နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဒီဇင်ဘာလ 21 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အာရှ

တောင်ကိုရီးယားနိုင်ငံ Bucheon မြို့ရှိ ဟိုတယ်တစ်ခု မီးလောင်မှုဖြစ်ပွားခဲ့ရာ လူ ၇ ဦးသေဆုံး

သြဂုတ် ၂၃ ရက်။

ဩဂုတ် ၂၂ ရက်နေ့က တောင်ကိုရီးယားနိုင်ငံ Gyeonggi ပြည်နယ် Bucheon မြို့မှာရှိတဲ့ (၉) ထပ်တိုက် ဟိုတယ်တစ်ခုမှာ မီးလောင်မှုဖြစ်ပွားခဲ့ရာ လူ ၇ ဦး သေဆုံးပြီး ၁၁ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသတွင်း Yonhap သတင်းဌာနရဲ့ သတင်းထုတ်ပြန်ချက်အရ သိရှိရပါတယ်။ သေဆုံးသူတွေထဲမှာ နိုင်ငံခြားသားတွေ ပါဝင်တယ်လို့ ဆိုပါတယ်၊

အဲ့ဒီ ဟိုတယ်ဟာ ဒေသစံတော်ချိန် ည ၇ နာရီ ၃၉ မိနစ်ခန့်မှာ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့တယ်လို့ မီးသတ်ဌာနနဲ့ ရဲတပ်ဖွဲရဲ့ အချက်အလက်တွေကနေ သိရတယ်လို့ ဖော်ပြထားပါတယ်။

မီးသတ်ကား အစီးရေ ၇၀ ကျော်နဲ့ မီးသတ်သမား ၁၆၀ ကျော် စေလွှတ်ပြီး မီးငြှိမ်းသတ်ခဲ့ရာ အဲ့ဒီနေ့ည ၁၀ နာရီကျော်မှာ မီးငြိမ်းသွားခဲ့တယ်လို့ သိရပါတယ်။

အာဏာပိုင်တွေရဲ့ အဆိုအရ ဟိုတယ်ရဲ့ (၈) လွှာက အခန်းတခုနေ စတင်လောင်ကျွမ်းခဲ့ပေမယ့် မီးလောင်လောင်ချင်းမှာ ချက်ချင်းမပျံ့နှံ့ခဲ့ပေမယ့် အခန်းထဲမှာ Sprinkler ရေဖျန်းပေးတဲ့ကိရိယာ အကာအကွယ် မရှိတဲ့အတွက်အပေါ်ထပ်ကို အဆိပ်ငွေ့များ လျင်မြန်စွာ ပြည့်သွားခဲ့တယ်လို့ ပြောဆိုထားပြီး သေဆုံးသူအများစုကို ၈ လွှာနဲ့ ကိုးလွှာရှိ အခန်းတွေနဲ့ စင်္ကြံတွေမှာ တွေ့ရှိခဲ့ရတယ်လို့ သိရပါတယ်။

၂၀၀၃ ခုနှစ်မှာ တည်ဆောက်ခဲ့တဲ့ ဒီဟိုတယ်မှာ ရေဖျန်းပေးတဲ့ စနစ်ရှိရန်မလိုအပ်ကြောင်း Bucheon မီးသတ်အရာရှိ Lee Sang-don က ပြောကြားခဲ့ပါတယ်။ တောင်ကိုရီးယားနိုင်ငံမှာ ၂၀၁၇ ခုနှစ်ကမှ စတင်ပြီး ခြောက်ထပ်နဲ့အထက် အဆောက်အအုံအားလုံးမှာ ရေဖျန်းစနစ် စတင်အသုံးပြုခဲ့ပေမဲ့ ဆေးဘက်ဆိုင်ရာအဆောက်အအုံတွေနဲ့ ဘိုးဘွားရိပ်သာအချို့ကလွဲပြီးအဆောက်အအုံအဟောင်း အများစုအတွက် ရေဖျန်းစနစ် လိုအပ်ချက်ကို နောက်ကြောင်းပြန်သက်ရောက်တာ မရှိဘူးလို့ ဆိုပါတယ်။

ဒဏ်ရာရသူ ၁၁ ဦးအနက် ၃ ဦးမှာ ဒဏ်ရာအပြင်းအထန်ရရှိခဲ့ပြီး ဒဏ်ရာရသူအားလုံးကို ဆေးရုံကို ပို့ဆောင်ကုသပေးခဲ့တယ်လို့ သတင်းတွေအရ သိရပါတယ်။

ဟိုတယ်အခန်းက လူတွေကို ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေကို ဆက်လက်လုပ်ဆောင်နေဆဲဖြစ်တယ်လို့ သိရပါတယ်။

May be an image of 1 person, skyscraper and street

See insights and ads

Boost post

All reactions:

1616

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ ဥရောပ

မြေပုံညွှန်းများထဲမှ ယူကရိန်း – ရုရှားနှင့် ဖြစ်ပွားနေသော စစ်ပွဲအခြေအနေကို လေ့လာခြင်း

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 19 ရက်
  • 30 Views
BBC- ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ ၁၉ရက် ရုရှားက ယူကရိန်းကို အလုံးစုံ ကျူးကျော်တိုက်ခိုက်ခဲ့သည်မှာ သုံးနှစ်ကျော် ကြာမြင့်ခဲ့ပြီ ဖြစ်ပြီး တိုက်ပွဲများမှာ
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား အမေရိကန် ဥရောပ

ဒေါ်နယ်ထရန့်၏ ငြိမ်းချမ်းရေး ကြိုးပမ်းမှုများ ရှိနေသော်လည်း ယူကရိန်းအရေးနှင့် ပတ်သက်၍ ပူတင်က အလျှော့ပေးရန် ငြင်းဆို

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 19 ရက်
  • 30 Views
CNN – ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၈ ရက် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ငြိမ်းချမ်းရေးအတွက် အရှိန်အဟုန်မြှင့် ကြိုးပမ်း နေသော်လည်း၊ ရုရှားသမ္မတ ဗလာဒီမာပူတင်က သိမ်းပိုက်ထားသော ယူကရိန်းနယ်မြေ များကို စွန့်လွှတ်ပေးရန် တောင်းဆိုချက်အပေါ်
တရုတ် နိုင်ငံတကာသတင်း အာရှ အိန္ဒိယ

ဟိမဝန္တာတောင်တန်းရှိ တရုတ်နိုင်ငံ၏ အကြီးမားဆုံး ရေအားလျှပ်စစ်စီမံကိန်း တည်ဆောက်မည့်အပေါ် အဓိကအချက်များ

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 17 ရက်
  • 47 Views
ကမ္ဘာ့အကြီးဆုံး စီမံကိန်းဖြစ်လာမည်။ တရုတ်နိုင်ငံသည် ဒေါ်လာ ၁၆၈ ဘီလီယံ အကုန်အကျခံကာ တိဗက်ဒေသရှိ ရာလန် စန်ပို(Yarlung Tsangpo) မြစ်ပေါ်တွင် ရေအားလျှပ်စစ်စီမံကိန်းတစ်ခု တည်ဆောက်နေသည်။ ၎င်းသည် လက်ရှိကမ္ဘာ့အကြီးဆုံးဖြစ်သော ‘သုံးလျှိုဆည်’ (Three Gorges Dam)
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

ပါလက်စတိုင်းအရာရှိများက အစ္စရေးစစ်တပ်၏ လုံခြုံရေးနှင့် “ စစ်ဆင်ရေးလိုအပ်ချက်” ဟု အကြောင်းပြကာ သိမ်းပိုက်ထားသော အနောက်ဖက်ကမ်း (West Bank) နယ်မြေအတွင်း ဆက်တိုက်ဖျက်သိမ်းရန် အမိန့်ပေးမှုများအပေါ် “ အတင်းအဓမ္မ နေရပ်စွန့်ခွာခိုင်းမှု” ဖြစ်လာ နိုင်ကြောင်း သတိပေးလိုက်သည်။

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 17 ရက်
  • 47 Views
CNN – ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာ ၁၇ရက် ပါလက်စတိုင်း ဒုက္ခသည်များဆိုင်ရာဌာနက တူလ်ကာရန် (Tulkarem) အနီးရှိ နာရှမ်း (Nur Shams) ဒုက္ခသည်စခန်းမှ လူနေအဆောက်အအုံ ၂၅ လုံးကို ဖျက်သိမ်းရန် အစ္စရေးအာဏာပိုင် များ၏
နိုင်ငံတကာသတင်း အမေရိကန်

ရိမ်နာ (Reiner)လင်မယားအသတ်ခံရမှု အပေါ် ထရန့်၏ မှတ်ချက်ပေးမှုများသည် ‘ကြောက်စရာကောင်းပြီး’ ‘ရက်စက်သည်’ ဟု ၎င်း၏ မဟာမိတ်များက ဆိုသည်

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 16 ရက်
  • 45 Views
CNN- ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ ၁၆ရက် ရော့ဘ် ရိမ်နာ(Rob Reiner) နှင့် မစ်ရှယ် ရိမ်နာ(Michele Reiner) တို့ ဇနီးမောင်နှံ သေဆုံးမှုအပေါ် သမ္မတ ဒေါ်နယ်ထရန့်က လူမှုကွန်ရက်တွင် ပို့စ်တစ်ခုတင်မှုနှင့် ပတ်သက်၍ ရီပတ်ဘလီကန်
နိုင်ငံတကာသတင်း ဥရောပ

နေတိုးအကြီးအကဲက ဥရောပမဟာမိတ်များကို ရုရှား၏နောက်ထပ်ပစ်မှတ် ဖြစ်နိုင်ကြောင်း သတိပေး

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 15 ရက်
  • 54 Views
CNN- ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ ၁၄ရက် နေတိုးအဖွဲ့၏ အထွေထွေအတွင်းရေးမှူးချုပ် မတ်ခ် ရုတ္တီ (Mark Rutte) က ကြာသပတေးနေ့တွင် မဟာမိတ်အဖွဲ့ဝင်နိုင်ငံများသည် “ ရုရှား၏ နောက်ထပ်ပစ်မှတ်” ဖြစ်လာနိုင်ကြောင်း သတိပေးခဲ့ပြီး၊ ယခင်မျိုးဆက်များ ကြုံတွေ့ခဲ့ရသော
တရုတ် နိုင်ငံတကာသတင်း အာရှ

ဟောင်ကောင်မီဒီယာသူဌေးကြီး ဂျင်မီ လိုင်း (Jimmy Lai) ကို အမျိုးသားလုံခြုံရေးဆိုင်ရာ ဥပ‌ဒေနဲ့ အပြစ်ရှိကြောင်းဟောင်ကောင်တရားရုံးကချမှတ်

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 15 ရက်
  • 41 Views
CNN- ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ ၁၅ရက် ဒီမိုကရေစီလိုလားသူ မီဒီယာသူဌေးကြီး ဂျင်မီ လိုင်းကို တရုတ်က ချမှတ်ထားတဲ့ အမျိုးသားလုံခြုံရေးဥပဒေ (NSL) အရ ပြစ်မှုထင်ရှားကြောင်း ဟောင်ကောင်တရားရုံးက ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၅ ရက်နေ့