နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဒီဇင်ဘာလ 15 ရက်

အမေရိကန်

အမေရိကန်

ထရန့်သည် FBI ကို လှုပ်ခါပြောင်းလဲပစ်ရန် ကြီးမားသော အလားအလာရှိသည့် အစီအစဉ်ကို ထည့်သွင်းစဉ်းစားနေဟုဆို

နိုဝင်ဘာလ (၂၂) ရက်။

ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရန့်သည် FBI ဒါရိုက်တာကို ထုတ်ပယ်ကာ အတွေ့အကြုံရှိ အေးဂျင့်ဟောင်းနှင့် အစားထိုးပြီး ထိပ်တန်းရာထူးနေရာနှစ်ခုအနက်မှ တစ်ခုတွင် သူ၏ အမေရိကန်ကို ပြန်လည် ကြီးမြတ်စေရန်ပြုလုပ်မည့် (Make American Great Again (MAGA)) သစ္စာခံတစ်ဦးကို ထည့်သွင်းခြင်းဖြင့် FBI ၏ ခေါင်းဆောင်မှုကို‌ ပြောင်းလဲရန် စဉ်းစားနေသည်။

ထရန့်သည် ခရစ်တိုဖာရေး (Christopher Wray) အား သူရွေးကောက်ခံရပါက ရာထူးမှ ထုတ်ပယ်ရန် လအတန်ကြာက စီစဉ်နေသော်လည်း မကြာသေးမီ ရက်ပိုင်းအတွင်းက ၎င်း၏ အစီအစဉ်ကို အထက်လွှတ်တော်က အတည်ပြုပြီး သူ့စိတ်ကြိုက် တာဝန်ထမ်းဆောင်နိုင်သည့် ဒါရိုက်တာအသစ်ကို ရွေးချယ်ရန်အတွက် အပေးအယူလုပ်ရန် ရုန်းကန်နေရဆဲ ဖြစ်သည်။ ရှေ့နေချုပ်အဖြစ် မတ်ဂိတ်ဇ် ( Matt Gaetz) သည် ၎င်း၏အမည်ကို အတည်ပြုရန်အတွက် အခက်အခဲများနှင့် ရင်ဆိုင်ရပြီးနောက်တွင် နှုတ်ထွက်သွားခဲ့ရပြီးနောက် သူ၏လူသစ်ခန့်အပ်မှုများအတွက် စိုးရိမ်မှုများ မြင့်တက်လာခဲ့ရသည်။

ထိုအကြောင်းအရာကို စိတ်ထဲမှာ စွဲမှတ်ထားပြီး၊ ထရန့်သည် ဖြစ်နိုင်ချေရှိသော ရွေးချယ်စရာ တစ်ခုအဖြစ် မကြာသေးခင်က အထက်လွှတ်တော်ရွေးကောက်ပွဲတွင် မဲအနည်းငယ်ဖြင့်ကပ် ရှုံးသွားခဲ့သော မစ်ချီဂန် ကွန်ဂရက်လွှတ်တော် အမတ်ဟောင်းဖြစ်သူ FBI အထူးအေးဂျင့်ဟောင်း မိုက်ရော်ဂျာ (Mike Rogers)ကို FBI ဒါရိုက်တာအဖြစ်ရွေးချယ်ထားပြီး အငြင်းပွားဖွယ် MAGA သစ္စာခံ ကက်ရှ်ပက်တဲလ် (Kash Patel)ကို FBI လက်ထောက် ညွှန်ကြားရေးမှူးအဖြစ် ရွေးချယ်ထားကြောင်းကို ထရန့်နှင့်ရင်းနှီးအကျွမ်းတဝင်ရှိသူ အများအပြား၏ အဆိုအရ သိရှိရသည်။

အဆိုပါ အစီအစဥ်သည် ဆီးနိတ်အထက်လွှတ်တော်ရှိ ထရန့်ရွေးချယ်မှုများကို စိုးရိမ်မကင်းဖြစ်နေသော ရီပတ်ပလီကင်များနှင့် FBI ကို နှောင့်ယှက်မည့် ထရန့်၏အစီအမံများနှင့် ပတ်သက်၍ စိုးရိမ်နေကြသော အထက်လွှတ်တော် ရီပတ်ဘလီကန် နှစ်ဖက်စလုံးအား ကျေနပ်စေနိုင်သည်။ ထရန့်၏ MAGA အုပ်စုအတွင်းမှ ၎င်းတို့၏ လူများကို ထိပ်တန်းအလုပ်များတွင် ထည့်သွင်းခြင်း မပြုနိုင်ခြင်းနှင့်ပတ်သက်၍ စိတ်ပျက်မိသည့် အချက်ကိုလည်း ဖြေလျော့ကျေနပ်စေနိုင်သည်ဟု သတင်းရင်းမြစ်များက CNN သို့ ပြောကြားခဲ့သည်။

သူ၏အကြံပေးများကသာ အသိဆုံးဖြစ်သည့်အတိုင်း ထရန့်၏ဆိုရှယ်မီဒီယာတွင် ၎င်း၏ကိုယ်ပိုင်စကားဖြင့် ထရန့်က ပို့စ်မတင်မချင်း ထရန့်သည် မည်သည့်အရာမှ အပြီးသတ်အတည်ပြုလိမ့်မည်မဟုတ်ပေ။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

ကမ္ဘောဒီးယား တရုတ် ထိုင်းနိုင်ငံရေး နိုင်ငံတကာသတင်း အမေရိကန် အရှေ့တောင်အာရှ

ကမ္ဘောဒီးယားနှင့် ထိုင်းနိုင်ငံအကြား ပဋိပက္ခသည် လက်နက်ကောင်းကောင်း တပ်ဆင် ထားသည့် အမေရိကန်မဟာမိတ်နှင့် တရုတ်နှင့် ခိုင်မာသော ဆက်ဆံရေးရှိသည့် အားနည်းသော ပြိုင်ဘက်ကို ယှဉ်ပြိုင်စေခြင်း

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 10 ရက်
  • 45 Views
CNN-၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ ၉ရက် ထိုင်း-ကမ္ဘောဒီးယား နယ်စပ်တစ်လျှောက် ပြန်လည်ဖြစ်ပွားလာသော တိုက်ပွဲများ သည် စွမ်းရည်နှင့် လူအင်အား ကွာဟမှုကြီးမားသော စစ်တပ်နှစ်ခုနှင့်
ဂျာမဏီ နိုင်ငံတကာသတင်း ပြင်သစ် ဗြိတိန် ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ အမေရိကန်

ထရန့်နှင့် ဥရောပအကြား ပြဲထွက်လာသော အက်ကွဲကြောင်းသည် ပူတင်အတွက် လက်ဆောင်တစ်ခုဖြစ်သည်

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 10 ရက်
  • 41 Views
CNN- ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ ၁၀ရက် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်၏ ရုရှားအစိုးရကိုယ်စားလှယ်များသည် ယူကရိန်း ငြိမ်းချမ်းရေး သဘောတူညီချက် ဖြစ်နိုင်ခြေနှင့် ပတ်သက်၍
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ အမေရိကန်

ဇလန်းစကီး ဥရောပခေါင်းဆောင်များနှင့် တွေ့ဆုံခြင်း

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 8 ရက်
  • 48 Views
၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ ၈ ရက် တွေ့ဆုံပွဲ။ ယူကရိန်းသမ္မတ ဗော်လိုဒီမာ ဇလန်းစကီးသည် လန်ဒန်မြို့တွင် ဥရောပ ခေါင်းဆောင် အရေးပါပုဂ္ဂိုလ်များဖြစ်ကြသည့် ဗြိတိန်ဝန်ကြီးချုပ် ကီယာစတာမာ (Keir Starmer) ၊ ပြင်သစ်သမ္မတ အီမန်နျူရယ်မက်ခရွန် (Emmanuel
နိုင်ငံတကာသတင်း အမေရိကန်

ငြိမ်းချမ်းစွာ ဆန္ဒပြနေပုံရသူများကို ဖက်ဒရယ်အရာရှိများက အကြိမ်ကြိမ် ထိန်းသိမ်းခြင်း သို့မဟုတ် အင်အားသုံးအကြမ်းဖက်ခဲ့ကြောင်း ဗီဒီယိုများက ဖော်ပြ

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 6 ရက်
  • 70 Views
CNN- ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ ၆ရက် သမ္မတ ထရန့်အစိုးရလက်ထက်တွင် အမေရိကန်မြို့ကြီးများ၌ ဥပဒေစိုးမိုးရေးဆိုင်ရာ အင်အားသုံးဆောင်ရွက်မှု တိုးမြှင့်ချထားစဉ်အတွင်း ချထားခဲ့သော ဖက်ဒရယ်အရာရှိများ သည် ခရစ်ယာန် ဘုန်းတော်ကြီးနှစ်ပါးကို ဓာတုပစ္စည်းများ သို့မဟုတ် ကျည်ဆန်ထည့် ပစ်လွှတ်နိုင်သည့် အရာများဖြင့်
နိုင်ငံတကာသတင်း အမေရိကန် အားကစား

ကမ္ဘာ့ဖလားဘောလုံး မဲနှိုက်ပွဲ

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 6 ရက်
  • 52 Views
CNN- ဒီဇင်ဘာ ၆၊ ၂၀၂၅ ဂီတဖျော်ဖြေမှုအမျိုးမျိုး၊ ကမ္ဘာ့ခေါင်းဆောင်များနှင့် အားကစားဂန္တဝင်ပုဂ္ဂိုလ်များမှ ဧည့်သည်အဖြစ် ပါဝင်မှုများ၊ အဖြေများထက် မေးခွန်းများ ပိုမိုဖြစ်ပေါ်စေခဲ့သည့် အသစ်တီထွင်ထားသော ငြိမ်းချမ်းရေးဆု စသည်တို့နှင့်အတူ ကမ္ဘာ့ဖလား မဲနှိုက်ပွဲ အခမ်းအနားသည် အလွန်ပင် ခမ်းနားခဲ့သည်။
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ အမေရိကန်

ရုရှား-အမေရိကန် ယူကရိန်းငြိမ်းချမ်းရေးဆွေးနွေးပွဲများ ထူးခြားအောင်မြင်မှုမရှိဘဲ ပြီးဆုံးသွားကြောင်း ပူတင်၏ လက်ထောက် ပြောကြား

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 3 ရက်
  • 46 Views
CNN-၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ ၃ရက် ရုရှားသမ္မတ ဗလာဒီမာ ပူတင် (Vladimir Putin) နှင့် အမေရိကန်ပြည်ထောင်စုမှ ထိပ်တန်း ဆွေးနွေးသူများ တို့ကြား ငါးနာရီကြာ ပြုလုပ်ခဲ့သော ဆွေးနွေးပွဲများသည် ဖြစ်နိုင်ခြေရှိသော ယူကရိန်းငြိမ်းချမ်းရေး သဘောတူညီချက်တွင် ထူးခြားသည့်
နိုင်ငံတကာသတင်း လက်တင်အမေရိက အမေရိကန်

မာဒူရိုမှ သဘောတူညီချက်ကို မလိုက်နာနိုင်ခြင်းသည် ထရန့်အနေနှင့် “ မကြိုးစားသင့်ဘူး” ဟု မဆိုလိုကြောင်းနိုင်ငံခြားရေးဝန်ကြီးက ရူဘီယို ပြောကြား

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 3 ရက်
  • 55 Views
CNN-၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ ၃ရက် CNN သတင်းထောက် အလီးနာ ဖာယာဇ် (Aleena Fayaz) မှ ပေးပို့သော သတင်း နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယို (Marco Rubio) က ဗင်နီဇွဲလားသမ္မတ နီကိုလက်စ်
နိုင်ငံတကာသတင်း အမေရိကန်

ထရန့်နှင့် ဟက်ဆက်တို့က မူးယစ်ဆေးဝါးသယ်ဆောင်သည်ဟု သံသယရှိသော လှေပေါ်မှ အသက်ရှင်ကျန်ရစ်သူများကို သေဆုံးစေခဲ့သည့် နောက်ဆက်တွဲ တိုက်ခိုက်မှုအကြောင်း မသိရှိခဲ့ဟု အခိုင်အမာ ပြောကြား

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 3 ရက်
  • 45 Views
CNN- ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ ၃ရက် သမ္မတ ဒေါ်နယ်လ် ထရန့်နှင့် ကာကွယ်ရေးဝန်ကြီး ပီးထ် ဟက်ဆက်တို့သည် ကာရစ်ဘီယံ ပင်လယ်ရှိ မူးယစ်ဆေးဝါးသယ်ဆောင်သည်ဟု သံသယရှိသော လှေတစ်စီးကို နောက်ဆက်တွဲ တိုက်ခိုက်မှု ပြုလုပ်ရန် ဆုံးဖြတ်ခဲ့သည့် ကိစ္စမှ