နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 7 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ

အပစ်အခတ် ရပ်စဲရေး မပါဘဲ လူမျိုးတုံးသတ်ဖြတ်မှု တားဆီးရေး ပြုလုပ်ရန် အစ္စရေးကို နိုင်ငံတကာတရားရုံးက အမိန့်ပေး၊

ဇန်နဝါရီလ (၂၇) ရက်။

ဂါဇာကမ်းမြောင်ဒေသမှာ အစ္စရေးရဲ့ စစ်ဆင်ရေးဟာ လူမျိုးတုံးသတ်ဖြတ်မှုလို့ စွပ်စွဲပြီး တောင်အာဖရိကက တင်သွင်းလာတဲ့ တရားစွဲမှုမှာ လူမျိုးတုံး သတ်ဖြတ်မှုကို တားဆီးဖို့ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) က အစ္စရေးကို ၂၆ ရက်နေ့က အမိန့်ပေးခဲ့ပါတယ်။ ဒါပေမဲ့ တောင်အာဖရိကရဲ့ စစ်ဘက်ဆိုင်ရာ စစ်ဆင်ရေးများ ရပ်ဆိုင်းရန် တောင်းဆိုချက်ကိုမူ ICJ က တုံ့ပြန်ခြင်း မရှိခဲ့ပါ။

The Hague တွင် ကြားနာမှုမှာ ICJ က အစ္စရေးဟာ စစ်ရေးစစ်ဆင်ရေးတွေကြောင့် သေဆုံးမှုနှင့် ပျက်စီးဆုံးရှုံးမှုတွေကို ကန့်သတ်ရန်၊ လူမျိုးတုံးသတ်ဖြတ်ရန် လှုံ့ဆော်မှုလုပ်ရပ်တွေကို တားဆီးအရေးယူရန်နဲ့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ ပေးအပ်တာတွေ သေချာစေရန်အတွက် “အစီအမံအားလုံးကို” ဆောင်ရွက်ရန် လိုအပ်တယ်လို့ ဆုံးဖြတ်ခဲ့ပါတယ်။

ချမှတ်ထားတဲ့ နိုင်ငံတကာ လူမျိုးတုံးသတ်ဖြတ်မှုဥပဒေတွေကို အစ္စရေးက ချိုးဖောက်ခဲ့တယ်လို့ တောင်အာဖရိကက အခိုင်အမာဆိုထားပါတယ်။ ဂါဇာကမ်းမြောင်ဒေသမှာ အစ္စရေးက တိုက်ပွဲတွေရပ်အောင် လုပ်ပေးဖို့ ICJ ကို တောင်းဆိုထားပါတယ်။

ICJ ဟာ တိုက်ပွဲတွေ အဆုံးသတ်ရန် အမိန့်မပေးခဲ့ပေမယ့် ဒီဆုံးဖြတ်ချက်ဟာ တရားစွဲမှုကို ပယ်ချဖို့ တောင်းဆိုခဲ့တဲ့ အစ္စရေးအတွက် ထိုးနှက်ချက်တစ်ခုတော့ ဖြစ်ခဲ့ပါတယ်။

ဇန်နဝါရီလ (၂၆) ရက်နေ့ ဆုံးဖြတ်ချက်ဟာ တောင်အာဖရိကရဲ့ အရေးပေါ်အစီအမံများအတွက် တောင်းဆိုထားသည့်အပေါ် ဆုံးဖြတ်ချက်သာ ဖြစ်ပါတယ်။ လူမျိုးတုံးသတ်ဖြတ်မှုကို ဆုံးဖြတ်ချက်ကို ကြားနာရန် နှစ်ပေါင်းများစွာ ကြာနိုင်ပြီး အရေးပေါ်အစီအမံကိုတော့ ယာယီတားမြစ်မိန့်များလိုမျိုး လုပ်ဆောင်နိုင်တယ်လို့ ဆိုပါတယ်။

ICJ တရားသူကြီးချုပ် Donoghue က “ဂါဇာကမ်းမြောင်ဒေသရှိ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အခြေအနေဟာ အလွန်ဆိုးရွားနေပြီး တရားရုံးက အပြီးသတ် စီရင်ချက်မချမီ နောက်ထပ် ဒီထက်ဆိုးရွားလာမယ့် အန္တရာယ်ရှိနိုင်တယ်´ လို့ ဇန်နဝါရီလ (၂၆) ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။

ICJ ၏ ဆုံးဖြတ်ချက်များသည် တရားဝင် စည်းနှောင်မှုရှိပြီး အယူခံဝင်ခြင်း မပြုနိုင်သော်လည်း အကောင်အထည်ဖော်ရန် တွန်းအားပေးရန် နည်းလမ်းတော့ မရှိပါဘူး။ ၂၀၂၂ ခုနှစ်မှာ ရုရှားကို သူ့ရဲ့ယူကရိန်းကျူးကျော်မှုကို ချက်ချင်းရပ်တန့်ရန် ICJ က အမိန့်ပေးခဲ့ပေမယ့် နှစ်နှစ်နီးပါးကြာပြီးနောက်မှာလည်း ရုရှားစစ်ပွဲ ဆက်လက်ဖြစ်ပွားနေခဲ့ပါတယ်။

အစ္စရေးကတော့ အရင်ကတည်းက ICJ ရဲ့ အမိန့်ကို လက်မခံဘူးလို့ ပြသခဲ့ပါတယ်”။ နိုင်ငံတကာရားရုံးရော၊ မကောင်းတဲ့ဝင်ရိုးတွေရော တခြားဘယ်သူကမျှ ကျွန်ုပ်တို့ကိုတားဆီးနိုင်မှာမဟုတ်” လို့ အစ္စရေးဝန်ကြီးချုပ်ရုံးက သူ့ရဲ့ လူ၊မှုကွန်ရက်စာမျက်နှာ X (အရင် Twitter) မှာ ရေးသားခဲ့ပါတယ်။

လူမျိုးတုံးသတ်ဖြတ်မှုမှ အစ္စရေးကို တားဆီးရေး လုပ်ရန် နိုင်ငံတကာတရားရုံး (ICJ) က အမိန့်ပေးခဲ့သည်။

Patrick Post/AP

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 49 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 51 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 52 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 52 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 47 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 49 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 63 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 58 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက