နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 7 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ရဲ့ရွေးကောက်ပွဲက နှုတ်ထွက်မှု ဆုံးဖြတ်ချက်ကို တစ်ကမ္ဘာလုံးက ခေါင်းဆောင်တွေ တုံ့ပြန်

တစ်ကမ္ဘာလုံးက ခေါင်းဆောင်တွေဟာ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ရဲ့ ပြန်လည်အရွေးမခံဖို့ ဆုံးဖြတ်ချက်ကို တုံပြန်ခဲ့ကြပါတယ်။

ယူကရိန်း

ယူကရိန်းသမ္မတ ဗလာဒီမာဇလန်းစကီးက ရုရှားနိုင်ငံကို တိုက်ခိုက်ရာမှာ မယိမ်းယိုင်တဲ့ ထောက်ခံမှုတွေအတွက် ဘိုင်ဒင်ကို ကျေးဇူးတင်ကြောင်း “မကြာသေးမီနှစ်တွေအတွင်း ခိုင်မာတဲ့ ဆုံးဖြတ်ချက်တွေ အများကြီးချခဲ့ပြီး၊ စိန်ခေါ်မှုတွေကြုံနေရတဲ့အချိန်တွေကို တုံ့ပြန်တဲ့အနေနဲ့ သမ္မတ ဘိုင်ဒင်ရဲ့ ရဲရင့်တဲ့ ခြေလှမ်းတွေကို အမှတ်ရစေမှာပါ” ဟု ပြောကြားခဲ့သည်။

လူမှုကွန်ရက်စာမျက်နှာ X တွင် “သမ္မတဘိုင်ဒင်ရဲ့ ဦးဆောင်မှုအတွက် ကျွန်တော်တို့ အမြဲတမ်းကျေးဇူးတင်နေပါတယ်” ဟု ဖော်ပြထားသည်။

အစ္စရေး

သမ္မတ အိုင်ဇက်ဟာဇွဂ် (Isaac Herzog) သည် ဘိုင်ဒင်၏ “အစ္စရေးပြည်သူများအတွက် ချစ်ကြည်ရင်းနှီးမှုနှင့် ခိုင်မြဲသော ပံ့ပိုးကူညီမှု” အတွက် ကျေးဇူးတင်ရှိပြီး ဘိုင်ဒင်ကို “ဂျူးလူမျိုးများ၏ စစ်မှန်သောမဟာမိတ်” အဖြစ် လူမှုကွန်ရက်စာမျက်နှာ X တွင် ရေးသားခဲ့သည်။

အစ္စရေးကာကွယ်ရေးဝန်ကြီး ဂဲလန့် (Gallant) က ပံ့ပိုးကူညီမှုများအတွက် ဘိုင်ဒင်အား ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်။ ဘိုင်ဒင်၏ “အထူးသဖြင့် စစ်ပွဲအတွင်း ခိုင်မာသော ကျောထောက်နောက်ခံပေးမှုသည် အဖိုးမဖြတ်နိုင်” ဟု လူမှုကွန်ရက်စာမျက်နှာ X တွင် ရေးသားခဲ့သည်။

ကနေဒါ

ဝန်ကြီးချုပ် ဂျပ်စတင် ထရုုးဒိုး (Justin Trudeau) က ကနေဒါနိုင်ငံအတွက် “မိတ်ဆွေစစ်” ဖြစ်သည့်အတွက် ဘိုင်ဒင်ကို ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်။

“ သူဟာ ကြီးမြတ်သူတစ်ယောက်ဖြစ်ပြီး သူလုပ်သမျှဟာ သူ့နိုင်ငံကို ချစ်တဲ့စိတ်နဲ့ လမ်းညွှန်ထိန်းကြောင်းခဲ့ပါတယ်” ဟု လူမှုကွန်ရက်စာမျက်နှာ X တွင် ရေးသားခဲ့သည်။

ပိုလန်

ဝန်ကြီးချုပ် ဒေါ်နယ် တပ်ခ် (Donald Tusk) က “ ဘိုင်ဒင်ဟာ ခက်ခဲတဲ့ ဆုံးဖြတ်ချက်တွေကို ချခဲ့ရတယ်လို့ X မှာ ရေးသားခဲ့ပြီး “ပိုလန်၊ အမေရိကနဲ့ ကမ္ဘာကြီးက ပိုလုံခြုံပြီး ဒီမိုကရေစီကို ပိုအားကောင်းစေခဲ့တဲ့အတွက်ကြောင့်ကျေးဇူးတင်တယ်။ ခင်ဗျားရဲ့ နောက်ဆုံးဆုံးဖြတ်ချက်ကို ကြေညာတဲ့အခါ တူညီတဲ့စိတ်ရင်းစေတနာတွေနဲ့ ဒီလိုဆုံးဖြတ်ကြေငြာခဲ့တာဖြစ်ပြီး အခက်ခဲဆုံး ဆုံးဖြတ်ချက်လည်း ဖြစ်ပါတယ်”ဟု ရေးသားခဲ့သည်။

ဂျပန်

ဝန်ကြီးချုပ် ဖူမီအို ကီရှီဒါ (Fumio Kishida) က “ အမေရိကန်မှာ ပြည်တွင်းနိုင်ငံရေးတွေ ပါဝင်နေတာကြောင့် ဒီကိစ္စကို တိုက်ရိုက်မှတ်ချက် မပေးဘဲ သမ္မတဘိုင်ဒင်ရဲ့ ဆုံးဖြတ်ချက်ဟာ ဖြစ်နိုင်သမျှ အကောင်းဆုံး နိုင်ငံရေး ဆုံးဖြတ်ချက်ကို ချမှတ်လိုတဲ့ ဆန္ဒအပေါ် အခြေခံတာဖြစ်ကြောင်း အသိအမှတ်ပြုပါတယ်” ဟု ဆိုခဲ့သည်။

တောင်ကိုရီးယား

တောင်ကိုရီးယားသမ္မတ ယွန်းဆပ်ရိုးလ် (Yoon Suk Yeol) ၏ ရုံးက “ အခြားနိုင်ငံတွေရဲ့ ပြည်တွင်းနိုင်ငံရေးအခြေအနေတွေကို မှတ်ချက်မပေးလိုပါဘူး” ဒါပေမယ့် တောင်ကိုရီးယားအစိုးရအနေနဲ့ တောင်ကိုးရီးယား-အမေရိကန် ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အမေရိကန်နဲ့ ဆက်ပြီး တောင်ကိုရီးယား-အမေရိကန် ကမ္ဘာလုံးဆိုင်ရာ ဘက်စုံမဟာဗျူဟာမြောက် မဟာမိတ်အဖွဲ့အနေနဲ့ နီးနီးကပ်ကပ် လုပ်ဆောင်သွားမှာဖြစ်ကြောင်း” ပြောကြားခဲ့ပါသည်။

အိုင်ယာလန်

နိုင်ငံခြားရေး ဝန်ကြီး မိုက်ကယ်မာတင် (Micheál Martin) က ဤသတင်းကြားသိရခြင်းအတွက် “ ဝမ်းနည်းခြင်းနှင့် ဂုဏ်ပြုခြင်း နှစ်မျိုးလုံး” ကိုခံစားရကြောင်းဖြင့် ဘိုင်ဒင်သည် “ အိုင်ယာလန်၏ တည်မြဲသောမိတ်ဆွေ” ဟု X တွင်ရေးသားခဲ့သည်။ မာတင်၏ပို့စ်တွင် “ ဘိုင်ဒင်သည် ဤကျွန်းပေါ်ရှိ ငြိမ်းချမ်းရေးနှင့် သာယာဝပြောရေးအတွက် အဖိုးမဖြတ်နိုင်သော ပံ့ပိုးကူညီမှု” ကို ပေးခဲ့သည်ဟု ပြောကြားခဲ့ပြီး ဘိုင်ဒင်အတွက် အကောင်းဆုံးဖြစ်ပါစေဟု ဆုတောင်းပေးခဲ့သည်။

ယူနိုက်တက်ကင်းဒမ်း

ဗြိတိန်ဝန်ကြီးချုပ်ဟောင်း ရီရှီ ဆန်နက် (Rishi Sunak) က သူနှင့်အတူအလုပ်လုပ်စဉ် ဘိုင်ဒင် ၏ “ အမေရိကန်နိုင်ငံကို ချစ်မြတ်နိုးပြီး သူတာဝန်ထမ်းဆောင်မှုတွင် နှစ်နှစ်ကာကာ လုပ်ဆောင်ခဲ့သည်” ကို ကိုယ်တွေမြင်ခဲ့ရကြောင်း X တွင် တွင် ပြောကြားခဲ့သည်။ သူသည် အမေရိကန်နှင့် ဗြိတိန်ကြား အောင်မြင်မှုအချို့ကိုလည်း ဖော်ပြခဲ့သည်။

သြစတြေးလျ

ဝန်ကြီးချုပ် အန်တိုနီ အယ်ဘန်နီးစ် (Anthony Albanese) က “ သြစတြေးလျ-အမေရိကန် မဟာမိတ်အဖွဲ့ဟာ ဒီမိုကရက်တစ်တန်ဖိုးတွေ၊ နိုင်ငံတကာ လုံခြုံရေး၊ စီးပွားရေး သာယာဝပြောရေးနဲ့ မျိုးဆက်သစ်တွေအတွက် ဒီမိုကရက်တစ်ဆိုင်ရာ ကတိကဝတ်တွေဟာ ဘယ်တုန်းကမှ ဒီလောက်ခိုင်မာမှု မရှိခဲ့ဘူးဘူး” ဟု ပြောကြားခဲ့ပါသည်။

နယူးဇီလန်

ဝန်ကြီးချုပ် ခရစ်စတိုဖာလူဇွန် (Christopher Luxon) က သူ၏ X ပို့စ်တွင် “ ဘိုင်ဒင် သည်သူ၏ တသက်တာကို ပြည်သူ့ဝန်ဆောင်မှုအတွက် အပ်နှံခဲ့ပြီး ထိုအချက်သည်များစွာ လေးစားထိုက်သောအရာဖြစ်သည်” ဟု ပြောကြားခဲ့သည်။ “နယူးဇီလန်နိုင်ငံအတွက် ကတိကဝတ်ပြုမှု” အတွက် ဘိုင်ဒင်အား ကျေးဇူးတင်ရှိပြီး “သူ၏ သမ္မတသက်တမ်းကျန်ရှိနေသည့်အချိန်အတွင်း သူနှင့်အတူ လက်တွဲလုပ်ဆောင်ရန် မျှော်လင့်ထားကြောင်း” ပြောကြားခဲ့သည်။

ဗင်နီဇွဲလား

ဘိုင်ဒင်သည် “အသိဉာဏ်အရှိဆုံးနှင့် မှန်ကန်သောဆုံးဖြတ်ချက်ကို ချလိုက်သည်” ဟု သမ္မတ နီကိုလပ်စ် မာဒူရို (Nicolas Maduro) က ပြောကြားခဲ့သည်။

“သူဟာ သူ့မိသားစု၊ သူ့ကျန်းမာရေးကို ဦးစားပေးပြီး အဲဒီအသက်အရွယ်နဲ့ ကျန်းမာရေး အားနည်းနေချိန်မှာ သူ့နိုင်ငံကို အုပ်ချုပ်နိုင်ဖို့အတွက် သမ္မတလောင်းအဖြစ် သူ့အနေနဲ့ မလုပ်သင့်တော့ဘူးဆိုတာ သဘောပေါက်လာတယ်” ဟု ဆိုသည်။

See insights and ads

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

ကမ္ဘောဒီးယား ထိုင်း နိုင်ငံတကာသတင်း အရှေ့တောင်အာရှ

သြစတြေးလျ၊ တရုတ်နှင့် ဘရာဇီးလ် ရဲစခန်းအတုများ- သိမ်းဆည်းရမိသည့် ကျားဖြန့် (scam) အဆောက်အအုံအတွင်းသို့ BBC ရောက်ရှိခဲ့ခြင်း

  • 2026 ခုနှစ်၊ ဧပြီလ 7 ရက်
  • 31 Views
BBC – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၇ ရက် Royal Hill ကာစီနိုနောက်ဘက်ရှိ ခြောက်ထပ်တိုက်၏ မီးမထွန်းထားသောစင်္ကြန်လမ်းများ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ဟော်မုဇ် ရေလက်ကြားဆိုင်ရာ ထရမ့်၏ နောက်ဆုံးသတိပေးချက် နီးကပ်လာသော်လည်း အီရန်ဘက်မှ လိုက်လျောမည့် အရိပ်အယောင် မရှိသလောက်ဖြစ်နေ

  • 2026 ခုနှစ်၊ ဧပြီလ 7 ရက်
  • 23 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၇ ရက် အီရန်အပေါ် အမေရိကန်-အစ္စရေး ပူးပေါင်းစစ်ဆင်နွှဲနေသည့် ငါးပတ်တာကာလအတွင်း သမ္မတ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အစ္စရေးနိုင်ငံ၊ ဟိုင်ဖာမြို့အား အီရန်၏ တိုက်ခိုက်မှုအပြီး နောက်ထပ် ရုပ်အလောင်းနှစ်ခု ထပ်မံတွေ့ရှိ၊ စုစုပေါင်း သေဆုံးသူ လေးဦးအထိ ရှိလာ

  • 2026 ခုနှစ်၊ ဧပြီလ 6 ရက်
  • 23 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၆ ရက် မနေ့က အစ္စရေးနိုင်ငံ၊ ဟိုင်ဖာမြို့ရှိ လူနေအိမ်ရာ အဆောက်အအုံတစ်ခုကို အီရန်က တိုက်ခိုက်ခဲ့ရာတွင် သေဆုံးခဲ့သူ လေးဦး၏ ရုပ်အလောင်းများကို ယခုအခါ ရှာဖွေတွေ့ရှိပြီဖြစ်ကြောင်း အစ္စရေး
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ထရန့်က ဟော်မုဇ် ရေလက်ကြားနှင့် ပတ်သက်၍ တီဟီရန်ကို ခြိမ်းခြောက်နေစဉ် အီရန်၊ လက်ဘနွန်နှင့် အစ္စရေးတို့တွင် သေဆုံးမှုများရှိကြောင်း သတင်းထွက်ပေါ်လာ

  • 2026 ခုနှစ်၊ ဧပြီလ 6 ရက်
  • 22 Views
CNN- ၂၀၂၆ခုနှစ်၊ ဧပြီလ ၆ ရက် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က Truth Social တွင် ရိုင်းစိုင်းသော စကားလုံးများသုံး၍ “အဲဒီ ရေလက်ကြားကို အခုချက်ချင်း ပြန်ဖွင့်လိုက်စမ်း၊ မင်းတို့အရူးတွေ၊ မဟုတ်ရင် ငရဲကျသလို ခံစားရလိမ့်မယ်”
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ဟော်မုဇ် ရေလက်ကြား ပြန်ဖွင့်ရန် ထရန့်က နောက်ဆုံးအချိန် ရာဇသံပေးလိုက်သော်လည်း အီရန်က ယာယီအပစ်အခတ်ရပ်စဲရေးကို ငြင်းပယ်လိုက်သည်။

  • 2026 ခုနှစ်၊ ဧပြီလ 6 ရက်
  • 21 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၆ ရက် အလွန်အရေးပါသော ကုန်သွယ်ရေးရေလမ်းကြောင်းနှင့် ပတ်သက်၍ ထရန့်နှင့် အီရန်တို့သည် အပြန်အလှန် ခြိမ်းခြောက်မှုများ ပြုလုပ်ခဲ့ကြသည်။ တစ်ချိန်တည်းမှာပင် အီရန်အဆင့်မြင့် အရာရှိ နှစ်ဦးကို သုတ်သင်နိုင်ခဲ့ကြောင်း
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ဟော်မုဇ် ရေလက်ကြားနှင့် ပတ်သက်၍ ထရန့်၏ မဆုံးဖြတ်နိုင်ဖြစ်‌နေမှုသည် သူ သူခွင့်ပြုတာထက် ပိုမိုအရေးကြီးနေခြင်း

  • 2026 ခုနှစ်၊ ဧပြီလ 6 ရက်
  • 19 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၆ ရက် “အမေရိကန်ပြည်ထောင်စုဟာ ဟော်မုဇ် ရေလက်ကြားကနေ ရေနံတင်သွင်းတာမျိုး လုံးဝမရှိသလောက်ပါပဲ၊ နောင်မှာလည်း တင်သွင်းမှာမဟုတ်ဘူး။ ကျွန်တော်တို့ အဲဒါကို မလိုအပ်ဘူး။ အရင်ကလည်း မလိုအပ်ခဲ့ဘူး၊ အခုလည်း
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

CNN သတင်းအဖွဲ့ကို အစ္စရေးစစ်သားများက ကိုယ်ထိလက်ရောက် စော်ကားဖမ်းဆီးခဲ့သည့် အနောက်ဘက်ကမ်းခြေ ကျေးရွာအနီးတွင် အစ္စရေးအခြေချနေထိုင်သူများ တရားမဝင် စခန်းသစ်တစ်ခုကို ထပ်မံတည်ဆောက်

  • 2026 ခုနှစ်၊ ဧပြီလ 5 ရက်
  • 21 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၆ ရက် အစ္စရေးအခြေချနေထိုင်သူ အများအပြားသည် ဗုဒ္ဓဟူးနေ့တွင် တာယာဆေးရ်ကျေးရွာသို့ ပြန်လည်ရောက်ရှိလာပြီး ရွာအစွန်၌ တရားမဝင်စခန်းသစ်တစ်ခုကို တည်ဆောက်ခဲ့ကြသည်။ ၎င်းသည် စခန်းတည်ထောင်မှုနှင့် ပတ်သက်၍ CNN ၏
တရုတ် နိုင်ငံတကာသတင်း

‘စနစ်ပိုင်းဆိုင်ရာ ချို့ယွင်းမှု’ ကြောင့် တရုတ်နိုင်ငံအလယ်ပိုင်းတွင် အလိုအလျှောက် မောင်းနှင့်သောတက္ကစီ ( robotaxi) များ ရပ်တန့်သွားကြောင်း ရဲတပ်ဖွဲ့ပြောကြား

  • 2026 ခုနှစ်၊ ဧပြီလ 5 ရက်
  • 20 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၅ ရက် ပေကျင်း (ရိုက်တာ) — တရုတ်နိုင်ငံအလယ်ပိုင်း ဝူဟန်မြို့တွင် Baidu ကုမ္ပဏီ၏ Apollo Go မှ မောင်းနှင်သည့် ရိုဘိုတက္ကစီ (လူမပါဘဲ