နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 17 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က အမေရိကန်၏ ‘ယုံကြည်မှုကိုချိုးဖောက်ခြင်း’ များကြောင့် ဟော်မုဇ်ရေလက်ကြား ကန့်သတ်ချက်များ ပြန်လည်သတ်မှတ်လိုက်ကြောင်း ပြောကြား

CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁၈ ရက်

အီရန်ဆိပ်ကမ်းများကို အမေရိကန်က ရေတပ်ဖြင့် ပိတ်ဆို့ထားမှုအား ငြိမ်းချမ်းရေး သဘောတူညီချက် မရမချင်း ဆက်လက်ထားရှိမည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က အခိုင်အမာပြောကြားနေချိန်တွင်၊ အီရန်၏ ကြေညာချက်ကြောင့် ရေလက်ကြား ဖြတ်သန်းမှု များမှာ တစ်ဖန် မရေမရာပြန်လည်ဖြစ်လာခဲ့သည်။

နှစ်ဖက်အပစ်အခတ်ရပ်စဲရေးတွင် အမေရိကန်ပြည်ထောင်စုဘက်မှ “ယုံကြည်မှုအား အကြိမ်ကြိမ်ချိုးဖောက်ခြင်း” များ ရှိနေသည်ဟု စွပ်စွဲကာ ဟော်မုဇ်ရေ လက်ကြား တစ်လျှောက် သင်္ဘောများဖြတ်သန်းမှုအပေါ် ကန့်သတ်ချက်များကို ပြန်လည်သတ်မှတ် လိုက်ကြောင်း အီရန်စစ်တပ်က ပြောကြားခဲ့သည်။

သောကြာနေ့တွင် အီရန်နိုင်ငံခြားရေးဝန်ကြီး အဘတ်စ် အရတ်ချီ (Abbas Araghchi) က ရေလက်ကြားအား ပုံမှန်အတိုင်းဖွင့်လှစ်ထားကြောင်း X (ယခင် Twitter) တွင် တင်ခဲ့ သော်လည်း၊ နာရီပိုင်းအတွင်းမှာပင် အီရန်အစိုးရပိုင်မီဒီယာက “သင်္ဘောများဖြတ်သန်း သွားလာမှုကို အီရန်လက်နက်ကိုင်တပ်ဖွဲ့များက အပြည့်အဝ ကြီးကြပ်ကွပ်ကဲနေကြောင်းနှင့် အကယ်၍ အမေရိကန်၏ ရေတပ်ပိတ်ဆို့မှုသာ ဆက်ရှိနေပါက ထိုသို့ဖြတ်သန်းခွင့်ပြုမှုမှာ ပျက်ပြယ်သွားမည်ဖြစ်ကြောင်း” အတည်ပြုခဲ့သည်။

အီရန်နှင့် အပြည့်အဝသဘောတူညီချက်မရမချင်း အီရန်ဆိပ်ကမ်းများကို ရေတပ်ဖြင့် ပိတ်ဆို့ထားမှုမှာ ဆက်လက်တည်ရှိနေမည်ဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က အခိုင်အမာ ပြောကြားထားသည်။ ပြီးခဲ့သည့်အပတ်က အစ္စလာမ္မာဘတ် (Islamabad) တွင် ပြုလုပ်ခဲ့သော ပထမအကျော့ ဆွေးနွေးပွဲများ ပျက်ပြားသွားပြီးနောက် နှစ်ဖက်စလုံး မည်သည့်အချိန်၊ မည်သည့်နေရာတွင် ထပ်မံတွေ့ဆုံမည်ဆိုသည်မှာ မရှင်းလင်းသေးပေ။

အီရန်စစ်တပ်ပြောရေးဆိုခွင့်ရှိသူတစ်ဦးက တီဟီရန်အနေဖြင့် ရေလက်ကြားတစ်လျှောက် “ကန့်သတ်ထားသော အရေအတွက်ရှိသည့် ရေနံတင်သင်္ဘောများနှင့် ကုန်သွယ်ရေး သင်္ဘောများ” ကို ဖြတ်သန်းခွင့်ပြုခဲ့ကြောင်း ပြောကြားခဲ့သည်။

“ဒါပေမဲ့ ကံမကောင်းစွာနဲ့ပဲ အမေရိကန်တွေဟာ သူတို့ရဲ့ အစဉ်အလာအတိုင်း ယုံကြည်မှုကို အကြိမ်ကြိမ်ချိုးဖောက်ပြီး ပိတ်ဆို့မှုဆိုတဲ့ ခေါင်းစဉ်အောက်ကနေ ပင်လယ်ဓားပြလုပ်ငန်းနဲ့ ရေကြောင်းခိုးယူမှုတွေကို ဆက်လက်လုပ်ဆောင်နေပါတယ်” ဟု အဆိုပါ ပြောရေးဆိုခွင့် ရှိသူက ပြောကြားကြောင်း semi-official Fars သတင်းဌာနက ဖော်ပြသည်။

အမေရိကန်အနေဖြင့် အီရန်ဆိပ်ကမ်းများသို့ ဦးတည်သော သို့မဟုတ် အီရန်ဆိပ်ကမ်းများမှ ထွက်ခွာလာသော သင်္ဘောများကို ပိတ်ဆို့ထားခြင်းအား ရပ်တန့်ခြင်းမရှိမချင်း ရေလက်ကြား အား ထိန်းချုပ်မှုကို “လက်နက်ကိုင်တပ်ဖွဲ့များ၏ တင်းကျပ်သော စီမံခန့်ခွဲမှုနှင့် ကွပ်ကဲမှုအောက်တွင်” ထားရှိမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်းမောင်းနှင်လာခဲ့သော မော်လ်တာအလံတင် ရေနံတင် သင်္ဘော Agios Fanourios I သည် သောကြာနေ့တွင် အီရတ်နိုင်ငံ ဘက်စရာ (Basra) အနီးရှိ အီရတ်ပိုင်နက်ရေပြင်သို့ ဆိုက်ရောက်လာစဉ်။ ဓာတ်ပုံ – Mohammed Aty/Reuters

The Malta-flagged tanker Agios Fanourios I, an oil tanker that sailed through the Strait of Hormuz, arrives in Iraq’s territorial waters off Basra, Iraq on Friday.

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 69 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 79 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 77 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 82 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 75 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 75 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 93 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 87 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက