နောက်ဆုံးတင်ဆက်ထားသည်မှာ 2024 ခုနှစ်၊ ဇူလိုင်လ 12 ရက်

မြန်မာ့နိုင်ငံရေး

မြန်မာ့နိုင်ငံရေး

ရန်ကုန်မှာ ညပိုင်းမီးပျက်တဲ့အချိန် စစ်ကောင်စီက မြို့နယ်အချို့ထဲ ဧည့်စာရင်းစစ်ရှာဖွေတာတွေပြုလုပ်ခဲ့

ဇွန်လ (၂၇)ရက်။

မနေ့က ည (၇)နာရီခွဲအချိန်မှာ ရန်ကုန်တိုင်းထဲ မီးပြတ်တောက်တဲ့အချိန် စစ်ကောင်စီဘက်က မြို့နယ်အချို့မှာ ဧည့်စာရင်းစစ်ပြီး ရှာဖွေတာတွေပြုလုပ်ခဲ့တယ်လို့ မြို့နေပြည်သူတွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။

“ ညက ရန်ကုန်တိုင်းတခုလုံး မီးပြတ်သွားတာ၊ ဘာလို့ပြတ်လဲဆိုတာတော့မသိဘူး၊ အဲ့ဒီမီးပြတ်တဲ့အချိန် စကစတွေက ဧည့်စာရင်းစစ်တာတွေနဲ့ စာရွက်ကိုင်ပြီး ရှာတာတွေရှိတယ်” လို့ မရမ်းကုန်းမြို့နေသူတစ်ဦးက ဆိုပါတယ်။

ရန်ကုန်မှာ လျှပ်စစ်မီးပြတ်တောက်သွားခဲ့ပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက မရမ်းကုန်း၊ တောင်ဒဂုံ၊ သာကေတ၊ တောင်ဥက္ကလာနဲ့ ဗဟန်းမြို့ရှိ နေရာအချို့ကို ဧည့်စာရင်းစစ် ရှာဖွေတာတွေရှိခဲ့တယ်လို့ သိရပါတယ်။

“ ည ၈နာရီခွဲလောက်က တောင်ဥက္ကလာ (၉)ရပ်ကွက် ကျော်သူလမ်းထဲ မီးဖြတ်ထားပြီး စကစတွေက ဧည့်စာရင်းဝင်စစ်သွားတယ်၊ ဒီဘက်စစ်ခံရတဲ့အထဲမှာ‌တော့ ဖမ်းဆီးခံရတာမရှိဘူး” လို့ ရပ်ကွက်နေသူတစ်ဦးက ပြောပါတယ်။

မနေ့ညပိုင်းက ရန်ကုန်တိုင်းထဲ လျှပ်စစ်မီးပြတ်တောက်ခဲ့တာကို စစ်ကောင်စီလက်အောက်ခံ YESC ဘက်က System Brakedown ဖြစ်တာလို့ အကြောင်းပြခဲ့ပြီး ည(၁၀)နာရီအချိန်ခန့်မှာတော့ လျှပ်စစ်မီးပြန်ရရှိခဲ့ကြတယ်လို့ သိရပါတယ်။

ဒါ့ပြင် မနေ့က နေ့လယ်(၃)နာရီခွဲခန့်ကလဲ ကျောက်တံတားမြို့နယ်၊ မဟာဗန္ဓုလလမ်းပေါ်ရှိ လမ်း(၄၀)နဲ့ ဆိပ်ကမ်းသာလမ်းကြားမှာ စစ်ကောင်စီလက်ပါးစေတွေဟာ လမ်းသွားလမ်းလာပြည်သူတွေဆီက ဖုန်းတွေအပါအဝင် ကားတွေကို စစ်ဆေးတာတွေ ပြုလုပ်ခဲ့ပါတယ်။

အဲ့ဒီလိုစစ်ဆေးခဲ့တဲ့ဖြစ်စဉ်ထဲ အရပ်သားအမျိုးသားတစ်ဦး ဖမ်းဆီးခံခဲ့ရသလို နေ့လယ်(၂)နာရီခန့်က တာမွေမြို့ရှိ သမ္မာဒိဌိလမ်းကို စစ်ကောင်စီခန့်ရပ်ကွက်အုပ်ချုပ်ရေးမှူးပါတဲ့ အရပ်အိမ်စီးကားနဲ့ရောက်လာပြီး လူငယ်တစ်ဦးကို လက်ထိပ်ခတ် ဖမ်းခေါ်သွားခဲ့တာပါ။

ရန်ကုန်မြို့ အင်းစိမ်လမ်းမပေါ်ရှိ စံရိပ်ငြိမ်မှတ်တိုင်က ဂမုန်းပွင့်ကုန်တိုက်အနီးမှာ လူငယ်တစ်ဦး ဖမ်းဆီးခံရတာအပါအဝင် မနေ့ကတစ်ရက်ထဲ အမျိုးသား (၃)ဦး ဖမ်းဆီးခံခဲ့ရတယ်လို့ မြေပြင်သတင်းတွေရဲ့ ဖော်ပြထားချက်တွေအရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာ့နိုင်ငံရေး

နယ်‌စပ်ဒေသတွေထဲ ကျားဖြန့်တွေဟာ ပုန်းလျှိုးကွယ်လျှိုးလုပ်တာတို့ကြောင့် မသိခဲ့တာလို့ စစ်ကောင်စီပြော

  • 2024 ခုနှစ်၊ ဇူလိုင်လ 10 ရက်
  • 7 Views
ဇူလိုင်လ (၁၀)ရက်။ နယ်စပ်ဒေသတွေထဲ အွန်လိုင်းလိမ်လည်တာတွေဟာ ပုန်းလျှိုးကွယ်လျှိုးလုပ်တာကြောင့် မသိခဲ့တာလို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းရဲ့ ဒီကနေ့မှာ ပြောဆိုထားချက်အရ သိရပါတယ်။ “
မြန်မာ့နိုင်ငံရေး မြန်မာသတင်း

စစ်ရိက္ခာတွေသယ်လာတဲ့ စစ်ကောင်စီတွဲကားတန်း တိုက်ခိုက်ခံရ၊ စစ်ကောင်စီဘက်က (၄)ဦးသေဆုံးပြီး တွဲကား(၃)စီးပျက်စီးခဲ့

  • 2024 ခုနှစ်၊ ဇွန်လ 21 ရက်
  • 27 Views
ဇွန်လ (၂၁)ရက်။ မနေ့က နံနက်(၁၀)နာရီအချိန်မှာ မန္တလေးမြို့ကနေ မုံရွာမြို့ဘက်ကို စစ်အသုံးအဆောင်ရိက္ခာတွေ သယ်ဆောင်လာတဲ့ စစ်ကောင်စီတွဲကားတန်းကို တိုက်ခိုက်ခဲ့တယ်လို့ Aera 71
မြန်မာ့နိုင်ငံရေး

မြန်မာ့နိုင်ငံရေး ဆွေးနွေးခန်း

  • 2024 ခုနှစ်၊ ဇွန်လ 18 ရက်
  • 28 Views
မြန်မာ့နိုင်ငံရေး ဆွေးနွေးခန်း ဒီအပတ် ခေတ်မျက်လုံးရဲ့ဆွေးနွေးခန်းကို ABSDF ဥက္ကဋ္ဌဟောင်း ဦးထွန်းအောင်ကျော်၊ ဘာသာပေါင်းစုံ ကွန်ရက်မှ ဦးထွန်းကြည်နဲ့ မြန်မာ့အရေးလှုပ်ရှားသူ ဦးမျိုးထိုက်တန်သိန်းတို့က စစ်ကောင်စီဥက္ကဋ္ဌမင်းအောင်လှိုင်ပြောကြားခဲ့တဲ့ မိန့်ခွန်းရဲ့ရှေ့နောက်မညီ ပြောကြားချက်တွေကို ရှင်းလင်းစွာထောက်ပြပြီး ဆွေးနွေးထားကြပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံ ဘာကြောင့်
မြန်မာ့နိုင်ငံရေး

မေလထဲ စစ်အုပ်စုရဲ့ လေကြောင်းကြောင့် ပြည်သူ (၅၂)ဦးအထိသေဆုံးခဲ့ရ

  • 2024 ခုနှစ်၊ မေလ 31 ရက်
  • 23 Views
မေလ (၃၁)ရက်။ အခုမေလထဲ အကြမ်းဖက်စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်တာကြောင့် ပြည်သူ (၅၂)ဦးအထိသေဆုံးခဲ့ရတယ်လို့ AAPP ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ နိုင်ငံတဝန်းမှာ အကြမ်းဖက်စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်တာကြောင့် အမျိုသမီး (၂၂)ဦးနဲ့ အမျိုးသား (၃၀)ဦး သေဆုံးခဲ့ရတာဖြစ်တယ်လို့
မြန်မာ့နိုင်ငံရေး

လွိုင်ကော်ထောင်ထဲက အကျဉ်းသားတွေ အာဟာရပြတ်လတ်ပြီး သေဆုံးနိုင်တဲ့အခြေအနေနဲ့ ရင်ဆိုင်နေရ

  • 2024 ခုနှစ်၊ မေလ 20 ရက်
  • 31 Views
မေလ (၂၀)ရက်။ လွိုင်ကော်အကျဉ်းထောင်ထဲက အကျဉ်းသားတွေဟာ အာဟာရပြတ်လတ်ပြီး အချိန်မရွေး သေဆုံးသွားနိုင်တဲ့ အန္တရာယ်နဲ့ ရင်ဆိုင်နေကြရတယ်လို့ PPNM ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ လွိုင်ကော်အကျဉ်းထောင်မှာ မတရားဖမ်းဆီးထိန်းသိမ်းခံထားရသူ နိုင်ငံရေးအကျဉ်းသား၊ အကျဉ်းသူ (၁၁၀)ကျော်အပါအဝင် အကျဉ်းသားစုစုပေါင်း
မြန်မာ့နိုင်ငံရေး

၃နှစ်တာကာလထဲ တနင်္သာရီတိုင်းမှာ အရပ်သားသတ်ဖြတ်ခံရတာ (၅၀၀)ကျော်ရှိခဲ့

  • 2024 ခုနှစ်၊ မေလ 17 ရက်
  • 28 Views
မေလ (၁၇)ရက်။ ၂၀၂၂ခုနှစ် ဧပြီလကစပြီး ၂၀၂၄ခုနှစ် ဧပြီလအထိ တနင်္သာရီတိုင်းမှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးအဖွဲ့တွေရဲ့ သတ်ဖြတ်တာကြောင့် သေဆုံးခဲ့ရတဲ့ အရပ်သား (၅၅၄)ဦးရှိတယ်လို့ FE5 Tanintharyi ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒီလိုသတ်ဖြတ်ခံရသူတွေထဲ
မြန်မာ့နိုင်ငံရေး

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ဥက္ကဋ္ဌ ခူဦးရယ်နဲ့ KNU ဥက္ကဋ္ဌမှာ ပဒိုစောကွယ်ထူဝင်းတို့ ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနကို လာရောက်တွေ့ဆုံ

  • 2024 ခုနှစ်၊ မေလ 15 ရက်
  • 39 Views
မေလ (၁၅) ရက်။ မေလ ၁၄ ရက်နေ့ မနက် ၁၀း၀၅ မိနစ်မှ မိနစ် ၂၀ ခန့် မြန်မာနိုင်ငံက တိုင်းရင်းသားလူနည်းစုအဖွဲ့အစည်းကိုယ်စားလှယ်တွေဆီက ဂါရဝပြုတဲ့ ခရီးစဉ်အား နိူင်ငံခြားရေးဝန်ကြီးဌာန လွှတ်တော်ဒုတိယဝန်ကြီး မာဆာဟီရို ကိုမိုရာ
မြန်မာ့နိုင်ငံရေး

နောင်ချိုတိုက်ပွဲမှာ စစ်ကောင်စီက ဓါတုအဆိပ်သင့်ဗုံးတွေအသုံးပြုခဲ့

  • 2024 ခုနှစ်၊ မေလ 9 ရက်
  • 29 Views
နောင်ချိုတိုက်ပွဲမှာ စစ်ကောင်စီက ဓါတုအဆိပ်သင့်ဗုံးတွေနဲ့ လေကြောင်းကနေ တိုက်ခိုက်ခဲ့ မေလ (၉)ရက်။ မနေ့က နေ့လယ် (၃)နာရီခွဲအချိန်မှာ နောင်ချိုမြို့၊ သရက်ကုန်းရွာအနီးက တိုက်ပွဲဖြစ်ပွားတဲ့နေရာကို စစ်ကောင်စီက ဓါတုအဆိပ်သင့်ဗုံးတွေ လေကြောင်းကနေ ကြဲချတိုက်ခိုက်ခဲ့တယ်လို့ MDY-PDF ရဲ့ မနေ့က