နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဇွန်လ 21 ရက်

မြန်မာသတင်း

မြန်မာသတင်း

ရွှေဘိုခရိုင်တပ်ရင်း (၂) ရဲ့ အရပ်သားတစ်ဦးကို ဓါးပြတိုက်သတ်ဖြတ်ခဲ့တဲ့အမှု NUG ကိုတင်ပြထားပေမယ့် စုံစမ်းစစ်ဆေးတာတွေမရှိဘဲဖြစ်နေ

ဇန်နဝါရီလ (၂၂) ရက်။

ရွှေဘိုမြို့နယ်၊ ချီပါရွာမှာ ရွှေဘိုခရိုင်တပ်ရင်း (၂)က အရပ်သားတစ်ဦးကို ဓါးပြတိုက် သတ်ဖြတ်သွားခဲ့တဲ့အမှု NUG ကို တင်ပြထားပေမယ့် စုံစမ်းစစ်ဆေးတာမရှိတဲ့အတွက် မိသားစုဝင်တွေက NUG ယာယီသမ္မတနဲ့ CRPH ဥက္ကဌထံ ဇန်နဝါရီလ (၂၀)ရက်နေ့က ထပ်မံတိုင်ကြားထားတယ်လို့ သိရပါတယ်။

အဲ့ဒီဖြစ်စဉ်ဟာ ၂၀၂၃ခုနှစ် မေလ (၂) ရက်နေ့ ည (၈) နာရီခန့်က ချီပါရွာရှိ ဦးမောင်အေးနဲ့ ဒေါ်သောင်းသောင်းထွေးတို့ရဲ့ နေအိမ်ကို ရွှေဘိုခရိုင်တပ်ရင်း (၂)က တပ်ဖွဲ့ဝင် ပြောင်ကြီးအပါအဝင် လက်နက်ကိုင်(၁၀)ဦးခန့်က ဝင်ရောက်ဓါးပြတိုက်ကာ ဦးမောင်အေးကို ဖမ်းဆီးသွားခဲ့တယ်လို့ ဆိုပါတယ်။

ပြောင်ကြီးအပါအဝင် လက်နက်ကိုင်အဖွဲ့တွေဟာ လက်နက်ရှာဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ နေအိမ် အိပ်ခန်းထဲအထိဝင်ပြီး ပစ္စည်းတွေသိမ်းထားတဲ့ သေတ္တာကိုဖွင့်ရှာခဲ့ကာ ရွှေ (၁၀)ကျပ်သားခန့်နဲ့ ငွေကျပ်သိန်း(၄၀)ခန့်အပါအဝင် ဖုန်း (၂)လုံးကို ဓါးပြတိုက်ယူသွားတာဖြစ်တယ်လို့ တိုင်ကြားစာမှာ ဖော်ပြထားပါတယ်။

လက်နက်ကိုင်အဖွဲ့တွေ ထွက်ခွာသွားပြီးနောက်မှာ ဦးမောင်အေးကို ခြံဝင်းထဲ မတွေ့ရှိတော့တာကြောင့် မိသားစုဝင်တွေက ရွာကာကွယ်ရေးတပ်ဖွဲ့တွေကို အကြောင်းကြားပြီး ဆက်လက်ရှာဖွေခဲ့တယ်လို့ ရေးသားထားပါတယ်။

မေလ (၃)ရက်နေ့မှာတော့ ရာ ရွာအခေါ ရေပြွန်(ဆည်ရေလွှတ်ရာရေမြောင်း)မှာ ပြောင်ကြီးကို တကိုယ်လုံး ရေစိုနေပြီး ဓါးကိုင်ဆောင်ကာ အမူးလွန်နေတဲ့အနေအထားနဲ့ တွေ့ရှိခဲ့ရာက ဦးမောင်အေးကို ဓါးဒဏ်ရာတွေနဲ့ အသတ်ခံထားရတာကို ထပ်မံတွေ့ရှိခဲ့တယ်လို့ ပြောဆိုထားပါတယ်။

ဖမ်းမိခဲ့တဲ့ ပြောင်ကြီးကို တိုက်နယ် ပ.က.ဖ ကိုဗျက်ဝိနဲ့အဖွဲ့ဆီကို အပ်နှံခဲ့ကာ ထိန်းသိမ်းထားတဲ့အချိန် အအေးမိပြီး ကွယ်လွန်သွားခဲ့ပြီးတဲ့နောက် ရွှေဘိုခရိုင် အမှတ်(၂)တပ်ရင်းက တပ်ဖွဲ့ဝင်အချို့ဟာ အလောင်းကို လာရောက်စစ်ဆေးခဲ့ပြီး ကိုဗျက်ဝိတို့အဖွဲ့ကို ပြောင်ကြီးသေဆုံးတဲ့အပေါ် စွပ်စွဲဖမ်းဆီးသွားခဲ့တယ်လို့ ဆိုပါတယ်။

ပြောင်ကြီးသေဆုံးခဲ့တဲ့အပေါ် ချက်ခြင်းတုံ့ပြန်ဆောင်ရွက်ခဲ့တဲ့ ရွှေဘိုခရိုင် အမှတ်(၂)တပ်ရင်းအနေနဲ့ လူသတ်ဓါးပြတိုက်တဲ့ဖြစ်စဉ်ကို စုံစမ်းစစ်ဆေးပေးတာမရှိတဲ့အတွက် NUG ထံ ဓါတ်ပုံအထောက်အထားတွေနဲ့ တင်ပြခဲ့ပေမယ့် စုံစမ်းစစ်ဆေးတာမပြုလုပ်တာကြောင့် ယာယီသမ္မတနဲ့ CRPH ဥက္ကဌထံ တင်ပြတိုင်ကြားတာဖြစ်တယ်လို့ ရေးသားထားပါတယ်။

အခုအမှုဖြစ်စဉ်ကို NUG အနေနဲ့ သက်သေတွေ ပျောက်ဆုံးနိုင်တာကြောင့် အမြန်ဆုံးကိုင်တွယ်ဖြေရှင်းပေးဖို့ ရွှေဘိုမြို့နယ်လွတ်လပ်သောထောက်ပို့ရေးအဖွဲ့တာဝန်ခံ ကိုနေမင်းခန့်က ပြောဆိုထားကာ မိသားစုဝင်တွေကလည်း တရားမျှတမှုကို လိုလားနေပြီး ဓါးပြအစစ်တွေကို စုံစမ်းဖော်ထုတ်ပေးဖို့ တောင်းဆိုထားတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ကွတ်ခိုင်မှာ မူးယစ်ဆေးဝါးနဲ့ လက်နက်ခဲယမ်းအများအပြား ဖမ်းမိတယ်လို့ TNLA ထုတ်ပြန်

  • 2025 ခုနှစ်၊ ဇွန်လ 20 ရက်
  • 10 Views
ဇွန်လ (၂၀)ရက်။ ဇွန်လ (၁၇)ရက်နေ့ ကွတ်ခိုင်မြို့ ဟိုကျန့်ရွာက နေအိမ်တအိမ်မှာ လက်နက်ခဲယမ်းအများအပြားနဲ့ မူးယစ်ဆေးဝါးတွေ ဖမ်းမိခဲ့တယ်လို့ TNLA ရဲ့
မြန်မာသတင်း

ပြည်သူနဲ့အတူ ဒေါ်အောင်ဆန်းစုကြည်ဟာ နွေဦးတော်လှန်ရေးကြီးနဲ့ ထပ်တူရပ်တည်နေတယ်လို့ဆို

  • 2025 ခုနှစ်၊ ဇွန်လ 20 ရက်
  • 7 Views
ဇွန်လ (၂၀)ရက်။ ပြည်သူ‌နဲ့အတူ ပြည်သူ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ နွေဦးတော်လှန်ရေးကြီးနဲ့ ထပ်တူရပ်တည်နေတယ်လို့ NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းရဲ့ မနေ့က ‌ပေးပိုးတဲ့
မြန်မာသတင်း

စစ်ကောင်စီ အခိုင်အမာတပ်စွဲထားတဲ့ ကန့်ဒေါင့်ရဲစခန်းသိမ်းပိုက်နိုင်ခဲ့တဲ့ ဓါတ်ပုံမှတ်တမ်းတွေ PLA ထုတ်ပြန်

  • 2025 ခုနှစ်၊ ဇွန်လ 20 ရက်
  • 8 Views
ဇွန်လ (၂၀)ရက်။ မနေ့က ပုလဲမြို့နယ်ထဲ စစ်ကောင်စီ အခိုင်အမာတပ်စွဲထားတဲ့ ကန့်ဒေါင့်ရဲစခန်းကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တဲ့ ဓါတ်ပုံမှတ်တမ်းတွေကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA)က ဒီကနေ့မှာ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ ကန့်ဒေါင့်ရဲစခန်းကို တော်လှန်ရေးပူးပေါင်းတပ်တွေက ဇွန်လ (၂)ရက်နေ့ကစပြီး (၂)ပတ်ကျော်ကြာ တိုက်ခိုက်ခဲ့ပြီးနောက် မနေ့က
မြန်မာသတင်း

ချင်းလက်နက်ကိုင်အဖွဲ့တွေ စုဖွဲ့ပြီး ဘုံရန်သူကို တိုက်ထုတ်ဖို့ ချင်းအဖွဲ့ (၁၈)ဖွဲ့ ပူးတွဲထုတ်ပြန်

  • 2025 ခုနှစ်၊ ဇွန်လ 20 ရက်
  • 8 Views
ဇွန်လ (၂၀)ရက်။ ချင်းတော်လှန်ရေး လက်နက်ကိုင်အဖွဲ့တွေအားလုံး စည်းလုံးညီညွတ်စွာ စုဖွဲ့ပြီး ဘုံရန်သူကို တိုက်ထုတ်ဖို့ ချင်းလက်နက်ကိုင် (၁၈)ဖွဲ့က မနေ့က ပူးတွဲထုတ်ပြန်ခဲ့တယ်လို့ သိရပါတယ်။ ထုတ်ပြန်ချက်ထဲ ချင်းလူမျိုးနဲ့ ပိုင်နက်နယ်မြေတွေကို ခုခံကာကွယ်စောင့်ရှောက်ဖို့နဲ့ ချင်းအမျိုးသား စည်းလုံးညီညွတ်ရေးနဲ့ ချင်းပြည်တည်ဆောက်ရေးအတွက်
မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်အတွက် မွေးနေ့ဆုတောင်းဗီဒီယို စုစုပေါင်း (၁၁၀၀၀၀)ကျော်ရရှိခဲ့

  • 2025 ခုနှစ်၊ ဇွန်လ 20 ရက်
  • 5 Views
ဇွန်လ (၂၀)ရက်။ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အတွက် မွေးနေ့ဆုတောင်းဗီဒီယို စုစုပေါင်း (၁၁၀၁၀၀)အထိ ရရှိခဲ့တယ်လို့ SUU 80th Birthday Campaign ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မနေ့ကကျရောက်တဲ့ အမေ့ရဲ့ မွေးနေ့မှာ
မြန်မာသတင်း

ပုလဲမြို့ရှိ စစ်ကောင်စီရဲ့ ကန်ဒေါင့်ရဲစခန်းကို တော်လှန်ရေးတပ်တွေ သိမ်းပိုက်ရရှိခဲ့

  • 2025 ခုနှစ်၊ ဇွန်လ 19 ရက်
  • 24 Views
ဇွန်လ (၁၉)ရက်။ ဒီကနေ့ နံနက်အစောပိုင်းအချိန်မှာ ပုလဲမြို့နယ်ရှိ စစ်ကောင်စီရဲ့ ကန်ဒေါင့်ရဲစခန်းကို သိမ်းပိုက်ရရှိခဲ့တယ်လို့ ကျားသစ်နက်တပ်မတော်ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်ကောင်စီရဲ့ ကန်ဒေါင့်ရဲစခန်းကို တော်လှန်ရေးပူးပေါင်းတပ်တွေက ဇွန်လ (၂)ရက်နေ့ကစပြီး တိုက်ခိုက်ခဲ့ရာ (၁၈)ရက်မြောက်နေ့ဖြစ်တဲ့ ဒီကနေ့မှာ သိမ်းပိုက်နိုင်ခဲ့တာလို့
မြန်မာသတင်း

ရန်ကုန်မှာ ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အထိမ်းအမှတ် စစ်အာဏာရှင်ဆန့်ကျင်တဲ့ လှုပ်ရှားမှုတွေပြုလုပ်

  • 2025 ခုနှစ်၊ ဇွန်လ 19 ရက်
  • 16 Views
ဇွန်လ (၁၉)ရက်။ ဒီကနေ့မှာကျရောက်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့အထိမ်းအမှတ်အနေနဲ့ ရန်ကုန်မြို့မှာ စစ်အာဏာရှင်လှုပ်ရှားမှုတွေ ပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။ ဒေါအောင်ဆန်းစုကြည်ရဲ့ အသက် (၈၀)ပြည့် မွေးနေ့အထိမ်းအမှတ်အနေနဲ့ ရေဘဝဲ(ပြည်သူ့အကျိုးပြုလူငယ်အဖွဲ့အစည်း)က “ SUU 80th” စာသားကိုင်ဆောင်ကာ လှုပ်ရှားမှု ပြုလုပ်ခဲ့တယ်လို့
မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည် ဖြစ်စေချင်တဲ့ ပြည်သူတွေ ကြောက်ရွံ့မှုက လွတ်မြောက်အောင် ကြိုးစားနေတယ်လို့ NUG ယာယီသမ္မတပြော

  • 2025 ခုနှစ်၊ ဇွန်လ 19 ရက်
  • 24 Views
ဇွန်လ (၁၉)ရက်။ ဒေါ်အောင်ဆန်းစုကြည် ဖြစ်စေချင် မြင်စေချင်တဲ့ ပြည်သူတွေ ကြောက်ရွံ့မှုက လွတ်မြောက်အောင် လက်တွေ့ ကြိုးစားနေတယ်လို့ NUG ယာယီသမ္မတ ဒူးဝါလရှီးလက ဒီကနေ့မှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ အခုဆိုရင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက်ဟာ