နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဇွန်လ 30 ရက်

မြန်မာသတင်း

မြန်မာသတင်း

မကြာမီ ဖွဲ့စည်းပုံအခြေခံဥပဒေ(တတိယမူကြမ်း)ကို မိတ်ဖက်အင်အားစုတွေရဲ့ သဘောထားတွေကို စုစည်းပြီး ညှိနှိုင်းပေါင်းစပ်သွားမယ်လို့ NLD ထုတ်ပြန်

စက်တင်ဘာလ (၂၇)ရက်။

မကြာမီအချိန်မှာ ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ(တတိယမူကြမ်း)ကို မိတ်ဖက်အင်အားစုတွေရဲ့ အမြင်သဘောထားတွေကို စုစည်းပြီး ညှိနှိုင်းပေါင်းစပ်သွားမယ်လို့ NLD ရဲ့ ဒီကနေ့ ပါတီတည်ထောင်တာ (၃၆)နှစ်ပြည့်မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

NLD အနေနဲ့ ၂၀၂၀ပြည့်နှစ် ရွေးကောက်ပွဲကြေညာစာတမ်းပါ စစ်မှန်တဲ့ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု ဖြစ်ထွန်းစေမယ့် ဖွဲ့စည်းပုံအခြေခံဥပဒေပေါ်ပေါက်ဖို့ကို တစိုက်မတ်မတ် ကြိုးပမ်းဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

အခုအခါ အခြားအင်အားစုတွေအနေနဲ့လဲ အသွင်ကူးပြောင်းရေးကာလ ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းတွေ ပြင်ဆင်ထားတာကို သိရပြီး NLD ရေးဆွဲထားတဲ့ တတိယမူကြမ်းကို ရည်မှန်းချက်တူ မိတ်ဖက်အင်အားစုတွေနဲ့ ‌ညှိနှိုင်းပေါင်းစပ်သွားမယ်လို့ ဖော်ပြထားပါတယ်။ 

ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင်ဖို့ ဒေသခံနိုင်ငံရေးအင်အားစုတွေနဲ့ လက်တွဲပြီး ကြားကာလအစီအမံတွေကို ရေးဆွဲအကောင်အထည်ဖော်နိုင်ဖို့အတွက် ကြိုးပမ်းနေတယ်လို့ ရေးသားထားပါတယ်။

ဒါ့အပြင် တိုင်းရင်းသားခုခံတော်လှန်ရေးအဖွဲ့တွေနဲ့ ပြည်နယ်/လူမျိုး ကိုယ်စားပြုကောင်စီတွေရဲ့ အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ဖို့အတွက် သဘောထားထုတ်ပြန်ချက်ကို ကြိုဆိုတယ်လို့ NLD ပါတီက ပြောဆိုထားပါတယ်။

နိုင်ငံရေးနည်းလမ်းနဲ့ ငြိမ်းချမ်းစွာအဖြေရှာဖို့ အာဆီယံအပါအ၀င် အိမ်နီးချင်းနိုင်ငံတွေရဲ့ သံတမန်ရေးနည်းလမ်းနဲ့ ကြိုးပမ်းတာတွေကို ကျေးဇူးတင်အစိအမှတ်ပြုထားသလို စစ်ကောင်စီကို မျက်နှာသာပေး ချဉ်းကပ်အဖြေရှာ‌တာက အထောက်အကူမဖြစ်ဘူးလို့ ထုတ်ပြန်ထားပါတယ်။

နောက်ပြီး တရုတ်သံရုံးရဲ့ မြန်မာပြည်သူတရပ်လုံးကို မျက်နှာမူတယ်လို့ ထုတ်ပြန်ချက်ကို ကြိုဆိုကာ မြန်မာ‌အရေး ဒေါ်အောင်ဆန်းစုကြည်မပါဘဲ မပြေလည်နိုင်တာကြောင့် ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် နိုင်ငံရေးအကျဉ်းသားတွေကို အမြန်ဆုံးပြန်လွှတ်ပေးဖို့ကိုလဲ တောင်းဆိုထားပါတယ်။

NLD ပါတီအနေနဲ့ စစ်ကောင်စီက ပြည်တွင်းနဲ့ နိုင်ငံတကာကို လှည့်စားဖို့ ကြံစည်နေတဲ့ အတုအယောင်‌ရွေးကောက်ပွဲကို အသိအမှတ်မပြု၊ ပူးပေါင်းမှာမဟုတ်ဘူးလို့ ထည့်သွင်းပြောဆိုထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ကျောက်မဲမြို့ကို စစ်ကောင်စီတပ်က တရက်ထဲ ဗုံး (၈)လုံး ကြဲချတိုက်ခိုက်

  • 2025 ခုနှစ်၊ ဇွန်လ 30 ရက်
  • 14 Views
ဇွန်လ (၃၀)ရက်။ မနေ့က ကျောက်မဲမြို့ရှိ ရပ်ကွက်တွေကို စစ်ကောင်စီက လေကြောင်းကနေ ပေါင် (၂၅၀)ဗုံးအပါအဝင် စုစုပေါင်း ဗုံး (၈)လုံးအထိ
မြန်မာသတင်း

ကန့်ဘလူမှာ စစ်ကောင်စီစစ်ကြောင်းထိုးတဲ့ (၄)ရက်ထဲ ပြည်သူ (၁၁)ဦးအထိ သတ်ဖြတ်ခံရ

  • 2025 ခုနှစ်၊ ဇွန်လ 30 ရက်
  • 9 Views
ဇွန်လ (၃၀)ရက်။ ဇွန်လ (၂၃)ရက်နေ့ကနေ (၂၆)ရက်နေ့အထိ ကန့်ဘလူမြို့နယ်တောင်ခြမ်းရှိ ကျေးရွာတွေကို စစ်ကောင်စီတပ်နဲ့ ပျူစောထီး ပူးပေါင်းအင်အား (၁၀၀)ကျော်နဲ့ စစ်ကြောင်းထိုးခဲ့တယ်လို့
မြန်မာသတင်း

လယ်ဒိုမြို့မှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်တာကြောင့် ကလေးငယ်တွေအပါအဝင် (၅)ဦး ဒဏ်ရာရ

  • 2025 ခုနှစ်၊ ဇွန်လ 30 ရက်
  • 10 Views
ဇွန်လ (၃၀)ရက်။ ဇွန်လ (၂၈)ရက်နေ့ နေ့လယ် (၁)နာရီ (၂၂)မိနစ်အချိန်က လယ်ဒိုမြို့နယ်ရှိ ဟင်္သာဝဲကျေးရွာထဲကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ KNU ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ဟင်္သာဝဲရွာထဲကို အကြမ်းဖက်စစ်ကောင်စီလေတပ်က လေကြောင်းတိုက်ခိုက်ခဲ့တာ။
မြန်မာသတင်း

  • 2025 ခုနှစ်၊ ဇွန်လ 30 ရက်
  • 22 Views
မုံရွာအခြေစိုက် နမခတိုင်းစစ်ဌာနချုပ် တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် (၂၂)ဦးသေဆုံးခဲ့ ဇွန်လ (၃၀)ရက်။ ဇွန်လ (၂၇)ရက်နေ့ ညနေ (၅)နာရီခွဲအချိန်က မုံရွာအခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)ကို ရှော့တိုက်ရော့ကတ် (၁၀)လုံးနဲ့ ပစ်ခတ်ခဲ့တယ်လို့ Chindwin Rocket Brother(CRB)ရဲ့ မနေ့က
မြန်မာသတင်း

စဉ့်ကူးမြို့မှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်တာကြောင့် အရပ်သားတစ်ဦး သေဆုံးခဲ့

  • 2025 ခုနှစ်၊ ဇွန်လ 30 ရက်
  • 20 Views
ဇွန်လ (၃၀)ရက်။ မနေ့က နံနက် (၁၁)နာရီ (၅၀)မိနစ်အချိန်က စဉ့်ကူးမြို့ လက်ပန်လှရွာရှိ ပြည်စိုးအောင်ရပ်ကွက်ကို စစ်ကောင်စီက လေကြောင်းကနေ တိုက်ခိုက်ခဲ့တယ်လို့ ပြင်ဦးလွင်ခရိုင်ပကဖရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မနေ့က (၁၁)နာရီ (၅၀)မိနစ်လောက်မှာ လက်ပန်လှရွာ
မြန်မာသတင်း

ဆားလင်းကြီးမြို့မှာ စစ်ကောင်စီရဲ့ စက်တပ်လေထီးနဲ့ ဗုံးသီးကြဲချတာကြောင့် အရပ်သား (၄)ဦးသေဆုံးခဲ့

  • 2025 ခုနှစ်၊ ဇွန်လ 30 ရက်
  • 35 Views
ဇွန်လ (၂၈)ရက်။ ဒီကနေ့ နံနက်ပိုင်းအချိန်က ဆားလင်းကြီးမြို့နယ်ရှိ ကျေးရွာတွေကို စစ်ကောင်စီက စက်တပ်လေထီးတွေနဲ့ ဗုံးသီးကြဲချတိုက်ခိုက်တာတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ “ မုံရွာနမခကနေ စကစက စက်တပ်လေထီး (၂)စီးနဲ့ ဗုံးသီးတွေကြဲချတာ။ စစ်သင်္ဘောတွေကလဲ မြစ်ကမ်းဘေး ဝဲ၊ယာက
မြန်မာသတင်း

ရန်ကုန်ရှိ စစ်ကောင်စီရဲ့ မှော်ဘီမြို့မရဲစခန်း လက်ပစ်ဗုံးနဲ့ တိုက်ခိုက်ခံရ

  • 2025 ခုနှစ်၊ ဇွန်လ 28 ရက်
  • 42 Views
ဇွန်လ (၂၈)ရက်။ မနေ့က ည (၁၀)နာရီခွဲခန့်မှာ ရန်ကုန်ရှိ စစ်ကောင်စီရဲ့ မှော်ဘီမြို့မရဲစခန်းကို လက်ပစ်ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Yangon Army(YA)ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မှော်ဘီက အကြမ်းဖက်မင်းအောင်လှိုင်လက်အောက်ခံ မှော်ဘီမြို့မရဲစခန်းက အစောင့်ရဲခွေးတွေကို အဝေးထိန်းမိုင်း(၂)လုံးကို
မြန်မာသတင်း

ရွေးကောက်ပွဲပြန်ကျင်းပပြီး လွှတ်တော်ခေါ်ယူတာက နိုင်ငံရေးအရ အကောင်းဆုံးဖြေရှင်းတာဆိုပြီး စစ်ခေါင်းဆောင်ပြော

  • 2025 ခုနှစ်၊ ဇွန်လ 28 ရက်
  • 28 Views
ဇွန်လ (၂၈)ရက်။ ရွေးကောက်ပွဲပြန်ကျင်းပပြီး လွှတ်တော်ခေါ်ယူဆောင်ရွက်တာက နိုင်ငံရေးအရ အကောင်းဆုံးဖြေရှင်းတာဆိုပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မနေ့က ဘယ်လာရုစ်နိုင်ငံကို ရောက်နေတဲ့ သင်တန်းသားတွေနဲ့ တွေ့ဆုံချိန်‌ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒီတွေ့ဆုံပွဲမှာ စစ်ခေါင်းဆောင်က ရွေးကောက်ပွဲ မဲမသမာတာတွေကြောင့် နိုင်ငံကို