နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 9 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ဥရောပ

ပါရီမြို့ စည်းဝေးပွဲ၌ အနောက်နိုင်ငံခေါင်းဆောင်များက ယူကရိန်းအတွက် စည်းလုံးညီညွတ်မှုကို ပြသကြပြီး ‘ရုရှားသည် အနိုင်မရနိုင်ကြောင်း’ အချက်ပြခဲ့သည်။

ဖေဖော်ဝါရီလ (၂၆) ရက်။

ပါရီ (AP) –

ဥရောပနိုင်ငံမှ အစိုးရခေါင်းဆောင် ၂၀ ကျော်နှင့် အခြားအနောက်တိုင်း အရာရှိများသည် ယူကရိန်းအတွက် စည်းလုံးညီညွတ်မှုကို ပြသကာ စုဝေးခဲ့ကြပြီး ကိ့ဗ်အတွက် ၎င်းတို့၏ ထောက်ခံမှုမှာ မယိမ်းယိုင်ကြောင်း ရုရှား၏ကျူးကျော်မှု၃ ၃ နှစ်အတွင်း ဝင်ရောက်လာချိန်တွင် အချက်ပြခဲ့သည်။

ပြင်သစ်သမ္မတ အင်မက်နျူရယ်မက်ခရွန်သည် တနင်္လာနေ့တွင် ပါရီ၌ ညီလာခံကို အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့ပြီး ရုရှားသည် ယူကရိန်းတွင် နိုင်ပွဲမရနိုင်ဟူသောအချက်ကို ယုံကြည်စိတ်ချမှုပေးရန် အထောက်အပံ့များ ပိုမိုအားကောင်းလာစေရန်နှင့် နည်းလမ်းများကို ဆွေးနွေးလိုကြောင်း ပြောကြားခဲ့သည်။ “ ကျွန်တော်တို့ အရေးကြီးသောအခိုက်အတန့်မှာ ရှိနေတယ်” ဟု မက်ခရွန်က ယခုသီတင်းပတ်ကုန်တွင် ပြောကြားခဲ့သည်။

“ယူကရိန်းမှာ စစ်ရေးပစ္စည်းတွေ အကန့်အသတ်ရှိတာကြောင့် ခဲယမ်းတွေ၊ စစ်ဘက်ဆိုင်ရာ ပစ္စည်းအရင်းအမြစ်တွေ၊ ပေးပို့တာတွေကို ထပ်အားဖြည့်ပေးရမယ်” ဟု ၎င်းက ဆိုသည်။ “ဒါပေမယ့် အချိန်ကြာလာတာနဲ့အမျှ ဒီအားထုတ်မှုကို ဘယ်လို စီမံခန့်ခွဲမလဲ၊ ရုရှားက အနိုင်မရ နိုင်ဘူးဆိုတာ သေချာအောင် ဘယ်လိုလုပ်ရမလဲဆိုတာကိုလည်း စဉ်းစားရမယ်” ဟု သူက ဆက်ပြောခဲ့သည်။

ညီလာခံသည် လက်နက်ပို့ဆောင်ရေးနှင့် ငွေကြေးအကူအညီများဆိုင်ရာ ကတိကဝတ်အသစ်များပြုလုပ်ရန် ရည်ရွယ်ခြင်းမဟုတ်ဘဲ ကိယက်ဗ်အတွက် ပိုမိုကောင်းမွန်သော ပံ့ပိုးကူညီမှုနှင့် အကူအညီပေးရေးကတိများကို ထားရှိစေရေးတို့အတွက် ရည်ရွယ်ထားကြောင်း ပြင်သစ်ထိပ်တန်းအရာရှိတစ်ဦးက ပြောကြားခဲ့သည်။ ညီလာခံအသေးစိတ်နှင့် ရည်မှန်းချက်များကို ဆွေးနွေးရန် အမည်မဖော်လိုသူ အရာရှိက ပြောသည်။

ယူကရိန်းသမ္မတ ဗလာဒီမာဇလန်းစကီးသည် ဗီဒီယိုကွန်ဖရင့်မှတစ်ဆင့် တက်ရောက်မည်ဟု မျှော်လင့်ထားကြောင်း မက်ခရွန်ရုံးက ပြောကြားခဲ့သည်။ ဥရောပနိုင်ငံတော်နှင့် အစိုးရ အကြီးအကဲ ၂၀ ကျော်တွင် ဂျာမန်အဓိပတိ အိုလက်ဖ်ရှော့ဇ် (Olaf Scholz) နှင့် ပိုလန်သမ္မတ အန်ဒရေဒူဒါ (Andrzej Duda) တို့ ပါဝင်သည်။ အမေရိကန်ပြည်ထောင်စုကို ဥရောပဆိုင်ရာ ထိပ်တန်းသံတမန် ဂျိမ်းစ် အိုဘရိုင်ရင် (James O’Brien) နှင့် ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဒေးဗစ် ကင်မရွန် (David Cameron) တို့က ကိုယ်စားပြုမည်ဖြစ်သည်။

ကွန်ဂရက်လွှတ်တော်တွင် ကိ့ဗ်အတွက် အကူအညီများ ကိုအမေရိကန်က ထောက်ပံ့မှု တုံဆိုင်းဆန့်ကျင်နေမှုကို ဥရောပနိုင်ငံများက စိုးရိမ်နေကြသည်။ အမေရိကန် သမ္မတဟောင်း ဒေါ်နယ်ထရမ့်က သမတအဖြစ် ပြန်လည်အရွေးခံရပြီး အိမ်ဖြူတော်သို့ ရောက်ရှိလာခဲ့ပါက ရုရှားကို ဥရောပတိုက်ကြီးပေါ်တွင် ရုရှား၏ ရန်လိုမှုများကို ချဲ့ထွင်ခွင့်ပြုမည်ကိုလည်း ၎င်းတို့တွင် စိုးရိမ်မှုများ တိုးလာနေသည်။

ပါရီကွန်ဖရင့်သည် ပြင်သစ်၊ ဂျာမဏီ နှင့် ယူကေ တို့မှ ယူကရိန်းနှင့်တနိုင်ငံချင်း ၁၀နှစ် သဘောတူညီချက်များကိုလက်မှတ်ရေးထိုးပြီး နောက် ပြင်သစ် ဆွေးနွေးပွဲဖြစ်ပေါ်လာခြင်းဖြစ်သည်။ ထိုဆွေးနွေးပွဲသည် ကိ့ဗ်ကိုအနောက်နိုင်ငံများမှ ရေရှည်ထောက်ပံ့ ကူညီသွားမည်ဖြစ်ကြောင်း အားကောင်းစွာအချက်ပြလိုက်ခြင်းဖြစ်သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အရှေ့အလယ်ပိုင်းနိုင်ငံများက အပစ်အခတ်ရပ်စဲရေးကို ကြိုဆိုကြပြီး ပဋိပက္ခများ လုံးဝအဆုံးသတ်ရန် မျှော်လင့်ကြောင်း ပြောကြား

  • 2026 ခုနှစ်၊ ဧပြီလ 8 ရက်
  • 18 Views
CNN- ၂၀၂၆ခုနှစ်၊ ဧပြီလ (၈)ရက် အမေရိကန်နှင့် အီရန်တို့ နှစ်ပတ်ကြာ အပစ်အခတ်ရပ်စဲရန် သဘောတူညီ ဒေသတွင်းသို့ ကူးစက်ပြန့်နှံ့ခဲ့သည့် ငါးပတ်ကျော်ကြာ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ထရမ့်၏ အပစ်အခတ်ရပ်စဲရေး ကြေညာချက်အပြီး ရေနံဈေးနှုန်းများ ကျဆင်းကာ စတော့ရှယ်ယာများ ပြန်လည်ဦးမော့လာ

  • 2026 ခုနှစ်၊ ဧပြီလ 8 ရက်
  • 31 Views
CNN- ၂၀၂၆ခုနှစ်၊ ဧပြီလ(၈)ရက် သမ္မတ ဒေါ်နယ်ထရမ့်က အီရန်နှင့် နှစ်ပတ်ကြာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရရှိကြောင်း ကြေညာခဲ့ပြီးနောက် ကမ္ဘာ့ရေနံဈေးနှုန်းများ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်နှင့်အီရန်၂ပတ်အပစ်ရပ်သဘောတူညီမှုရရှိ

  • 2026 ခုနှစ်၊ ဧပြီလ 8 ရက်
  • 30 Views
အီရန်နှင့်အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်သည် ထရမ့်အတွက် ယာယီအောင်ပွဲဖြစ်သော်လည်း ပေးဆပ်မှုများ ရှိနေသည် BBC – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၈ ရက် အဆုံးသတ်မှာတော့ — အနည်းဆုံးတော့ လောလောဆယ်အထိ — အေးအေးဆေးဆေး စဉ်းစားဆုံးဖြတ်နိုင်သူတွေက
နိုင်ငံတကာသတင်း အမေရိကန် အီရန်

အဖွဲ့အစည်းပေါင်းစုံနှင့် ပါတီနှစ်ရပ်လုံးမှ စုပေါင်းအင်အားစုတစ်ခုက ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ချက် ၂၅ အရ ထရမ့်ကို ရာထူးမှဖယ်ရှားရန် ရုတ်တရက် တောင်းဆိုလာကြခြင်း။

  • 2026 ခုနှစ်၊ ဧပြီလ 8 ရက်
  • 27 Views
CNN- ၂၀၂၆ခုနှစ်၊ ဧပြီလ ၈ရက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ချက် ၂၅ (25th Amendment) နှင့်ပတ်သက်သည့် ပြောဆိုမှု များ ပြန်လည်ထွက်ပေါ်လာပြန်သည်။ မကြာသေးမီနှစ်များအတွင်း ဖွဲ့စည်းပုံ အခြေခံဥပဒေ တွင် ပြဋ္ဌာန်းထားသည့် သမ္မတကို ရာထူးမှဖယ်ရှားသည့်
ကမ္ဘောဒီးယား ထိုင်း နိုင်ငံတကာသတင်း အရှေ့တောင်အာရှ

သြစတြေးလျ၊ တရုတ်နှင့် ဘရာဇီးလ် ရဲစခန်းအတုများ- သိမ်းဆည်းရမိသည့် ကျားဖြန့် (scam) အဆောက်အအုံအတွင်းသို့ BBC ရောက်ရှိခဲ့ခြင်း

  • 2026 ခုနှစ်၊ ဧပြီလ 7 ရက်
  • 54 Views
BBC – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၇ ရက် Royal Hill ကာစီနိုနောက်ဘက်ရှိ ခြောက်ထပ်တိုက်၏ မီးမထွန်းထားသောစင်္ကြန်လမ်းများ အတိုင်း လျှောက်သွားရာတွင် တံခါးတစ်ခုစီသည် မတူညီသော ကမ္ဘာတစ်ခုစီသို့ ဖွင့်လှစ် ပြသပေးထားသကဲ့သို့ ရှိနေသည်။
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ဟော်မုဇ် ရေလက်ကြားဆိုင်ရာ ထရမ့်၏ နောက်ဆုံးသတိပေးချက် နီးကပ်လာသော်လည်း အီရန်ဘက်မှ လိုက်လျောမည့် အရိပ်အယောင် မရှိသလောက်ဖြစ်နေ

  • 2026 ခုနှစ်၊ ဧပြီလ 7 ရက်
  • 39 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၇ ရက် အီရန်အပေါ် အမေရိကန်-အစ္စရေး ပူးပေါင်းစစ်ဆင်နွှဲနေသည့် ငါးပတ်တာကာလအတွင်း သမ္မတ ဒေါ်နယ်ထရမ့်သည် နောက်ဆုံးသတ်မှတ်ရက်များ ချမှတ်ခြင်း၊ တောင်းဆိုမှုများ ပြုလုပ်ခြင်းနှင့် ခြိမ်းခြောက်မှုများ ထုတ်ပြန်ခြင်းတို့ကို လုပ်ဆောင်ခဲ့သည်။
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အစ္စရေးနိုင်ငံ၊ ဟိုင်ဖာမြို့အား အီရန်၏ တိုက်ခိုက်မှုအပြီး နောက်ထပ် ရုပ်အလောင်းနှစ်ခု ထပ်မံတွေ့ရှိ၊ စုစုပေါင်း သေဆုံးသူ လေးဦးအထိ ရှိလာ

  • 2026 ခုနှစ်၊ ဧပြီလ 6 ရက်
  • 38 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၆ ရက် မနေ့က အစ္စရေးနိုင်ငံ၊ ဟိုင်ဖာမြို့ရှိ လူနေအိမ်ရာ အဆောက်အအုံတစ်ခုကို အီရန်က တိုက်ခိုက်ခဲ့ရာတွင် သေဆုံးခဲ့သူ လေးဦး၏ ရုပ်အလောင်းများကို ယခုအခါ ရှာဖွေတွေ့ရှိပြီဖြစ်ကြောင်း အစ္စရေး
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ထရန့်က ဟော်မုဇ် ရေလက်ကြားနှင့် ပတ်သက်၍ တီဟီရန်ကို ခြိမ်းခြောက်နေစဉ် အီရန်၊ လက်ဘနွန်နှင့် အစ္စရေးတို့တွင် သေဆုံးမှုများရှိကြောင်း သတင်းထွက်ပေါ်လာ

  • 2026 ခုနှစ်၊ ဧပြီလ 6 ရက်
  • 34 Views
CNN- ၂၀၂၆ခုနှစ်၊ ဧပြီလ ၆ ရက် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က Truth Social တွင် ရိုင်းစိုင်းသော စကားလုံးများသုံး၍ “အဲဒီ ရေလက်ကြားကို အခုချက်ချင်း ပြန်ဖွင့်လိုက်စမ်း၊ မင်းတို့အရူးတွေ၊ မဟုတ်ရင် ငရဲကျသလို ခံစားရလိမ့်မယ်”