ ဗီဒီယိုသည် အစောပိုင်းနှစ်ရက်က အက်ဒစ်ဗ်ကာ တောင်ဘက်ရှိ ဇင်းနစ်ဒေသသို့ ဝင်ရောက်ခဲ့သည့် ရုရှားစစ်တပ်၏ 1st Slavic တပ်မဟာ၏ သင်္ကေတကို သယ်ဆောင်လာခဲ့ကြောင်း အကောင့်အများအပြားတွင် ဖော်ပြထားသည်။ ဗီဒီယိုထဲက စာသားကတော့ အက်ဒစ်ဗ်ကာမှာ သောကြာနေ့က “စစ်တပ်ဌာန” မှာ ရိုက်ယူခဲ့ရတယ်လို့ ဆိုပါသည်။ ၎င်းသည် ထိုနေရာ၌ ယူကရိန်းတပ်များကို နာဇီများအဖြစ် ရည်ညွှန်းပြီး “ သေခြင်းတရားသည် မင်းကို ငါတို့မြေကနေ စောင့်နေတယ်” ဟုဆိုသည်။

ရုရှားများက ဇင်းနစ်နေရာမှ သိမ်းယူလိုက်သည့်အခါ မြင်ရသည့်ပုံများတွင် ကာတီယာနာက သူ့အကိုအဝတ်အစားနှင့် သူကိုင်ထားသည့်ရေဘူးအပြင် သူ့အစ်ကို၏ ခန္ဓာကိုယ်ကို မှတ်မိသည်။ Instagram မှာ တင်ခဲ့သည့် ဓာတ်ပုံတွင် လက်မောင်းမှာ လက်ဝါးကပ်တိုင်ပုံစံ တက်တူးထိုးထားခြင်းကြောင့် အင်ဒရီ ဒပ်နက်စကီ (Andrii Dubnytskyi) ဖြစ်ကြောင်း မှတ်မိခဲ့ပါသည်။ ညဉ့်နက်မှ ဗီဒီယိုကို တွေ့ရှိခဲ့သော ဒပ်နက်စကီ၏ဇနီး လုဒ်မိုင်လာ (Liudmyla) လည်း “ည ၁၀း၃၀ မှာ ဒီဗီဒီယိုကိုတွေ့ပြီး ကျမယောက်ကျားရဲ့ တက်တူးကို မှတ်မိတယ်” ဟု သူမက ဆိုပါသည်။

“ သူ့ကို မတ်လ ၈ ရက်၊ ၂၀၂၂ မှာ ဆင့်ခေါ်ခံရပြီး အဲဒီကတည်းက သူက အက်ဒစ်ဗ်ကာမှာ တစ်ချိန်လုံးရှိနေခဲ့တာပါ… သူ့သမီးလေးဟာ သူရှေ့တန်းသွားရချိန်မှာ အသက် ၄ လရှိပါပြီ” ဟု သူမက Slidstvo.info သို့ ပြောကြားခဲ့သည်။ အခြား စစ်သည်များ၏ မိခင်သည်လည်း အလားတူ ကြောက်မက်ဖွယ်ရာ ရှာဖွေတွေ့ရှိမှုရှိခဲ့သည်။ ဟီအိုဟီ ပါဗ်လော့ဗ် (Heorhii Pavlov) သည် “ပန်ဒါ (Panda)” ဟုအခေါ်ခံရသော စစ်သားတစ်ဦးဖြစ်ပြီး ၂၀၁၅ ခုနှစ်ကတည်းက တပ်ထဲသို့ဝင်ခဲ့ပြီး ပြီးခဲ့သည့်နှစ်အတွင်း ဇင်းနစ်ဒေသတွင် တာဝန်ထမ်းခဲ့ကြောင်း ၎င်း၏မိခင် အင်နာ(Inna) မှ ပြောကြားခဲ့သည်။

“သူတို့က (ဘေးကင်းရေးကို ခေါ်ဆောင်ပေးမယ့်) ကားအတွက် သုံးရက်လောက် စောင့်ခဲ့တယ်” ဟု သူမက ဆိုသည်။ “ ၁၄ ရက်နေ့က ကျောပြင်မှာဗုံးစမှန်တဲ့ ဒဏ်ရာတွေ ရခဲ့တယ်… သားလေး၊ လက်မြှောက်လိုက်ပါ၊ မင်းအသက်ရှင်နေဖို့ လိုအပ်နေပြီ၊ မင်းမှာ ၅ နှစ်သား ကလေးတစ်ယောက်ရှိတယ်။” “ သူပြောခဲ့တယ်၊ အမေ၊ ကျွန်တော်ဟာ စစ်သူရဲတစ်ယောက်ပါ” ဟု ပြန်ပြောခဲ့သည်ဟု အင်နာ က Slidstvo.info သို့ ပြန်ပြောပြသည်။ “သူတို့ အသက်ရှင်နေတယ်ဆိုတာ ကျွန်မ ယုံကြည်ချင်ပါတယ်။ အခု ကျွန်မလိုချင်တာက ကျွန်မသားကို ရှာဖို့ပါပဲ” ဟု သောကြာနေ့က ပြောပါသည်။ နာရီအနည်းငယ်ကြာပြီးနောက် သူမသည် အလားတူ ရုရှားများတင်ထားသည့်ဗီဒီယိုတွင် သားဖြစ်သူ၏ ရုပ်အလောင်းကို မှတ်မိခဲ့သည်။

တပ်မဟာ ၁၁၀ မှ CNN သို့ ပြောကြားရာတွင် အဖြစ်အပျက်အသေးစိတ်အား အတည်မပြုနိုင်သေးဘဲ ဖြစ်ပျက်ခဲ့သမျှကို စစ်ဆေးရန် ကြိုးပမ်းနေကြောင်း သိရသည်။ လူသိများသော ယူကရိန်းစစ်တပ်ဘလော့ဂါ ယူရီဘတ်တူဆော့ဗ် (Yurii Butusov) သည် ဇင်းနစ်တွင် ကျန်ရစ်ခဲ့သော စစ်သားခြောက်ဦးစလုံး၏ အမည်များကို ကြေညာခဲ့သည်။ “ဒဏ်ရာရသူတွေဟာ သူတို့ဘာသာ မလှုပ်ရှားနိုင်တော့ဘဲ သူတို့ကို သယ်ယူဖို့ ဘေးလွတ်ရာကို ရွှေ့ပြောင်းနိုင်တဲ့ ကားတွေ မရှိတော့ဘူး” ။ ဇင်းနစ်မြို့ရဲ့ ပတ်ဝန်းကျင်ကြောင့် ဘေးလွတ်ရာကို မော်တော်ယဉ်တွေ ဖြတ်သန်းသွားလာနိုင်ခြင်း မရှိကြောင်း” ယူရီဘတ်တူဆော့ဗ်က ပြောကြားခဲ့သည်။

ယူကရိန်းစစ်သားများ မည်သို့သေဆုံးသည်ကို မသိရသော်လည်း ရုရှားစစ်တပ်သည် “မလှုပ်ရှားနိုင်ဖြစ်နေသော ဖမ်းဆီးရမိသည့် လက်နက်မဲ့ ဒဏ်ရာရသူများကို ကွပ်မျက်ခဲ့သည်” ဟု ယူရီဘတ်တူဆော့ဗ်က စွပ်စွဲခဲ့သည်။ ယူကရိန်းနိုင်ငံရှိ အစိုးရရှေ့နေချုပ်ရုံးက ဒဏ်ရာရစစ်သည်များအား ကြိုတင်ပြင်ဆင်ထားသော လူသတ်မှုနှင့် ပေါင်းစပ်ကာ “ ဥပဒေနှင့် စစ်ဓလေ့များကို ချိုးဖောက်ခြင်း” တွင် စုံစမ်းစစ်ဆေးမှု စတင်ခဲ့ကြောင်း ပြောကြားခဲ့သည်။ တနင်္လာနေ့က ထုတ်ပြန်သည့် ကြေညာချက်ထဲတွင် သီးခြားစက်မှုလက်မှု တပ်မဟာ ၁၁၀ က ဒဏ်ရာရထားသည့် တပ်ဖွဲ့ဝင်များကို ဇင်းနစ်မှ ကယ်ထုတ်နိုင်ရန် ရုရှားတပ်ဖွဲ့များနှင့် ညှိနှိုင်းဖို့ ကြိုးပမ်းခဲ့သည်ဟု ဆိုပါသည်။

“သူတို့က ဒဏ်ရာရသူတွေကို ကယ်ထုတ်ပြီး အကူအညီတွေ ပေးပြီးတော့ သူတို့ (အခြား စစ်သုံ့ပန်းတွေအတွက်) လဲလှယ်ဖို့ သဘောတူကြတယ်။ ကျွန်တော်တို့ရဲ့ စစ်သားတွေကို သူတို့ကိုပြန်မတိုက်ဖို့ အသေမခံဖို့ အမိန့်ပေးထားပါတယ်” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ရုရှားတပ်ဖွဲ့များက ထုတ်ပြန်သည့် ဗီဒီယိုမှ ၎င်း၏စစ်သားများအားလုံး သေဆုံးခဲ့ကြောင်း တပ်မဟာမှ နောက်ပိုင်းတွင် သိရှိခဲ့ရသည်။ “စစ်ပွဲက ရက်စက်ကြမ်းကြုတ်ပြီး လွတ်လပ်မှုအတွက် ကြီးမားတဲ့တန်ဖိုးတွေကို ပေးဆပ်ရပြီး ကျွန်တော်တို့ တိုက်ပွဲဝင်နေပါတယ်” ဟု ၎င်းက ဆိုသည်။

အက်ဒစ်ဗ်ကာရှိ ရုရှားတပ်ဖွဲ့များအပေါ် စွပ်စွဲချက်များနှင့် ပတ်သက်၍ မှတ်ချက်ပေးရန် ရုရှားကာကွယ်ရေးဝန်ကြီးဌာနထံ CNN က ဆက်သွယ်နေကြောင်း ဖော်ပြထားသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

CNN ၏ နောက်ဆုံးရရှိထားသော သတင်းအချက်အလက်များ

  • 2026 ခုနှစ်၊ မတ်လ 13 ရက်
  • 27 Views
၂၀၂၆ခုနှစ်၊ မတ်လ (၁၃)ရက် ထရမ့်အစိုးရ (Trump Administration) သည် အီရန်နှင့် ဖြစ်ပွားနေသော စစ်ရေးပဋိပက္ခတွင် ဟော်မုဇ်ရေလက် ကြား
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား-ယူကရိန်းစစ်ပွဲ ဥရောပ

ယူကရိန်းစစ်ပွဲနှင့် လူသားတို့၏ ခံစားချက် – ကခုန်ခြင်းသည် ခုခံမှုတစ်ရပ်

  • 2026 ခုနှစ်၊ မတ်လ 12 ရက်
  • 35 Views
၂၀၂၆ခုနှစ်၊ မတ်လ ၁၂ရက် ယူကရိန်းနိုင်ငံတွင် ၄ နှစ်ကြာ ကြမ်းတမ်းသော စစ်ပွဲဒဏ်ကို ခံစားနေရသော်လည်း၊ လူငယ်များ အတွက် ကခုန်ခြင်း (Raving) သည် ပျော်ပါးခြင်းသက်သက်မဟုတ်ဘဲ စိတ်ပိုင်း ဆိုင်ရာ ကုစားမှုနှင့် တော်လှန်မှုတစ်ရပ် ဖြစ်လာခဲ့သည်။
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အာဆီယံ အီရန်

အိမ်မှအလုပ်လုပ်ခြင်း၊ တစ်ပတ်လျှင် ၄ ရက်အလုပ်လုပ်ခြင်းနှင့် ကျောင်းများပိတ်ခြင်း – စွမ်းအင်ဈေးနှုန်းများ မြင့်တက်လာမှုကြောင့် အာရှနိုင်ငံများ ရုန်းကန်နေရ

  • 2026 ခုနှစ်၊ မတ်လ 12 ရက်
  • 40 Views
CNN – ၂၀၂၆ ခုနှစ်၊ မတ်လ ၁၂ ရက် အာရှနိုင်ငံများသည် မည်သည့်အခွင့်အရေးကိုမျှ အဆုံးရှုံးမဖြစ်ရန် ကြိုတင်ပြင်ဆင် နေကြ သည်။ အာရှဒေသသည် ၎င်း၏ ရေနံလိုအပ်ချက်၏ ၆၀% ခန့်ကို အရှေ့အလယ်ပိုင်း ဒေသမှ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

စစ်ပွဲသည် ပင်လယ်ပြင်သို့ ကူးစက်လာသည်နှင့်အမျှ လောင်စာဆီသိုလှောင်ကန်များနှင့် ရေနံတင်သင်္ဘောများ ပစ်မှတ်ထားခံနေရ –

  • 2026 ခုနှစ်၊ မတ်လ 12 ရက်
  • 37 Views
CNN – ၂၀၂၆ ခုနှစ်၊ မတ်လ ၁၂ ရက် လက်ရှိအခြေအနေများ အမေရိကန်-အစ္စရေးတို့နှင့် အီရန်တို့အကြား ဖြစ်ပွားနေသော စစ်ပွဲသည် ပင်လယ်ပြင်သို့ ကူးစက်ပျံ့နှံ့လာနေပြီဖြစ်သည်။ အီရန်၏ တိုက်ခိုက်မှုများကြောင့် ရေနံတင်သင်္ဘောများ ထိမှန်ခြင်း၊ အိုမန်ဆိပ်ကမ်းတစ်ခု မီးလောင်ကျွမ်းခြင်းနှင့်
နိုင်ငံတကာသတင်း အမေရိကန် အီရန်

အီရန် ထိပ်တန်းလုံခြုံရေးအရာရှိက ထရမ့်အား သတိပေး – “ ခင်ဗျားကိုယ်တိုင် အရှင်းလင်းမခံရအောင် သတိထားပါ”

  • 2026 ခုနှစ်၊ မတ်လ 12 ရက်
  • 78 Views
၂၀၂၆ ခုနှစ်၊ မတ်လ ၁၂ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) မှတစ်ဆင့် ရေနံတင်ပို့မှုများကို မပိတ်ပင်ရန် သမ္မတထရမ့်က အီရန်အား သတိပေးခဲ့ပြီးနောက်၊ အီရန်အမျိုးသားလုံခြုံရေးကောင်စီ အတွင်းရေးမှူးက အင်္ဂါနေ့တွင် သမ္မတထရမ့်အား ပြန်လည်ခြိမ်းခြောက်ပြောဆိုခဲ့သည်။
နိုင်ငံတကာသတင်း ယူကရိန်း အမေရိကန် အီရန်

မိမိကိုယ်တိုင် အရှက်ခွဲခဲ့ဖူးသည့် ကမ္ဘာ့ခေါင်းဆောင်ထံသို့ ထရမ့် မှ အောက်ကျ နောက်ကျ အကူအညီတောင်းခံရန် ပြန်သွားရပြီ

  • 2026 ခုနှစ်၊ မတ်လ 12 ရက်
  • 71 Views
AFPသတင်း- ၂၀၂၆ ခုနှစ်၊ မတ်လ ၁၀ ရက် ဒေါ်နယ်ထရမ့်သည် ဗိုလိုဒီမာ ဇလန်းစကီး၏ အီရန်ဒရုန်းများကို တန်ပြန်တိုက်ခိုက်ရေး ကူညီပေးမည့် ကမ်းလှမ်းချက်ကို ပယ်ချခဲ့ပြီးနောက်၊ ယခုအခါ အဆိုပါအကူအညီကိုပင် ပြန်လည်တောင်းခံခဲ့ရသဖြင့် အကျပ်ရိုက်စရာကောင်းသော အခြေအနေတစ်ခုသို့ ရောက်ရှိ
ကမ္ဘောဒီးယား နိုင်ငံတကာသတင်း

“ ဒီလူက ကျွန်မပါ၊ အရမ်းလှတယ်” – ကမ္ဘောဒီးယား ဆိုင်ဘာလိမ်လည်မှု လုပ်ငန်းခွင်အတွင်းပိုင်း

  • 2026 ခုနှစ်၊ မတ်လ 12 ရက်
  • 32 Views
AFP -၂၀၂၆ခုနှစ်၊မတ်လ (၁၁)ရက် ဖနွမ်းပင် (AFP) – ဘာသာစကားမျိုးစုံဖြင့် ရေးသားထားသော ဇာတ်ညွှန်းများ၊ အမျိုးသမီး ငယ်လေးများ၏ ဓာတ်ပုံများနှင့် အိမ်သာတက်ချိန်ကိုပင် ကန့်သတ်ထားသည့် စည်းကမ်း ချက်များအကြောင်းကို ဗုဒ္ဓဟူးနေ့က ဖမ်းဆီးရမိခဲ့သော ကမ္ဘောဒီးယား ဆိုင်ဘာလိမ်လည်မှု