မတ်လ (၂၀) ရက်။
ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့တိုက်ပွဲတွင် စစ်ကောင်စီက မွတ်ဆလင်များအား စစ်တိုက်ခိုင်းခဲ့တာကို ရက္ခိုင့်တပ်တော် (AA) က သက်သေဓာတ်ပုံများနှင့်တကွ ထုတ်ပြန်လာပါတယ်။
ရသေ့တောင်မြို့ အခြေစိုက် စစ်ကောင်စီတပ်ရင်းတွေကို မတ်လ ၁၇ ရက်နေ့မှာ ရက္ခိုင့်တပ်တော် (AA) က အပြီးသတ် သိမ်းပိုက်ခဲ့ပြီးနောက် စစ်ကောင်စီက မကြာသေးခင်က စစ်သင်တန်းပေးထားတဲ့ မွတ်ဆလင်တွေရဲ့ ရုပ်အလောင်းတွေကိုလည်း တွေ့ရတယ်လို့ AA က ဓာတ်ပုံတွေကို တင်ပြလာပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်ကတော့ ငြင်းချက်ထုတ်ထားပါတယ်။




