နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 26 ရက်

မြန်မာသတင်း

မြန်မာသတင်း

ရွှေဘိုခရိုင်တပ်ရင်း (၂) ရဲ့ အရပ်သားတစ်ဦးကို ဓါးပြတိုက်သတ်ဖြတ်ခဲ့တဲ့အမှု NUG ကိုတင်ပြထားပေမယ့် စုံစမ်းစစ်ဆေးတာတွေမရှိဘဲဖြစ်နေ

ဇန်နဝါရီလ (၂၂) ရက်။

ရွှေဘိုမြို့နယ်၊ ချီပါရွာမှာ ရွှေဘိုခရိုင်တပ်ရင်း (၂)က အရပ်သားတစ်ဦးကို ဓါးပြတိုက် သတ်ဖြတ်သွားခဲ့တဲ့အမှု NUG ကို တင်ပြထားပေမယ့် စုံစမ်းစစ်ဆေးတာမရှိတဲ့အတွက် မိသားစုဝင်တွေက NUG ယာယီသမ္မတနဲ့ CRPH ဥက္ကဌထံ ဇန်နဝါရီလ (၂၀)ရက်နေ့က ထပ်မံတိုင်ကြားထားတယ်လို့ သိရပါတယ်။

အဲ့ဒီဖြစ်စဉ်ဟာ ၂၀၂၃ခုနှစ် မေလ (၂) ရက်နေ့ ည (၈) နာရီခန့်က ချီပါရွာရှိ ဦးမောင်အေးနဲ့ ဒေါ်သောင်းသောင်းထွေးတို့ရဲ့ နေအိမ်ကို ရွှေဘိုခရိုင်တပ်ရင်း (၂)က တပ်ဖွဲ့ဝင် ပြောင်ကြီးအပါအဝင် လက်နက်ကိုင်(၁၀)ဦးခန့်က ဝင်ရောက်ဓါးပြတိုက်ကာ ဦးမောင်အေးကို ဖမ်းဆီးသွားခဲ့တယ်လို့ ဆိုပါတယ်။

ပြောင်ကြီးအပါအဝင် လက်နက်ကိုင်အဖွဲ့တွေဟာ လက်နက်ရှာဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ နေအိမ် အိပ်ခန်းထဲအထိဝင်ပြီး ပစ္စည်းတွေသိမ်းထားတဲ့ သေတ္တာကိုဖွင့်ရှာခဲ့ကာ ရွှေ (၁၀)ကျပ်သားခန့်နဲ့ ငွေကျပ်သိန်း(၄၀)ခန့်အပါအဝင် ဖုန်း (၂)လုံးကို ဓါးပြတိုက်ယူသွားတာဖြစ်တယ်လို့ တိုင်ကြားစာမှာ ဖော်ပြထားပါတယ်။

လက်နက်ကိုင်အဖွဲ့တွေ ထွက်ခွာသွားပြီးနောက်မှာ ဦးမောင်အေးကို ခြံဝင်းထဲ မတွေ့ရှိတော့တာကြောင့် မိသားစုဝင်တွေက ရွာကာကွယ်ရေးတပ်ဖွဲ့တွေကို အကြောင်းကြားပြီး ဆက်လက်ရှာဖွေခဲ့တယ်လို့ ရေးသားထားပါတယ်။

မေလ (၃)ရက်နေ့မှာတော့ ရာ ရွာအခေါ ရေပြွန်(ဆည်ရေလွှတ်ရာရေမြောင်း)မှာ ပြောင်ကြီးကို တကိုယ်လုံး ရေစိုနေပြီး ဓါးကိုင်ဆောင်ကာ အမူးလွန်နေတဲ့အနေအထားနဲ့ တွေ့ရှိခဲ့ရာက ဦးမောင်အေးကို ဓါးဒဏ်ရာတွေနဲ့ အသတ်ခံထားရတာကို ထပ်မံတွေ့ရှိခဲ့တယ်လို့ ပြောဆိုထားပါတယ်။

ဖမ်းမိခဲ့တဲ့ ပြောင်ကြီးကို တိုက်နယ် ပ.က.ဖ ကိုဗျက်ဝိနဲ့အဖွဲ့ဆီကို အပ်နှံခဲ့ကာ ထိန်းသိမ်းထားတဲ့အချိန် အအေးမိပြီး ကွယ်လွန်သွားခဲ့ပြီးတဲ့နောက် ရွှေဘိုခရိုင် အမှတ်(၂)တပ်ရင်းက တပ်ဖွဲ့ဝင်အချို့ဟာ အလောင်းကို လာရောက်စစ်ဆေးခဲ့ပြီး ကိုဗျက်ဝိတို့အဖွဲ့ကို ပြောင်ကြီးသေဆုံးတဲ့အပေါ် စွပ်စွဲဖမ်းဆီးသွားခဲ့တယ်လို့ ဆိုပါတယ်။

ပြောင်ကြီးသေဆုံးခဲ့တဲ့အပေါ် ချက်ခြင်းတုံ့ပြန်ဆောင်ရွက်ခဲ့တဲ့ ရွှေဘိုခရိုင် အမှတ်(၂)တပ်ရင်းအနေနဲ့ လူသတ်ဓါးပြတိုက်တဲ့ဖြစ်စဉ်ကို စုံစမ်းစစ်ဆေးပေးတာမရှိတဲ့အတွက် NUG ထံ ဓါတ်ပုံအထောက်အထားတွေနဲ့ တင်ပြခဲ့ပေမယ့် စုံစမ်းစစ်ဆေးတာမပြုလုပ်တာကြောင့် ယာယီသမ္မတနဲ့ CRPH ဥက္ကဌထံ တင်ပြတိုင်ကြားတာဖြစ်တယ်လို့ ရေးသားထားပါတယ်။

အခုအမှုဖြစ်စဉ်ကို NUG အနေနဲ့ သက်သေတွေ ပျောက်ဆုံးနိုင်တာကြောင့် အမြန်ဆုံးကိုင်တွယ်ဖြေရှင်းပေးဖို့ ရွှေဘိုမြို့နယ်လွတ်လပ်သောထောက်ပို့ရေးအဖွဲ့တာဝန်ခံ ကိုနေမင်းခန့်က ပြောဆိုထားကာ မိသားစုဝင်တွေကလည်း တရားမျှတမှုကို လိုလားနေပြီး ဓါးပြအစစ်တွေကို စုံစမ်းဖော်ထုတ်ပေးဖို့ တောင်းဆိုထားတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

သထုံမှာ စစ်တပ်ရဲ့ လက်နက်ကြီးကြောင့် အမွှာကိုယ်ဝန်သည်နဲ့ မိန်းကလေးငယ်တဦး သေဆုံးခဲ့ရ

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 15 Views
ဇွန်လ (၂၅)ရက်။ ဇွန်လ (၂၂)ရက်နေ့ ညနေ (၅)နာရီအချိန်က သထုံမြို့နယ်ထဲ အရပ်သားတွေနေထိုင်တဲ့ ကျေးရွာကို စစ်တပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့
မြန်မာသတင်း

ကော်သူးလေတည်ဆောက်ဖို့ ကရင်အရပ်ဘက်အဖွဲ့တွေ သဘောထားချမှတ်ခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 16 Views
ဇွန်လ (၂၄)ရက်။ ပြီးခဲ့တဲ့ရက်သတ္တပတ်ထဲ ကရင်အရပ်ဘက်အဖွဲ့တွေ(KCBOs/KCSOs)ရဲ့ ဆွေးနွေးပွဲတရပ်ကို (၃)ရက်ကြာ ကျင်းပခဲ့တယ်လို့ KNU ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။
မြန်မာသတင်း

AA နဲ့တိုက်ပွဲ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ရွှေရင်မျှော်ဆရာတော်ရဲ့သင်္ကန်းကို အဆောင်အယောင်အနေနဲ့ ကိုးကွယ်နေကြရ

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 18 Views
ဇွန်လ (၂၄)ရက်။ ပုသိမ်ခရိုင်ထဲ အာရက္ခတပ်တော်(AA)ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ ဒေသထဲစစ်ရေးသတင်းရင်းမြစ်တွေထံက သိရပါတယ်။ အဲ့ဒီတိုက်ပွဲတွေမှာ ရိုးမတောထဲ အထိုင်ချထားတဲ့ စစ်ကောင်စီတပ်စခန်းတွေက စစ်ဗိုလ်တွေအပါအဝင် တပ်ဖွဲ့တွေဟာ နေ့တိုင်း စစ်ရှိန်ပြင်းထန်လာတာနဲ့အတူ တပ်ပြေးအနေနဲ့ ထွက်ပြေးနေတယ်လို့ ဆိုပါတယ်။
မြန်မာသတင်း

ရွှေကူခရိုင်ထဲနေသူတွေ စစ်ကောင်စီနဲ့ မပတ်သက်ကြဖို KIA သတိပေး

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 14 Views
ဇွန်လ (၂၄)ရက်။ ရွှေကူခရိုင်နယ်မြေထဲ နေထိုင်သူတွေအနေနဲ့ စစ်ကောင်စီနဲ့ ပတ်သက်ဆက်နွယ်တာ မလုပ်ကြဖို KIA က မနေ့ကရက်စွဲနဲ့ သတိပေးထားတယ်လို သိရပါတယ်။ စစ်ကောင်စီနဲ့ မပတ်သက်ဖို KIA က သတိပေးတာမှာ ရွှေကူခရိုင်ထဲ နေထိုင်တဲ့ ပြည်သူတွေနဲ့
မြန်မာသတင်း

နွားထိုးကြီးတိုက်ပွဲထဲ စစ်ကောင်စီတပ်ဘက်က တပ်ပျက်ပြီး ဆုတ်ခွာထွက်ပြေးခဲ့ရ

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 11 Views
ဇွန်လ (၂၃)ရက်။ ဇွန်လ (၂၁)ရက်နေ့ ညနေ (၆)နာရီဝန်းကျင်ခန့်က နွားထိုးကြီးမြိုမှာ စစ်ကောင်စီတပ်နဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို နွားထိုးကြီး-PDF ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီစစ်ကောင်စီတပ်ဟာ ဖက်ခူးရွာကနေ ထွက်လာချိန် မြင်းခြံခရိုင်အမှတ်(၄/၁၀)တပ်ရင်းတိုနဲ့ (၁)နာရီနီးပါးကြာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တာလို
မြန်မာသတင်း

မြိုင်နယ်ထဲ စစ်ကောင်စီရဲ့လေယာဉ်တစီး ဒရုန်းနဲ့ တိုက်ခိုက်ဖျက်ဆီးခံရ

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 13 Views
ဇွန်လ (၂၃)ရက်။ မြိုင်နယ်ထဲ စစ်ကောင်စီရဲ့ Mi-17 လေယာဉ်တစီးကို ဒရုန်းနဲ့ တိုက်ခိုက်ဖျက်ဆီးခဲ့တယ်လို မြိုနယ်ပကဖရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ မြိုင်နယ်ရှိ တွင်းမပျုစောထီးရွာထဲ လေယာဉ်ဆင်းသက်ချိန် တော်လှန်ရေးပူးပေါင်းတပ်တွေက ဒရုန်းနဲ့ တိုက်ခိုက်ဖျက်ဆီးခဲ့တာလို ဆိုပါတယ်။ စစ်ကောင်စီရဲ့
မြန်မာသတင်း

မြိုင်နယ်မှာ စစ်တပ်စစ်ကြောင်းက စိတ်ရောဂါသည်အပါအဝင် ပြည်သူ (၅)ဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 11 Views
ဇွန်လ (၂၃)ရက်။ ဇွန်လ (၁၅)ရက်နေ့မှာ ကမ္မဒေသကနေ မြိုင်နယ်တောင်ပိုင်းရှိ ကျေးရွာတွေကို စစ်တပ်က စစ်ကြောင်းထိုးဝင်ရောက်ခဲ့တယ်လို့ We Love Myaing ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မိတ္ထီလာက တပ်မ(၉၉)နဲ့ ပခုက္ကူက
မြန်မာသတင်း

တော်လှန်ရေးအဖွဲ့ကြား အင်အားသုံးဖြေရှင်းတာကို PRF နဲ့ PDA ဆန့်ကျင်ရှုတ်ချ

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 11 Views
ဇွန်လ (၂၃)ရက်။ တော်လှန်ရေးအဖွဲ့အချင်းချင်းကြား အင်အားသုံးဖြေရှင်းတဲ့အပေါ် ဆန့်ကျင်ရှုတ်ချတယ်လို့ပြည်သူ့တော်လှန်ရေးတပ်ဦး(PRF)နဲ့ ပြည်သူ့ဒီမိုကရက်တစ်တပ်တော်(PDA)တို့က ဒီကနေ့မှာ ပူးတွဲထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒီလိုဖြေရှင်းတာတွေကြောင့် မိုင်းထိမှန်ကာ ထိခိုက်ခဲ့တဲ့ PDF ရဲဘော်တွေရှိလာတာနဲ့ PLA ရဲဘော်တွေရဲ့ မိသားစုဝင်တွေ လက်နက်နဲ့ ခြိမ်းခြောက်ဖမ်းဆီးခံရတာ စတဲ့