နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မေလ 20 ရက်

မြန်မာသတင်း

မြန်မာသတင်း

စစ်အစိုးရအား ဆန့်ကျင်လှုပ်ရှားနေမှုနှင့်ပတ်သက်ပြီး စောင့်ကြည့်လျက်ရှိပြီး ထိန်းချုပ်ထားနိုင်သည်ဟု ထိုင်းကာကွယ်ရေးဝန်ကြီးဆို

+++++++++++++++++++++++++++++

ဖေဖော်ဝါရီလ ၂၄ ရက်နေ့ထုတ် Bangkok Post မှာ ဖော်ပြထားသည့် Myanmar influx ‘no cause for concern’ ကို ဘာသာပြန်ထားပါသည်။

ထိုင်းကာကွယ်ရေးဝန်ကြီး ဆူတင်ကလန်ဆန်က သောကြာနေ့တွင် ထိုင်းနိုင်ငံအနေနှင့် စစ်အစိုးရအား ဆန့်ကျင်လှုပ်ရှားနေမှုနှင့်ပတ်သက်ပြီး စောင့်ကြည့်လျက်ရှိပြီး ထိန်းချုပ်ထားနိုင်သည်ဟု ဆိုသည်။ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများကို အခြားသူများနှင့် ခွဲခြားဆက်ဆံမှုလုပ်ဆောင်မည်ဖြစ်ကြောင်း သူက ဆိုသည်။ “ ဘာကိုမှ တိတိကျကျ လုပ်ဆောင်မယ်လို့ စဉ်းစားထားတာ မရှိသေးပါဘူး” ဟု မစ္စတာဆူတင်က ဆိုသည်။

မြန်မာရွာသားများ ထိုင်းနိုင်ငံတွင်းသို့ ဝင်ရောက်လာမှုသည် များများစားစား မရှိဘဲ ထိုသူများသည် မကြာခင် သူတို့ရပ်ရွာများသို့ ပြန်ကြမည်ဟု ခန့်မှန်းထားကြောင်းဆိုသည်။ သူက ဆက်လက်ပြီး ထိုင်းနိုင်ငံတွင်း အချိန်ကြာမြင့်စွာ နေထိုင်သူများကိုမူ ဆက်လက်နေထိုင်ခွင့်ပြုထားမည်ဖြစ်ကြောင်းနှင့် မကြာခင်က စစ်အစိုးရထုတ်ပြန်ခဲ့သည့်လူငယ်များနှင့် အမျိုးသမီးများ စစ်မှုထမ်းဥပဒေကြောင့် လူအများအပြား ထွက်လာမှု အခြေအနေ မရှိသေးကြောင်း သူက ဆိုသည်။ မစ္စတာဆူတင်သည် တပ်ခ်ခရိုင် မဲဆောက်နယ်ခြားရှိ ဘန်မဲကုန်ကန်ရှိ စစ်စခန်းသို့ လာရောက်စဉ် ပြောကြားခဲ့ခြင်း ဖြစ်သည်။ ထိုသို့လာရောက်စဉ်အတွင်း ဝန်ကြီးက ထိုနယ်စပ်စခန်းတွင် နေထိုင်အမှုထမ်းနေသော စစ်သားများနှင့် ပြည်သူ့စစ်များကို သူ့အနေနှင့် ကိုယ်ချင်းစာနာကြောင်းနှင့် သူတို့အတွက် ပိုမိုကောင်းမွန်သည့် ခံစားခွင့်များကို ပေးမည်ဖြစ်ကြောင်း ကတိပြုခဲ့သည်။ သူက သူတို့သည် နယ်စပ်လုံခြုံရေးအတွက်သာမက နယ်စပ်ဖြတ်ကျော်လာသည့် ရာဇဝတ်မှုများကိုလည်း ကာကွယ်နေသူများဖြစ်ကြောင်း အထူးသဖြင့် မူးယစ်ဆေးဝါးမှောင်ခိုတင်သွင်းမှုကို ကာကွယ်နေခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

“ ထိုင်းအစိုးရနဲ့ လုံခြုံရေးအာဏာပိုင်များဟာ ထိုင်းနယ်မြေပေါ်မှာ နေထိုင်တဲ့ အုပ်စုတွေက မြန်မာစစ်အစိုးရကို တိုက်ခိုက်ဖို့ ငွေကြေးရန်ပုံငွေတွေ ရှာဖွေပြီး လှုပ်ရှားမှုတွေလုပ်နေတာကို အနီးကပ်စောင့်ကြည့်နေတယ်။ လက်ရှိအချိန်မှာ ဒီကိစ္စဟာ ခြိမ်းခြောက်နိုင်လောက်တဲ့ အနေအထားမှာ ရှိမနေပါဘူး” ဟု သူကဆိုသည်။ “ အခြေအနေကို ထိမ်းသိန်းထားနိုင်တယ်” ဟု သူက ဆက်ပြောခဲ့သည်။ သူက ထပ်လောင်းပြီး မြန်မာနိုင်ငံက ရွှေ့ပြောင်းလာတဲ့ အလုပ်သမားတိုင်းဟာ စစ်အစိုးရကို ဆန့်ကျင်နေသူတွေလို့ ကြိုတင်မသတ်မှတ်မိဖို့လိုတယ်” ဟု သူက သတိပေးခဲ့သည်။ ထိုကဲ့သို့ သတ်မှတ်လိုက်ပါက “ သူတို့ကို ကြိုတင်ပြီး အရေးယူဆက်ဆံတာမျိုး ဖြစ်သွားနိုင်တယ်” ဟု သူကဆိုသည်။ ထိုင်းအစိုးရတွင် ထိုအုပ်စုများအတွက် လိုအပ်ပါက လုပ်ဆောင်နိုင်မည့် သတ်သတ်မှတ်မှတ် လုပ်ဆောင်မည့်ယန္တရားရှိသည်ဟု သူကဆိုသည်။

ဆက်စပ်သတင်းအရ ကရင်နီအမျိုးသားကာကွယ်ရေးတပ် KNDF က မနေ့က ဗီဒီယိုကလစ်တခုကို ထုတ်ပြန်ခဲ့သည်။ နေအိမ်အတော်များများ မီးလောင်ကျွမ်းနေပုံဖြစ်သည်။ KNDF၏ ပြောကြားချက်အရ မြန်မာစစ်တပ်မှ ကာယားပြည်နယ် လွယ်ကော်မြို့ကို လေကြောင်း တိုက်ခိုက်မှုကြောင့်ဖြစ်ကြောင်း ဆိုသည်။ ကယားပြည်နယ်ကို ကရင်နီပြည်နယ်ဟုလည်း ခေါ်သည်။ တိုက်ပွဲသည် မနေ့က အထိဖြစ်နေပြီး KNDF ဖက်မှ တပ်ဖွဲ့ဝင်များနှင့် စစ်အစိုးရဖက်မှ ပြည်သူ့စစ်များ တိုက်နေကြခြင်းဖြစ်ကြောင်း KNDF က ဆိုသည်။

ထိုင်းကာကွယ်ရေးဝန်ကြီး ဆူတင်ကလန်ဆန်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

လောင်းလုံးမြိုနယ်ထဲ ဇာတ်သဘင်တွေ လုံးဝမကျင်းပဖို မြိုနယ်ပအဖ ထုတ်ပြန်

  • 2026 ခုနှစ်၊ မေလ 16 ရက်
  • 42 Views
မေလ (၁၆)ရက်။ လောင်းလုံးမြိုနယ်ထဲ ဇာတ်သဘင်တွေ မကျင်းပဖို မြိုနယ်ပအဖက မနေ့ကရက်စွဲနဲ့ သတိပေးထုတ်ပြန်ထားတယ်လို သိရပါတယ်။ လောင်းလုံးနယ်ထဲ နယ်မြေတည်ငြိမ်အေးချမ်းဖို၊ ပြည်သူရဲ့
မြန်မာသတင်း

AA ရဲ့ ထိုးစစ်အောက်စ အမတ(၃၄၄)ကို စစ်ကောင်စီ လက်လွှတ်ရဖိုအခြေအနေရောက်နေ

  • 2026 ခုနှစ်၊ မေလ 16 ရက်
  • 43 Views
မေလ (၁၆)ရက်။ တော်လှန်ရေးပူးပေါင်းတပ်တွေရဲ့ ထိုးစစ်အောက်မှာ ရေကြည်အခြေစိုက် အမတ(၃၄၄)တပ်ရင်းကို စစ်ကောင်စီ လက်လွှတ်ရမယ့်အခြေအနေ ရောက်ရှိနေပြီလို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ မေလ
မြန်မာသတင်း

CDF-Hakha ရဲ့ ဦးဆောင်သူတွေ စကားများရာက သေနတ်နဲ့ပစ်ခတ်ခံရပြီး ဒုဥက္ကဋ္ဌဟောင်း ကျဆုံးခဲ့

  • 2026 ခုနှစ်၊ မေလ 16 ရက်
  • 44 Views
မေလ (၁၆)ရက်။ မနေ့က CDF-Hakha ရဲ့ ဒုဥက္ကဋ္ဌဟောင်းနဲ့ အထွေထွေအတွင်းရေးမှူးတို စကားများရာကနေ သေနတ်နဲ့ ပစ်ခတ်တာတွေ ဖြစ်ပွားခဲ့တယ်လို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “ စဖြစ်တာက CDF-Hakha ဌာနချုပ် ပြောင်းရွှေ့ဖိုဆိုပြီး လုပ်ရာကနေ စကားများကြတာလိုကြားတယ်။
မြန်မာသတင်း

ညောင်ဦး-ငါ့သရောက်လမ်းပိုင်းတိုက်ပွဲထဲ စစ်ကောင်စီတပ်ဖွဲဝင် (၄)ဦး သေဆုံး

  • 2026 ခုနှစ်၊ မေလ 16 ရက်
  • 44 Views
မေလ (၁၆)ရက်။ မေလ (၁၃)ရက်နေ့က ညောင်ဦး-ငါ့သရောက်လမ်းပိုင်းမှာ အင်အား (၁၂၀)ခန့်ပါတဲ့ စစ်တပ်စစ်ကြောင်းနဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို Earthquake-PDF ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ညောင်ဦးကနေ အင်အား (၁၂၀)လောက်နဲ့ စစ်ကြောင်းထိုးဝင်လာတာ။ အဲ့ဒီစစ်ကြောင်းနဲ့
မြန်မာသတင်း

ယောနယ်ထဲ ထိုးလာတဲ့ စစ်တပ်စစ်ကြောင်းကို ရွပ်ရွပ်ချွံချွံ တိုက်ပွဲဝင်သွားမယ်လို့ YDF ထုတ်ပြန်

  • 2026 ခုနှစ်၊ မေလ 16 ရက်
  • 39 Views
မေလ (၁၆)ရက်။ အခုအခါ ယောနယ်ထဲ ထိုးလာတဲ့ စစ်တပ်စစ်ကြောင်းကို ရွပ်ရွပ်ချွံချွံ တိုက်ပွဲဝင်သွားမယ်လို့ YDF စစ်ဦးစီးမှူးက (၅)နှစ်ပြည့် အထိမ်းအမှတ်မှာ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ အခု ‌ယောနယ်ကို စစ်တပ်က အင်အားထောင်နဲ့ချီ စစ်ကြောင်းထိုးနေကာ ယောဒေသ၊
မြန်မာသတင်း

ကလေးထောင်မှာ နိုင်ငံရေးအကျဉ်းသားတွေ အစာငတ်ခံ ဆန္ဒပြ

  • 2026 ခုနှစ်၊ မေလ 15 ရက်
  • 35 Views
မေလ (၁၅)ရက်။ မေလ (၂)ရက်နေ့က ကလေးထောင်မှာ နိုင်ငံရေးအကျဉ်းသား (၂၀၀)ခန့် တနေ့လုံး ငြိမ်သက်စွာ ‌အစာငတ်ခံ ဆန္ဒပြခဲ့ကြတယ်လို့ PPNM ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အကျဉ်းထောင်ထဲ နိုင်ငံရေးအကျဉ်းသားတွေဟာ “ ပြည်သူ့ထမင်းစစ်စစ်
မြန်မာသတင်း

စစ်မှုထမ်း အကျုံးဝင်သူတွေကို မှတ်ပုံတင်ပြီး အလှည့်ကျစနစ်နဲ့ ဆင့်ခေါ်ဖို့ စစ်ကော်မရှင်စီစဉ်

  • 2026 ခုနှစ်၊ မေလ 15 ရက်
  • 36 Views
မေလ (၁၅)ရက်။ စစ်မှုထမ်းဖို့ အကျုံးဝင်သူတွေစာရင်းကို မှတ်ပုံတင်ထားဖို့ စစ်ကော်မရှင်ရဲ့ ကာကွယ်ရေးဝန်ကြီး ထွန်းအောင်က မနေ့က အစည်းအဝေးမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ နေပြည်တော်အပါအဝင် တိုင်းနဲ့ ပြည်နယ်တွေမှာ နယ်မြေထဲ အကျုံးဝင်သူအင်အားစာရင်းကို သက်ဆိုင်ရာလဝကနဲ့ ပေါင်းစပ်ကာ စာရင်းပြုစု
မြန်မာသတင်း

ဧရာဝတီတိုင်းထဲ တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်ဘက်က အကျအဆုံးများနေ

  • 2026 ခုနှစ်၊ မေလ 15 ရက်
  • 36 Views
မေလ (၁၅)ရက်။ ဧရာဝတီတိုင်းရှိ သာပေါင်း၊ လေးမျက်နှာနဲ့ ရေကြည်မြို့တို့မှာ စစ်တပ်နဲ့ AA အပါအဝင် တော်လှန်ရေးပူးပေါင်းတပ်တို့ တိုက်ပွဲပြင်းထန်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “ သာပေါင်း၊ လေးမျက်နှာ၊ ရေကြည်ဘက်မှာ တိုက်ပွဲတွေ ပြင်းထန်နေတာ။ အဲ့ဒီတိုက်ပွဲတွေမှာ