နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 2 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန်

ဒေါ်နယ်ထရန့်က သမတရွေးကောက်ပွဲတွင် သူရှုံးနိမ့်ခဲ့ပါက ဂျူးများတွင် တာဝန်ရှိသည်ဟုဆို။

စက်တင်ဘာလ (၂၁) ရက်၊

ဒေါ်နယ်ထရန့်က သမတရွေးကောက်ပွဲတွင် သူရှုံးနိမ့်ခဲ့ပါက ဂျူးများတွင် တာဝန်ရှိသည်ဟု မဖြစ်သေးသည့် အခြေအနေအပေါ်တွင် ကြိုတင်ပြစ်တင်ခဲ့မှုကို ဟဲရစ်မဲဆွယ်ပွဲအဖွဲ့မှ ဂျူးအုပ်စုများက ထရန့်ကို ပြစ်တင်ဝေဖန်ကြသည်။ “ ဒေါ်နယ်ထရန့်သည် ရှေးအကျဆုံး ဂျူးမုန်းတီးရေး လမ်းကြောင်းများကို အသုံးပြုနေသည်” ဟု သူမ၏ မဲဆွယ်စည်းရုံးရေးအဖွဲ့မှ ပြောကြားခဲ့သည်။

ဒုသမ္မတ ကင်မလာဟဲရစ်၏ မဲဆွယ်စည်းရုံးရေးအဖွဲ့နှင့် ဂျူးလူမျိုး စည်းရုံးလှုံ့ဆော်ရေးအဖွဲ့များက သမ္မတဟောင်း ဒေါ်နယ်ထရန့်၏ “အန္တရာယ်” ရှိသော ပြောဆိုချက်နှင့် ဂျူးမုန်းတီးရေး ပြောဆိုမှုမှတ်ချက်များတွင် သမ္မတရွေးကောက်ပွဲတွင် သူရှုံးနိမ့်ပါက ဂျူးလူမျိုး မဲဆန္ဒရှင်များကို အပြစ်ဖို့ခံရမည်ဟူသော မှတ်ချက်ကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ကြသည်။

“ ကျွန်တော် တတ်နိုင်သမျှ ရိုးရိုးရှင်းရှင်းနဲ့ သိမ်မွေ့စွာ တင်ပေးပါ့မယ်၊ ဂျူးလူမျိုးတွေ ဖြစ်နေကြတဲ့ မဲဆန္ဒရှင်တွေရဲ့ မှန်ကန်တဲ့ ဆက်ဆံမှုကို ကျွန်တော် မရခဲ့ပါဘူး” ဟု ဝါရှင်တန်တွင် ကြာသပတေးနေ့ညက ကျင်းပသည့် အခမ်းအနားတစ်ခုတွင် ထရန့်က ပြောကြားခဲ့သည်။ “ကျုပ်မသိနိုင်ဘူး၊ ဒီရွေးကောက်ပွဲမှာ ငါမနိုင်ရင် ဘာတွေဖြစ်သွားလဲ သိလား ဒီလိုဖြစ်လာရင် အဲဒါနဲ့ ဂျူးလူမျိုးတွေနဲ့ အများကြီး သက်ဆိုင်လိမ့်မယ်၊ ဘာကြောင့်လဲဆိုတော့ ကျွန်တော်ကို မဲပေးသူက ၄၀ ရာနှုန်းပဲ ရှိတယ်။ အဲဒါက ဘာအဓိပ္ပါယ်လဲဆိုတော့ ပြည်သူတွေထဲက ၆၀% က ရန်သူကို မဲပေးတယ်။”

တုံ့ပြန်မှုက ပြင်းထန်ခဲ့သည်။

“ ဒေါ်နယ်ထရန်သည် အားနည်းနေပြီး နိုဝင်ဘာလမဲရွေးပွဲတွင် အမေရိကန်အများစုက သူ့ကို ငြင်းပယ်မည့်အချက်ကို သီးမခံနိုင်သောကြောင့် စာအုပ်ထဲရှိ ရှေးအကျဆုံး ဂျူးမုန်းတီးရေး အမျိုးအစားများကို အသုံးချနေပါသည်။ သို့သော် ထိုကဲ့သို့သော စကားလုံးများသည် အန္တရာယ်ရှိသည့် အကျိုးဆက်များ ဖြစ်လာနိုင်သည်ကို ကျွန်ုပ်တို့သိပါသည်” ဟု ဟဲရစ် မဲဆွယ်စည်းရုံးရေးအဖွဲ့ အမျိုးသားလုံခြုံရေး ပြောရေးဆိုခွင့်ရှိသူ မော်ဂန် ဖင်ကယ်စတိန်း (Morgan Finkelstein) က ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ “ လွန်ခဲ့တဲ့ ရက်သတ္တပတ်အနည်းငယ်က စပရင်းဖီးလ်ဒ်၊ အိုဟိုင်းယိုးပြည်နယ်မှာ သူ့ရဲ့လိမ်ညာမှုတွေနဲ့ ပတ်သက်ပြီး ထရန့်ဟာအန္တရာယ်ရှိကြောင်း သက်သေပြခဲ့သလို၊ ဘယ်လောက်ပဲ ပြဿနာတက်တက် သူ့အနေနဲ့ လူများကို ကြောက်လန့်တကြားနဲ့ ခြိမ်းခြောက်မှု လုပ်တာတွေကို လုပ်ဆောင်နေလိမ့်မယ်” ဟု ဆိုသည်။

ထရန့်နှင့် သူ့လက်တွဲဖော်ဖြစ်သည့် အိုဟိုင်းယိုးပြည်နယ်၏ အထက်လွှတ်တော်အမတ် ဂျေဒီဗင့်စ် (JD Vance) တို့သည် စပရင်းဖီးလ် (Springfield) တွင် နေထိုင်သည့် ဟေတီနိုင်ငံ (Haitian) မှ ရွှေ့ပြောင်းအလုပ်သမားအများစုဟာ အိမ်နီးချင်းများ၏ အိမ်မွေးတိရိစ္ဆာန်များကို ခိုးယူစားသောက်သည်ဟု အခြေအမြစ်မရှိသည့် စွပ်စွဲချက်ကို မကြာသေးမီရက်ပိုင်းက တွန်းအားပေးပြောကြားခဲ့ကြသည်။ “ ဒီရွေးကောက်ပွဲမှာ ဒေါ်နယ်ထရန့် ရှုံးသွားတဲ့အခါ၊ ဘာသာပေါင်းစုံ၊ လူမျိုးပေါင်းစုံနဲ့ နောက်ခံသမိုင်းကြောင်းမျိုးစုံက အမေရိကန်တွေဟာ သူနေ့စဉ်ခွဲခြားပြောကြားနေတဲ့ သဘောထားကွဲလွဲမှုဆိုတဲ့ စာမျက်နှာကို ကျော်လွှားပြီး စုစည်းလာကြမှာပါ” ဟု ဖင်ကယ်စတိန်းက ထပ်လောင်းပြောကြားခဲ့သည်။

ဟားရစ်၏ခင်ပွန်း ဒေါ့အမ်းဟော့ဖ် (Doug Emhoff) ကိုယ်တိုင်သည်လည်း ဂျူးလူမျိုးတယောက်ဖြစ်ပြီး သူက ဂျူးအမေရိကန်များသည် ထရန့်၏ တိုက်ခိုက်မှုကြောင့် ကြောက်ရွံ့သွားမည် မဟုတ်ကြောင်းသောကြာနေ့က X တွင် ရေးသားခဲ့သည်။ “ မနေ့ညက ဒေါ်နယ်ထရန့်က ဂျူးတွေကို အပြစ်တင်ပြီး လိမ်လည်လှည့်ဖြားတဲ့ ဂျူးတွေကို လူကုန်ကူးခြင်းအားဖြင့် ဂျူးတွေကို ဆန့်ကျင်တဲ့ ဆန့်ကျင်ရေးမီးတောက်ကို တစ်ကြိမ်ထပ်ပြီး လှုံ့ဆော်ခဲ့ပါတယ်။ သူက ဂျူးတွေကို ဆန့်ကျင်တိုက်ခိုက်ဖို့ ရည်ရွယ်တဲ့ အဖြစ်အပျက်တစ်ခုတောင် လုပ်ခဲ့တယ်” ဟု အမ်းဟော့ဖ်က ရေးသားခဲ့သည်။ “ ဒါက အန္တရာယ်များပြီး ရှုံ့ချရမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ ခြိမ်းခြောက်ခြင်းခံမှာ မဟုတ်ပါဘူး၊ ဂျူးတွေအဖြစ် ပွင့်ပွင့်လင်းလင်း၊ ဂုဏ်ယူဝံ့ကြွားစွာနဲ့ အကြောက်တရားကင်းကင်းနဲ့ ဆက်လက်နေထိုင်သွားမှာ ဖြစ်ပါတယ်။” ဘက်မလိုက်သော ဂျူးထောက်ခံ အားပေးရေးအဖွဲ့များသည် ဒေါ်နယ်ထရန့်၏ မှတ်ချက်အပေါ် ပြင်းထန်စွာ ဆန့်ကျင်ကြောင်း ကြွေးကြော်ခဲ့ကြသည်။

“ဂျူးအသိုက်အဝန်းအများစုက မဲပေးသူတိုင်း၊ အမေရိကန်လူဦးရေ၏ ၂ ရာခိုင်နှုန်းခန့်ရှိသော ဂျူးများကို ရွေးကောက်ပွဲရလဒ်အတွက် အပြစ်တင်ခြင်း မပြုသင့်ပါ” ဟု အမေရိကန်ဂျူးကော်မတီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ‘ဂျူးတွေကြောင့် ငါတို့ မဲရှုံးခဲ့ရတယ်’ လို့ သတ်မှတ်သူ ဘယ်သူမဆိုဟာ ဒေါသထွက်စရာကောင်းပြီး အန္တရာယ်များပါတယ်။ ဂျူးတွေကို မုန်းတီးမှုတွေနဲ့ လုပ်ကြံသတ်ဖြတ်တဲ့ အကြမ်းဖက်မှုတွေဆီကို ဦးတည်သွားစေနိုင်တယ်လို့ နှစ်ထောင်ပေါင်းများစွာ သမိုင်းကသက်သေ ပြသခဲ့ပါတယ်” ဟု ဆိုသည်။

ဂျူးမဲဆန္ဒရှင်အချို့သည် ဟဲရစ်ကို မဲပေးမည်ဖြစ်ပြီး အချို့က ထရန့်ကို မဲပေးမည်ဖြစ်ကြောင်း AJC မှပြောကြားခဲ့ပြီး “ ကျွန်ုပ်တို့ထဲမှ သူများက သမတလောင်းကို မဲပေးရွေးချယ်ကြတာဖြစ်ပြီး ဘယ်သူ တဦးတယောက်ကမှ ရန်သူကို မဲပေးတယ်လို့ မှတ်ယူမိကြမှာ မဟုတ်ပါဘူး” အသရေဖျက်မှု တိုက်ဖျက်ရေးအဖွဲ့ချုပ် အမှုဆောင်အရာရှိချုပ် ဂျိုနသန် ဂရင်းဘလတ်(Jonathan Greenblat) က လူမှုမီဒီယာတွင် ရေးသားခဲ့ရာတွင် ထရန့်၏မှတ်ချက်များသည် သူပြောကြားနေသည့် ဂျူးဆန့်ကျင်ရေး ပညာပေးအခန်းအနားတွက် ဆန့်ကျင်ဖက်အကျိုးသက်ရောက်မှုကို ဖြစ်စေနိုင်ပြီး အမေရိကန်ဂျူးများအတွက် ဆိုးဝါးမှုကိုဖြစ်စေသည်ဟု ရေးသားခဲ့သည်။

“ မင်းရဲ့ ဖြစ်နိုင်ချေရှိတဲ့ ရွေးကောက်ပွဲမှာ ရှုံးနိုင်ခြေရှိနေတာကို အမေရိကန်ဂျူးတွေအပေါ် ဒီရှုံးနိမ့်မှုအတွက် ကြိုတင်အပြစ်တင်တာဟာ အမေရိကန်ဂျူးတွေကို ကူညီရာ လုံးဝမရောက်ပါဘူး။ လက်ယာအစွန်းရောက်တွေနဲ့ လက်ဝဲဂျူးဆန့်ကျင်ရေးသမားတွေက ဂျူးတွေကို မကောင်းဆိုးဝါးတွေအဖြစ် ဆဲဆိုသွားပုတ်လေလွင့်စကားတွေ ဆက်လက်လုပ်ဆောင်နေတာတွေကို တိုးလုပ်ဆောင်လာအောင် အားပေးလိုက်တာဖြစ်တယ်လို့ ဂရင်းဘလတ် (Greenblat) က ရေးသားပြီး “ရှင်းပါတယ်၊ ဒီမိန့်ခွန်းက ပိုပြီး ရန်လိုမုန်းတီးမှုတွေ ဖြစ်ပေါ်စေပြီး ဆိုးရွားတဲ့ အခြေအနေတွေကို ပိုဆိုးသွားစေနိုင်ပါတယ်” ဟု သူကဆိုသည်။ တိုးတက်သော ဂျူးလူမျိုးများရေးရာကောင်စီကို ဦးဆောင်သူ အေမီ စပယ်တယ်နစ်ခ် (Amy Spitalnick) သည် ထရန့်၏ မှတ်ချက်ကို ပြင်းပြင်းထန်ထန် ရှုတ်ချသည့် ပြောဆိုမှုတွင် ပါဝင်ရန် လူများကို ပိုမိုအားပေး တိုက်တွန်းခဲ့သည်။

“ မနေ့ညက၊ ထရန့်က ဂျူးတွေကို ‘အရူး’ နဲ့ ‘သစ္စာမဲ့သူ’ ဆိုပြီး လနဲ့ချီကြာအောင် ခေါ်ဆိုပြီးနောက် သူ့ရဲ့ ရွေးကောက်ပွဲမှာ ရှုံးနိမ့်နိုင်မှုအတွက် ဂျူးတွေကို ကြိုတင်အပြစ်တင်ခဲ့ပါတယ်။ ဒီလို ဆန့်ကျင်ပြောဆိုလိုက်တာဟာ ပါတီစွဲနိုင်ငံရေးနဲ့ ပတ်သက်တာ မဟုတ်ဘူး၊ အခြေခံ ဂျူးတွေရဲ့ လုံခြုံရေးနဲ့ ပတ်သက်တယ်” ဟု စပယ်တယ်နစ်ခ်က ရေးသားခဲ့သည်။ “ ဒီလိုပြောဆိုမှုတွေကို ဆန့်ကျင်ပြောဆိုဖို့ လိုအပ်တယ်” ဟု သူမက ဆိုသည်။

ထရန့်သည် လက်ယာနိုင်ငံရေး တချို့ထံမှထောက်ခံမှုတချို့ကို ရရှိခဲ့သည်။ ထရန့်ကို ထောက်ခံသည့် အဓိက ဂျူးနိုင်ငံရေးအုပ်စုဖြစ်သည့် ရီပတ်ပလီကင် ဂျူးညွန့်ပေါင်းအဖွဲ့ (Republican Jewish Coalition) က ဂျူးဘာသာရေးကို ဆန့်ကျင်မှုကို ကာကွယ်တိုက်ဖျက်သည့် သူ၏မှတ်ချက်အတွက် ထရန့်ကို ချီးကျူးခဲ့ပါတယ်။ အဖွဲ့အစည်း၏ အမှုဆောင်အရာရှိဖြစ်သူ မတ်ဘရုတ်စ် (Matt Brooks) က ABC သတင်းတွင် ဂျူးမဲဆန္ဒရှင်များနှင့် ရွေးကောက်ပွဲဆိုင်ရာ မှတ်ချက်များသည် ဂျူးမဲဆန္ဒရှင်များကို လှုံ့ဆော်ပေးသည်ဟု ထင်ကြောင်း၊ ဒီမိုကရက်တစ်များ၏ ပြောကြားချက်များသည် အခြားနည်းဖြင့် လှည့်စားခြင်းဖြစ်သည်ဟု သူထင်ကြောင်း ဖုန်းအင်တာဗျူးတစ်ခုတွင် ပြောကြားခဲ့သည်။

“ဒါက ဘာလဲဆိုတော့ သမ္မတက ဂျူးအသိုက်အဝန်းကို လှုံ့ဆော်ဖို့ ကြိုးစားနေတယ်လို့ ကျွန်တော်ထင်ပါတယ်” ဟု ဘရုတ်စ် ပြောကြားပြီး အမေရိကတွင် ဂျူးဘာသာကိုးကွယ်ယုံကြည်မှုကို ဆန့်ကျင်မှုတိုးပွားလာခြင်းကြောင့် အမေရိကန်ဂျူးများအတွက် နေထိုင်ရမှုတွင် ဘေးကင်းသည်ဟု မခံစားရခြင်းကို ထရန့်မှ “ထိုအချက်ကို သတိပြုမိလာခဲ့သည်” ဟုလည်း ဘရုတ်စ်က ပြောကြားခဲ့သည်။ (ဥပမာတစ်ခုအနေနဲ့ ကောလိပ်ကျောင်းတွေမှာ ဂျူးကျောင်းသားတွေ ရင်ဆိုင်နေရတဲ့ ခြိမ်းခြောက်မှုကို ဘရုတ်စ်က ထောက်ပြထားပါတယ်။) “ထရမ့်က ဂျူးအသိုင်းအဝိုင်းအတွက် အရေးပါတဲ့ ပံ့ပိုးကူညီမှုတွေ အများကြီးလုပ်ပေးခဲ့တာကို ရှောင်လွှဲဖို့ ဒါဟာ လုံးဝကို အာရုံထွေပြားမှုတစ်ခုပါပဲ” ဟု ဘရုတ်စ်က ပြောကြားခဲ့သည်။

သူက အကြိတ်အနယ်ယှဉ်ပြိုင်ရမဲ့ ပြည်နယ်တွေမှာ ရွေးကောက်ပွဲမဲတွေဟာ အရမ်းကို ကပ်နေမှာဖြစ်လို့ ဒါကို ထရန့်က ရည်ညွှန်းပြနေတာဖြစ်ပြီး မဲတွေက တဦးနဲ့တဦး အလွန်နီးကပ်နေမှာဖြစ်လို့ အကယ်၍ “ဂျူးတွေပေးတဲ့မဲတွေ က သူ့မျက်နှာသာမရရင် သူ့အတွက် ရွေးကောက်ပွဲမှာ ရှုံးနိမ့်နိုင်မှာ ဖြစ်တယ်” ဟု ၎င်းက ထပ်လောင်းပြောသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယခင်က ငါးဖမ်းရန် အသုံးပြုခဲ့သော ဤပိုက်ကွန်များသည် ယခုအခါ ရုရှားဒရုန်းများကို ဖမ်းဆီးရန် ဖြစ်လာခဲ့သည်

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 2 ရက်
  • 10 Views
CNN – ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက် နယ်သာလန်နိုင်ငံတွင် တူးလစ် (Tulip) ပန်းပင်များကို ကာကွယ်ရန်
နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အစ္စရေး အရှေ့အလယ်ပိုင်း

ဂါဇာရှိ ရာဖာ (Rafah) နယ်စပ်ဂိတ်သည် ၂ နှစ်နီးပါးကြာ ပိတ်ထားခဲ့ပြီးနောက် တစ်စိတ်တစ်ပိုင်း ပြန်လည်ဖွင့်လှစ်ခဲ့သည်။

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 2 ရက်
  • 9 Views
CNN – ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက် စစ်မီးတောက်နေသော ဂါဇာဒေသအတွင်းမှ ပါလက်စတိုင်း အရေအတွက် အနည်းငယ်ကို
နိုင်ငံတကာသတင်း အိန္ဒိယ

ဒေလီမြို့တော်ရှိ ပြည်သူသန်းနှင့်ချီ၍ ရက်အတော်ကြာ ရေပြတ်လပ်မှု ကြုံတွေ့ခဲ့ရပြီး အချို့ကမူ လက်ရှိ ရရှိနေသော ရေများမှာ အဆိပ်အတောက်ဖြစ်နေဆဲဟု ဆိုကြသည်။

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 1 ရက်
  • 11 Views
CNN- ၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလ (၁)ရက် ဒေလီမြို့တော်၏ ရေအကျပ်အတည်း အိန္ဒိယနိုင်ငံ မြောက်ပိုင်း၊ ဒေလီမြို့ အနောက်မြောက်ဘက်ရှိ Sharma Enclave ရပ်ကွက်တွင် နေထိုင်သော အသက် ၅၅ နှစ်အရွယ် ရာဗင်ဒါ ကူးမား (Ravinder
နိုင်ငံတကာသတင်း အမေရိကန် အီတလီ

ဆောင်းရာသီအိုလံပစ်တွင် အမေရိကန်လုံခြုံရေးတိုးမြှင့်ရန် ICE အေးဂျင့်များ စေလွှတ်မှုအပေါ် အီတလီနိုင်ငံသားများ ဒေါသထွက်

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 1 ရက်
  • 10 Views
CNN – ဖေဖော်ဝါရီ ၁၊ ၂၀၂၆ လာမည့်လတွင် ကျင်းပမည့် ဆောင်းရာသီအိုလံပစ်ပြိုင်ပွဲတွင် အမေရိကန်၏ လုံခြုံရေးလုပ်ငန်းများကို ကူညီရန်အတွက် လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန် ဝန်ဆောင်မှု (ICE) အေးဂျင့်များကို စေလွှတ်ခြင်းအပေါ် အီတလီနိုင်ငံ၌ မကျေနပ်မှုများ မြင့်တက်နေသည်။
နိုင်ငံတကာသတင်း အမေရိကန်

ထရန့်အစိုးရလက်ထက်မှာ လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန်ကြီးကြပ်ရေးအဖွဲ့ (ICE) နဲ့ ပြည်ထဲရေးလုံခြုံရေးဝန်ကြီးဌာန (DHS)တို့ရဲ့အကြမ်းဖက်ကိုင်တွယ်မှုကြောင့် အမေရိကန် ပြည်သူများနဲ့ အာဏာရရီပတ်ပလီကင်အမတ်အချို့ရဲ့ဆန့်ကျင်မှုကိုရင်ဆိုင်နေရ

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 30 ရက်
  • 31 Views
ခေတ်မျက်လုံးမှ စုစည်းတင်ပြချက်- ၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ ၃၀ရက် ၂၀၂၆ ခုနှစ်အစောပိုင်းကာလမှာ လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန်ကြီးကြပ်ရေးအဖွဲ့ (ICE) နဲ့ ပြည်ထဲရေးလုံခြုံရေးဝန်ကြီးဌာန (DHS) တို့ဟာ အထောက်အထားမဲ့ နေထိုင်သူ တွေကို အစုလိုက်အပြုံလိုက် ပြည်နှင်ဒဏ်ပေးမယ့် စီမံချက်တွေကြောင့်
နိုင်ငံတကာသတင်း ဗင်နီဇွဲလား

ဖုန်းစစ်ဆေးခံရမည်ကို စိုးရိမ်သောကြောင့် ဖုံးတွင်ကုဒ်များဖြင့် ပြောဆိုခြင်းနှင့် ရေးသားချက်များကို ဖျက်ပစ်ခြင်းဖြင့် ဗင်နီဇွဲလားနိုင်ငံသားများ အသုံးပြုနေသည့် နည်းဗျူဟာများ

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 30 ရက်
  • 34 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၈ ရက် “မေမေ၊ ချတ် (Chat) တွေကို ဖျက်လိုက်တော့။” “သားရယ်၊ အဲဒါတွေက မှတ်တမ်းတင်ခံရတာမျိုး ဖြစ်လိမ့်မယ်။” “အပြင်မထွက်ခင် ပြောထားတဲ့ စကားတွေကို ဖျက်ထားလိုက်ပါဦး။”
တရုတ် နိုင်ငံတကာသတင်း ဗြိတိန်

တရုတ်ခေါင်းဆောင်နှင့်ဗြိတိန်ခေါင်းဆောင်နှစ်ဦးကြားတွေ့ဆုံမှု။

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 29 ရက်
  • 29 Views
ခေတ်မျက်လုံး- ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၉ ရက် ဗြိတိန်ဝန်ကြီးချုပ် ကီယာ စတာမာ (Keir Starmer) ၏ တရုတ်နိုင်ငံ ခရီးစဉ်အတွင်း ရရှိခဲ့သော ကုန်သွယ်ရေးနှင့် စီးပွားရေးဆိုင်ရာ သဘောတူညီချက် အသေးစိတ်များမှာ အောက်ပါအတိုင်း
နိုင်ငံတကာသတင်း

ယနေ့ (၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၉ ရက်) အတွက် မြန်မာနိုင်ငံနှင့် ကမ္ဘာတစ်ဝှမ်းတွင် လူဖတ်အများဆုံးနှင့် စိတ်ဝင်စားမှုအခံရဆုံး သတင်းများကို အောက်တွင် ဖော်ပြပေး လိုက်ပါသည်။

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 29 ရက်
  • 33 Views
ခေတ်မျက်လုံး- ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၉ ရက် မြန်မာနိုင်ငံနှင့် ဆက်နွှယ်သော ထိပ်တန်းသတင်းများ မြီမိသားစုဝင် ၁၁ ဦးကို တရုတ်က ကွပ်မျက်ခြင်း။ ကိုးကန့်ဒေသတွင် အွန်လိုင်းလိမ်လည်မှု (ကျားဖြန့်) အင်ပါယာ တည်ထောင်ခဲ့သည့် မြီရှောက်ချန်း