နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 7 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ရဲ့ရွေးကောက်ပွဲက နှုတ်ထွက်မှု ဆုံးဖြတ်ချက်ကို တစ်ကမ္ဘာလုံးက ခေါင်းဆောင်တွေ တုံ့ပြန်

တစ်ကမ္ဘာလုံးက ခေါင်းဆောင်တွေဟာ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ရဲ့ ပြန်လည်အရွေးမခံဖို့ ဆုံးဖြတ်ချက်ကို တုံပြန်ခဲ့ကြပါတယ်။

ယူကရိန်း

ယူကရိန်းသမ္မတ ဗလာဒီမာဇလန်းစကီးက ရုရှားနိုင်ငံကို တိုက်ခိုက်ရာမှာ မယိမ်းယိုင်တဲ့ ထောက်ခံမှုတွေအတွက် ဘိုင်ဒင်ကို ကျေးဇူးတင်ကြောင်း “မကြာသေးမီနှစ်တွေအတွင်း ခိုင်မာတဲ့ ဆုံးဖြတ်ချက်တွေ အများကြီးချခဲ့ပြီး၊ စိန်ခေါ်မှုတွေကြုံနေရတဲ့အချိန်တွေကို တုံ့ပြန်တဲ့အနေနဲ့ သမ္မတ ဘိုင်ဒင်ရဲ့ ရဲရင့်တဲ့ ခြေလှမ်းတွေကို အမှတ်ရစေမှာပါ” ဟု ပြောကြားခဲ့သည်။

လူမှုကွန်ရက်စာမျက်နှာ X တွင် “သမ္မတဘိုင်ဒင်ရဲ့ ဦးဆောင်မှုအတွက် ကျွန်တော်တို့ အမြဲတမ်းကျေးဇူးတင်နေပါတယ်” ဟု ဖော်ပြထားသည်။

အစ္စရေး

သမ္မတ အိုင်ဇက်ဟာဇွဂ် (Isaac Herzog) သည် ဘိုင်ဒင်၏ “အစ္စရေးပြည်သူများအတွက် ချစ်ကြည်ရင်းနှီးမှုနှင့် ခိုင်မြဲသော ပံ့ပိုးကူညီမှု” အတွက် ကျေးဇူးတင်ရှိပြီး ဘိုင်ဒင်ကို “ဂျူးလူမျိုးများ၏ စစ်မှန်သောမဟာမိတ်” အဖြစ် လူမှုကွန်ရက်စာမျက်နှာ X တွင် ရေးသားခဲ့သည်။

အစ္စရေးကာကွယ်ရေးဝန်ကြီး ဂဲလန့် (Gallant) က ပံ့ပိုးကူညီမှုများအတွက် ဘိုင်ဒင်အား ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်။ ဘိုင်ဒင်၏ “အထူးသဖြင့် စစ်ပွဲအတွင်း ခိုင်မာသော ကျောထောက်နောက်ခံပေးမှုသည် အဖိုးမဖြတ်နိုင်” ဟု လူမှုကွန်ရက်စာမျက်နှာ X တွင် ရေးသားခဲ့သည်။

ကနေဒါ

ဝန်ကြီးချုပ် ဂျပ်စတင် ထရုုးဒိုး (Justin Trudeau) က ကနေဒါနိုင်ငံအတွက် “မိတ်ဆွေစစ်” ဖြစ်သည့်အတွက် ဘိုင်ဒင်ကို ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်။

“သူဟာ ကြီးမြတ်သူတစ်ယောက်ဖြစ်ပြီး သူလုပ်သမျှဟာ သူ့နိုင်ငံကို ချစ်တဲ့စိတ်နဲ့ လမ်းညွှန်ထိန်းကြောင်းခဲ့ပါတယ်” ဟု လူမှုကွန်ရက်စာမျက်နှာ X တွင် ရေးသားခဲ့သည်။

ပိုလန်

ဝန်ကြီးချုပ် ဒေါ်နယ် တပ်ခ် (Donald Tusk) က “ဘိုင်ဒင်ဟာ ခက်ခဲတဲ့ ဆုံးဖြတ်ချက်တွေကို ချခဲ့ရတယ်လို့ X မှာ ရေးသားခဲ့ပြီး “ပိုလန်၊ အမေရိကနဲ့ ကမ္ဘာကြီးက ပိုလုံခြုံပြီး ဒီမိုကရေစီကို ပိုအားကောင်းစေခဲ့တဲ့အတွက်ကြောင့်ကျေးဇူးတင်တယ်။ ခင်ဗျားရဲ့ နောက်ဆုံးဆုံးဖြတ်ချက်ကို ကြေညာတဲ့အခါ တူညီတဲ့စိတ်ရင်းစေတနာတွေနဲ့ ဒီလိုဆုံးဖြတ်ကြေငြာခဲ့တာဖြစ်ပြီး အခက်ခဲဆုံး ဆုံးဖြတ်ချက်လည်း ဖြစ်ပါတယ်”ဟု ရေးသားခဲ့သည်။

ဂျပန်

ဝန်ကြီးချုပ် ဖူမီအို ကီရှီဒါ (Fumio Kishida) က “အမေရိကန်မှာ ပြည်တွင်းနိုင်ငံရေးတွေ ပါဝင်နေတာကြောင့် ဒီကိစ္စကို တိုက်ရိုက်မှတ်ချက် မပေးဘဲ သမ္မတဘိုင်ဒင်ရဲ့ ဆုံးဖြတ်ချက်ဟာ ဖြစ်နိုင်သမျှ အကောင်းဆုံး နိုင်ငံရေး ဆုံးဖြတ်ချက်ကို ချမှတ်လိုတဲ့ ဆန္ဒအပေါ် အခြေခံတာဖြစ်ကြောင်း အသိအမှတ်ပြုပါတယ်”ဟု ဆိုခဲ့သည်။

တောင်ကိုရီးယား

တောင်ကိုရီးယားသမ္မတ ယွန်းဆပ်ရိုးလ် (Yoon Suk Yeol) ၏ ရုံးက “အခြားနိုင်ငံတွေရဲ့ ပြည်တွင်းနိုင်ငံရေးအခြေအနေတွေကို မှတ်ချက်မပေးလိုပါဘူး” ဒါပေမယ့် တောင်ကိုရီးယားအစိုးရအနေနဲ့ တောင်ကိုးရီးယား-အမေရိကန် ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အမေရိကန်နဲ့ ဆက်ပြီး တောင်ကိုရီးယား-အမေရိကန် ကမ္ဘာလုံးဆိုင်ရာ ဘက်စုံမဟာဗျူဟာမြောက် မဟာမိတ်အဖွဲ့အနေနဲ့ နီးနီးကပ်ကပ် လုပ်ဆောင်သွားမှာဖြစ်ကြောင်း” ပြောကြားခဲ့ပါသည်။

အိုင်ယာလန်

နိုင်ငံခြားရေး ဝန်ကြီး မိုက်ကယ်မာတင် (Micheál Martin) က ဤသတင်းကြားသိရခြင်းအတွက် “ဝမ်းနည်းခြင်းနှင့် ဂုဏ်ပြုခြင်း နှစ်မျိုးလုံး” ကိုခံစားရကြောင်းဖြင့် ဘိုင်ဒင်သည် “အိုင်ယာလန်၏ တည်မြဲသောမိတ်ဆွေ” ဟု X တွင်ရေးသားခဲ့သည်။ မာတင်၏ပို့စ်တွင် “ဘိုင်ဒင်သည် ဤကျွန်းပေါ်ရှိ ငြိမ်းချမ်းရေးနှင့် သာယာဝပြောရေးအတွက် အဖိုးမဖြတ်နိုင်သော ပံ့ပိုးကူညီမှု” ကို ပေးခဲ့သည်ဟု ပြောကြားခဲ့ပြီး ဘိုင်ဒင်အတွက် အကောင်းဆုံးဖြစ်ပါစေဟု ဆုတောင်းပေးခဲ့သည်။

ယူနိုက်တက်ကင်းဒမ်း

ဗြိတိန်ဝန်ကြီးချုပ်ဟောင်း ရီရှီ ဆန်နက် (Rishi Sunak) က သူနှင့်အတူအလုပ်လုပ်စဉ် ဘိုင်ဒင် ၏ “အမေရိကန်နိုင်ငံကို ချစ်မြတ်နိုးပြီး သူတာဝန်ထမ်းဆောင်မှုတွင် နှစ်နှစ်ကာကာ လုပ်ဆောင်ခဲ့သည်” ကို ကိုယ်တွေမြင်ခဲ့ရကြောင်း X တွင် တွင် ပြောကြားခဲ့သည်။ သူသည် အမေရိကန်နှင့် ဗြိတိန်ကြား အောင်မြင်မှုအချို့ကိုလည်း ဖော်ပြခဲ့သည်။

သြစတြေးလျ

ဝန်ကြီးချုပ် အန်တိုနီ အယ်ဘန်နီးစ် (Anthony Albanese) က “သြစတြေးလျ-အမေရိကန် မဟာမိတ်အဖွဲ့ဟာ ဒီမိုကရက်တစ်တန်ဖိုးတွေ၊ နိုင်ငံတကာ လုံခြုံရေး၊ စီးပွားရေး သာယာဝပြောရေးနဲ့ မျိုးဆက်သစ်တွေအတွက် ဒီမိုကရက်တစ်ဆိုင်ရာ ကတိကဝတ်တွေဟာ ဘယ်တုန်းကမှ ဒီလောက်ခိုင်မာမှု မရှိခဲ့ဘူးဘူး” ဟု ပြောကြားခဲ့ပါသည်။

နယူးဇီလန်

ဝန်ကြီးချုပ် ခရစ်စတိုဖာလူဇွန် (Christopher Luxon) က သူ၏ X ပို့စ်တွင် “ဘိုင်ဒင် သည်သူ၏ တသက်တာကို ပြည်သူ့ဝန်ဆောင်မှုအတွက် အပ်နှံခဲ့ပြီး ထိုအချက်သည်များစွာ လေးစားထိုက်သောအရာဖြစ်သည်” ဟု ပြောကြားခဲ့သည်။ “နယူးဇီလန်နိုင်ငံအတွက် ကတိကဝတ်ပြုမှု” အတွက် ဘိုင်ဒင်အား ကျေးဇူးတင်ရှိပြီး “သူ၏ သမ္မတသက်တမ်းကျန်ရှိနေသည့်အချိန်အတွင်း သူနှင့်အတူ လက်တွဲလုပ်ဆောင်ရန် မျှော်လင့်ထားကြောင်း” ပြောကြားခဲ့သည်။

ဗင်နီဇွဲလား

ဘိုင်ဒင်သည် “အသိဉာဏ်အရှိဆုံးနှင့် မှန်ကန်သောဆုံးဖြတ်ချက်ကို ချလိုက်သည်” ဟု သမ္မတ နီကိုလပ်စ် မာဒူရို (Nicolas Maduro) က ပြောကြားခဲ့သည်။

“သူဟာ သူ့မိသားစု၊ သူ့ကျန်းမာရေးကို ဦးစားပေးပြီး အဲဒီအသက်အရွယ်နဲ့ ကျန်းမာရေး အားနည်းနေချိန်မှာ သူ့နိုင်ငံကို အုပ်ချုပ်နိုင်ဖို့အတွက် သမ္မတလောင်းအဖြစ် သူ့အနေနဲ့ မလုပ်သင့်တော့ဘူးဆိုတာ သဘောပေါက်လာတယ်” ဟု ဆိုသည်။

See insights and ads

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 47 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 50 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 51 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 51 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 45 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 49 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 62 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 57 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက