Breaking News:
Donate
Follow On:
နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဇူလိုင်လ 19 ရက်

1027 Operations

1027 Operations မြန်မာသတင်း

လားရှိုးမြို့ကို စစ်ကောင်စီက ပေါင် (၅၀၀)ဗုံး (၄)လုံးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့၊ အရပ်သား (၁)ဦးသေဆုံးပြီး (၁၆)ဦးဒဏ်ရာရရှိခဲ့

စက်တင်ဘာလ (၂၅)ရက်။

မနေ့က နံနက်အစောပိုင်းအချိန်မှာ တိုက်ပွဲဖြစ်ပွားတာမရှိတဲ့ လားရှိုးမြို့ကို စစ်ကောင်စီက တိုက်လေယာဉ်တွေနဲ့ လေကြောင်းကနေ (၂)ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ MNDAA ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။

“ နံနက် (၁)နာရီအချိန်မှာ (၂)ရပ်ကွက်ဈေးနဲ့ ဖူလီလိုက်ဟိုတယ်နားကို တစ်ကြိမ်နဲ့ နံနက် (၄)နာရီမှာ ဖူလီလိုက်ဟ်ုအနောက်ဘက်ကို တစ်ကြိမ် တိုက်လေယာဉ်‌တွေနဲ့ ဗုံးကြဲသွားတာ။ အဲ့ဒီ (၂)ကြိမ်စလုံးက အရင်နဲ့မတူဘဲ ပေါင် (၅၀၀)ဗုံးတွေ ကြဲချသွားတာ” လို့ ဆိုပါတယ်။

စစ်ကောင်စီဟာ တိုက်လေယာဉ်တွေ အသုံးပြုပြီး လေကြောင်းကနေ လားရှိုးမြို့ (၂)ရပ်ကွက်ရှိ ဈေးအနီးနဲ့ ဖူလီလိုက်ဟိုတယ်အနီးတို့ကို ပစ်မှတ်ထားပြီး ဗုံး (၂)လုံး ကြဲတိုက်ခိုက်ခဲ့တာလို့ ဖော်ပြထားပါတယ်။

စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်တာကြောင့် အရပ်သားတစ်ဦး သေဆုံးခဲ့ကာ (၁၆)ဦး ဒဏ်ရာရရှိခဲ့ပြီး သူတို့ထဲက (၄)ဦးဟာ ပြင်းထန်ဒဏ်ရာရခဲ့တာကြောင့် ဆေးရုံမှာ ဆေးကုသနေပြီး တစ်ဦးဟာ စိုးရိမ်ရတယ်လို့ ရေးသားထားပါတယ်။

လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာဟာ လူထိခိုက်သေဆုံးတာတင်မဟုတ်ဘဲ နေအိမ်အချို့ မီးလောင်ခဲ့တာကြောင့် ငြှိမ်းသတ်ခဲ့ရပြီး နေအိမ်ပေါင်း ဒါဇင်ကျော် ပျက်စီးခဲ့ကာ ပေါင် (၅၀၀)ဗုံးနဲ့ (၄)လုံး ကြဲချခဲ့တာဖြစ်တယ်လို့ ပြောဆိုထားပါတယ်။

လားရှိုးမြို့သိမ်းတိုက်ပွဲဖြစ်ပွားပြီးနောက် အခုအကြိမ်အပါအ၀င် စစ်ကောင်စီက (၅)ကြိမ်မြောက် ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး လူနေထူထပ်တဲ့ ဈေးတွေ၊ ရပ်ကွက်တွေနဲ့ ဟိုတယ်တွေကို ကျရောက်ခဲ့ကာ ဒေသခံတွေ စိုးရိမ်ထိတ်လန့်နေတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ခရိုနီ ဦးတေဇရဲ့သမီးအကြောင်း ဖော်ပြထားတဲ့ အီတလီထိပ်တန်းဖက်ရှင်မဂ္ဂဇင်းက အွန်လိုင်းဝက်ဆိုဒ်ကနေ ပြန်ဖယ်ရှား

  • 2025 ခုနှစ်၊ ဇူလိုင်လ 18 ရက်
  • 17 Views
ဇူလိုင်လ (၁၈)ရက်။ ခရိုနီ ဦးတေဇရဲ့သမီးဖြစ်သူ ရေချယ်တေဇအကြောင်း ဖော်ပြထားတဲ့ အီတလီထိပ်တန်းဖက်ရှင်မဂ္ဂဇင်းဖြစ်တဲ့ Vogue Italia က အွန်လိုင်းဝက်ဆိုဒ်ကနေ ဖယ်ရှားခဲ့တယ်လို့
မြန်မာသတင်း

စစ်ကောင်စီတပ်ရဲ့ လေကြောင်းဗုံးထုတ်လုပ်ဖို့ တရုတ် ပံ့ပိုးကူညီနေ

  • 2025 ခုနှစ်၊ ဇူလိုင်လ 18 ရက်
  • 21 Views
ဇူလိုင်လ (၁၈)ရက်။ စစ်ကောင်စီတပ်ရဲ့ လေကြောင်းဗုံးတွေ ထုတ်လုပ်ဖို့ကို တရုတ်က ပံ့ပိုးကူညီနေတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ(SAC-M)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
မြန်မာသတင်း

စစ်တောင်းမြစ်အရှေ့ဘက်ကမ်းမှာ တိုက်ပွဲတွေပြင်းထန်ခဲ့ပြီး စစ်ကောင်စီဘက်က (၄၀)ဦးခန့်သေဆုံး

  • 2025 ခုနှစ်၊ ဇူလိုင်လ 17 ရက်
  • 28 Views
ဇူလိုင်လ (၁၇)ရက်။ စစ်ကောင်စီစစ်ကြောင်းဟာ ကရင်ချောင်းတံတား(ကျွဲရိုင်းပြင်)ကိုဖြတ်ပြီး စစ်တောင်းမြစ်အရှေ့ဘက်ကမ်းရှိ တော်လှန်ရေးတပ်ဖွဲ့တွေကို အင်အားသာလွန်စွာနဲ့ ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ နေပြည်တော်-PDF ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ အဲ့ဒီစစ်ကောင်စီစစ်ကြောင်းက စစ်တောင်းမြစ်အနောက်ဘက်ကမ်းကနေ အင်အားဖြည့်ပြီးတော့ ကရင်ချောင်းတံတား(ကျွဲရိုင်းပြင်)ကိုဖြတ်ပြီး အရှေ့ဘက်ကမ်းက တော်လှန်ရေးတပ်ဖွဲ့တွေကို
မြန်မာသတင်း

ရေစကြိုမှာ စစ်ကောင်စီလက်နက်ကြီးကြောင့် ပကဖရဲဘော်ဇနီးမောင်နှံနဲ့ CDM တစ်ဦးအပါအဝင် (၄)ဦး သေဆုံးခဲ့

  • 2025 ခုနှစ်၊ ဇူလိုင်လ 17 ရက်
  • 22 Views
ဇူလိုင်လ (၁၇)ရက်။ ဇူလိုင်လ (၁၅)ရက်နေ့ ည (၁၀)နာရီအချိန်ခန့်က ရေစကြိုမြို့ ကမ္ဘဲ့ရွာကို စစ်ကောင်စီတပ်ရဲ့ ခလရ(၂၅၈)ကနေ (၈၀)မမ (၂)လုံးနဲ့ ပစ်ခတ်ခဲ့တယ်လို့ မြိုနယ်ပကဖရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ စကစက ပစ်လိုက်တဲ့
မြန်မာသတင်း

အာဆီယံရဲ့ စစ်အုပ်စုအပေါ် တိုက်ရိုက်ရှုတ်ချတာနဲ့ အရေးယူတာမရှိတဲ့အတွက် စိတ်ပျက်ရတယ်လို့ NUG ထုတ်ပြန်

  • 2025 ခုနှစ်၊ ဇူလိုင်လ 17 ရက်
  • 20 Views
ဇူလိုင်လ (၁၇)ရက်။ (၅၈)ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေ အစည်းအဝေးရဲ့ ပူးတွဲကြေညာချက်ထဲ စစ်အုပ်စုအပေါ် ရှုတ်ချတာနဲ့ အရေးယူတာ မရှိတဲ့အတွက် စိတ်ပျက်ရတယ်လို့ NUG နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဇူလိုင်လ (၉)ရက်နေ့က မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့မှာ
မြန်မာသတင်း

စစ်ကြောင်းတွေခွဲပြီး မြေပြင်၊ ဝေဟင် တိုက်ခိုက်ကာ နောင်ချိုမြို့ကို ပြန်လည်ရရှိခဲ့တယ်လို့ စစ်ကောင်စီထုတ်ပြန်

  • 2025 ခုနှစ်၊ ဇူလိုင်လ 17 ရက်
  • 19 Views
ဇူလိုင်လ (၁၇)ရက်။ မြေပြင်၊ ဝေဟင် စစ်ဗျူဟာတွေ ပေါင်းစပ်ကာ စစ်ကြောင်းတွေခွဲပြီး တိုက်ခိုက်ခဲ့တာကြောင့် နောင်ချိုမြို့ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့တာလို့ စစ်ကောင်စီရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ နောင်ချိုမြို့ကို ပြန်ရဖို့ စစ်ကောင်စီဟာ ပြီးခဲ့တဲ့နှစ် ဩဂုတ်လကစပြီး အကြမ်းဖက်ချေမှုန်းရေးစစ်ဆင်ရေးနဲ့
မြန်မာသတင်း

ဗန်းမောက်မြို့မှာ SNA ကင်းစခန်း တိုက်ခိုက်ခံရပြီး (၃)ဦးထက်မနည်း သေဆုံးခဲ့

  • 2025 ခုနှစ်၊ ဇူလိုင်လ 16 ရက်
  • 23 Views
ဇူလိုင်လ (၁၆)ရက်။ ဇူလိုင်လ (၁၄)ရက်နေ့က ဗန်းမောက်မြို့ မြစ်သေးချင်းရွာအနီး ရှမ်းနီအမျိုးသားတပ်မတော်(SNA)ရဲ့ ကင်းစခန်းကို တိုက်ခိုက်ခဲ့တယ်လို့ ကသာခရိုင်အမှတ်(၄)တပ်ရင်းရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ SNA က မြစ်သေးချင်းရွာအနီး နယ်မြေချဲ့ထွင်ကာ အထိုင်ချထားတဲ့ ကင်းစခန်းကို ကသာခရိုင်အမှတ်(၄)တပ်ရင်းက
1027 Operations

နောင်ချိုတိုက်ပွဲ ဆက်လက်ပြင်းထန်နေမှာဖြစ်တဲ့အတွက် ပြည်သူတွေ သတိထားနေထိုင်ဖို့ TNLA ထုတ်ပြန်

  • 2025 ခုနှစ်၊ ဇူလိုင်လ 16 ရက်
  • 22 Views
ဇူလိုင်လ (၁၆)ရက်။ နောင်ချိုမြို့မှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေမှာဖြစ်တဲ့အတွက် ပြည်သူတွေ လုံခြုံရေးသတိထားပြီး နေထိုင်သွားလာကြဖို့ TNLA က ဒီကနေ့မှာ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ မေလပိုင်းကစပြီး အခုလလယ်ပိုင်းအချိန်အထိ စစ်ကောင်စီတပ်ဟာ နောင်ချိုမြို့ထဲနဲ့ အနီးရှိ ကျေးရွာတွေကို အင်အားအလုံးအရင်းနဲ့