နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 16 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

နာမည်ကြီး ရုရှားလူမှုရေးအလှအပဘလော့ဂါများ ပူတင်၏မူဝါဒများအပေါ် ဒေါသတကြီးဖြင့် ရှားရှားပါးပါး လူသိရှင်ကြား ဝေဖန်တိုက်ခိုက်

CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁၈ ရက်

“ဗလာဒီမာ ဗလာဒီမာရိုဗစ်ချ်၊ လူတွေက ရှင့်ကို ကြောက်နေကြတယ်” — ဤစကားများသည် မိတ်ကပ်လိမ်းခြယ်နည်းနှင့် လူမှုဘဝပုံစံ (lifestyle) အကြောင်းအရာများကြောင့် လူသိများသည့် ရုရှားအလှမယ်ဘလော့ဂါ ဗစ်တိုရီယာ ဘွန်ညာ(Victoria Bonya) က သမ္မတ ဗလာဒီမာ ပူတင်ထံ ရည်ညွှန်းပြီး Instagram တွင် တင်ခဲ့သည့် ဗီဒီယို၏ အဖွင့်စကားများ ဖြစ်သည်။

“လူတွေက ရှင့်ကို ကြောက်တယ်၊ ဘလော့ဂါတွေက ရှင့်ကို ကြောက်တယ်၊ အနုပညာရှင်တွေ က ရှင့်ကို ကြောက်တယ်၊ အုပ်ချုပ်ရေးမှူးတွေက ရှင့်ကို ကြောက်တယ်။ ဒါပေမဲ့ ရှင်ကတော့ ကျွန်မတို့နိုင်ငံရဲ့ သမ္မတ ဖြစ်နေတယ်” ဟု သူမက ဆက်လက်ပြောကြားသည်။

သူမအနေဖြင့် ပူတင်ကို ထောက်ခံသူဖြစ်သည်ဟု ဆိုသော်လည်း၊ ဘွန်ညာ သည် ရုရှားတွင် ကြုံတွေ့နေရသော ဆိုးကျိုးများစွာကို တိုက်ရိုက်တင်ပြခဲ့သည်။ ၎င်းတို့တွင် ဒါဂျက်စတန် (Dagestan) ရှိ ရေကြီးမှုအပေါ် တုံ့ပြန်မှု နှေးကွေးခြင်း၊ ဆိုင်ဘေးရီးယားရှိ တိရစ္ဆာန်များကို အစိုးရက ရက်စက်စွာ သတ်ဖြတ်ကိုင်တွယ်ခဲ့ခြင်းနှင့် အွန်လိုင်းလူမှုကွန်ရက်များအပေါ် တင်းကျပ်သော ကန့်သတ်ချက်များ ပါဝင်သည်။ အထူးသဖြင့် အင်တာနက်ကန့်သတ်ချက် များကြောင့် ပြည်သူများမှာ ချစ်ခင်ရသူများနှင့် မဆက်သွယ်နိုင်တော့ကြောင်းနှင့် “ကျွန်မတို့ဟာ လွတ်လပ်တဲ့နိုင်ငံမှာ နေထိုင်နေရတာ မဟုတ်တော့သလို ခံစားနေရတယ်” ဟု အင်္ဂါနေ့က တင်ခဲ့သော ပို့စ်တွင် သူမက ဆိုသည်။

မိုနာကိုတွင် နေထိုင်ပြီး ကိုယ်ပိုင်အလှကုန်လုပ်ငန်း လုပ်ကိုင်နေသူ ဘွန်ညာ ၏ ဗီဒီယိုမှာ သောကြာနေ့မွန်းလွဲပိုင်းတွင် ကြည့်ရှုသူ ၂၆ သန်းနှင့် မှတ်ချက်ပေါင်း ၇၅,၀၀၀ ကျော် ရရှိခဲ့ပြီး၊ အများစုမှာ သူမ၏ သတ္တိကို ချီးကျူးခဲ့ကြသည်။

အခြား နာမည်ကြီး ရုရှားဘလော့ဂါတစ်ဦးဖြစ်သူ အီဇာ(Aiza) ကလည်း ဘွန်ညာ ကို ထောက်ခံအားပေးခဲ့ပြီး၊ Telegram ဆက်သွယ်ရေးပလက်ဖောင်းကို ကန့်သတ်လိုက်ခြင်းမှာ “ရုရှားစီးပွားရေးအတွက် ကြီးမားသော ထိုးနှက်ချက်” ဖြစ်လာလိမ့်မည်ဟု ဆိုသည်။ ထို့အပြင် အခွန်ကြီးမြင့်မှု၊ မညီမျှမှုများနှင့်ပတ်သက်၍ “နိုင်ငံခြားပတ်စပို့တွေ အများကြီးကိုင်ထားပြီး ဒေါ်လာသန်းပေါင်းများစွာ တန်ဖိုးရှိတဲ့ အိမ်ရာပိုင်ဆိုင်ထားတဲ့ လွှတ်တော်အမတ်တွေကရော ဘယ်လောက်အထိ ခိုးယူဖို့ လိုနေသေးတာလဲ” ဟု သူမက မေးခွန်းထုတ်ခဲ့သည်။ (အဆိုပါ ဗီဒီယိုကို နောက်ပိုင်းတွင် ပြန်လည်ဖျက်သိမ်းခဲ့သည်။)

ရုရှားပြည်သူအများစုအတွက် စီးပွားရေးကျပ်တည်းနေချိန်တွင် ယူကရိန်းအား နှစ်ရှည်လများ ကျူးကျော်တိုက်ခိုက်နေပြီး အင်တာနက်ကို နှိမ်နင်းနေသည့် ပူတင်အပေါ် ထောက်ခံမှုကျဆင်း နေကြောင်း မကြာသေးမီက ကောက်ယူခဲ့သည့် လူထုစစ်တမ်းအချို့က ပြသနေချိန်တွင် ယခုကဲ့သို့ ဝေဖန်မှုများ ပေါ်ထွက်လာခြင်းဖြစ်သည်။

နိုင်ငံရေးလေ့လာဆန်းစစ်မှုလုပ်ငန်း R.Politik ၏ တည်ထောင်သူ တာတီရာနာ စတန်နိုဗာယာ(Tatiana Stanovaya) က “တစ်ခုခုတော့ ပြောင်းလဲနေပြီလို့ ထင်ရတယ်” ဟု ဆိုသည်။ စစ်ပွဲကာလ ကန့်သတ်ချက်များနှင့် စီးပွားရေးခက်ခဲမှုများကို ကျင့်သားရနေသည့် လူ့အဖွဲ့အစည်းဖြစ်သော်လည်း၊ မကြာသေးမီ သီတင်းပတ်များအတွင်း ဖြစ်ပွားခဲ့သော မိုဘိုင်းအင်တာနက် ပြတ်တောက်မှုနှင့် Telegram ကို နှိမ်နင်းမှုမှာ “အချိုးအကွေ့တစ်ခုလို ဖြစ်နေတယ်” ဟု သူမက CNN သို့ ပြောကြားခဲ့သည်။

ကျွန်မတို့ကို သူတို့လုပ်နေတာတွေကို သည်းမခံနိုင်တော့ဘူး’

ရုရှားတွင် မတ်လ ၂၆ ရက်နေ့က ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် လူမှုဘဝပုံစံ ဘလော့ဂါ လီဇာမိုခါ(Liza Moka) က သူမ၏ Instagramမှ Follower ၉ သိန်းထံသို့ မျက်ရည်များဖြင့် ဗီဒီယိုသတင်းစကား ပေးပို့ခဲ့သည်။ “ဒီလိုမျိုး ဆက်ပြီး မနေနိုင်တော့ဘူး။ လက်တွေ့နဲ့ ကင်းကွာနေတဲ့ ဒီအာဏာရှင်တွေ ကျွန်မတို့ကို လုပ်နေတာတွေကို သည်းမခံ နိုင်တော့ဘူး” ဟု သူမက ဆိုသည်။

“မျိုးချစ်စိတ်ရှိအောင် ကျွန်မ ပြိုးထောင်ထားတဲ့ ကျွန်မကလေးတွေကို ‘ကလေးတို့ရေ… နင်တို့ ကျောင်းတက်နိုင်ဖို့အတွက် နင်တို့ကို စောင့်ရှောက်ရမယ့်သူတွေ ပိတ်ထားတာကို ကျော်ဖြတ်ဖို့ VPN သုံးရမယ်’ လို့ ပြောနေရတာဟာ အဓိပ္ပာယ်မရှိတဲ့ ကိစ္စပဲ” ဟု သူမက ဆိုသည်။ ထိုဗီဒီယိုမှာ ကြည့်ရှုသူ ၂ သန်း ရရှိခဲ့သည်။

အသက် ၁၉ နှစ်အရွယ် အတ်ယွမ် (Artyom) ဆိုသူကလည်း ရုရှားအနေဖြင့် လူမှုကွန်ရက်များ ကို ပိတ်ပင်ရုံသာမက ကြော်ငြာများတွင် အင်္ဂလိပ်စာလုံးများ အသုံးပြုမှုကိုပါ ပိတ်ပင်လိုက် သည့် အပေါ် “လွတ်လပ်မှုက ဘယ်မှာလဲ။ အခွင့်အလမ်းတွေက နည်းသထက် နည်းလာ နေပြီ” ဟု ဝေဖန်ခဲ့သည်။

လူမှုရေးသိပ္ပံပညာရှင် အက်တာရီနာ ရှူလ်မန် (Ekaterina Schulmann) က ၂၀၂၅ ခုနှစ်အတွင်း ရုရှားပြည်သူအများစုမှာ ရည်မှန်းချက်များ မအောင်မြင်သည့်တိုင် စစ်ပွဲကို ဆက်မတိုက်ဘဲ ရပ်တန့်စေလိုသည့် သဘောထားများ ရှိလာခဲ့သည်ကို တွေ့ရကြောင်း ဆိုသည်။ အချို့မှာ “အိမ်ဖြူတော်က ကျွန်မတို့ရဲ့ မဟာမိတ် (ထရန့်) က အရာအားလုံးကို အဆင်ပြေအောင် လုပ်ပေးလိမ့်မယ်” ဟု မျှော်လင့်ခဲ့ကြသော်လည်း ထိုသို့ ဖြစ်မလာခဲ့ပေ။

ဖိအားပေးခံနေရသော ဘလော့ဂါများ

ရုရှားအစိုးရ၏ တုံ့ပြန်မှုမှာလည်း ထူးခြားလှသည်။ ကြာသပတေးနေ့တွင် ကရင်မလင် ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီ ပက်စကော့ဗ် (Dmitry Peskov) က ဘွန်ညာ ၏ ဗီဒီယိုနှင့် ပတ်သက်၍ “ဒါဟာ အကြောင်းအရာ တော်တော်များများကို ထိတွေ့ထားပြီး၊ အဲဒီအပေါ်မှာ သီးခြားစီ လုပ်ဆောင်နေပါတယ်။ ဘယ်အရာကိုမှ လျစ်လျူရှုထားတာ မရှိပါဘူး” ဟု လူသိရှင်ကြား မှတ်ချက်ပေးခဲ့သည်။

သို့သော်လည်း ရုရှားတွင် ဘလော့ဂါများအပေါ် ဖိအားပေးမှုများမှာ တိုးလာနေသည်။ မတ်လလယ်တွင် ပူတင်ကို ထောက်ခံသည့် ဘလော့ဂါ အီလ်ရာ ရီမက်စ်လို(Ilya Remeslo) က ယူကရိန်းစစ်ပွဲမှာ “လမ်းဆုံး” ရောက်နေပြီဟု ရေးသားခဲ့ပြီးနောက် တစ်ရက်အကြာတွင် စိန့်ပီတာစဘတ်ရှိ စိတ်ကျန်းမာရေးဆေးရုံသို့ ပို့ဆောင်ခံခဲ့ရသည်ဟု သတင်းများ ထွက်ပေါ်ခဲ့သည်။

ကျွမ်းကျင်သူများကမူ ယခုနှစ်အတွင်း ပူတင်၏ ထောက်ခံမှုနှုန်း ၇ ရာခိုင်နှုန်းကျော် ကျဆင်းသွားခြင်းကြောင့် နောက်ထပ် နှိမ်နင်းမှုများနှင့် အပြောင်းအလဲများ ရှိလာနိုင်ကြောင်း သတိပေးထားသည်။

ရှူလ်မန် (Schulmann) က “သမ္မတဟာ လက်ရှိအခြေအနေ (Status quo)အတိုင်း ပဲ။ အကယ်၍ သင်က လက်ရှိအခြေအနေကို သဘောကျရင် သူ့ကို ထောက်ခံမယ်။ ဒါပေမဲ့ လက်ရှိအခြေအနေကို မနှစ်မြို့တော့ဘူးဆိုရင် သူ့ကိုလည်း မုန်းတီးလာတော့မှာပဲ” ဟု ပြောကြားခဲ့သည်။

၂၀၁၈ ခုနှစ်က ပြင်သစ်နိုင်ငံ ကိန်းစ်မြို့ (Cannes) တွင် တွေ့ရသည့် နာမည်ကြီး ရုရှားအင်ဖလူအင်ဆာအလှမယ် ဗစ်တိုးရီးယားဘွန်ညာ(Victoria Bonya)။ ရုရှား၏ အင်တာနက်ကန့်သတ်ချက်များသည် ပြည်သူများ အနေဖြင့် ချစ်ခင်ရသူများနှင့် ဆက်သွယ်ပြောဆိုမှုကို အဟန့်အတားဖြစ်စေသည်ဟု သူမက ဆိုသည်။ ဓာတ်ပုံ – Stephane Mahe/Reuters

အလှအပရေးရာအကြံပေး Victoria Bonya သည် သူမ၏ အင်္ဂါနေ့ဗီဒီယိုတွင် တင်ပြခဲ့သော ပြဿနာရပ်များအပေါ် လုပ်ဆောင်မှုများ ရှိနေသည်ဟု ကရင်မလင် ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီ ပက်စကော့ဗ်၏ ပြောကြားချက်အပြီးတွင် မျက်ရည်များဖြင့် ပြန်လည်ကျေးဇူးတင်ခဲ့သည်။

Victoria Bonya/Instagram

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 67 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 76 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 72 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 79 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 71 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 72 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 88 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 81 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက