နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 25 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အရှေ့အလယ်ပိုင်း

ဘေရွတ်ရှိ အဆင့်မြင့် ဟစ်ဇ်ဘိုလာအဖွဲ့ခေါင်းဆောင်ပိုင်းကို အစ္စရေးက ပစ်မှတ်ထား တိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း သတင်းရင်းမြစ်များက ဆိုသည်။

၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ (၂၀) ရက်။

ABC သတင်း/ABC News’ Jordana Miller, Dana Savir and Joe Simonetti

အစ္စရေးနှင့် ဟစ်ဇ်ဘိုလာတို့ကြား တင်းမာမှုများ ဆက်လက်မြင့်တက်နေချိန်တွင် ဘေရွတ်တွင် ပစ်မှတ်ထား တိုက်ခိုက်မှုတစ်ရပ်ကို သောကြာနေ့က ပြုလုပ်ခဲ့ကြောင်း အစ္စရေးက ပြောကြားခဲ့သည်။ ဘေရွတ်တောင်ပိုင်းတွင် တိုက်ခိုက်မှု၏ ပစ်မှတ်မှာ အီဗရာဟင် အကွီလ် (Ibrahim Aqil) ဖြစ်ကြောင်း အစ္စရေးသတင်းရင်းမြစ်နှစ်ခုအရ သိရသည်။ လက်ဘနွန် ကျန်းမာရေး ဝန်ကြီးဌာန၏ အဆိုအရ တိုက်ခိုက်မှုတွင် အနည်းဆုံး လူ ၃ ဦး သေဆုံးခဲ့သော်လည်း သေဆုံးသူ သို့မဟုတ် ဒဏ်ရာရရှိခြင်း ရှိ၊ မရှိ အတိအကျ မပြောနိုင်ပေ။ တာရှင် (Tahsin) ဟုလည်း သိကြသော အကွီလ်သည် ဟစ်ဇ်ဘိုလာ၏ အမြင့်ဆုံးစစ်ဘက်ဆိုင်ရာအဖွဲ့တွင် တာဝန်ထမ်းဆောင်နေပြီး လူပေါင်း ၆၃ ဦး သေဆုံးခဲ့သည့် ဘေရွတ်ရှိ အမေရိကန်သံရုံးကို ၁၉၈၃ ခုနှစ် ဗုံးခွဲမှုတွင် သူ့တွင်တာဝန်ရှိသည်ဟု အခိုင်အမာဆိုထားသည့် အစ္စလာမ္မစ်ဂျီဟတ်အဖွဲ့၏ အဓိကအဖွဲ့ဝင်တစ်ဦးဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေးဌာနက ပြောကြားခဲ့သည်။

အမေရိကန် တရားမျှတမှုအတွက် ဆုချီးမြှင့်ခြင်း (US Award for Justice) အစီအစဉ်အရ ၂၀၂၃ ခုနှစ်တွင် “ ဟစ်စဘိုလာ ၏ အဓိကခေါင်းဆောင် အီဗရာဟင် အကွီလ် (Ibrahim Aqil)” အား ဖော်ထုတ်ခြင်း၊ တည်နေရာ၊ ဖမ်းဆီးခြင်းနှင့်/သို့မဟုတ် ပြစ်မှုထင်ရှားစီရင်ခြင်းတို့ကို ဖြစ်စေသည့် မည်သည့်အချက်အလက်အတွက်မဆို အမေရိကန်ဒေါ်လာ ၇ သန်းအထိ ဆုချီးမြှင့်မည်ဟု အမေရိကန်က ကြေညာခဲ့သည်။ အကွီလ် သည် လက်ဘနွန်တွင် အမေရိကန်နှင့် ဂျာမန် များကို ဓားစာခံများအဖြစ်ဖမ်းဆီးရန် ညွှန်ကြားခဲ့ပြီး ၁၉၈၀ ပြည့်လွန်နှစ်များတွင် ထိုနေရာတွင် ချုပ်နှောင်ခဲ့သည်။

Kfarkela တွင် အကြမ်းဖက်သမားတစ်ဦးအား အစ္စရေးကာကွယ်ရေးတပ် က လုပ်ကြံခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသော်လည်း မည်သူ့ကို ပစ်မှတ်ထားကြောင်းနှင့် ထိုသူသေဆုံးသွားခြင်း ရှိမရှိကို မဖော်ပြခဲ့ပါ။ လက်ဘနွန်တောင်ပိုင်း Kfarkela ဧရိယာတွင် ဟစ်ဇ်ဘိုလာအဖွဲ့မှ အကြမ်းဖက် သမားသည် အဆောက်အုံတခုအတွင်းဝင်သွားသည်ကို အစ္စရေးစစ်သားများကတွေ့ရှိခဲ့ပြီး ထိုလှုပ်ရှားမှုရှိသည့် နေရာကို လျင်မြန်စွာ တိုက်ခိုက်ခဲ့သည်။ သောကြာနေ့က လက်ဘနွန်မှ ဒုံးကျည်အမြောက်အမြား အစ္စရေးနိုင်ငံ မြောက်ပိုင်းသို့ ပစ်မှတ်ထား ပစ်လွှတ်ခဲ့သည့်အတွက် တန်ပြန်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ လက်ဘနွန်တောင်ပိုင်းရှိ အခြားမြို့အများအပြားတွင်ရှိ ဟစ်ဇ်ဘိုလာအဖွဲ့၏ ပစ်မှတ်များကို တိုက်ခိုက်ခဲ့ကြောင်း အစ္စရေးကာကွယ်ရေးတပ် က ပြောကြားခဲ့သည်။

သောကြာနေ့ မွန်းတည့်ချိန်ထိ အစ္စရေးဘက်သို့ ဒုံးကျည် ၁၂၀ ခန့် ပစ်ခတ်ခံခဲ့ရကြောင်း အစ္စရေးကာကွယ်ရေးတပ်ဖွဲ့က ABC News သို့ ပြောကြားခဲ့သည်။ အစ္စရေးသည် လက်ဘနွန်ရှိ ဟစ်ဇ်ဘိုလာ ပစ်မှတ် ၁၀၀ ကျော်ကို ကြာသပတေးနေ့တွင် တိုက်ခိုက်ခဲ့ကြောင်း အစ္စရေးစစ်တပ်က ပြောကြားခဲ့သည်။ အမေရိကန်နှင့် အခြားနိုင်ငံတကာခေါင်းဆောင်များနှင့်အတူ တာဝန်ရှိသူများက ဟစ်ဇ်ဘိုလာနှင့် အစ္စရေးတို့၏ ပဋိပက္ခကို ဖြေရှင်းရန်အတွက် သံတမန်နည်းလမ်းများဖြင့်အဖြေ ရှာဖွေကြရန် တိုက်တွန်းခဲ့သည်။

ပဋိပက္ခအတွက် သံတမန်နည်းအရ ဖြေရှင်းချက်ရှာရန် ၎င်းတို့၏ ဆက်ဆံရေးရှိသော အစ္စရေးအရာရှိများကို ယခုသီတင်းပတ်အတွင်း သီးသန့်တိုက်တွန်းခဲ့ကြောင်း အမေရိကန်နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ မက်သရူးမီလာ (Matthew Miller) က ကြာသပတေးနေ့တွင် ပြောကြားခဲ့သည်။ သူကဆက်လက်ပြီး အမေရိကန်သည် အကြမ်းဖက်အဖွဲ့အစည်း ဟစ်ဇ်ဘိုလာနှင့် အခြားအီရန်မွေးထားသည့် အဖွဲ့အစည်းများ အပါအဝင် အကြမ်းဖက်အဖွဲ့အစည်း အားလုံး၏ရန်မှ အစ္စရေးကို ကာကွယ်ရန် အမေရိကန်က ကတိပြုထားကြောင်း ၎င်းက ပြောကြားခဲ့သည်။ “အစ္စရေးရဲ့ ခုခံကာကွယ်ပိုင်ခွင့်ကို ကျွန်တော်တို့ ဆက်လက်ရပ်တည်သွားမှာပါ” ဟု မီလာက ကြာသပတေးနေ့ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ “ ဒါပေမယ့် ဘယ်ပါတီကမှ ဒီပဋိပက္ခကို အရှိန်မြှင့်တာ မမြင်ချင်ပါဘူး။”

မီလာနှင့် အခြားအမေရိကန်အရာရှိများသည် အစ္စရေးနှင့် ဟစ်ဇ်ဘိုလာတို့၏ ပြန့်ပွားလာနိုင်သည့် စစ်ဖြစ်နိုင်သည့် အန္တရာယ်ရှိသည့် ပဋိပက္ခမှ နောက်ဆုတ်ပေးကြရန် နိုင်ငံတကာတာဝန်ရှိသူများကို သံပြိုင်တောင်းဆိုခဲ့ကြသည်။ အစ္စရေးနှင့် ဟစ်ဇ်ဘိုလာတို့သည် ပြီးခဲ့သော ၁၁ လတာအတွင်း နယ်စပ်တစ်လျှောက် နေ့စဉ်နီးပါး ဒုံးကျည်များဖြင့် ပစ်ခတ်ခဲ့သည်။

ထိုကြာသပတေးနေ့တွင်တိုက်ခိုက်မှုများသည် အရေးပေါ်အခြေအနေသစ်တစ်ရပ်ကို ဆောင်ရွက်ရန်ဖြစ်ပုံရပြီး အစ္စရေးသည် လက်ဘနွန်ရှိ ဟစ်ဇ်ဘိုလာပစ်မှတ်များကို ဆက်တိုက်တိုက်ခိုက်မှုများ ပြုလုပ်လာခဲ့သည်။ တိုက်ခိုက်မှုသည် တစ်နှစ်နီးပါးအတွင်း အကြီးမားဆုံးဖြစ်သည်။ ၎င်းတို့သည် လက်ဘနွန်နှင့် ဆီးရီးယားနှစ်နိုင်ငံစလုံးရှိ ပေ့ဂျာများတွင် ဝှက်ထားသော ဖောက်ခွဲရေးပစ္စည်းများနှင့် ဖောက်ခွဲတိုက်ခိုက်ပြီးနောက် အစ္စရေးက ထိုလုပ်ရပ်နောက်ကွယ်တွင် ရှိနေပြီးထို အံ့အားသင့်ဖွယ်ရာ တိုက်ခိုက်မှုကြောင့် လူအများအပြား သေဆုံးမှုဖြစ်ခဲ့ကြောင်း သတင်းရင်းမြစ်တစ်ခုအရ သိရသည်။

အစ္စရေးနှင့် လက်ဘနွန်နယ်စပ်ကို ရည်ညွှန်းသည့် “အပြာလိုင်းကို ဖြတ်၍ ပြင်းထန်သော ရန်စမှုများ” ကို ယခုသီတင်းပတ်အတွင်း တွေ့မြင်ပြီးနောက် လက်ဘနွန်ရှိ ကုလသမဂ္ဂ ငြိမ်းချမ်းရေး ထိန်းသိမ်းမှုတပ်ဖွဲ့ မှ တင်းမာမှုများ ဖြေလျှော့ရန် တောင်းဆိုထားကြောင်း ထိုအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူက ရိုက်တာသတင်းဌာန သို့ ပြောကြားခဲ့သည်။

ဥရောပခေါင်းဆောင်များကလည်း ကြာသပတေးနေ့တွင် အလားတူတောင်းဆိုမှုကိုပြု ခဲ့ကြသည်။ ပြင်သစ်သမ္မတ အီမယ်နျူရယ် မက်ခရွန် နှင့် ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဒေးဗစ် လာမီ (David Lammy) တို့က လူသိရှင်ကြားထုတ်ပြန်ချက်များကို သီးခြားထုတ်ပြန်ကြရာတွင် အရှေ့အလယ်ပိုင်းတွင် တင်းမာမှုလျှော့ချရန် တောင်းဆိုခဲ့သည်။ မက်ခရွန်သည် ပြင်သစ်ဘာသာဖြင့် လက်ဘနွမ်ပြည်သူများသို့ သတင်းစကားပါးခဲ့ရာတွင် သူတို့အနေနှင့် ဖြစ်လာနိုင်သည့်စစ်ပွဲကို ကြောက်ရွံ့ပြီး နေထိုင်နေရသည့် ဘဝမရှိသင့်ကြောင်းနှင့် ပဋိပက္ခကို ရှောင်ရှားရမည်ဟု ဆိုခဲ့သည်။

အမေရိကန်၊ ပြင်သစ်၊ ဂျာမန်၊ အီတလီနဲ့ ကြာသပတေးနေ့က တွေ့ဆုံခဲ့ပြီး အစ္စရေးနှင့် လက်ဘနွန်အခြေစိုက် စစ်သွေးကြွအဖွဲ့တို့ကြား စေ့စပ်ညှိနှိုင်းသည့် နိုင်ငံရေးအရ ပြေလည်မှု ရလိုကြောင်း သူတို့လေးဦးစလုံးက သဘောတူခဲ့သည်ဟု လာမီ (Lammy) က ပြောပါသည်။

“အစ္စရေးတွေက သူတို့ မြောက်ပိုင်းက နေရပ်ပြန်နိုင်စေဖို့နဲ့ ဒီလိုပဲ လက်ဘနွန်နိုင်ငံသားတွေလည်း နေရပ်ပြန်နိုင်စေဖို့ စေ့စပ်ညှိနှိုင်းတဲ့ နိုင်ငံရေး ပြေလည်မှုမျိုးကို မြင်လိုကြောင်း ကျွန်တော်တို့ အားလုံးက ရှင်းရှင်းလင်းလင်းဆန္ဒ ရှိကြပါတယ်” ဟု လာမီ (Lammy) က သတင်းထောက်များအား ကြာသပတေးနေ့တွင် ပြောကြားခဲ့သည်။ “အဲဒါကြောင့် ဒီနေ့ညမှာ နှစ်ဖက်စလုံးက အပစ်အခတ်ရပ်စဲရေးကို ချက်ချင်းတောင်းဆိုတာပါ၊ အဲဒါကို ပြေလည်အောင် အဖြေရှာနိုင်ဖို့၊ လိုအပ်တဲ့ နိုင်ငံရေး ပြေလည်မှုရဖို့ပါ” ဟု သူက ဆိုသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

သီးသန့်သတင်း- ပစ်ချခံရသည့် အမေရိကန် လေသူရဲက အီရန်ဒရုန်းများ ‘ဂျယ်လီငါး’ ပုံသဏ္ဌာန်ဖြင့် အုပ်စုဖွဲ့ပျံသန်းလာသည်ကို မြင်တွေ့ခဲ့ရကြောင်း ပြောကြား

  • 2026 ခုနှစ်၊ ဇွန်လ 23 ရက်
  • 29 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၃ ရက် ပြီးခဲ့သည့် ဧပြီလအတွင်းက အီရန်ကောင်းကင်ယံ၌ ပစ်ချခံရပြီးနောက် အထူးတပ်ဖွဲ့များ၏ ကယ်ဆယ်ခြင်းကို ခံခဲ့ရသည့် အမေရိကန် တိုက်လေယာဉ်မှူးတစ်ဦးသည် လေယာဉ်ပေါ်မှ ခုန်ထွက်ခြင်းမပြုမီ ထိတ်လန့်ဖွယ်ရာ မြင်ကွင်းတစ်ခုကို
နိုင်ငံတကာသတင်း အမေရိကန်

အီးဂျင်းကာရိုးလ် (E. Jean Carroll) အပေါ် လိင်ပိုင်းဆိုင်ရာ စော်ကားမှု စီရင်ချက်အပေါ် ထရမ့်၏ အသဲအသန် အယူခံဝင်မှုသည် တရားရုံးချုပ်တွင် ကြန့်ကြာနေ

  • 2026 ခုနှစ်၊ ဇွန်လ 23 ရက်
  • 28 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၃ရက် ဖေဖော်ဝါရီ ၂၇ ရက်တွင် တရားရုံးချုပ် တရားသူကြီးများသည် တံခါးပိတ်အစည်းအဝေး ပြုလုပ်ရန် ပြင်ဆင်နေစဉ်အတွင်း၊ မဂ္ဂဇင်းပင်တိုင်ဆောင်းပါးရှင် E. Jean Carroll အား လိင်ပိုင်းဆိုင်ရာ စော်ကားခဲ့ပြီး အသရေဖျက်ခဲ့သည်ဟူသော
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

သိမ်းပိုက်ခံ အနောက်ဘက်ကမ်းတွင် သတ်ဖြတ်ခံရသည့် ဆယ်ကျော် သက်များ၏ ရုပ်အလောင်းများကို အစ္စရေးက ထိန်းသိမ်းထားကြောင်း ပါလက်စတိုင်းတို့ ပြောကြား

  • 2026 ခုနှစ်၊ ဇွန်လ 22 ရက်
  • 25 Views
Al Jazeera- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၂ရက် သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) ရှိ တရားမဝင်အခြေစိုက်စခန်းတစ်ခုအနီးတွင် သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရသည့် ပါလက်စတိုင်းဆယ်ကျော်သက် နှစ်ဦး၏ ရုပ်အလောင်းများ ကို အစ္စရေးတပ်ဖွဲ့များက ထိန်းသိမ်းထားသည်။ ပါလက်စတိုင်းအာဏာပိုင်အဖွဲ့နှင့်
တရုတ် နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

တရုတ်နိုင်ငံက အီရန်၏ ‘အချုပ်အခြာအာဏာ၊ လုံခြုံရေးနှင့် အမျိုးသားဂုဏ်သိက္ခာ’ ကို အလေးပေးပြောကြား

  • 2026 ခုနှစ်၊ ဇွန်လ 22 ရက်
  • 30 Views
Al Jazeera- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၂ရက် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ (Wang Yi) သည် နယူးဒေလီမြို့တွင် ကျင်းပသည့် BRICS အစည်းအဝေး၏ ဘေးပန်းဆွေးနွေးပွဲတစ်ခုတွင် အီရန်အမျိုးသားလုံခြုံရေးဆိုင်ရာ အဆင့်မြင့် ကောင်စီ၏ ဒုတိယအတွင်းရေးမှူး ဂါဒီယာ
Australia နိုင်ငံတကာသတင်း

ရဲတပ်ဖွဲ့က မြေအောက်ဗုံးခိုကျင်းစနစ်ကို ဝင်ရောက်စီးနင်းပြီးနောက် သြစတြေးလျနိုင်ငံတွင် သမိုင်းတစ်လျှောက် အကြီးမားဆုံး ကိုကင်းဖမ်းဆီးရမိမှု ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 22 ရက်
  • 28 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၂ ရက် ဆစ်ဒနီမြို့ အနောက်ပိုင်းရှိ မြေအောက်ဗုံးခိုကျင်းစနစ်တစ်ခုအတွင်းမှ သြစတြေးလျ ရဲတပ်ဖွဲ့သည် ကိုကင်း ၂.၇ တန်ကို သိမ်းဆည်းရမိခဲ့ပြီး၊ ယင်းသည် ၎င်းနိုင်ငံ၏ သမိုင်း တစ်လျှောက်
ကိုလံဘီယာ နိုင်ငံတကာသတင်း လက်တင်အမေရိက

ထရမ့် ကျောထောက်နောက်ခံပြုထားသည့် နိုင်ငံရေးနယ်ပယ်ပြင်ပမှ ပုဂ္ဂိုလ် ကိုလံဘီယာရွေးကောက်ပွဲတွင် အနိုင်ရရှိကြောင်း ကနဦးမဲရေတွက်မှုများအရ သိရ

  • 2026 ခုနှစ်၊ ဇွန်လ 22 ရက်
  • 26 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၂ ရက် လက်ယာနွယ်ဝင် ကိုယ်စားလှယ်လောင်း အဘယ်လာဒို ဒီ လာ အက်စ်ပရီယဲလာ(Abelardo de la Espriella),သည် ကိုလံဘီယာနိုင်ငံ၏ သမ္မတရွေးကောက်ပွဲတွင် မဲအနည်းငယ်အသာဖြင့် အနိုင်ရရှိ