နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 23 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အာရှ

တောင်ကိုရီးယားနိုင်ငံ Bucheon မြို့ရှိ ဟိုတယ်တစ်ခု မီးလောင်မှုဖြစ်ပွားခဲ့ရာ လူ ၇ ဦးသေဆုံး

သြဂုတ် ၂၃ ရက်။

ဩဂုတ် ၂၂ ရက်နေ့က တောင်ကိုရီးယားနိုင်ငံ Gyeonggi ပြည်နယ် Bucheon မြို့မှာရှိတဲ့ (၉) ထပ်တိုက် ဟိုတယ်တစ်ခုမှာ မီးလောင်မှုဖြစ်ပွားခဲ့ရာ လူ ၇ ဦး သေဆုံးပြီး ၁၁ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသတွင်း Yonhap သတင်းဌာနရဲ့ သတင်းထုတ်ပြန်ချက်အရ သိရှိရပါတယ်။ သေဆုံးသူတွေထဲမှာ နိုင်ငံခြားသားတွေ ပါဝင်တယ်လို့ ဆိုပါတယ်၊

အဲ့ဒီ ဟိုတယ်ဟာ ဒေသစံတော်ချိန် ည ၇ နာရီ ၃၉ မိနစ်ခန့်မှာ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့တယ်လို့ မီးသတ်ဌာနနဲ့ ရဲတပ်ဖွဲရဲ့ အချက်အလက်တွေကနေ သိရတယ်လို့ ဖော်ပြထားပါတယ်။

မီးသတ်ကား အစီးရေ ၇၀ ကျော်နဲ့ မီးသတ်သမား ၁၆၀ ကျော် စေလွှတ်ပြီး မီးငြှိမ်းသတ်ခဲ့ရာ အဲ့ဒီနေ့ည ၁၀ နာရီကျော်မှာ မီးငြိမ်းသွားခဲ့တယ်လို့ သိရပါတယ်။

အာဏာပိုင်တွေရဲ့ အဆိုအရ ဟိုတယ်ရဲ့ (၈) လွှာက အခန်းတခုနေ စတင်လောင်ကျွမ်းခဲ့ပေမယ့် မီးလောင်လောင်ချင်းမှာ ချက်ချင်းမပျံ့နှံ့ခဲ့ပေမယ့် အခန်းထဲမှာ Sprinkler ရေဖျန်းပေးတဲ့ကိရိယာ အကာအကွယ် မရှိတဲ့အတွက်အပေါ်ထပ်ကို အဆိပ်ငွေ့များ လျင်မြန်စွာ ပြည့်သွားခဲ့တယ်လို့ ပြောဆိုထားပြီး သေဆုံးသူအများစုကို ၈ လွှာနဲ့ ကိုးလွှာရှိ အခန်းတွေနဲ့ စင်္ကြံတွေမှာ တွေ့ရှိခဲ့ရတယ်လို့ သိရပါတယ်။

၂၀၀၃ ခုနှစ်မှာ တည်ဆောက်ခဲ့တဲ့ ဒီဟိုတယ်မှာ ရေဖျန်းပေးတဲ့ စနစ်ရှိရန်မလိုအပ်ကြောင်း Bucheon မီးသတ်အရာရှိ Lee Sang-don က ပြောကြားခဲ့ပါတယ်။ တောင်ကိုရီးယားနိုင်ငံမှာ ၂၀၁၇ ခုနှစ်ကမှ စတင်ပြီး ခြောက်ထပ်နဲ့အထက် အဆောက်အအုံအားလုံးမှာ ရေဖျန်းစနစ် စတင်အသုံးပြုခဲ့ပေမဲ့ ဆေးဘက်ဆိုင်ရာအဆောက်အအုံတွေနဲ့ ဘိုးဘွားရိပ်သာအချို့ကလွဲပြီးအဆောက်အအုံအဟောင်း အများစုအတွက် ရေဖျန်းစနစ် လိုအပ်ချက်ကို နောက်ကြောင်းပြန်သက်ရောက်တာ မရှိဘူးလို့ ဆိုပါတယ်။

ဒဏ်ရာရသူ ၁၁ ဦးအနက် ၃ ဦးမှာ ဒဏ်ရာအပြင်းအထန်ရရှိခဲ့ပြီး ဒဏ်ရာရသူအားလုံးကို ဆေးရုံကို ပို့ဆောင်ကုသပေးခဲ့တယ်လို့ သတင်းတွေအရ သိရပါတယ်။

ဟိုတယ်အခန်းက လူတွေကို ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေကို ဆက်လက်လုပ်ဆောင်နေဆဲဖြစ်တယ်လို့ သိရပါတယ်။

May be an image of 1 person, skyscraper and street

See insights and ads

Boost post

All reactions:

1616

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ဗြိတိန် အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲကို ဆန့်ကျင်ရန် ကမ္ဘာတစ်ဝှမ်းရှိ လူထုများ ဆန္ဒပြကြ

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 21 Views
အစ္စရေး – တဲလ်အဗစ်မြို့တွင် ဆန္ဒပြသူအချို့သည် ၎င်းတို့၏ လက်ဖဝါးများကို အနီရောင် ဆိုးထားကြပြီး အချို့ကမူ ဆိုင်းဘုတ်များကို ကိုင်ဆောင်ထားကြသည်။ ဆိုင်းဘုတ်ကြီးတစ်ခုတွင်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန် သုံးပုံနှစ်ပုံက အီရန်နှင့်စစ်ပွဲကို “ ရွေးချယ်မှုအရတိုက်ခိုက်သောစစ်ပွဲ” ဟု CBS News ၏ စစ်တမ်းအသစ်တွင် ဖော်ပြ

  • 2026 ခုနှစ်၊ မတ်လ 22 ရက်
  • 20 Views
၂၀၂၆ခုနှစ်၊ မတ်လ ၂၂ရက် CNN- ဂျနီဖာ အာဂီယက်စတာ (Jennifer Agiesta) ရေးသားသည်။ CBS News နှင့် YouGov တို့၏ စစ်တမ်းအသစ်အရ အမေရိကန်နိုင်ငံသား သုံးပုံနှစ်ပုံက အီရန်နှင့်စစ်ပွဲကို လိုအပ်ချက်အရတိုက်ခိုက်ခြင်းထက် မိမိတို့ရွေးချယ်မှုအရ
တရုတ် နိုင်ငံတကာသတင်း အမေရိကန်

ရှီ-ထရန့် ထိပ်သီးအစည်းအဝေး ကြန့်ကြာမှုကြောင့် တရုတ်နိုင်ငံက ဘာကြောင့် ပိုမို အသာစီး ရလာနိုင်သလဲ။  ဆဲလ်ဗီ ဇောင်း (Sylvie Zhuang) ၏ သုံးသပ်ချက်

  • 2026 ခုနှစ်၊ မတ်လ 21 ရက်
  • 26 Views
CNN- ၂၀၂၆ခုနှစ်၊ မတ်လ(၂၁)ရက် ဟောင်ကောင် — အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က တရုတ်ခေါင်းဆောင် ရှီကျင့်ဖျင်နှင့် ပြုလုပ်မည့် အရေးပါသော ထိပ်သီးအစည်းအဝေးကို ရွှေ့ဆိုင်းရန် တောင်းဆိုလိုက်ခြင်းသည် ပေကျင်းအတွက် အကျိုးရှိသွားစေနိုင်ကြောင်း အဆိုပါကိစ္စနှင့် နီးစပ်သည့် တရုတ်သတင်း ရင်းမြစ်အချို့က
ကနေဒါ နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ရုရှား၊ တရုတ်နှင့် အမေရိကန် – အီရန်စစ်ပွဲ၏ ကမ္ဘာ့အကျိုးအမြတ်ရရှိသူများနှင့် အရှုံးပေါ်သူများ

  • 2026 ခုနှစ်၊ မတ်လ 20 ရက်
  • 28 Views
BBC- ၂၀၂၆ ခုနှစ်၊ မတ်လ ၂၀ ရက် အရှေ့အလယ်ပိုင်းရှိ ရေနံထုတ်လုပ်သည့် နိုင်ငံများသည် ပဋိပက္ခကြောင့် ဟော်မုဇ် ရေလက်ကြား ပိတ်ဆို့မှုနှင့်အတူ ကြီးမားသော စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရသည်။ ယော့ခ်ရှိုင်းယား (Yorkshire) ရှိ နေအိမ်များအတွက်
နိုင်ငံတကာသတင်း အမေရိကန်

လွှတ်တော်ကြီးကြပ်ရေးကော်မတီ ဥက္ကဋ္ဌက အက်ပ်စတိန်း (Epstein) စုံစမ်းစစ်ဆေးမှု အတွက် ရှေ့နေချုပ် ပမ် ဘွန်ဒီ (Pam Bondi) ကို ဆင့်ခေါ်

  • 2026 ခုနှစ်၊ မတ်လ 20 ရက်
  • 25 Views
CNN- ၂၀၂၆ ခုနှစ်၊ မတ်လ ၂၀ ရက် လွှတ်တော်ကြီးကြပ်ရေးကော်မတီ (House Oversight Committee) ဥက္ကဋ္ဌ ဂျိမ်းစ် ကိုးမား (James Comer) သည် ဂျက်ဖရီ အက်ပ်စတိန်း (Jeffrey Epstein)
နိုင်ငံတကာသတင်း အမေရိကန်

တရားသူကြီးများအပေါ် ရန်လိုတိုက်ခိုက်မှုများ ‘ရပ်တန့်ရန် လိုအပ်ပြီ’ ဟု တရားသူကြီးချုပ် ဂျွန်ရောဘတ်စ် ပြောကြား

  • 2026 ခုနှစ်၊ မတ်လ 20 ရက်
  • 23 Views
CNN- ၂၀၂၆ ခုနှစ်၊ မတ်လ ၂၀ ရက် တရားစီရင်ရေးကဏ္ဍအပေါ် ပုဂ္ဂိုလ်ရေးအရ တိုက်ခိုက်မှုများ မပြုလုပ်ရန် တရားသူကြီးချုပ် ဂျွန်ရောဘတ်စ် (John Roberts) က သတိပေးလိုက်ပြီး၊ တရားရုံး၏ ဆုံးဖြတ်ချက်များအပေါ် ဝေဖန်ခြင်းမှာ သင့်လျော်သော်လည်း
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ထရန့်အစိုးရ၏ လုပ်ရပ်များကြောင့် အစ္စရေး၏ ကျဆင်းနေပြီးသား ပုံရိပ်ကို မည်သို့ ထိခိုက်စေနိုင်သနည်း

  • 2026 ခုနှစ်၊ မတ်လ 20 ရက်
  • 26 Views
CNN- ၂၀၂၆ခုနှစ်၊ မတ်လ ၂၀ရက် သမ္မတ ဒေါ်နယ်ထရန့်သည် အမေရိကန်နှင့် အစ္စရေး ဆက်ဆံရေးအတွက် မကောင်းသော အချိန်အခါမျိုးတွင် အစ္စရေးနှင့် ပူးပေါင်းကာ အီရန်စစ်ပွဲကို စတင်ခဲ့သည်။ ပထမဆုံး တိုက်ခိုက်မှုများ မပြုလုပ်မီ တစ်ရက်အလိုတွင် Gallup