နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 23 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန် အာရှ

ဘေဂျင်းမှာ ရုရှားကို တရုတ်က အားပေးကူညီနေမှုနဲ့ ပတ်သက်ပြီး ဘလင်ကန်က တရုတ်နဲ့ ထိပ်တိုက်တွေ့

ဧပြီလ (၂၇) ရက်။

ကမ္ဘာ့စီးပွားရေးအင်အားကြီးနိုင်ငံတွေကြား မကြာသေးမီက ဆက်ဆံရေးတိုးတက်မှုကို ခြိမ်းခြောက်နေတဲ့ ပြဿနာများစွာထဲက တစ်ခုဖြစ်တဲ့ ရုရှားစစ်တပ်အတွက် တရုတ်နိုင်ငံရဲ့ ပံ့ပိုးကူညီမှုနဲ့ ပတ်သက်ပြီး စိုးရိမ်ပူပန်မှုတွေကို သောကြာနေ့က ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

ဘလင်ကန်ဟာ ဘေဂျင်းမှာ တရုတ်နိုင်ငံရဲ့ ထိပ်တန်းသံတမန် နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီနဲ့ ငါးနာရီခွဲကြာ ဆွေးနွေးမှုအတွင်း ထုတ်ဖော်ပြောဆိုလိုက်တာပါ။

“ ယူကရိန်းအပေါ် ရုရှားရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ကျူးကျော်စစ်ကို အားကောင်းစေတဲ့ အစိတ်အပိုင်းတွေကို တရုတ်ပြည်သူ့သမ္မတနိုင်ငံက ပံ့ပိုးပေးနေတာနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ လေးလေးနက်နက် စိုးရိမ်ပူပန်မိပါတယ်” လို့ ခရီးစဉ်အပြီး သောကြာနေ့က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲတွင် ဘလင်ကန်က တရုတ်နိုင်ငံရဲ့ တရားဝင်အမည်ဖြစ်တဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံကလို့ အသုံးပြုခဲ့ပါတယ်။

တရုတ်ဟာ ခဲယမ်းနဲ့ ဒုံးတွေ ပြုလုပ်ရာမှာ အရေးပါတဲ့ စက်ကိရိယာတွေ၊ မိုက်ခရိုအီလက်ထရွန်းနစ်၊ နိုက်ထရိုဆဲလ်လူလိုစ့်နဲ့ ကာကွယ်ရေးစက်မှုအခြေစိုက်စခန်းကို မြှင့်တင်ရန်အတွက် မော်စကိုက အသုံးပြုနေတဲ့ ပစ္စည်းတွေကို ထိပ်တန်းထောက်ပံ့နေသူ ဖြစ်ပါတယ်။

ဘေဂျင်း-မော်စကို ဆက်ဆံရေး နီးကပ်လာမှုကို အလေးပေးရင်း ရုရှားကာကွယ်ရေးဝန်ကြီး ဆာဂေးရှိုင်ဂူဟာ တရုတ်ကာကွယ်ရေးဝန်ကြီး တုံကျွင်းနဲ့ သောကြာနေ့မှာ တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံဟာ “ ကာကွယ်ရေးကဏ္ဍမှာ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး” ကို ခိုင်မာစေရန် လုပ်ဆောင်နေတယ်လို့ ပြောကြားခဲ့ပါတယ်။

ကာဇက်စတန်ရှိ ဒေသတွင်းလုံခြုံရေးအစည်းအဝေးမှာ ရုရှားနဲ့ အာရှရှိ မဟာမိတ်တွေက ပူးတွဲစစ်ရေးလေ့ကျင့်မှုကို တိုးချဲ့သင့်ပြီး ရုရှားရဲ့ အနီးအနား မတည်မငြိမ်ဖြစ်စေရန် အမေရိကန်၏ ကြိုးပမ်းအားထုတ်မှုတွေကို တန်ပြန်သင့်တယ်လို့ ဆာဂေးရှိုင်ဂူက ပြောကြားခဲ့ပါတယ်။

မော်စကိုနဲ့ တရုတ်တို့ ပူးပေါင်းဆောင်ရွက်မှုမှာ ကန့်သတ်ချက် မရှိပေမယ့် တရုတ်နိုင်ငံဟာ ယူကရိန်းကို ကျူးကျော်တိုက်ခိုက်နေတဲ့ ရုရှားအတွက် လက်နက်တွေ ထောက်ပံ့ပေတာမရှိဘူးလို့ ရှင်းရှင်းလင်းလင်း ပြောထားပြီးသား ဖြစ်ပေမယ့် ဘလင်ကန်က တရုတ်ရဲ့ နှစ်ထပ်ကွမ်းသုံးကုန်ပစ္စည်းတွေ ထောက်ပံ့မှုဟာ ယူကရိန်းပေါ်မှာ ရုပ်ပိုင်းဆိုင်ရာ သက်ရောက်မှုရှိပြီး ယူကရိန်းကို ခြိမ်းခြောက်နေတယ်လို့ ဘလင်ကန်က ပြောကြားခဲ့ပါတယ်။

ရုရှားအပေါ် တရုတ်ရဲ့ထောက်ခံမှုအပေါ် ဝါရှင်တန်က ပိတ်ဆို့မှုတွေ ချမှတ်မှာလားဆိုတဲ့ မေးခွန်းကို ဘလင်ကန်က ဖြေကြားခဲ့ခြင်း မရှိပါဘူး။

၂၀၂၂ ခုနှစ်မှာ အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပလိုစီရဲ့ ထိုင်ဝမ်ခရီးစဉ်နဲ့ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလတွင် တရုတ်ထောက်လှမ်းရေးမီးပုံးပျံကို အမေရိကန်က ပစ်ချပြီးနောက် ဆက်ဆံရေး တည်ငြိမ်သွားသည့်တိုင် အဲ့ဒီ ရုရှားကို အကူအညီပေးနေတာဟာ ပိုမိုကျယ်ပြန့်တဲ့ နှစ်နိုင်ငံဆက်ဆံရေးကို ထိခိုက်နိုင်တယ်လို့ အမေရိကန်တာဝန်ရှိသူတွေက ပြောကြားခဲ့ပါတယ်။

တရုတ်နိုင်ငံဟာ ဘယ်နိုင်ငံကိုမှ လက်နက်တွေ ပေးအပ်ထားတာလို့ မရှိဘူးလို့ ပြောကြားထားပြီး တရုတ်နိုင်ငံက ယူကရိန်းအကျပ်အတည်းတွင် ပါဝင်ပတ်သက်နေတဲ့ ထုတ်လုပ်သူ ဒါမှမဟုတ် ပံ့ပိုးမပေးခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။ ဒါပေမယ့် တရုတ်နဲ့ ရုရှားကြား ပုံမှန်ကုန်သွယ်မှုကို အနှောင့်အယှက် ဒါမှမဟုတ် ကန့်သတ်မထားသင့်ဘူးလို့ သူက ပြောခဲ့ပါတယ်။

ဘလင်ကန်ရဲ့ခရီးစဉ်ဟာ ထိုင်ဝမ်နဲ့ တောင်တရုတ်ပင်လယ်အရေးဆိုင်ရာ စျေးပေါတဲ့ တရုတ်ပို့ကုန်တွေနဲ့ တင်းမာမှုတွေအကြောင်း အမေရိကန်ရဲ့ တိုင်ကြားမှုတွေ အပါအဝင် အခြား အငြင်းပွားဖွယ်ရာ ကိစ္စရပ်တွေမှာ တိုးတက်မှု အနည်းငယ်သာ ရှိခဲ့ပါတယ်။

ဝမ်ယီနဲ့ တွေ့ဆုံဆွေးနွေးခဲ့တာအပြင် ဘလင်ကန်ဟာ တရုတ်သမ္မတရှီနဲ့ တွေ့ဆုံခဲ့ရာမှာ ရှီက အမေရိကန်ဟာ တရုတ်ရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို နှိမ်နှင်းနေတယ်ဆိုပြီး ပေကျင်းရဲ့ စိုးရိမ်မှုတွေကို ထပ်လောင်းပြောကြားခဲ့ပါတယ်။

“ဒါဟာ တရုတ်-အမေရိကန် ဆက်ဆံရေး အမှန်တကယ် တည်ငြိမ်တိုးတက်ပြီး ရှေ့ကို ဆက်သွားနိုင်ဖို့ ရှပ်အင်္ကျီရဲ့ ပထမဆုံးကြယ်သီးလိုပဲ ကိုင်တွယ်ဖြေရှင်းရမယ့် အခြေခံပြဿနာပါပဲ” လို့ ရှီက ပြောကြားခဲ့ပါတယ်။

တရုတ်နိုင်ငံရဲ့ စီးပွားရေး၊ ကုန်သွယ်ရေး၊ သိပ္ပံနဲ့ နည်းပညာတို့ကို ထိန်းချုပ်ဖို့အတွက် အမေရိကန်ဟာ အဆုံးမရှိတဲ့ အစီအမံတွေကို လုပ်ဆောင်ခဲ့တယ်လို့ ဝမ်ယီက ပြောကြားခဲ့ပါတယ်။

“ ပြီးတော့ ဆက်ဆံရေးဟာ အနှောင့်အယှက် အမျိုးမျိုးကို ရင်ဆိုင်နေရပါတယ်။ တရုတ်နိုင်ငံရဲ့ တရားဝင် ဖွံ့ဖြိုးတိုးတက်ရေး အခွင့်အရေးတွေကို ကျိုးကြောင်းဆီလျော်စွာ ချိုးနှိမ်ထားပြီး ကျွန်ုပ်တို့ရဲ့ အဓိက အကျိုးစီးပွားတွေက စိန်ခေါ်မှုတွေကို ရင်ဆိုင်နေရပါတယ်” လို့ ဝမ်ယီက ဘလင်ကန်ကို ပြောကြားခဲ့ပါတယ်။

ဆန်ဖရန်စစ္စကိုမှာ ဘလင်ကန်နဲ့ ရှီတို့ရဲ့ နိုဝင်ဘာလမှာ ပြုလုပ်မယ့် ထိပ်သီးဆွေးနွေးပွဲနဲ့ ဧပြီလမှာ နောက်ဆက်တွဲခေါ်ဆိုမှု ပြုလုပ်မယ့် ဆွေးနွေးပွဲအတွက် အစီအစဉ်ကို သတ်မှတ်ခဲ့တယ်လို့ သိပါတယ်။

ထိုင်ဝမ်အတွက် ကာကွယ်ရေးအကူအညီ

*************************************

ဘလင်ကန်ဟာ တရုတ်နိုင်ငံကို ဗုဒ္ဓဟူးနေ့မှာ မဆင်းသက်မီ နာရီပိုင်းအလိုမှာ သမ္မတဘိုင်ဒင်ဟာ တရုတ်ရဲ့ စစ်ရေးအင်အားကို တန်ပြန်ဖို့ ဒေါ်လာ ၈ ဘီလီယံ၊ ထိုင်ဝမ်အတွက် ကာကွယ်ရေးအကူအညီနဲ့ ယူကရိန်းအတွက် ဒေါ်လာ ၆၁ ဘီလီယံတို့ ပါဝင်တဲ့ ဥပဒေကြမ်းကို လက်မှတ်ရေးထိုးခဲ့ပါတယ်။

အချုပ်အခြာအာဏာ၊ လုံခြုံရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး အကျိုးစီးပွားတွေ လွှမ်းခြုံထားတဲ့ အချုပ်အခြာအာဏာ၊ လုံခြုံရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး အကျိုးစီးပွားတွေကို လွှမ်းခြုံထားတဲ့ အနီရောင်မျဉ်းပေါ်မှာ အမေရိကန်က မလျှောက်ဖို့ ဝမ်က ပြောကြားခဲ့ပါတယ်။

အခြားဆွေးနွေးနေတဲ့ ကိစ္စရပ်တွေမှာ ဉာဏ်ရည်တုနှင့် fentanyl ထုတ်လုပ်ဖို့ အသုံးပြုတဲ့ ဓာတုပစ္စည်းတွေ တရုတ်နိုင်ငံရဲ့ ထောက်ပံ့မှုကို ရပ်တန့်ရေးအတွက် အမေရိကန်ရဲ့ တွန်းအားပေးမှုတွေ ပါဝင်တယ်လို့ သိရပါတယ်။

ဘလင်ကန်ဟာ တရုတ်နိုင်ငံနဲ့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်မှုကို အဓိကထား လုပ်ဆောင်နေတဲ့ အမေရိကန် အကြီးတန်း အရာရှိတွေနဲ့အတူ တရုတ်ပြည်သူ့ လုံခြုံရေးဝန်ကြီး ဝမ်ရှားဟုန် (Wang Xiaohong) နဲ့ ဖန်တာနိုင်း (fentanyl) ပြဿနာကို ဆွေးနွေးရန် တွေ့ဆုံခဲ့ပါတယ်။

ဘလင်ကန်က အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီး တရုတ်နိုင်ငံဟာ တိုးတက်မှုအချို့ရှိတယ်လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

ဉာဏ်ရည်တုဆိုင်ရာ ပထမဆုံးဆွေးနွေးပွဲကို လာမည့်သီတင်းပတ်များအတွင်း နှစ်နိုင်ငံအကြား ကျင်းပရန်လည်း သဘောတူညီခဲ့တယ်လို့ သူက ပြောဆိုခဲ့ပါတယ်။

Source: ရိုက်တာ/အေပီ/ဆင်ဟွာ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ဗြိတိန် အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲကို ဆန့်ကျင်ရန် ကမ္ဘာတစ်ဝှမ်းရှိ လူထုများ ဆန္ဒပြကြ

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 13 Views
အစ္စရေး – တဲလ်အဗစ်မြို့တွင် ဆန္ဒပြသူအချို့သည် ၎င်းတို့၏ လက်ဖဝါးများကို အနီရောင် ဆိုးထားကြပြီး အချို့ကမူ ဆိုင်းဘုတ်များကို ကိုင်ဆောင်ထားကြသည်။ ဆိုင်းဘုတ်ကြီးတစ်ခုတွင်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန် သုံးပုံနှစ်ပုံက အီရန်နှင့်စစ်ပွဲကို “ ရွေးချယ်မှုအရတိုက်ခိုက်သောစစ်ပွဲ” ဟု CBS News ၏ စစ်တမ်းအသစ်တွင် ဖော်ပြ

  • 2026 ခုနှစ်၊ မတ်လ 22 ရက်
  • 16 Views
၂၀၂၆ခုနှစ်၊ မတ်လ ၂၂ရက် CNN- ဂျနီဖာ အာဂီယက်စတာ (Jennifer Agiesta) ရေးသားသည်။ CBS News နှင့် YouGov တို့၏ စစ်တမ်းအသစ်အရ အမေရိကန်နိုင်ငံသား သုံးပုံနှစ်ပုံက အီရန်နှင့်စစ်ပွဲကို လိုအပ်ချက်အရတိုက်ခိုက်ခြင်းထက် မိမိတို့ရွေးချယ်မှုအရ
တရုတ် နိုင်ငံတကာသတင်း အမေရိကန်

ရှီ-ထရန့် ထိပ်သီးအစည်းအဝေး ကြန့်ကြာမှုကြောင့် တရုတ်နိုင်ငံက ဘာကြောင့် ပိုမို အသာစီး ရလာနိုင်သလဲ။  ဆဲလ်ဗီ ဇောင်း (Sylvie Zhuang) ၏ သုံးသပ်ချက်

  • 2026 ခုနှစ်၊ မတ်လ 21 ရက်
  • 26 Views
CNN- ၂၀၂၆ခုနှစ်၊ မတ်လ(၂၁)ရက် ဟောင်ကောင် — အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က တရုတ်ခေါင်းဆောင် ရှီကျင့်ဖျင်နှင့် ပြုလုပ်မည့် အရေးပါသော ထိပ်သီးအစည်းအဝေးကို ရွှေ့ဆိုင်းရန် တောင်းဆိုလိုက်ခြင်းသည် ပေကျင်းအတွက် အကျိုးရှိသွားစေနိုင်ကြောင်း အဆိုပါကိစ္စနှင့် နီးစပ်သည့် တရုတ်သတင်း ရင်းမြစ်အချို့က
ကနေဒါ နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ရုရှား၊ တရုတ်နှင့် အမေရိကန် – အီရန်စစ်ပွဲ၏ ကမ္ဘာ့အကျိုးအမြတ်ရရှိသူများနှင့် အရှုံးပေါ်သူများ

  • 2026 ခုနှစ်၊ မတ်လ 20 ရက်
  • 28 Views
BBC- ၂၀၂၆ ခုနှစ်၊ မတ်လ ၂၀ ရက် အရှေ့အလယ်ပိုင်းရှိ ရေနံထုတ်လုပ်သည့် နိုင်ငံများသည် ပဋိပက္ခကြောင့် ဟော်မုဇ် ရေလက်ကြား ပိတ်ဆို့မှုနှင့်အတူ ကြီးမားသော စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရသည်။ ယော့ခ်ရှိုင်းယား (Yorkshire) ရှိ နေအိမ်များအတွက်
နိုင်ငံတကာသတင်း အမေရိကန်

လွှတ်တော်ကြီးကြပ်ရေးကော်မတီ ဥက္ကဋ္ဌက အက်ပ်စတိန်း (Epstein) စုံစမ်းစစ်ဆေးမှု အတွက် ရှေ့နေချုပ် ပမ် ဘွန်ဒီ (Pam Bondi) ကို ဆင့်ခေါ်

  • 2026 ခုနှစ်၊ မတ်လ 20 ရက်
  • 25 Views
CNN- ၂၀၂၆ ခုနှစ်၊ မတ်လ ၂၀ ရက် လွှတ်တော်ကြီးကြပ်ရေးကော်မတီ (House Oversight Committee) ဥက္ကဋ္ဌ ဂျိမ်းစ် ကိုးမား (James Comer) သည် ဂျက်ဖရီ အက်ပ်စတိန်း (Jeffrey Epstein)
နိုင်ငံတကာသတင်း အမေရိကန်

တရားသူကြီးများအပေါ် ရန်လိုတိုက်ခိုက်မှုများ ‘ရပ်တန့်ရန် လိုအပ်ပြီ’ ဟု တရားသူကြီးချုပ် ဂျွန်ရောဘတ်စ် ပြောကြား

  • 2026 ခုနှစ်၊ မတ်လ 20 ရက်
  • 23 Views
CNN- ၂၀၂၆ ခုနှစ်၊ မတ်လ ၂၀ ရက် တရားစီရင်ရေးကဏ္ဍအပေါ် ပုဂ္ဂိုလ်ရေးအရ တိုက်ခိုက်မှုများ မပြုလုပ်ရန် တရားသူကြီးချုပ် ဂျွန်ရောဘတ်စ် (John Roberts) က သတိပေးလိုက်ပြီး၊ တရားရုံး၏ ဆုံးဖြတ်ချက်များအပေါ် ဝေဖန်ခြင်းမှာ သင့်လျော်သော်လည်း
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ထရန့်အစိုးရ၏ လုပ်ရပ်များကြောင့် အစ္စရေး၏ ကျဆင်းနေပြီးသား ပုံရိပ်ကို မည်သို့ ထိခိုက်စေနိုင်သနည်း

  • 2026 ခုနှစ်၊ မတ်လ 20 ရက်
  • 26 Views
CNN- ၂၀၂၆ခုနှစ်၊ မတ်လ ၂၀ရက် သမ္မတ ဒေါ်နယ်ထရန့်သည် အမေရိကန်နှင့် အစ္စရေး ဆက်ဆံရေးအတွက် မကောင်းသော အချိန်အခါမျိုးတွင် အစ္စရေးနှင့် ပူးပေါင်းကာ အီရန်စစ်ပွဲကို စတင်ခဲ့သည်။ ပထမဆုံး တိုက်ခိုက်မှုများ မပြုလုပ်မီ တစ်ရက်အလိုတွင် Gallup