နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဇန်နဝါရီလ 18 ရက်

မြန်မာသတင်း

မြန်မာသတင်း

ရွှေဘိုခရိုင်တပ်ရင်း (၂) ရဲ့ အရပ်သားတစ်ဦးကို ဓါးပြတိုက်သတ်ဖြတ်ခဲ့တဲ့အမှု NUG ကိုတင်ပြထားပေမယ့် စုံစမ်းစစ်ဆေးတာတွေမရှိဘဲဖြစ်နေ

ဇန်နဝါရီလ (၂၂) ရက်။

ရွှေဘိုမြို့နယ်၊ ချီပါရွာမှာ ရွှေဘိုခရိုင်တပ်ရင်း (၂)က အရပ်သားတစ်ဦးကို ဓါးပြတိုက် သတ်ဖြတ်သွားခဲ့တဲ့အမှု NUG ကို တင်ပြထားပေမယ့် စုံစမ်းစစ်ဆေးတာမရှိတဲ့အတွက် မိသားစုဝင်တွေက NUG ယာယီသမ္မတနဲ့ CRPH ဥက္ကဌထံ ဇန်နဝါရီလ (၂၀)ရက်နေ့က ထပ်မံတိုင်ကြားထားတယ်လို့ သိရပါတယ်။

အဲ့ဒီဖြစ်စဉ်ဟာ ၂၀၂၃ခုနှစ် မေလ (၂) ရက်နေ့ ည (၈) နာရီခန့်က ချီပါရွာရှိ ဦးမောင်အေးနဲ့ ဒေါ်သောင်းသောင်းထွေးတို့ရဲ့ နေအိမ်ကို ရွှေဘိုခရိုင်တပ်ရင်း (၂)က တပ်ဖွဲ့ဝင် ပြောင်ကြီးအပါအဝင် လက်နက်ကိုင်(၁၀)ဦးခန့်က ဝင်ရောက်ဓါးပြတိုက်ကာ ဦးမောင်အေးကို ဖမ်းဆီးသွားခဲ့တယ်လို့ ဆိုပါတယ်။

ပြောင်ကြီးအပါအဝင် လက်နက်ကိုင်အဖွဲ့တွေဟာ လက်နက်ရှာဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ နေအိမ် အိပ်ခန်းထဲအထိဝင်ပြီး ပစ္စည်းတွေသိမ်းထားတဲ့ သေတ္တာကိုဖွင့်ရှာခဲ့ကာ ရွှေ (၁၀)ကျပ်သားခန့်နဲ့ ငွေကျပ်သိန်း(၄၀)ခန့်အပါအဝင် ဖုန်း (၂)လုံးကို ဓါးပြတိုက်ယူသွားတာဖြစ်တယ်လို့ တိုင်ကြားစာမှာ ဖော်ပြထားပါတယ်။

လက်နက်ကိုင်အဖွဲ့တွေ ထွက်ခွာသွားပြီးနောက်မှာ ဦးမောင်အေးကို ခြံဝင်းထဲ မတွေ့ရှိတော့တာကြောင့် မိသားစုဝင်တွေက ရွာကာကွယ်ရေးတပ်ဖွဲ့တွေကို အကြောင်းကြားပြီး ဆက်လက်ရှာဖွေခဲ့တယ်လို့ ရေးသားထားပါတယ်။

မေလ (၃)ရက်နေ့မှာတော့ ရာ ရွာအခေါ ရေပြွန်(ဆည်ရေလွှတ်ရာရေမြောင်း)မှာ ပြောင်ကြီးကို တကိုယ်လုံး ရေစိုနေပြီး ဓါးကိုင်ဆောင်ကာ အမူးလွန်နေတဲ့အနေအထားနဲ့ တွေ့ရှိခဲ့ရာက ဦးမောင်အေးကို ဓါးဒဏ်ရာတွေနဲ့ အသတ်ခံထားရတာကို ထပ်မံတွေ့ရှိခဲ့တယ်လို့ ပြောဆိုထားပါတယ်။

ဖမ်းမိခဲ့တဲ့ ပြောင်ကြီးကို တိုက်နယ် ပ.က.ဖ ကိုဗျက်ဝိနဲ့အဖွဲ့ဆီကို အပ်နှံခဲ့ကာ ထိန်းသိမ်းထားတဲ့အချိန် အအေးမိပြီး ကွယ်လွန်သွားခဲ့ပြီးတဲ့နောက် ရွှေဘိုခရိုင် အမှတ်(၂)တပ်ရင်းက တပ်ဖွဲ့ဝင်အချို့ဟာ အလောင်းကို လာရောက်စစ်ဆေးခဲ့ပြီး ကိုဗျက်ဝိတို့အဖွဲ့ကို ပြောင်ကြီးသေဆုံးတဲ့အပေါ် စွပ်စွဲဖမ်းဆီးသွားခဲ့တယ်လို့ ဆိုပါတယ်။

ပြောင်ကြီးသေဆုံးခဲ့တဲ့အပေါ် ချက်ခြင်းတုံ့ပြန်ဆောင်ရွက်ခဲ့တဲ့ ရွှေဘိုခရိုင် အမှတ်(၂)တပ်ရင်းအနေနဲ့ လူသတ်ဓါးပြတိုက်တဲ့ဖြစ်စဉ်ကို စုံစမ်းစစ်ဆေးပေးတာမရှိတဲ့အတွက် NUG ထံ ဓါတ်ပုံအထောက်အထားတွေနဲ့ တင်ပြခဲ့ပေမယ့် စုံစမ်းစစ်ဆေးတာမပြုလုပ်တာကြောင့် ယာယီသမ္မတနဲ့ CRPH ဥက္ကဌထံ တင်ပြတိုင်ကြားတာဖြစ်တယ်လို့ ရေးသားထားပါတယ်။

အခုအမှုဖြစ်စဉ်ကို NUG အနေနဲ့ သက်သေတွေ ပျောက်ဆုံးနိုင်တာကြောင့် အမြန်ဆုံးကိုင်တွယ်ဖြေရှင်းပေးဖို့ ရွှေဘိုမြို့နယ်လွတ်လပ်သောထောက်ပို့ရေးအဖွဲ့တာဝန်ခံ ကိုနေမင်းခန့်က ပြောဆိုထားကာ မိသားစုဝင်တွေကလည်း တရားမျှတမှုကို လိုလားနေပြီး ဓါးပြအစစ်တွေကို စုံစမ်းဖော်ထုတ်ပေးဖို့ တောင်းဆိုထားတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

သိက္ခာရှိတဲ့လွှတ်တော်ဖြစ်အောင် ဆောင်ရွက်ရမယ်လို့ စစ်ခေါင်းဆောင်ပြော

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 18 ရက်
  • 1 Views
ဇန်နဝါရီလ (၁၈)ရက်။ ရွေးကောက်ပွဲကျင်းပပြီး သိက္ခာရှိတဲ့လွှတ်တော်ဖြစ်အောင် ဆောင်ရွက်ရမယ်လို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မနေ့ကပြုလုပ်တဲ့ စစ်ကောင်စီအစည်းအဝေးမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ ပြည်သူ့လွှတ်တော်၊
မြန်မာသတင်း

ခင်ဦးနယ် ရွှေကူတဲစုရွာထဲ စစ်ကောင်စီနဲ့ ပျူစောထီးတွေ ပစ်ခတ်ဝင်ရောက်ပြီး နေအိမ် (၈)လုံး မီးရှို့ခဲ့

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 18 ရက်
  • 2 Views
ဇန်နဝါရီလ (၁၇)ရက်။ မနေ့က နံနက် (၅)နာရီအချိန်က ခင်ဦးနယ် ရွှေကူတဲစုရွာထဲ စစ်ကောင်စီနဲ့ ပျူစောထီးတွေ ပစ်ခတ်ဝင်ရောက်ပြီး‌ နေအိမ် (၈)လုံးကို
မြန်မာသတင်း

ခင်ဦးနယ် ရွှေကူတဲစုရွာထဲ စစ်ကောင်စီနဲ့ ပျူစောထီးတွေ ပစ်ခတ်ဝင်ရောက်ပြီး နေအိမ် (၈)လုံး မီးရှို့ခဲ့

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 18 ရက်
  • 2 Views
ဇန်နဝါရီလ (၁၇)ရက်။ မနေ့က နံနက် (၅)နာရီအချိန်က ခင်ဦးနယ် ရွှေကူတဲစုရွာထဲ စစ်ကောင်စီနဲ့ ပျူစောထီးတွေ ပစ်ခတ်ဝင်ရောက်ပြီး‌ နေအိမ် (၈)လုံးကို မီးရှို့ခဲ့တယ်လို့ မြို့နယ်သတင်းမှန်ပြန်ကြားရေးရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ခင်ဦးနယ်အနောက်ခြမ်း ပျဉ်ထောင်ပျူရွာအခြေချ
မြန်မာသတင်း

“တော်လှန်ရေးအောင်မြင်ရင်ဒီမိုကရေစီရလာနိုင်သလား” အပိုင်း (၂)

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 18 ရက်
  • 9 Views
“တော်လှန်ရေးအောင်မြင်ရင်ဒီမိုကရေစီရလာနိုင်သလား” အပိုင်း (၂) တော်လှန်ရေးအောင်မြင်ရင် ဒီမိုကရေစီရလာနိုင်သလား ဆိုတဲ့ခေါင်းစဥ်နဲ့ ဒုတိယပိုင်း ဆွေး‌နွေးမှုအဖြစ် ဦးထွန်းအောင်ကျော်နဲ့ ရှေ့နေကြီးဦးကြီးမြင့်တို့ဆွေး‌နွေးမှုကို တင်ဆက် လိုက်ပါတယ် ဒီဆွေးနွေးမှုရဲ့ ဒုတိယပိုင်းအဖြစ် ဒီ မိုကရေစီခိုင်မာအောင် ဘာတွေလိုအပ်သလဲ နဲ့ စစ်အာဏာသိမ်းမှုကနေ ဘယ်လိုကာကွယ်နိုင်မလဲဆိုတဲ့
၁၁၁၃ ရခိုင်စစ်ပွဲ မြန်မာသတင်း

စစ်တွေမြို့ရှိ ကုလားတန်ဆိပ်ကမ်းစီမံကိန်းကို အိန္ဒိယသံအမတ် သွားရောက်ခဲ့

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 17 ရက်
  • 12 Views
ဇန်နဝါရီ (၁၇)ရက်။ မနေ့က စစ်တွေမြို့ရှိ ကုလားတန်ဆိပ်ကမ်းစီမံကိန်းကို မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ် Abhay Thakur သွားရောက်ခဲ့တယ်လို့ ရန်ကုန်အခြေစိုက် အိန္ဒိယသံရုံးရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အိန္ဒိယသံအမတ်ဟာ ကုလားတန်ဆိပ်ကမ်းစီမံကိန်းမှာ ‌ဆောင်ရွက်နေတဲ့ လုပ်ငန်းတွေကို ပြန်လည်သုံးသပ်ဖို့အနေနဲ့
မြန်မာ့နိုင်ငံရေး မြန်မာသတင်း

အောင်ပန်းမြို့ရဲစခန်းက‌ အချုပ်ဖောက်ထွက်ပြေးသူတွေကို ဖမ်းမိတယ်လို့ စစ်ကောင်စီပြော

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 17 ရက်
  • 11 Views
ဇန်နဝါရီလ (၁၇)ရက်။ ‌အောင်ပန်းမြို့ရဲစခန်းကနေ အချုပ်ခန်းဖောက် ထွက်ပြေးသွားသူတွေအားလုံးကို ပြန်လည်ဖမ်းမိခဲ့တယ်လို့ စစ်ကောင်စီချန်နယ်တွေရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ အောင်ပန်းရဲစခန်းရဲ့ အချုပ်ခန်းကနေ ထွက်ပြေးသွားသူတွေထဲက (၂)ဦးကို ဖြစ်တဲ့နေ့မှာပဲ ဖမ်းမိခဲ့တာ။ နောက်ပြီးတော့ (၁၄)ရက်မှာ (၂)ဦးနဲ့
မြန်မာသတင်း

လေကြောင်းတိုက်ပွဲဝင်သူတွေ တိုက်ပွဲဝင်လိုစိတ် မြင့်မားနေရမယ်လို့ စစ်ကောင်စီပြော

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 17 ရက်
  • 9 Views
ဇန်နဝါရီလ (၁၇)ရက်။ လေယာဉ်/ရဟတ်ယာဉ် မောင်းနှင်ပျံသန်းတိုက်ပွဲဝင်မယ့်သူတွေအနေနဲ့ တိုက်ပွဲဝင်လိုစိတ်၊ စစ်အောင်လိုစိတ် မြင့်မားနေရမယ်လို့ မနေ့က လေယာဉ်မောင်းသင်တန်းအမှတ်စဉ်(၈၆) ကျောင်းဆင်းပွဲမှာ လေတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ထွန်းအောင်က ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ လေယာဉ်မောင်းသင်တန်း အမှတ်စဉ်(၈၆)ရဲ့ ကျောင်းဆင်းတောင်ပံအပ်နှင်းပွဲအခမ်းအနားကို မနေ့က နံနက်ပိုင်းအချိန်က
မြန်မာသတင်း

ရေးမြို့ အမှတ်(၈)ကားလမ်းပေါ် ရေးဘီလူးအဖွဲ့ စစ်ဆေးခဲ့ရာ စစ်ကောင်စီမီးသတ်တပ်ကြပ်တစ်ဦး ဖမ်းမိခဲ့

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 17 ရက်
  • 5 Views
ဇန်နဝါရီလ (၁၇)ရက်။ မနေ့က နံနက် (၉)နာရီ (၄၀)မိနစ်အချိန်က ရေးမြို့နယ် ရေး-မော်လမြိုင် အမှတ်(၈)ကားလမ်းပေါ် ရေးဘီလူးအဖွဲ့က တက်ရောက်စစ်ဆတာတွေ ပြုလုပ်ခဲ့တယ်လို့ မနေ့က သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ရေး-မော်လမြိုင် အမှတ်(၈)ကားလမ်းပေါ် (၅၈၆)တပ်၊ (၃၄၃)တပ်နဲ့