နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဒီဇင်ဘာလ 25 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အရှေ့အလယ်ပိုင်း

ဘေရွတ်ရှိ အဆင့်မြင့် ဟစ်ဇ်ဘိုလာအဖွဲ့ခေါင်းဆောင်ပိုင်းကို အစ္စရေးက ပစ်မှတ်ထား တိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း သတင်းရင်းမြစ်များက ဆိုသည်။

၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ (၂၀) ရက်။

ABC သတင်း/ABC News’ Jordana Miller, Dana Savir and Joe Simonetti

အစ္စရေးနှင့် ဟစ်ဇ်ဘိုလာတို့ကြား တင်းမာမှုများ ဆက်လက်မြင့်တက်နေချိန်တွင် ဘေရွတ်တွင် ပစ်မှတ်ထား တိုက်ခိုက်မှုတစ်ရပ်ကို သောကြာနေ့က ပြုလုပ်ခဲ့ကြောင်း အစ္စရေးက ပြောကြားခဲ့သည်။ ဘေရွတ်တောင်ပိုင်းတွင် တိုက်ခိုက်မှု၏ ပစ်မှတ်မှာ အီဗရာဟင် အကွီလ် (Ibrahim Aqil) ဖြစ်ကြောင်း အစ္စရေးသတင်းရင်းမြစ်နှစ်ခုအရ သိရသည်။ လက်ဘနွန် ကျန်းမာရေး ဝန်ကြီးဌာန၏ အဆိုအရ တိုက်ခိုက်မှုတွင် အနည်းဆုံး လူ ၃ ဦး သေဆုံးခဲ့သော်လည်း သေဆုံးသူ သို့မဟုတ် ဒဏ်ရာရရှိခြင်း ရှိ၊ မရှိ အတိအကျ မပြောနိုင်ပေ။ တာရှင် (Tahsin) ဟုလည်း သိကြသော အကွီလ်သည် ဟစ်ဇ်ဘိုလာ၏ အမြင့်ဆုံးစစ်ဘက်ဆိုင်ရာအဖွဲ့တွင် တာဝန်ထမ်းဆောင်နေပြီး လူပေါင်း ၆၃ ဦး သေဆုံးခဲ့သည့် ဘေရွတ်ရှိ အမေရိကန်သံရုံးကို ၁၉၈၃ ခုနှစ် ဗုံးခွဲမှုတွင် သူ့တွင်တာဝန်ရှိသည်ဟု အခိုင်အမာဆိုထားသည့် အစ္စလာမ္မစ်ဂျီဟတ်အဖွဲ့၏ အဓိကအဖွဲ့ဝင်တစ်ဦးဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေးဌာနက ပြောကြားခဲ့သည်။

အမေရိကန် တရားမျှတမှုအတွက် ဆုချီးမြှင့်ခြင်း (US Award for Justice) အစီအစဉ်အရ ၂၀၂၃ ခုနှစ်တွင် “ ဟစ်စဘိုလာ ၏ အဓိကခေါင်းဆောင် အီဗရာဟင် အကွီလ် (Ibrahim Aqil)” အား ဖော်ထုတ်ခြင်း၊ တည်နေရာ၊ ဖမ်းဆီးခြင်းနှင့်/သို့မဟုတ် ပြစ်မှုထင်ရှားစီရင်ခြင်းတို့ကို ဖြစ်စေသည့် မည်သည့်အချက်အလက်အတွက်မဆို အမေရိကန်ဒေါ်လာ ၇ သန်းအထိ ဆုချီးမြှင့်မည်ဟု အမေရိကန်က ကြေညာခဲ့သည်။ အကွီလ် သည် လက်ဘနွန်တွင် အမေရိကန်နှင့် ဂျာမန် များကို ဓားစာခံများအဖြစ်ဖမ်းဆီးရန် ညွှန်ကြားခဲ့ပြီး ၁၉၈၀ ပြည့်လွန်နှစ်များတွင် ထိုနေရာတွင် ချုပ်နှောင်ခဲ့သည်။

Kfarkela တွင် အကြမ်းဖက်သမားတစ်ဦးအား အစ္စရေးကာကွယ်ရေးတပ် က လုပ်ကြံခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသော်လည်း မည်သူ့ကို ပစ်မှတ်ထားကြောင်းနှင့် ထိုသူသေဆုံးသွားခြင်း ရှိမရှိကို မဖော်ပြခဲ့ပါ။ လက်ဘနွန်တောင်ပိုင်း Kfarkela ဧရိယာတွင် ဟစ်ဇ်ဘိုလာအဖွဲ့မှ အကြမ်းဖက် သမားသည် အဆောက်အုံတခုအတွင်းဝင်သွားသည်ကို အစ္စရေးစစ်သားများကတွေ့ရှိခဲ့ပြီး ထိုလှုပ်ရှားမှုရှိသည့် နေရာကို လျင်မြန်စွာ တိုက်ခိုက်ခဲ့သည်။ သောကြာနေ့က လက်ဘနွန်မှ ဒုံးကျည်အမြောက်အမြား အစ္စရေးနိုင်ငံ မြောက်ပိုင်းသို့ ပစ်မှတ်ထား ပစ်လွှတ်ခဲ့သည့်အတွက် တန်ပြန်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ လက်ဘနွန်တောင်ပိုင်းရှိ အခြားမြို့အများအပြားတွင်ရှိ ဟစ်ဇ်ဘိုလာအဖွဲ့၏ ပစ်မှတ်များကို တိုက်ခိုက်ခဲ့ကြောင်း အစ္စရေးကာကွယ်ရေးတပ် က ပြောကြားခဲ့သည်။

သောကြာနေ့ မွန်းတည့်ချိန်ထိ အစ္စရေးဘက်သို့ ဒုံးကျည် ၁၂၀ ခန့် ပစ်ခတ်ခံခဲ့ရကြောင်း အစ္စရေးကာကွယ်ရေးတပ်ဖွဲ့က ABC News သို့ ပြောကြားခဲ့သည်။ အစ္စရေးသည် လက်ဘနွန်ရှိ ဟစ်ဇ်ဘိုလာ ပစ်မှတ် ၁၀၀ ကျော်ကို ကြာသပတေးနေ့တွင် တိုက်ခိုက်ခဲ့ကြောင်း အစ္စရေးစစ်တပ်က ပြောကြားခဲ့သည်။ အမေရိကန်နှင့် အခြားနိုင်ငံတကာခေါင်းဆောင်များနှင့်အတူ တာဝန်ရှိသူများက ဟစ်ဇ်ဘိုလာနှင့် အစ္စရေးတို့၏ ပဋိပက္ခကို ဖြေရှင်းရန်အတွက် သံတမန်နည်းလမ်းများဖြင့်အဖြေ ရှာဖွေကြရန် တိုက်တွန်းခဲ့သည်။

ပဋိပက္ခအတွက် သံတမန်နည်းအရ ဖြေရှင်းချက်ရှာရန် ၎င်းတို့၏ ဆက်ဆံရေးရှိသော အစ္စရေးအရာရှိများကို ယခုသီတင်းပတ်အတွင်း သီးသန့်တိုက်တွန်းခဲ့ကြောင်း အမေရိကန်နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ မက်သရူးမီလာ (Matthew Miller) က ကြာသပတေးနေ့တွင် ပြောကြားခဲ့သည်။ သူကဆက်လက်ပြီး အမေရိကန်သည် အကြမ်းဖက်အဖွဲ့အစည်း ဟစ်ဇ်ဘိုလာနှင့် အခြားအီရန်မွေးထားသည့် အဖွဲ့အစည်းများ အပါအဝင် အကြမ်းဖက်အဖွဲ့အစည်း အားလုံး၏ရန်မှ အစ္စရေးကို ကာကွယ်ရန် အမေရိကန်က ကတိပြုထားကြောင်း ၎င်းက ပြောကြားခဲ့သည်။ “အစ္စရေးရဲ့ ခုခံကာကွယ်ပိုင်ခွင့်ကို ကျွန်တော်တို့ ဆက်လက်ရပ်တည်သွားမှာပါ” ဟု မီလာက ကြာသပတေးနေ့ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ “ ဒါပေမယ့် ဘယ်ပါတီကမှ ဒီပဋိပက္ခကို အရှိန်မြှင့်တာ မမြင်ချင်ပါဘူး။”

မီလာနှင့် အခြားအမေရိကန်အရာရှိများသည် အစ္စရေးနှင့် ဟစ်ဇ်ဘိုလာတို့၏ ပြန့်ပွားလာနိုင်သည့် စစ်ဖြစ်နိုင်သည့် အန္တရာယ်ရှိသည့် ပဋိပက္ခမှ နောက်ဆုတ်ပေးကြရန် နိုင်ငံတကာတာဝန်ရှိသူများကို သံပြိုင်တောင်းဆိုခဲ့ကြသည်။ အစ္စရေးနှင့် ဟစ်ဇ်ဘိုလာတို့သည် ပြီးခဲ့သော ၁၁ လတာအတွင်း နယ်စပ်တစ်လျှောက် နေ့စဉ်နီးပါး ဒုံးကျည်များဖြင့် ပစ်ခတ်ခဲ့သည်။

ထိုကြာသပတေးနေ့တွင်တိုက်ခိုက်မှုများသည် အရေးပေါ်အခြေအနေသစ်တစ်ရပ်ကို ဆောင်ရွက်ရန်ဖြစ်ပုံရပြီး အစ္စရေးသည် လက်ဘနွန်ရှိ ဟစ်ဇ်ဘိုလာပစ်မှတ်များကို ဆက်တိုက်တိုက်ခိုက်မှုများ ပြုလုပ်လာခဲ့သည်။ တိုက်ခိုက်မှုသည် တစ်နှစ်နီးပါးအတွင်း အကြီးမားဆုံးဖြစ်သည်။ ၎င်းတို့သည် လက်ဘနွန်နှင့် ဆီးရီးယားနှစ်နိုင်ငံစလုံးရှိ ပေ့ဂျာများတွင် ဝှက်ထားသော ဖောက်ခွဲရေးပစ္စည်းများနှင့် ဖောက်ခွဲတိုက်ခိုက်ပြီးနောက် အစ္စရေးက ထိုလုပ်ရပ်နောက်ကွယ်တွင် ရှိနေပြီးထို အံ့အားသင့်ဖွယ်ရာ တိုက်ခိုက်မှုကြောင့် လူအများအပြား သေဆုံးမှုဖြစ်ခဲ့ကြောင်း သတင်းရင်းမြစ်တစ်ခုအရ သိရသည်။

အစ္စရေးနှင့် လက်ဘနွန်နယ်စပ်ကို ရည်ညွှန်းသည့် “အပြာလိုင်းကို ဖြတ်၍ ပြင်းထန်သော ရန်စမှုများ” ကို ယခုသီတင်းပတ်အတွင်း တွေ့မြင်ပြီးနောက် လက်ဘနွန်ရှိ ကုလသမဂ္ဂ ငြိမ်းချမ်းရေး ထိန်းသိမ်းမှုတပ်ဖွဲ့ မှ တင်းမာမှုများ ဖြေလျှော့ရန် တောင်းဆိုထားကြောင်း ထိုအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူက ရိုက်တာသတင်းဌာန သို့ ပြောကြားခဲ့သည်။

ဥရောပခေါင်းဆောင်များကလည်း ကြာသပတေးနေ့တွင် အလားတူတောင်းဆိုမှုကိုပြု ခဲ့ကြသည်။ ပြင်သစ်သမ္မတ အီမယ်နျူရယ် မက်ခရွန် နှင့် ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဒေးဗစ် လာမီ (David Lammy) တို့က လူသိရှင်ကြားထုတ်ပြန်ချက်များကို သီးခြားထုတ်ပြန်ကြရာတွင် အရှေ့အလယ်ပိုင်းတွင် တင်းမာမှုလျှော့ချရန် တောင်းဆိုခဲ့သည်။ မက်ခရွန်သည် ပြင်သစ်ဘာသာဖြင့် လက်ဘနွမ်ပြည်သူများသို့ သတင်းစကားပါးခဲ့ရာတွင် သူတို့အနေနှင့် ဖြစ်လာနိုင်သည့်စစ်ပွဲကို ကြောက်ရွံ့ပြီး နေထိုင်နေရသည့် ဘဝမရှိသင့်ကြောင်းနှင့် ပဋိပက္ခကို ရှောင်ရှားရမည်ဟု ဆိုခဲ့သည်။

အမေရိကန်၊ ပြင်သစ်၊ ဂျာမန်၊ အီတလီနဲ့ ကြာသပတေးနေ့က တွေ့ဆုံခဲ့ပြီး အစ္စရေးနှင့် လက်ဘနွန်အခြေစိုက် စစ်သွေးကြွအဖွဲ့တို့ကြား စေ့စပ်ညှိနှိုင်းသည့် နိုင်ငံရေးအရ ပြေလည်မှု ရလိုကြောင်း သူတို့လေးဦးစလုံးက သဘောတူခဲ့သည်ဟု လာမီ (Lammy) က ပြောပါသည်။

“အစ္စရေးတွေက သူတို့ မြောက်ပိုင်းက နေရပ်ပြန်နိုင်စေဖို့နဲ့ ဒီလိုပဲ လက်ဘနွန်နိုင်ငံသားတွေလည်း နေရပ်ပြန်နိုင်စေဖို့ စေ့စပ်ညှိနှိုင်းတဲ့ နိုင်ငံရေး ပြေလည်မှုမျိုးကို မြင်လိုကြောင်း ကျွန်တော်တို့ အားလုံးက ရှင်းရှင်းလင်းလင်းဆန္ဒ ရှိကြပါတယ်” ဟု လာမီ (Lammy) က သတင်းထောက်များအား ကြာသပတေးနေ့တွင် ပြောကြားခဲ့သည်။ “အဲဒါကြောင့် ဒီနေ့ညမှာ နှစ်ဖက်စလုံးက အပစ်အခတ်ရပ်စဲရေးကို ချက်ချင်းတောင်းဆိုတာပါ၊ အဲဒါကို ပြေလည်အောင် အဖြေရှာနိုင်ဖို့၊ လိုအပ်တဲ့ နိုင်ငံရေး ပြေလည်မှုရဖို့ပါ” ဟု သူက ဆိုသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

ထိုင်း နိုင်ငံတကာသတင်း အရှေ့တောင်အာရှ

သုဝဏ္ဏဘူမိလေဆိပ်အနီးတွင် ဒရုန်းများနှင့်အတူ မြန်မာနိုင်ငံသား ၄ ဦး ဖမ်းဆီးခံရ

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 24 ရက်
  • 16 Views
မြန်မာစစ်တပ်အတွက် ရည်ရွယ်သည်ဟု ဆိုသော တရုတ်နိုင်ငံထုတ် ဒရုန်း ၁၀ စီးကို လေဆိပ်အနီးရှိ ဟိုတယ်ခန်းတစ်ခုအတွင်း သိမ်းဆည်းရမိ Bangkok Post-
ကမ္ဘောဒီးယား ထိုင်း နိုင်ငံတကာသတင်း အရှေ့တောင်အာရှ

ထိုင်း- ကမ္ဘောဒီးယား ပဋိပက္ခ

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 24 ရက်
  • 23 Views
ချောင်အန်မာနှင့် တာကွိုင်ဒေသတွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး BM-21 ရော့ကတ်များဖြင့် ပစ်ခတ်မှုရှိနေကြောင်း ဒုတိယစစ်ဒေသက ထုတ်ပြန် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ
ကမ္ဘောဒီးယား ထိုင်း နိုင်ငံတကာသတင်း အရှေ့တောင်အာရှ

ကမ္ဘောဒီးယား၏ “ပတ်ဝန်းကျင်ဆိုင်ရာ ပြစ်မှု” စွပ်စွဲချက်များမှာ အထောက်အထားမဲ့ လုပ်ကြံဖန်တီးမှုများသာဖြစ်ကြောင်း ထိုင်းစစ်တပ် ပြောရေးဆိုခွင့်ရှိသူ တုံ့ပြန်

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 24 ရက်
  • 22 Views
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၄ ရက် ကမ္ဘောဒီးယားဘက်မှ စွပ်စွဲချက်များဖြစ်သည့် “ ပတ်ဝန်းကျင်ဆိုင်ရာ ပြစ်မှု” ကျူးလွန်သည်ဆိုသော အချက်အလက်များမှာ အထောက်အထားမရှိဘဲ လုပ်ကြံဖန်တီးထားခြင်းသာ ဖြစ်ကြောင်းနှင့် အချက်အလက်ကို အခြေခံသည့် နှစ်နိုင်ငံဆွေးနွေးပွဲများသို့ ပြန်လည်ဦးတည်ရန် ထိုင်းတော်ဝင်စစ်တပ်က
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

BBC သတင်းဌာနသို့ ပါလက်စတိုင်းအမျိုးသားနှစ်ဦး၏ ထွက်ဆိုချက်အရ အစ္စရေးအကျဉ်းထောင်များတွင် လိင်ပိုင်းဆိုင်ရာ စော်ကားမှုနှင့် နှိပ်စက်ညှဉ်းပန်းမှုများ ရှိနေကြောင်း ဖော်ပြထားသည့် သတင်းကို အကျဉ်းချုပ် ဘာသာပြန်ဆိုပေးလိုက်ပါသည်။

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 23 ရက်
  • 22 Views
၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ ၂၃ရက် အစ္စရေးအကျဉ်းထောင်များအတွင်း နှိပ်စက်ညှဉ်းပန်းမှု သတင်းအကျဉ်း အစ္စရေးအကျဉ်းထောင်များတွင် ပါလက်စတိုင်းအကျဉ်းသားများအပေါ် စနစ်တကျ ညှဉ်းပန်းနှိပ်စက်ခြင်းနှင့် လိင်ပိုင်းဆိုင်ရာ စော်ကားမှုများ ရှိနေကြောင်း ကုလသမဂ္ဂနှင့် လူ့အခွင့်အရေးအဖွဲ့များက စိုးရိမ်တကြီး ထောက်ပြထားကြသည်။ ကိုယ်တွေ့ထွက်ဆိုချက်များ။* ဆာမီ အယ်လ်ဆေးအီ
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်းစွမ်းအင်ကွန်ရက်ကို ရုရှားက ဒုံးကျည်နှင့် ဒရုန်းများဖြင့် “ အကြီးအကျယ်” တိုက်ခိုက်ခဲ့ခြင်းကြောင့် နိုင်ငံတစ်ဝှမ်းတွင် လျှပ်စစ်မီးများ ပြတ်တောက်လျက်ရှိကြောင်း စွမ်းအင်လုပ်ငန်းအဖွဲ့က ပြောကြားခဲ့သည်။

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 23 ရက်
  • 22 Views
၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ ၂၃ရက် ယူကရိန်း၏ “ ဒေသအချို့” တွင် “ အရေးပေါ် မီးဖြတ်တောက်မှုများ” ပြုလုပ်နေရကြောင်း Ukrenergo အဖွဲ့က ဆိုသည်။ မြို့တော် ကိယဗ် (Kyiv) အပါအဝင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လေကြောင်းရန်
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ရုရှားထိပ်တန်းစစ်ဗိုလ်ချုပ်တစ်ဦး မော်စကိုတွင် ကားဗုံးဖြင့် လုပ်ကြံခံရ၊ စစ်ဘက်အရာရှိကြီးများအပေါ် တိုက်ခိုက်မှုများ ဆက်တိုက်ဖြစ်ပွားနေ

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 22 ရက်
  • 29 Views
CNN – ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၂ ရက် ရုရှားဗိုလ်ချုပ်တစ်ဦးသည် မော်စကိုမြို့တွင် ဖြစ်ပွားခဲ့သော ကားဗုံးပေါက်ကွဲမှုအတွင်း သေဆုံးသွားခဲ့ပြီး၊ ယခုနောက်ဆုံးဖြစ်ပွားခဲ့သည့် အဆင့်မြင့်စစ်ဘက်အရာရှိအား လုပ်ကြံသတ်ဖြတ်မှုမှာ ယူကရိန်း၏လက်ချက်ဖြစ်ကြောင်း တာဝန်ရှိသူများက လက်ညှိုးထိုးထားကြသည်။ တပ်မတော်၏ စစ်ဆင်ရေးလေ့ကျင့်ရေးဌာနကို
စစ်ရေးသတင်း တောင်ကိုရီးယား နိုင်ငံတကာသတင်း အမေရိကန်

ပစိဖိတ်သမုဒ္ဒရာတွင် အမေရိကန် ရေငုပ်သင်္ဘောများ အရေအတွက် အသာစီးမရတော့ခြင်းကြောင့် တောင်ကိုရီးယားက ကူညီနိုင်မည့် အစီအစဉ်

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 22 ရက်
  • 22 Views
CNN- ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ ၂၁ရက် ဆိုးလ်၊ တောင်ကိုရီးယား — တောင်ကိုရီးယားနိုင်ငံသည် ကမ္ဘာ့အဆင့်မြင့် ရေအောက် ရေတပ်အင်အားကြီးနိုင်ငံများစာရင်းတွင် ပါဝင်ရန် ဆန္ဒရှိနေပြီး အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ထံမှလည်း ထိုသို့လုပ်ဆောင်ရန် ခွင့်ပြုချက် ရရှိထားပြီဖြစ်သည်။ တောင်ကိုရီးယားသည် အမေရိကန်၊
နိုင်ငံတကာသတင်း ဗင်နီဇွဲလား လက်တင်အမေရိက

ဗင်နီဇွဲလားသမ္မတ မာဒူရို တစ်ပတ်အတွင်း မဟာမိတ်နှစ်နိုင်ငံ ဆုံးရှုံးသွားခြင်း – ဒေသတွင်းတွင် မည်သည့်မိတ်ဖက်များ ကျန်ရှိနေသေး သနည်း?

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 21 ရက်
  • 38 Views
CNN- ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ ၂၁ရက် ကာရစ်ဘီယံပင်လယ်အတွင်း ဝါရှင်တန်၏ ရေတပ်အင်အားတိုးချဲ့မှုကို ရင်ဆိုင်နေရစဉ် အတွင်း ဗင်နီဇွဲလားသမ္မတ နီကိုးလပ်စ် မာဒူရိုသည် ယခုတစ်ပတ် ရွေးကောက်ပွဲ ရလဒ်များ ကြောင့် ဒေသတွင်းမဟာမိတ်များဖြစ်သည့် ဟွန်ဒူးရပ်စ် နှင့် စိန့်ဗင်းဆင့်နှင့်