နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇန်နဝါရီလ 31 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ

အပစ်အခတ် ရပ်စဲရေး မပါဘဲ လူမျိုးတုံးသတ်ဖြတ်မှု တားဆီးရေး ပြုလုပ်ရန် အစ္စရေးကို နိုင်ငံတကာတရားရုံးက အမိန့်ပေး၊

ဇန်နဝါရီလ (၂၇) ရက်။

ဂါဇာကမ်းမြောင်ဒေသမှာ အစ္စရေးရဲ့ စစ်ဆင်ရေးဟာ လူမျိုးတုံးသတ်ဖြတ်မှုလို့ စွပ်စွဲပြီး တောင်အာဖရိကက တင်သွင်းလာတဲ့ တရားစွဲမှုမှာ လူမျိုးတုံး သတ်ဖြတ်မှုကို တားဆီးဖို့ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) က အစ္စရေးကို ၂၆ ရက်နေ့က အမိန့်ပေးခဲ့ပါတယ်။ ဒါပေမဲ့ တောင်အာဖရိကရဲ့ စစ်ဘက်ဆိုင်ရာ စစ်ဆင်ရေးများ ရပ်ဆိုင်းရန် တောင်းဆိုချက်ကိုမူ ICJ က တုံ့ပြန်ခြင်း မရှိခဲ့ပါ။

The Hague တွင် ကြားနာမှုမှာ ICJ က အစ္စရေးဟာ စစ်ရေးစစ်ဆင်ရေးတွေကြောင့် သေဆုံးမှုနှင့် ပျက်စီးဆုံးရှုံးမှုတွေကို ကန့်သတ်ရန်၊ လူမျိုးတုံးသတ်ဖြတ်ရန် လှုံ့ဆော်မှုလုပ်ရပ်တွေကို တားဆီးအရေးယူရန်နဲ့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ ပေးအပ်တာတွေ သေချာစေရန်အတွက် “အစီအမံအားလုံးကို” ဆောင်ရွက်ရန် လိုအပ်တယ်လို့ ဆုံးဖြတ်ခဲ့ပါတယ်။

ချမှတ်ထားတဲ့ နိုင်ငံတကာ လူမျိုးတုံးသတ်ဖြတ်မှုဥပဒေတွေကို အစ္စရေးက ချိုးဖောက်ခဲ့တယ်လို့ တောင်အာဖရိကက အခိုင်အမာဆိုထားပါတယ်။ ဂါဇာကမ်းမြောင်ဒေသမှာ အစ္စရေးက တိုက်ပွဲတွေရပ်အောင် လုပ်ပေးဖို့ ICJ ကို တောင်းဆိုထားပါတယ်။

ICJ ဟာ တိုက်ပွဲတွေ အဆုံးသတ်ရန် အမိန့်မပေးခဲ့ပေမယ့် ဒီဆုံးဖြတ်ချက်ဟာ တရားစွဲမှုကို ပယ်ချဖို့ တောင်းဆိုခဲ့တဲ့ အစ္စရေးအတွက် ထိုးနှက်ချက်တစ်ခုတော့ ဖြစ်ခဲ့ပါတယ်။

ဇန်နဝါရီလ (၂၆) ရက်နေ့ ဆုံးဖြတ်ချက်ဟာ တောင်အာဖရိကရဲ့ အရေးပေါ်အစီအမံများအတွက် တောင်းဆိုထားသည့်အပေါ် ဆုံးဖြတ်ချက်သာ ဖြစ်ပါတယ်။ လူမျိုးတုံးသတ်ဖြတ်မှုကို ဆုံးဖြတ်ချက်ကို ကြားနာရန် နှစ်ပေါင်းများစွာ ကြာနိုင်ပြီး အရေးပေါ်အစီအမံကိုတော့ ယာယီတားမြစ်မိန့်များလိုမျိုး လုပ်ဆောင်နိုင်တယ်လို့ ဆိုပါတယ်။

ICJ တရားသူကြီးချုပ် Donoghue က “ ဂါဇာကမ်းမြောင်ဒေသရှိ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အခြေအနေဟာ အလွန်ဆိုးရွားနေပြီး တရားရုံးက အပြီးသတ် စီရင်ချက်မချမီ နောက်ထပ် ဒီထက်ဆိုးရွားလာမယ့် အန္တရာယ်ရှိနိုင်တယ်´ လို့ ဇန်နဝါရီလ (၂၆) ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။

ICJ ၏ ဆုံးဖြတ်ချက်များသည် တရားဝင် စည်းနှောင်မှုရှိပြီး အယူခံဝင်ခြင်း မပြုနိုင်သော်လည်း အကောင်အထည်ဖော်ရန် တွန်းအားပေးရန် နည်းလမ်းတော့ မရှိပါဘူး။ ၂၀၂၂ ခုနှစ်မှာ ရုရှားကို သူ့ရဲ့ယူကရိန်းကျူးကျော်မှုကို ချက်ချင်းရပ်တန့်ရန် ICJ က အမိန့်ပေးခဲ့ပေမယ့် နှစ်နှစ်နီးပါးကြာပြီးနောက်မှာလည်း ရုရှားစစ်ပွဲ ဆက်လက်ဖြစ်ပွားနေခဲ့ပါတယ်။

အစ္စရေးကတော့ အရင်ကတည်းက ICJ ရဲ့ အမိန့်ကို လက်မခံဘူးလို့ ပြသခဲ့ပါတယ်” ။ နိုင်ငံတကာရားရုံးရော၊ မကောင်းတဲ့ဝင်ရိုးတွေရော တခြားဘယ်သူကမျှ ကျွန်ုပ်တို့ကိုတားဆီးနိုင်မှာမဟုတ်” လို့ အစ္စရေးဝန်ကြီးချုပ်ရုံးက သူ့ရဲ့ လူ၊မှုကွန်ရက်စာမျက်နှာ X (အရင် Twitter) မှာ ရေးသားခဲ့ပါတယ်။

လူမျိုးတုံးသတ်ဖြတ်မှုမှ အစ္စရေးကို တားဆီးရေး လုပ်ရန် နိုင်ငံတကာတရားရုံး (ICJ) က အမိန့်ပေးခဲ့သည်။

Patrick Post/AP

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အမေရိကန်

ထရန့်အစိုးရလက်ထက်မှာ လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန်ကြီးကြပ်ရေးအဖွဲ့ (ICE) နဲ့ ပြည်ထဲရေးလုံခြုံရေးဝန်ကြီးဌာန (DHS)တို့ရဲ့အကြမ်းဖက်ကိုင်တွယ်မှုကြောင့် အမေရိကန် ပြည်သူများနဲ့ အာဏာရရီပတ်ပလီကင်အမတ်အချို့ရဲ့ဆန့်ကျင်မှုကိုရင်ဆိုင်နေရ

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 30 ရက်
  • 22 Views
ခေတ်မျက်လုံးမှ စုစည်းတင်ပြချက်- ၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ ၃၀ရက် ၂၀၂၆ ခုနှစ်အစောပိုင်းကာလမှာ လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန်ကြီးကြပ်ရေးအဖွဲ့ (ICE) နဲ့ ပြည်ထဲရေးလုံခြုံရေးဝန်ကြီးဌာန
တရုတ် နိုင်ငံတကာသတင်း ဗြိတိန်

တရုတ်ခေါင်းဆောင်နှင့်ဗြိတိန်ခေါင်းဆောင်နှစ်ဦးကြားတွေ့ဆုံမှု။

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 29 ရက်
  • 23 Views
ခေတ်မျက်လုံး- ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၉ ရက် ဗြိတိန်ဝန်ကြီးချုပ် ကီယာ စတာမာ (Keir Starmer) ၏ တရုတ်နိုင်ငံ ခရီးစဉ်အတွင်း ရရှိခဲ့သော ကုန်သွယ်ရေးနှင့် စီးပွားရေးဆိုင်ရာ သဘောတူညီချက် အသေးစိတ်များမှာ အောက်ပါအတိုင်း
နိုင်ငံတကာသတင်း

ယနေ့ (၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၉ ရက်) အတွက် မြန်မာနိုင်ငံနှင့် ကမ္ဘာတစ်ဝှမ်းတွင် လူဖတ်အများဆုံးနှင့် စိတ်ဝင်စားမှုအခံရဆုံး သတင်းများကို အောက်တွင် ဖော်ပြပေး လိုက်ပါသည်။

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 29 ရက်
  • 27 Views
ခေတ်မျက်လုံး- ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၉ ရက် မြန်မာနိုင်ငံနှင့် ဆက်နွှယ်သော ထိပ်တန်းသတင်းများ မြီမိသားစုဝင် ၁၁ ဦးကို တရုတ်က ကွပ်မျက်ခြင်း။ ကိုးကန့်ဒေသတွင် အွန်လိုင်းလိမ်လည်မှု (ကျားဖြန့်) အင်ပါယာ တည်ထောင်ခဲ့သည့် မြီရှောက်ချန်း
တရုတ် နိုင်ငံတကာသတင်း

မြန်မာနိုင်ငံအတွင်း ဘီလီယံနှင့်ချီသော ရာဇဝတ်အင်ပါယာကို တည်ထောင်ခဲ့သည့် ဂိုဏ်းဝင် ၁၁ ဦးကို တရုတ်နိုင်ငံက ကွပ်မျက်လိုက်ခြင်း

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 29 ရက်
  • 22 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၉ ရက် မြန်မာနိုင်ငံအတွင်း မိသားစုလိုက် ရာဇဝတ်အင်ပါယာကို တည်ထောင်ခဲ့ပြီး ထွက်ပြေးရန် ကြိုးပမ်းသည့် အလုပ်သမားများကို သတ်ဖြတ်ခဲ့သည့် လူ ၁၁ ဦးအား တရုတ်တရားရုံး တစ်ခုက သေဒဏ်ချမှတ်ခဲ့ကြောင်း၊
ဂျပန် တရုတ် နိုင်ငံတကာသတင်း

တရုတ်-ဂျပန် ဆက်ဆံရေး တင်းမာနေစဉ်အတွင်း နောက်ဆုံးကျန်ရှိသည့် ပန်ဒါများကို ဂျပန်ပရိသတ်များ နှုတ်ဆက်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 28 ရက်
  • 30 Views
CNN- ၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ ၂၈ရက် တိုကျို — ဂျပန်နိုင်ငံတွင် နောက်ဆုံးကျန်ရှိသည့် ပန်ဒါနှစ်ကောင်ကို တရုတ်နိုင်ငံသို့ ပြန်လည် မပို့ဆောင်မီ တနင်္ဂနွေနေ့တွင် ဂျပန်ပရိသတ်များက သွားရောက်နှုတ်ဆက်ခဲ့ကြသည်။ ဤဖြစ်ရပ်သည် နှစ်နိုင်ငံကြား ဆက်ဆံရေး တင်းမာနေမှုကို ထင်ဟပ်ဖော်ပြနေသည်။
နိုင်ငံတကာသတင်း အရှေ့အလယ်ပိုင်း အီရတ် အီရန်

ဆယ်စုနှစ်များစွာ အီရန်အစိုးရကို တိုက်ခိုက်ခဲ့ပြီးနောက် ကာ့ဒ်များအတွက် အောင်ပွဲသည် ပိုမိုနီးကပ်လာသည်ဟု ရှုမြင်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 28 ရက်
  • 32 Views
CNN -၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၈ ရက် အီရတ်နိုင်ငံ အရှေ့မြောက်ပိုင်း — အဖြူအမည်းရောင် ခေါင်းပေါင်း (ကပ်ဖီယာ) ပတ်ထားသည့် လူငယ်တစ်ဦးသည် သူ၏ AK-47 ရိုင်ဖယ်ကို တစ်စစီဖြုတ်ကာ ကျောက်ဆောင်ထူထပ်သည့် မြေပြင်ပေါ်တွင်
နိုင်ငံတကာသတင်း ဗြိတိန် အမေရိကန် အီတလီ

အာဖဂန်နစ္စတန်ရှိ နေတိုး (NATO) ၏ အခန်းကဏ္ဍကို လျှော့ချပြောဆိုမှုကြောင့် လူထုဒေါသထွက်ပေါ်ခဲ့ပြီးနောက် ဗြိတိန်တပ်ဖွဲ့ဝင်များကို ထရမ့် ချီးကျူးစကားဆို

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 28 ရက်
  • 35 Views
CNN- ဇန်နဝါရီ ၂၅၊ ၂၀၂၆ ဝါရှင်တန် ဒီစီ နှင့် လန်ဒန်မြို့ — အာဖဂန်နစ္စတန်တွင် နေတိုးတပ်ဖွဲ့ဝင်များ၏ ပေးဆပ်မှု များကို လျှော့ချပြောဆိုခဲ့သည့် ၎င်း၏ မှတ်ချက်များအပေါ် လူထုဒေါသ အပြင်းအထန် ထွက်ပေါ်ခဲ့ပြီးနောက်၊ အမေရိကန်သမ္မတ