လွန်ခဲ့တဲ့ လေးနှစ်က ကျွန်မ ထရန့်အစိုးရ အုပ်ချုပ်ရေးကနေ နှုတ်ထွက်ခဲ့ပါတယ်။ အိမ်ဖြူတော်မှာ အလုပ်လုပ်ဖို့ အိပ်မက်မက်ခဲ့တဲ့ ရီပတ်ဘလစ်ကန်တစ်ယောက်အနေနဲ့ ခက်ခဲတဲ့ ဆုံးဖြတ်ချက်တစ်ခု ဖြစ်ပါတယ်၊ ဒါပေမဲ့ အမေရိကန်တစ်ယောက်အနေနဲ့ ဒီလိုဆုံးဖြတ်လိုက်တာ မှန်ကန်ခဲ့ပါတယ်။ ဒေါ်နယ်ထရန်ဟာ ကျမတို့ရဲ့ ထောက်လှမ်းရေးနဲ့ စစ်ခေါင်းဆောင်တွေကို အားနည်းစေခဲ့တာကို ကျမကိုယ်တိုင် မြင်ခဲ့ရပြီး နောက်ဆုံးမှာ ကျမတို့ရဲ့ ဒီမိုကရေစီလုပ်ငန်းစဉ်ကို နှောက်ယှက်ခဲ့ပါတယ်။ အခုလည်း ရွေးကောက်ပွဲကို ပျက်ပြားစေဖို့ အုတ်မြစ်ချကာ လိမ်ညာပြီး နောက်တစ်ကြိမ် ထပ်လုပ်နေတယ်လို့ မြင်ပါတယ်။ ထရန့် လိုချင်တာက အကွဲကွဲအပြားပြား ဖြစ်ဖို့က သူအနိုင်ရဖို့ တစ်ခုတည်းသောနည်းလမ်းဖြစ်ပြီး အဲဒီလိုဖြစ်နေတာကို နိုင်ငံခြားရန်ဘက်တွေကလည်း သူကို အနိုင်ရဖို့ လိုချင်နေတာပါ။ ဘာကြောင့်လဲဆိုတော့ သူတို့မှာ ဒီနည်းလမ်းပဲ ရှိလို့ပါ။
လက်တီနိုအမျိုးသားလုံခြုံရေး ကျွမ်းကျင်ပညာရှင်တယောက်အနေနဲ့ ထရန့်ရဲ့ အိမ်ဖြူတော်အတွင်းမှာ နေရတာ အလွန်ထိတ်လန့်စရာ ကောင်းပေမဲ့ ညည ကျမကိုအိပ်မပျော်စေတာကတော့ တကယ်လို့ သူအိမ်ဖြူတော်ကို ပြန်ရောက်လာရင်ဆိုတဲ့ အတွေးကြောင့်ဖြစ်ပါတယ်။ သူတကယ် ပြန်ရောက်လာရင် အကာအကွယ်ပေးထားမှုတွေကို ရုတ်သိမ်းသွားမယ် အခန်းတွင်းမှာ အနည်းငယ်သာရှိတဲ့ လူကြီးတွေကို နှုတ်ထွက်စေမယ်။ ဒါမှမဟုတ် ထုတ်ပစ်မယ်။ ကျမတို့မိသားစုဟာ ထရန့်က ကာကွယ်ပေးမယ်ဆိုပြီး ဂရုစိုက်ဟန်ပြတဲ့ ရှေးရိုးဆန်တဲ့ ကွန်ဆာဗေးတစ်တွေ ကက်သလစ် အလုပ်သမားမိသားစုမှာ ကြီးပြင်းလာခဲ့တယ်၊ ဇူလိုင်လ ၄ ရက်နေ့ဟာ တက္ကဆက်ပြည်သား တက္ကဆန်တွေရဲ့ ကျွန်မတို့ရဲ့ အမြင့်မြတ်ဆုံး အားလပ်ရက်ဖြစ်ပြီး အဲဒီတန်ဖိုးတွေက ကျွန်မကို ရီပတ်ပလီကင် ဖြစ်လာစေခဲ့ပါတယ်။
ကင်မလာဟဲရစ်ကို အားပေးတဲ့အတွက် ဂုဏ်ယူရမယ့် တူညီတဲ့တန်ဖိုးတွေရှိပါတယ်။ ကင်မလာနဲ့ အကြောင်းအရာတိုင်းကို ကျမ သဘောမတူပေမယ့် ကျမတို့ရဲ့ လွတ်လပ်ခွင့်ကို ကာကွယ်ဖို့ အရေးကြီးဆုံးကိစ္စကိုတော့ ကျွန်မတို့ သဘောထား တူညီခဲ့ကြပါတယ်။ အဲ့ဒီအတွက်ကြောင့် ကျွန်မရဲ့ ရီပတ်ဘလီကန်ပါတီဝင်တွေကို ပြောချင်တာက ရှင်တို့က ဒီမိုကရက်တွေကို မဲပေးတာမဟုတ်ဘဲ ရှင်တို့က ဒီမိုကရေစီကို မဲပေးတာ ဖြစ်တယ်။ ရှင်တို့က ကျမတို့ရဲ့ ပါတီကို သစ္စာမဖောက်ဘူး၊ ကျမတို့ တိုင်းပြည်အတွက် ရှင်တို့က ရပ်တည်နေတယ်ဆိုတာကို ပြသကြပါ။ ကျေးဇူးတင်ပါတယ်။